Queen (2013)


Synopsis:
IMDB….8.3
ဒီဇာတ်ကားလေးကတော့ ၂၀၁၃တုန်းကထွက်ခဲ့တဲ့ အိန္ဒိယဇာတ်ကားတစ်ကားဖြစ်ပါတယ်….
ဒီဇာတ်ကားမှာ ရာနီဆိုတဲ့ ကောင်မလေးက အနေထိုင်သိမ်မွေ့ပြီး ယဉ်ကျေးတဲ့ကောင်မလေးပါ.. သူမ မှာချစ်သူလဲဖြစ်သလို အိမ်ကလဲသဘောတူတဲ့ ဗီဂျေဆိုတဲ့ကောင်လေးနဲ့ လက်ထပ်ပွဲအတွက် အရမ်းကိုရင်ခုန်စိတ်လှုပ်ရှားနေပါတယ်… ဒါပေမဲ့ချစ်သူက လက်ထပ်ပွဲကို ငြင်းဆန်လိုက်တဲ့အခါ ရာနီအတွက် အရမ်းကိုစိတ်ထိခိုက်တုန်လှုပ်သွားခဲ့ပါတယ်…. သူမတိုးဝှေ့ခဲ့တဲ့ပခုံးကျယ်တစ်ခုက အနားမှာမရှိတော့အရာရာဟာ အဓိပ္ပါယ်မဲ့သွားတယ် ပန်းတွေလည်းရနံမဲ့ကုန်တယ် မိဘတွေရဲ့နှစ်သိမ့်မှု ဆွေမျိုးအသိုင်းအ၀န်း သူငယ်ချင်းမိတ်ဆွေကြားမှာ မွန်းကြတ်နေတယ်….ဖြစ်နိုင်ရင် အငွေပျံပျောက်လွင့်သွားချင်တဲ့အချိန် …ဒါပေမဲ့ ဟန်းနီးမွန်းအတွက် သွားဖို့စီစဉ်ထားတဲ့ပဲရစ်မြို့လေးရှိတယ်…ဒီတော့ အားလုံးနဲ့ဝေးရာလည်းဖြစ် သွားဖို့စီစဉ်ထားတဲ့ပဲရစ်မြို့ကို ချစ်သူမပါဘဲ တစ်ယောက်ထဲထွက်လာတယ်….
မိန်းကလေးပဲဖြစ်ဖြစ် ယောက်ျားလေးပဲဖြစ်ဖြစ် တစ်ဘ၀လုံးပုံအောပြီး ချစ်ခဲ့ ပြီးလက်ထပ်ဖို့ လက်တစ်ကမ်းအလိုမှ ပျက်စီးသွားရရင် တော်ရုံခံနိုင်ရည်မရှိကြပါဘူး…အထူးသဖြင့် မိန်းကလေးအဖို့ ပိုခံစားရပါတယ်..ဒီလိုပြောလို့ ဖိုမဝါဒီဆန်တယ်လို့မပြောလိုက်ပါနဲ့…. ကဲ ရာနီဆိုတဲ့ကောင်မလေးတစ်ယောက် ပဲရစ်မြို့မှာ အသိမိတ်ဆွေလည်း မရှိ ဘာသာစကားလည်းမကျွမ်းကျင် ဓလေ့စရိုက်တွေလည်းကွဲပြားဆိုတေ့ သူမအတွက် ဒုက္ခတွေအတော်ရောက်ပါတယ်…. ဒီကားလေးကအမျိုးသမီးတွေ အတွက်အထူးပညာပေးကားလေးမို့ ခံစားကြည့်လိုက်ပါဦး… ဘာသာပြန်သူနဲ့အညွှန်းရေးသူကတော့ မ Mie Mieပါ
File Size……903MB
Duration…..2:26:00
Quality…..720p
Format….mp4
Subtitle….Myanmar subtitle( hardsub)
Encoder …Phyo Pyae
Translator … Mie Mie
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။