Exit print mode Print Data A+ A- Undo all

Quicksand (2023)

Fear will drag you deeper.
Quicksand (2023)Quicksand (2023)

Synopsis:

442

 

လင်မယားနှစ်ယောက် အပျော်ခရီးထွက်ရင်း ခွေးချေးပုံနင်းမိတဲ့ Quicksand ဆိုတဲ့ (2023) ထွက် Thriller movie လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဂျော့ရှ်နဲ့ ဆိုဖီယာဟာ ပြိုလဲခါနီးအိမ်ထောင်ရေးတစ်ခုကို လူသူမသိအောင်ဖုံးဖိရင်း ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့ကို ဆေးပညာဆိုင်ရာညီလာခံတစ်ခုအတွက် ရောက်ရှိလာခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက သူစိမ်းပြင်ပြင်ဖြစ်နေခဲ့ပေမဲ့လည်း အကြောင်းကြောင်းကြောင့် ညီလာခံနေ့မတိုင်ခင်မှာပဲ နှစ်ယောက်သားတောင်တက်ခရီးတစ်ခု အတူတူထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ လက်စ်အယ်ရီနာ့စ်လို့ခေါ်တဲ့ သေမင်းတမန်တောနက်ကြီးထဲရောက်ရှိသွားပြီး Quicksand လို့ခေါ်တဲ့ ရုန်းလေနစ်လေ နွံအိုင်ကြီးထဲကို လင်မယားနှစ်ယောက် ပြုတ်ကျသွားပါတော့တယ်။ နွံအိုင်ထဲရောက်သွားပေမဲ့လည်း ငယ်ငယ်ကဖတ်ဖူးတဲ့ တြိစက္ကဝတ္ထုတွေထဲကလို လူကိုချက်ချင်းဝါးမြိုသွားတာမျိုးတော့ မဟုတ်ပါဘူးဗျ။

နွံအိုင်တွေရဲ့ တကယ့်သဘောတရားမှာက သူ့ထဲမှာပါဝင်တဲ့ ဗွက်တွေသဲတွေရေတွေရဲ့ သိပ်သည်းဆက လူထက်ကိုများတာမို့ လူခန္ဓာကိုယ်ရဲ့ ဘော်ဒီဝိတ်အဓိကသက်ရောက်နေတဲ့ ခြေထောက်ပိုင်းပဲနစ်မြုပ်သွားမှာဖြစ်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကတော့ အဆုတ်ထဲကလေတွေကြောင့် ပေါလောပေါ်နေမှာပါ။ ဒါပေမဲ့လည်းအဲဒါကြောင့် လုံးဝအသက်အန္တရာယ်မရှိတာမျိုးမဟုတ်ဘဲ အစာငတ်သေတာတွေ၊ တောရိုင်းတိရစ္ဆာန်တွေရဲ့ရန်တွေလည်း ရှိသေးတာပေါ့နော်။ ဒီလိုနဲ့လင်မယားနှစ်ယောက် တောနက်ထဲက နွံအိုင်ကြီးထဲမှာနစ်နေရင်း ဘယ်လိုအန္တရာယ်တွေ ကြုံလာရမလဲ။ဒါတွေကို နှစ်ယောက်သားအတူတူ ဘယ်လိုဖြတ်ကျော်ဖို့ကြိုးစားကြမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ရွှံ့တွေဗွက်တွေထဲရိုက်ရပေမဲ့ မင်းသမီးကတော်တော်လေးလှပြီး မင်းသားကလည်းသရုပ်ဆောင်ပီပြင်တာမို့ နွံအိုင်ကြီးထဲကလင်မယားနှစ်ယောက် ကြုံလာရမဲ့အနာဂတ်ကို ဇာတ်ကားလေးကြည့်ရင်းပဲ သူတို့နဲ့အတူတူ ခံစားကြည့်ကြပါဦးဗျာ

 

 

File size…(1.4 GB)/(781 MB)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:26:00
Genre…Thriller , Horror
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Mariposa



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
75.94
Status
Released
ID IMDb.com
954388
ID Themoviedb.org
954388