Raazi (2018)
An Incredible True Story

Synopsis:
Raazi (2018)
IMDb – 7.8/10_____Rotten – 100%
2018 ထဲမှာ RT 100 အပြည့်ထိရထားတဲ့ ဘောလီဝုဒ်ကားဆိုလို့ Padman(2018)တကားပဲလားမသိဘူး ရှိသေးတယ်
ဒီအချိန်မှာ ဒုတိယမြောက် RT 100% အပြည့်ရတဲ့ နောက်တစ်ကားနဲ့ ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးပါရစေ
Raazi ဒီကားမထွက်ခင်ကတည်းက ဒါရိုက်တာက Talvar(2015)ကိုရိုက်ထားတဲ့ Meghna Gulzar ဆိုတော့ အရမ်းကိုစိတ်ဝင်စားခဲ့တာအလီယာကိုကြိုက်တာကလည်း တကြောင်းကြောင့်ဒီကားလေးကို ဒီမှာရုံတင်မလားလို့ မျှော်လင့်ခဲ့ရပေမယ့်လည်း
=========================
ဇာတ်လမ်းလေးကတော့ 1971 ခုနှစ် အန္ဒိယ-ပါကစ္စတန်စစ်ပွဲကာလမှာ အိန္ဒိယကို အဖက်ဖက်ကကူညီပေးခဲ့တဲ့ သူလျို၊ စုံထောက်များစွာရှိခဲ့ပါတယ်
အဲဒီထဲမှာ ပါကစ္စတန်ကို သတင်းပေးတဲ့ပုံစံံနဲ့ အိန္ဒိယရဲ့သူလျို ဟေဒါယက်ခန်းလည်း အပါအဝင်ပါ ဟေဒါယသ်ကဘယ်လောက်ထိ အရည်ချင်းရှိလဲဆိုရင် ပါကစ္စတန်တပ်မတော်ကဗိုလ်ကြီး ဆိုင်ယစ်(ဒ်)နဲ့ပါ မိတ်ဆွေတွေဖြစ်နေတဲ့အထိပါ
သူ့ကျန်းမာရေးကြောင့် နောက်ဆုံးသူမစွမ်းဆောင်နိုင်တော့တဲ့တာဝန်တစ်ခုကို သူ့သမီးဖြစ်သူ ဆဲ(ဟ်)မသ်ကို ပေးအပ်ခဲ့ပါတယ်။
ဒါပေမဲ့ ဖခင်တစ်ယောက်အနေနဲ့ သမီးကိုဒီအလုပ်ခိုင်းလို့ဖြစ်ပါ့မလားဆိုပြီး ဒွိဟဖြစ်နေပြန်ပါတယ်
“တိုင်းပြည်ထက်အရေးကြီးတာ ဘာမှမရှိဘူး ကိုယ်ကိုယ်တိုင်လည်း မပါဘူး ”
အသက် ၂၀ ကျော်အရွယ်မိန်းကလေးတစ်ယောက်က ဒီလိုပြန်ဖြေပြီး အိန္ဒိယအတွက် ပါကစ္စန်မှာသွားနေကာ သူလျိုလုပ်ပေးခဲ့ပါတယ်
ဗိုလ်ကြီး ဆိုင်ယစ်(ဒ်)ရဲ့သားအငယ် အစ်ဗလ်နဲ့ လက်ထပ်ပြီး အိန္ဒယသူအဖြစ်ကနေ ပါကစ္စတန်သူအဖြစ် ပြောင်းလဲကာ တိုင်းပြည်အတွက် သူလျိုလုပ်ပေးခဲ့ပါတယ်
သူလျိုတစ်ယောက်ဖြစ်ဖို့ ခက်ခဲတဲ့လေ့ကျင့်ခန်းတွေဆင်းရ
ကိုယ့်မိဘ၊ အမိမြေနဲ့ခွဲကာ ပါကစ္စတန်မှာနေရ
တစ်ခါမှမဖြင်ဖူးမတွေ့ဖူးတဲ့လူနဲ့ လက်ထပ်လိုက်ရတဲ့ ဆဲဟ်မသ်ရဲ့ ဖြစ်ရပ်မှန်ဘဝဇာတ်ကြောင်းကို အမှန်အကန်တင်ဆက်ပေးထားလို့ကြည့်ဖြစ်အောင်ကြည့်လိုက်ဖို့ တိုက်တွန်းပါရစေ
တကယ့်ကို Biography, Thriller တစ်ကားပြီပြီ ရင်တမမနဲ့ ဘောလီဝုဒ်ရဲ့ ထိပ်တန်း စုံထောက်ကားတစ်ကားလည်း ဖြစ်ပါတယ်။
(ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ ကိုဇော်ထူးပါ)
File Size : (1.1 GB)
Quality : Blu-Ray 720p
Running Time : 2hr 18min
Format : Mp4
Genre : Action, Drama, Thriller
Subtitle : Myanmar Subtitle (Hard Sub)
Source : 1080p.Blu-Ray.x264.DTS-HDMA.5.1-DTOne
Translated by Zaw Htoo
Encoded by Thanhtike Zaw
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။