Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
4K HEVC
8.0
The Covenant(2023)
The Covenant(2023)*******************Sherlock Holmes 2009 တို့ Alladin 2019 တို့ကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ Guy Ritchie ရဲ့ ဖြစ်ရပ်မှန်အခြေခံ စစ်ကားအသစ်လာပါပြီ။ဇာတ်ကားနာမည် Covenant ဆိုတာကတော့ ကတိတစ်ခု သစ္စာတစ်ခုကို ဆိုလိုတာပါပဲ။ မင်းသားကတော့ ဂျိတ်ယီလင်ဟောပါပဲ။ အဖြစ်အပျက်ကတော့ အာဖဂန်စစ်ပွဲတွင်းကိုပဲ အခြေတည်ထားတာပါ။ အောက်တိုဘာ ၇ ရက်၊၂၀၀၁ ခုနှစ်မှာ ၉/၁၁ တိုက်ခိုက်မှုကိုတုံ့ပြန်တဲ့အနေနဲ့ အမေရိကန်တပ် ၁၃၀၀ ကို အာဖဂန်မှာတာဝန်ချထားခဲ့ပေမဲ့ ၂၀၁၁ ဒီဇင်ဘာမှတေ့ာ အမေရိကန်တပ်သား ၉၈၀၀၀ အထိ တာဝန်ပေးတပ်စွဲစေခဲ့ပါတယ်။အဲဒီတပ်တွေနဲ့အတူ အာဖဂန် စကားပြန်ပေါင်း ၅၀၀၀၀ လောက်ကို အမေရိကန်မှာ ခိုလှုံခွင့်ပေးဖို့ သဘောတူညီချက်နဲ့အမေရိကန်စစ်တပ်က တာဝန်ပေးခဲ့ပါတယ်။ အဲဒီကာလအတွင်းမှာ တပ်ကြပ်ကြီး ဂျွန် ကန်န်လီနဲ့ စကားပြန် အာမက်တို့အသက်လုပြီးတိုက်ပွဲဝင်ခဲ့ရပုံတွေကို တစ်ဝက်လောက်အထိပြထားတာပါ။ အာဖဂန်ကနေ ၂၀၂၁ ခုနှစ်မှာအမေရိကန်တွေတပ်ဆုတ်ပြီး တာလီဘန်တွေ အာဏာရသွားချိန်မှာ စကားပြန်ပေါင်း ...
movie
The Covenant(2023)
4K HEVC
6.1
Van Helsing (2004)
ဒီဇာတ်ကားလေးကတော့ တစ်ခေတ်တစ်ခါက Sony PS2 ဂိမ်းတောင် ထွက်ခဲ့ရတဲ့အထိ နာမည်ကြီးခဲ့တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ၉၀ ခုနှစ်ဖွားတွေအနေနဲ့တော့ ဒီကားကို ကောင်းကောင်းကြီး သိကြမှာပါ။ ဒီဇာတ်ကားလေးကို The Mummy တို့ G.I Joe တို့ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာကြီး Stephen Sommers ကပဲ ရိုက်ထားပြီးတော့ Logan မင်းသားကြီး Hugh Jackman ကပဲ ဗန်ဟဲလ်ဆင်း အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။Hugh Jackman တစ်ဖြစ်လဲ Van Helsing ဆိုတာ လူတွေကို သက်သက် အလုပ်မရှိအလုပ်ရှာ လိုက်လံဖမ်းစားသတ်ဖြတ်နေတဲ့ မကောင်းဆိုးဝါးတွေကို လိုက်သတ်နေတဲ့သူ ၊ တစ်ရက်တော့ ကျရာတာ၀န်ကို ကျေပွန်စွာ ထမ်းဆောင်ပြီး စခန်းပြန်လာချိန် ၊ ကိုယ်မသွားရတိုင်း တွေ့တဲ့နေရာကို ရောက်ချင်တဲ့ ဒုက္ခရောက်ဆိုပြီး အမိန့်ပေးနေတဲ့ အထက်လူကြီးတွေထုံးစံအရ Count Dracula ...
movie
Van Helsing (2004)
2004
4K HEVC
7.4
Amma I Love You (2018) Siddhu The Warrior
Amma I Love You (2018) Siddhu The Warrior"မိခင်တစ်ယောက်က ကျွန်တော်တို့အတွက် တံမြက်စည်းလှည်းသမား...သန့်ရှင်းရေး...စားဖိုမှုး..စားပွဲထိုး...ဆရာမလည်း ဖြစ်တယ်... ပွဲစီစဉ်သူ ...အလှဆင်တဲ့သူ....ပုံပြင်ပြောတဲ့သူ.. အဆိုတော်..သရုပ်ဆောင် ပြီးတော့ ဘာသာပြန်ပေးသူ ဆိုလည်းဟုတ်တယ် စျေးဆစ်တတ်တဲ့သူ....ငွေကိုင်...စီးပွားရေးအကြံပေး...ထောက်ပံ့ပေးတဲ့သူ... စိတ်ခွန်အားပေးတဲ့သူဆိုလည်း ဟုတ်တယ် ကျွန်တော်တို့ပစ္စည်းတွေ မေ့ကျန်ခဲ့ရင်လည်း သူက သတိပေးတတ်တယ် ကျွန်တော်တို့ဟာ ကျွန်တော်တို့မိခင်တွေကို အရာအားလုံးအတွက် လိုအပ်တယ် ဖခင်တစ်ယောက်ကို အချိန်ခဏပဲ လိုအပ်ပေမယ့် မိခင်ကိုတော့ ကျွန်တော်တို့တစ်ဘ၀လုံး လိုအပ်တယ်" ဒီလိုအဖွင့်စကားလုံးတွေနဲ့ Amma I Love You ဆိုတဲ့ ဒီဇာတ်ကားက အမေချစ်တတ်တဲ့လူသားတွေအတွက် ဟက်ထိစေမယ့် အိန္ဒိယတောင်ပိုင်းဇာတ်ကားလေးပါ....ဆစ်ဒူ ဆိုတာ အိန္ဒိယရဲ့ ထိတ်ထိတ်ကြဲကုမ္ပဏီကြီးတစ်ခုကို အမွေဆက်ခံမယ့် သူဌေးသားလေးပါ... တစ်နေ့မှာတော့ ကုမ္ပဏီကိုဦးစီးပြီးအမွေဆက်ခံဖို့အတွက် သူ့အမေက သူ့ကို အိန္ဒိယကိုပြန်ခေါ်လိုက်ပါတယ်.... အမေကလဲသူ့ကိုဆို အသေးစိတ်ကအစ ဂရုစိုက်တတ်သလို သူကလဲ အမေ့စကားဆို မြေဝယ်မကျနားထောင်တတ်တဲ့ သားလိမ္မာလေးပါ။ သိပ်ချစ်ကြတဲ့သူတို့သားအမိကြားကို တစ်နေ့မှာတော့ ကံကြမ္မာဆိုးက ဝင်ရောက်လာပါတယ်... မတော်တဆမှုတစ်ခုကနေ သူ့အမေထိခိုက်ဒဏ်ရာရပြီး ဆေးရုံမှာ သတိမလည်ဘဲ ကိုမာဝင်တဲ့အဆင့်ထိရောက်သွားပါတယ်... ဘာနဲ့ကုကု သတိပြန်မလည်တော့တာကြောင့် ကူကယ်ရာမဲ့သွားတဲ့ ဆစ်ဒူတစ်ယောက် ဘာလုပ်ရမှန်းမသိတဲ့အချိန်မှာ ကံကောင်းချင်တော့ အကြားအမြင်ဆရာတစ်ယောက်နဲ့ ...
movie
Amma I Love You (2018) Siddhu The Warrior
4K HEVC
6.2
The Pope’s Exorcist (2023)
The Pope's Exorcist (2023) " R-rated အကြမ်းပတမ်းဇာတ်ကားမို့ မိသားစုနဲ့အတူကြည့်လို့အဆင်မပြေနိုင်ပါဘူးခင်ဗျာ " မင်းသားကြီး ရက်ဆဲခရိုးရဲ့ ဟော်ရာရုပ်ရှင်အသစ်လာပါပြီ။ အတော်လည်းကောင်းသလို ဇာတ်အိမ်ကြီးတာမို့ အဆက်တွေလည်းထွက်လာနိုင်တဲ့ရုပ်ရှင်မျိုးပါပဲ။ အဓိကဇာတ်ကောင်ကိုလည်း အပြင်မှာ တကယ်ရှိခဲ့တဲ့ နာမည်ကြီး အပနှင် ဘုန်းတော်ကြီး Gabriele Amorth ကို အခြေခံထားပါတယ်။ ဇာတ်လမ်းကလည်း Gabriele Amorth ရဲ့ အပနှင်တဲ့အတွေ့အကြုံတွေကို အခြေခံထားတာဖြစ်ပါတယ်။ Gabriele Amorth ဟာ နတ်ဆိုးဗေဒနဲ့ အပနှင်ခြင်းအကြောင်းကို ကမ္ဘာကသိလာအောင် လုပ်ခဲ့တာကြောင့် ခရစ္စယာန်သမိုင်းမှာ ထင်ရှားတဲ့ အီတလီဘုန်းတော်ကြီးတစ်ဦးပါပဲ။~ ဇာတ်လမ်းအကျဉ်း ~ပုပ်ရဟန်းမင်းကြီး ယုံကြည်ရတဲ့ အပနှင်အဖွဲ့ခေါင်းဆောင် ဂါဘရီရဲ အာမော့ဟာ သာမန် အပနှင်အမှုလေးတွေကို လိုက်နေရင်းနဲ့ တစ်နေ့မှာ စပိန်က ကလေးတစ်ယောက်နတ်ဆိုးပူးခံရတာကို ကူညီဖို့ ဖန်လာပါတယ်။ ဒါပေမဲ့ ကလေးကိုဝင်ပူးနေတဲ့နတ်ဆိုးက သာမန်မဟုတ်ဘဲ အရမ်းအစွမ်းထက်နေပြီး ဂါဘရီရဲကို တမင်မျှားခေါ်လိုက်တဲ့ နတ်ဆိုးဖြစ်နေပါတယ်။ ...
movie
The Pope’s Exorcist (2023)
2023
4K HEVC
6.7
Renfield(2023)
Renfield(2023)*************ကဲ ပေါကားလောကကနေ ရုပ်ရှင်ရုံကြီးကားလောကထဲကို ပြန်ဝင်လာနိုင်တဲ့ နီကိုလက်ကေ့ရဲ့ ဒရက်ကူလာကားအသစ်လာပါပြီ။နီကိုလက်ကေ့ဟာ တစ်ချိန်က ထိပ်တန်းသရုပ်ဆောင်ကြီးဖြစ်ခဲ့ပြီးမှအကြွေးတွေကြောင့် ကြုံရာကားတွေထိုးရိုက်ရတဲ့ဘဝကိုဆင်းသက်ခဲ့ရတဲ့သူပါ။အခုတော့ သူ တစ်နှစ်ကို တစ်ကားနှုန်းနဲ့ ပိတ်ကားပြင်ပေါ်ကို ပြန်တက်လာနိုင်တာ တကယ်ဝမ်းသာစရာပါပဲ။သူ့ရဲ့သရုပ်ဆောင်အရည်အချင်းတွေကို ပြန်အဖက်ဆယ်နိုင်ခဲ့ပါပြီ။ဒီရုပ်ရှင်ကတော့ ဟော်ရာ၊ ဟာသ အမျိုးအစားပါ။ နီကိုလက်ကေ့က ဒရက်ကူလာအဖြစ် ပါဝင်ထားပြီးသူ့ရဲ့ ရန်ဖီးဆိုတဲ့ နာမည်နဲ့ ဖမ်မီလိရာခေါ် အမှုထမ်းအဖြစ် မင်းသား နီကိုလက်ဟောက်က ပါဝင်ထားပါတယ်။နီကိုလက်ကေ့ဟာအများအားဖြင့် ခေါင်းဆောင်မင်းသားနေရာမရတဲ့ရုပ်ရှင်တွေကို ငြင်းတတ်ပေမဲ့ဒရက်ကူလာအဖြစ်သရုပ်ဆောင်ဖို့က သူ့အိပ်မက်တစ်ခုပဲမို့ ဒီရုပ်ရှင်ကို သဘောတူခဲ့ပါတယ်။သူသရုပ်ဆောင်ဘဝအစမှာ အဖြစ်ချင်ဆုံး ဇာတ်ကောင်သုံးကောင်က Captain Nemo, Superman and Dracula တို့ပါပဲ။ရန်ဖီးဆိုတဲ့နာမည်ကတော့ ဒရက်ကူလာဝတ္ထုထဲက ဒရက်ကူလာရဲ့ အမှုထမ်းနာမည်ကိုပဲ ပြန်သုံးထားတာပါ။ဆေးပညာမှာလည်း ကိုယ့်ကိုယ်ကိုယ် သွေးစုတ်ကောင်လို့မြင်နေပြီး သွေးတွေသောက်သုံးချင်တဲ့ရောဂါကို ရန်ဖီးရောဂါလို့ နာမည်ပေးကြပါတယ်။ မင်းသမီးကတော့ ရှန်းချီရဲ့ သူငယ်ချင်းအဖြစ်လူသိများကြတဲ့မင်းသမီး အော်ကွာဖီနာပါပဲ။ ဒီရုပ်ရှင်ထဲမှာတော့ ရေဘက်ကာ ကွင်စီဆိုတဲ့ ရဲမေအဖြစ် ပါဝင်ထားပါတယ်။ ...
movie
Renfield(2023)
4K HEVC
7.5
Dungeons & Dragons: Honor Among Thieves (2023)
Dungeons & Dragons: Honor Among Thieves (2023)~ IMDb - 7.5/10, RT - 90%, Meta - 72% ~မြေအောက်ခန်းနဲ့ နဂါးများ D&D ဆိုတာ Table Top ဂိမ်းလောကရဲ့ နာမည်ကြီး Role Play ဂိမ်းတစ်ခုပါပဲ။ ကိုယ်တိုင်ကိုယ်ကျ ဝင်ဆော့ရတဲ့ ဇာတ်လမ်းသွားအရုပ်ဂိမ်းတွေကစလို့ ကွန်ပြူတာ၊ ဖုန်း ပလက်ဖောင်းအစုံမှာ ရှိပြီး လူသန်းပေါင်းများစွာ ဆော့ကစားနေကြပါတယ်။ များပြားလှတဲ့ မျိုးနွယ်စုတွေ၊ မှော်သတ္တဝါတွေ၊ လက်နက်တွေ၊ အစွမ်းတွေ အရမ်းကိုစုံတဲ့ဂိမ်းပါပဲ။ ရုပ်ရှင်အနေနဲ့လည်း အရင်က သုံးကားလောက် ထွက်ဖူးပါတယ်။ စာအုပ်တွေလည်းထွက်ထားပါတယ်။ ရုပ်ရှင်ကားဟောင်းသုံးကားကိုလည်း ချန်နယ်မြန်မာမှာ ကြည့်ရှုနိုင်ပါတယ်။ဒီတစ်ခေါက်ကတော့ Wonder Woman ထဲက မင်းသား ခရစ္စပိုင်းက ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်ထားပြီး ဘက်ဂျက်များများ ဇာတ်လမ်းကောင်းကောင်းနဲ့ ရုံတင်ပြသထားတာပဲဖြစ်ပါတယ်။ ...
movie
Dungeons & Dragons: Honor Among Thieves (2023)
2023
4K HEVC
6.5
Full River Red ( 2023 ) Manjianghong
IMDb Rating (6.5) / Rotten Tomatoes (100%)Hero, House of the flying daggers လိုမျိုး တရုတ်သိုင်း မာစတာပိစ်တွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာ ကျန်းရိမိုရိုက်ကူးထားတဲ့ "Full River Red" ရုပ်ရှင်ကားဟာ ရုံတင်ကတည်းက နာမည်ကျော်ကြားလူကြိုက်များခဲ့ပြီး စံချိန်ပေါင်းများစွာရရှိခဲ့သလို ရုံတင်ဝင်ငွေလည်း ၆၇၅.၅ မီလီယံ(USD) အထိရရှိခဲ့ပါတယ်။ဇာတ်လမ်းကတော့ စုန့်မင်းဆက်ကာလ စစ်သူကြီးယွဲ့ဖေး ကွယ်လွန်ပြီးချိန်မှာ နောက်ဆက်တွဲဖြစ်လာတာတွေကို စိတ်ကူးယဉ်ဇာတ်ကောင်တွေနဲ့ ခမ်းခမ်းနားနားကို ဇာတ်လမ်းတည်ဆောက်ထားတာပါပဲ။ သိုင်းကားပရိသတ်တွေကတော့ စစ်သူကြီးယွဲ့ဖေးနာမည်ကို စိမ်းမယ်မထင်ပါဘူး။ သူရဲကောင်းတို့ရဲ့ ဒဏ္ဍာရီဇာတ်လမ်းတွဲမှာ လုကြတဲ့ ဝူမုစစ်ဗြူဟာကျမ်းဆိုတာဟာ စစ်သူကြီးယွဲ့ဖေးရေးခဲ့တယ်ဆိုတဲ့အကြောင်း အထပ်ထပ်ပါပါတယ်။နောင်မှာ နဂါးနိုင်ဓားထဲကို မြှပ်နှံခံရတဲ့ စာအုပ်ပါပဲ။ ဒီသိုင်းဇာတ်လမ်းတွေက စိတ်ကူးယဉ်ဖြစ်ပေမဲ့ စစ်သူကြီးယွဲ့ဖေးကတော့ တကယ်ရှိခဲ့ပါတယ်။ ယွဲ့ဖေးဟာ စုန့်နိုင်ငံနဲ့ ကျင်းနိုင်ငံ စစ်မက်ဖြစ်ပွားနေချိန်မှာ ကျင်းတွေဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ စစ်သူကြီးပါပဲ။ ဒါပေမဲ့ အမတ်ချုပ်ကြီး ချင်ဟွေက သစ္စာဖောက်လို့ စွပ်စွဲပြီး ကွက်မျက်ပစ်တာကို ခံခဲ့ရပါတယ်။ စစ်သူကြီးယွဲ့ဖေးဟာ ကျောကုန်းမှာ သူ့ရဲ့မိခင်ကိုယ်တိုင်ထိုးပေးထားတဲ့ ဆေးမှင်ကြောင်ဖြစ်တဲ့ နိုင်ငံအပေါ်သစ္စာစောင့်ပါဆိုတဲ့ ...
movie
Full River Red ( 2023 ) Manjianghong
4K HEVC
5.8
Ghosted (2023)
Ghosted (2023)ကပ္ပတိန်အမေရိကမင်းသား ခရစ်အီဗန်နဲ့ မင်းသမီး အန်နာဒအာမက်စ်တို့ရဲ့ ဟာသ အက်ရှင်ကားအသစ်လာပါပြီ။ ဇာတ်လမ်းကတော့ ရိုးရှင်းပေမဲ့ ဟာသတွေ၊ ဧည့်သည်သရုပ်ဆောင် နာမည်ကြီးတွေ အများကြီးသုံးထားတာမို့ ကြည့်ရတာ တန်တဲ့ ရုပ်ရှင်ပါပဲ။ အစက ခေါင်းဆောင်မင်းသမီးနေရာမှာ စကားလက်ဂျိုဟန်ဆန်ကိုရွေးထားပေမဲ့ အချိန်ညှိမရတာကြောင့် အန်နာဒအာမက်စ်ကလေး ပါလာတာပါပဲ။ကိုးလ်ဟာ သူ့မိသားစုနဲ့အတူ ခြံစိုက်စားနေတဲ့ လူရိုးတစ်ယောက်ပေါ့။ တစ်နေ့မှာတော့ ကမ္ဘာလှည့်ပြီး အနုပညာပစ္စည်းတွေ စုဆောင်းရှာဖွေရတဲ့ ကောင်မလေးတစ်ယောက်နဲ့ တစ်ရက်ချိန်းတွေ့မိပြီး ချစ်ကြိုက်သွားခဲ့ပါတယ်။ အဲဒီကောင်မလေးက သူ့ကိုတစ်ရက်တည်းနဲ့ ပလစ်ပြီး လန်ဒန်ထွက်သွားတဲ့အချိန်မှာ နောက်ကလိုက်သွားခဲ့တယ်။ လန်ဒန်မှာ သူ့ကို နာမည်ကြီး စပိုင်တစ်ယောက်နဲ့မှားပြီး လူဆိုးဂိုဏ်းက မှားဖမ်းတဲ့အခါ သူ့ကောင်မလေးကမှ စပိုင်အစစ်ဖြစ်နေပြီးလာကယ်တာကြောင့် သူတို့နှစ်ယောက်အတူ စွန့်စားခန်းတွေ အလွဲလွဲအချော်ချော်နဲ့ ဖွင့်ရပါတော့တယ်...(ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.5GB, 1.2GB Quality - 1080p, 720p IMDb ...
movie
Ghosted (2023)
2023
4K HEVC
7
Scream VI (2023)
Scream VI (2023)~ IMDb - 7/10, Rotten Tomatoes - 77% ~Scream VI ထွက်လာပါပြီ။ သရဲမျက်နှာဖုံးနဲ့ လူသတ်သမားတွေဟာ ဟော်ရာရုပ်ရှင်သမိုင်းရဲ့ ထင်ရှားတဲ့အမှတ်အသားတစ်ခုပါ။ ဟာသကားတွေမှာရော၊ ဟောလိုးဝင်းပွဲတွေမှာရော အမြဲတွေ့နေရတဲ့မျက်နှာတွေပါပဲ။ ဘယ်အချိန်တွေ့တွေ့ ကြောက်ဖို့ကောင်းနေတုန်းပါပဲ။ ဒီရုပ်ရှင်မတိုင်ခင် အရင်ရုပ်ရှင်တွေမှာတော့ သရဲမျက်နှာလူသတ်သမားပေါင်း ၉ ယောက်ရှိခဲ့ပါတယ်။ အခုရုပ်ရှင်မှာတော့ အဲဒီ ၉ ယောက်လုံးအကြောင်းကို အမှတ်တရအနေနဲ့ ထည့်သွင်းပေးထားပါတယ်။ဒီတစ်ခေါက်မှာတော့ အဓိက ဇာတ်ကောင်တွေက အရင် Scream မှာ အသက်ရှင်ကျန်ခဲ့တဲ့ ဝုစ်ဘရိုက သူတွေပါပဲ။ သရဲမျက်နှာလူသတ်သမားရဲ့ သမီး ဆမ် နဲ့ တာရာတို့ဟာ အခြားမြို့ကို ပြောင်းရွှေ့လာခဲ့ပါပြီ။ ဆမ်ဟာ ဝုစ်ဘရိုမှာ သရဲမျက်နှာလူသတ်သမား နှစ်ယောက်ကို သတ်ခဲ့နိုင်ပေမဲ့ အင်တာနက်ပေါ်မှာတော့ သူဟာ လူသတ်သမားအစစ်ဖြစ်ပြီး သူများတွေကို ချောက်တွန်းခဲ့တယ်လို့ ကောလဟာလတွေထွက်ပြီး နာမည်တွေပျက်နေခဲ့ပါတယ်။ ...
movie
Scream VI (2023)
2023
4K HEVC
Virgin Story (2022)
Virgin Story 2022နှစ်ရှည်လများတွဲနေတဲ့ ဆာဟေးလ်ဆိုတဲ့ ချစ်သူကောင်လေးဆီကနေ ပီး က ၃ ကြိမ်တိုင်တိုင် ဖောက်ပြန်ခံခဲ့ရပါတယ်။ အချစ်ဦးဖြစ်တာကော၊ သူကိုယ်တိုင် စိတ်ခံစားလွယ်တာရောကြောင့် Move on မလုပ်နိုင်ပဲဖြစ်နေတာပေါ့။ ဒီလိုနဲ့ပဲ သူငယ်ချင်းရဲ့ အတင်းတိုက်တွန်းမှုနဲ့ ပီး တစ်ယောက် ကလပ်ကို ရောက်သွားပါလေရော။" စတော်ဘယ်ရီအရမ်းကြိုက်တဲ့ နင် ချောကလက်လည်းစားပြီးရော စတော်ဘယ်ရီကိုမေ့သွားတာပဲလေ၊ ဒီတော့ ဆာဟေးလ်ကိုမေ့နိုင်ဖို့ နင်လိုအပ်တာ ချောကလက်လိုကောင်လေးပဲ '' ဒီလိုနဲ့ တစ်ညတူတူ အချိန်ကုန်ဆုံးဖို့ ပီး ရွေးလိုက်တဲ့ Target က ဗစ်ကီ။ရဲရဲတင်းတင်း လူငယ် ၂ ယောက် ကလပ်မှာဆုံတွေ့ရင်း တစ်ညတာကုန်ဆုံးဖို့ လုပ်ကြရာက အလွဲလွဲအချောချော်တွေကို ပေါ့ပေါ့ပါးပါး ရီရီမောမောကြည့်ရမယ့် ဇာတ်ကားပေါ့။ ပီး နဲ့ ဗစ်ကီတို့ဆက်ဆံရေး ဘယ်လိုဆက်ဖြစ်ကြမလဲ။ တစ်ညတာဆက်ဆံရေးက ဒီမှာပဲအဆုံးသတ်သွားမလား။ ခံစားချက်တွေတဖြည်းဖြည်း ကြီးထွားလာရင်း တွယ်ငြိသွားမလားဆိုတာတွေကိုတော့ ရုပ်ရှင်ထဲမှာပဲ ...
movie
Virgin Story (2022)
2022
4K HEVC
6.0
Selfiee (2023)
Selfiee 2023 IMDb 6/10ဒီနှစ်ထဲမှာပဲ ပူပူနွေးနွေးထွက်ရှိထားပြီး ရုံတင်ရုပ်ရှင်ကားကြီးတစ်ကားဖြစ်တဲ့ အာရှေးရဲ့ ဟာသ ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဒီရုပ်ရှင်မှာ ဘောလိဝုဒ်စတား ဗီဂျေးကူးမားအဖြစ် Akshay ပြီးတော့ ဇနီးအနေနဲ့ Diana နောက်ထပ် RTO officer အနေနဲ့ Emraan Hashmi ပေါ့။ ဒီလိုမင်းသားကြီး ၂ လက် နဲ့ မင်းသမီးတစ်လက် အပြိုင်အဆိုင်ကြဲကြမယ့် ရုပ်ရှင်ဆိုပါတော့။ 2019 တုန်းကထွက်ရှိထားတဲ့ Driving License ကို Remake ပြန်ရိုက်ကူးထားတာဖြစ်ပြီး ရုံတင်ငွေ 23.63 ကုဋေရရှိထားပါတယ်။ A list- Cast တွေနဲ့တင် အတော်ကြည့်ရတန်နေပြီမို့ ဇာတ်လမ်းအကျဥ်းကိုလည်းဆက်ဖတ်ကြည့်ကြတာပေါ့။RTO officer အဂရာဗာလ်က ဗီဂျေးရဲ့အမာခံပရိတ်သတ်ပါ။ ဗီဂျေးက ဘိုပါလ်ဆိုတဲ့မြို့မှာ ရိုက်ကူးရေးသွားလုပ်ရင်း တိုက်တိုက်ဆိုင်ဆိုင်ပဲ ယာဥ်မောင်းလိုင်စင်လိုလာတယ်ဆိုပါတော့။ အဲဒီလိုအကြောင်းဖန်ရင်း ဗီဂျေးနဲ့ အဂရာဗာလ်တို့စတွေ့ကြတာက မထင်မှတ်ထားတဲ့ အထင်လွဲမှုတွေနဲ့ ပြဿနာတွေကြောင့် ၂ ယောက်လုံးဘဝ ဇောက်ထိုးမိုးမျှော်ဖြစ်ကုန်ပါတော့တယ်။ အနုပညာရှင်အလုပ်ကို ဆုံးရှုံးရနိုင်ပြီး ချောက်ကမ်းပါးအစွန်းမှာရပ်နေရတဲ့ ဗီဂျေး၊အကြိုက်ဆုံး ...
movie
Selfiee (2023)
2023
4K HEVC
6.4
Ant-Man and the Wasp: Quantumania (2023)
Ant-Man and the Wasp: Quantumania (2023) ================================ IMDb Rating - 6.4/10ကဲ မာဗယ်ရဲ့ ပုရွက်ဆိတ်လူသားရုပ်ရှင် အသစ်လာပါပြီ။ ဇာတ်လမ်းကတော့ Endgame တိုက်ပွဲကြီးအပြီးမှာ အေး အေးချမ်းချမ်းနေနေကြတဲ့ စကော့၊ ဟုပ်၊ ကတ်စီ၊ ဟင်နရီ နဲ့ ဂျဲနက်တို့ မိသားစုဟာ မတော်တဆမှုတစ်ခုကြောင့် ကွမ်တမ် လောကကြီးထဲကို ရောက်သွားပြီး ကွန်ကရာ ခန်း ဆိုတဲ့ ရန်သူ ကြီးတစ်ယောက်နဲ့ ရင်ဆိုင်ရတာပါ။ခန်းဟာ အချိန်ခရီးသွားနိုင်၊ နည်းပညာအသစ်အဆန်းတွေတီ ထွင်နိုင်ပြီး၊ အဗန်ဂျာတွေကိုသတ်နိုင်လောက်တဲ့အထိ စွမ်းအား ကြီးတဲ့သူပါ။ ကမ္ဘာတွေ၊ အချိန်စီးကြောင်းတွေ၊အပြိုင်စကြဝဠာ တွေကိုဖြတ်ပြီး ခရီးသွားရင်း ကမ္ဘာတွေကို ဖျက်ဆီးနေသိမ်း ပိုက်နေတဲ့သူတစ်ယောက်ပါပဲ။ အဲတော့ ဒီရန်သူကြီးနဲ့ စကော့ တို့မိသားစုဘယ်လိုရင်ဆိုင်ကြမလဲဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်ရှုရမှာဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Comedy Quality….4k HEVC | 1080p | 720p | 480p File size…6GB | 2.12 ...
movie
Ant-Man and the Wasp: Quantumania (2023)
2023
4K HEVC
6.3
The Legend of Tarzan (2016)
ကျွန်တော်တို့ရဲ့ ကလေးဘဝ သူရဲကောင်းကြီး တာဇံ တကျော့ပြန်လာပါပြီ။ ဒီဇာတ်ကားမှာတော့ တာဇံ ဟာ ဂျိန်းနဲ့ လက်ထပ်ပြီး သူမိဘတွေ အမွေကို ဆက်ခံပြီး အင်္ဂလန်မှာ လူကြီးလူကောင်းတစ်ယောက်အဖြစ် နေထိုင်နေပါပြီ။ အဲဒီအချိန်မှာ ဘာလင်ကွန်ဖရင့်အပြီးမှာ ဘယ်ဂျီယံဘုရင် လီယိုပိုးဒ် ဟာ အာဖရိက ကွန်ဂိုနယ်ကို သိမ်းထားတဲ့ အချိန်ဖြစ်ပါတယ်။ ဘုရင်လီယိုပိုးဒ်ဟာ သူ့ရဲ ဒေဝါလီခံရလုနီးနီးအခြေအနေကနေ ထွက်ပေါက်ရဖို့ နည်းမျိုးစုံရှာဖွေနေပါပြီ။ ဒီဇာတ်လမ်းမှာ တာဇံနဲ့ဂျိန်းတို့ သူတို့ကြီးပြင်းလာခဲ့တဲ့ အာဖရိက ဘွန်မာ ကို ပြန်လာချိန်မှာ ဘုရင့်လူယုံ ရွမ် ရဲ့ မဟာအကြံအစည်ကြီးထဲမှာကြားညှပ်ပြီး ဂျိန်းကို ဖမ်းဆီးခေါ်သွားခံလာရတဲ့အခါ…. ဂျွန် ကလေတန် အဖြစ် ပြောင်းလဲနေထိုင်နေခဲ့တဲ့ တာဇံဟာ သူ့ရဲ့ မူလဗီဇနဲ့ စွမ်းအားတွေကို အကုန်အသုံးချပြီး ထောင်ချီတဲ့ စစ်တပ်ကို ပြန်လည်တိုက်ထုတ်ပြီး ဂျိန်း ကို ပြန်ကယ်တင်ဖို့ ကြိုးစားလာပါတော့တယ်။ အဲဒီအတွက် ရွန်ရဲ့ စစ်သားတွေ၊ ရန်သူတော်ဟောင်းကြီး ...
movie
The Legend of Tarzan (2016)
2016
4K HEVC
5.8
Species (1995)
Species ရုပ်ရှင်ကားတွေဟာ သိပ်ညွှန်းရမယ့်ဇာတ်ကားတွေမဟုတ်ပါဘူး။ ဂြိုလ်သား DNA ဇာတ်ကားမျိုးဆိုရင် Species ဇာတ်ကားတွေက ဟိုးအရင်ခေတ်ကတည်းက လူတိုင်းရင်ထဲရောက်ရှိပြီးသားရုပ်ရှင်တွေဖြစ်ပါတယ်။ Species နာမည်နဲ့ ရုပ်ရှင် (၄)ကားထွက်ရှိခဲ့ဖူးပြီး (၄) ကားလုံးကို https://channelmyanmar.to/?s=species မှာကြည့်လို့ရပါတယ်။ကြာခဲ့ပြီဖြစ်ပေမယ့် ယနေ့ခေတ်ထိတိုင်အောင် computer effect တွေ ကြည့်လို့ကောင်းနေဆဲရုပ်ရှင်ကားတွေဖြစ်ပြီး ဂြိုဟ်သားရုပ်ရှင်ကားတွေဖြစ်တဲ့ Splice တို့ Alien တို့လိုပဲ ထိတ်လန့်သည်းဖို သိပ္ပံအက်ရှင် Action,Horror,Sci-Fi အမျိုးအစား ဇာတ်ကားများလည်းဖြစ်ပါတယ်။Species (1995) ဇာတ်လမ်းအကျဉ်း.... ကမ္ဘာ့အပြင်က ရရှိလာတဲ့ ကမ္ဘာဂြိုဟ်က မဟုတ်တဲ့ ဒီအန်အေကို ကမ္ဘာမြေကလူသားဒီအန်အေနဲ့ပေါင်းစပ်ပြီး ထူးဆန်းတဲ့သက်ရှိတစ်မျိုးဖန်တီးရာကနေ ဇာတ်လမ်းစတာပါပဲ။ ဒီဂြိုလ်သားတစ်ပိုင်းလူသားတစ်ပိုင်း သတ္တဝါမျိုးက ဘယ်လိုအကျင့်စရိုက်တွေနဲ့ ဘာတွေဆာလောင်လဲဆိုတာနဲ့ လူသားတွေရဲ့ အလိုရမ္မက်လောဘကြီးမှုတွေကြောင့် ဘာတွေဆက်ဖြစ်လာမလဲဆိုတာ အသည်းတယားယားကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။အဖော်အချွတ်ခန်းတွေများတာကြောင့် ငယ်ငယ်တုန်းက အောက်စက်ခေတ်မှာ လူကြီးတွေမသိအောင် ခိုးကြည့်ရ မီးပျက်သွားရင် အောက်စက်ဖွင့်ပြီး အခွေပြန်ထုတ်နေကျဇာတ်ကားမလို့ အသက်မပြည့်သူ ကလေးသူငယ်များနှင့်၊ မိသားစုနှင့်အတူ မကြည့်သင့်သော ရုပ်ရှင်ကားလဲဖြစ်ပါတယ်။ File size…(4.4 GB)/(1.4 GB)/(930 ...
movie
Species (1995)
4K HEVC
6.4
Pathaan (2023)
Pathaan (2023) (FUL HD အကြည်ဗားရှင်း) Action, Crime, Drama IMDb 6.4/10 (122K)ကဲ လူတွေပါးစပ်ဖျားရေပန်းစားနေကြပြီး ဘတ်ဂျတ်ကုဋေ၂ရာကျော်ရင်းပြီး ရုံတင်ငွေကုဋေ၁သိန်းကျော်ထိ အမြတ်ပြန်လည်ရရှိထားတဲ့ ရှာရွတ်ခန်းရဲ့ ပထန်ဇာတ်ကားကြီးရဲ့ ကြည်တောက်ရှင်ဗားရှင်ကိုတင်ဆက်ပေးပါတော့မယ်နော်။မင်းသားကြီး ရှာရွတ်ခန်း...ဂျွန်အေဗရာဟင်..ဒီပီကားပါဒူကွန်တို့က Lead Role နေရာကနေ သရုပ်ဆောင်ပေးထားကြပြီး တခြားသော သရုပ်ဆောင်ပေါင်းများစွာလည်းပါဝင်ထားသလို မင်းသားကြီးဆလ်မာန်ခန်းကလည်း cameo အနေနဲ့ ပါဝင်ပေးထားပါသေးတယ်နော်။ဒီဇာတ်ကားကို အိန္ဒိယနာမည်ကြီးရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Yash Raj Films မှ တာဝန်ယူထုတ်လုပ်ပေးထားပြီး လက်ပွားမင်းသားရဲ့ War ဇာတ်ကားကို တာဝန်ယူရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာ ဆစ်ဒါသ်အာနန်းရဲ့အက်ရှင်လက်ရာတစ်ခုပဲဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ဆလ်မာန်ရဲ့ (Tiger)..လက်ပွားရဲ့ (War) တို့နဲ့ချိတ်ဆက်ပေးမယ့် Pathaan ဇာတ်ကောင်ရဲ့ spin-off ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။Yash Raj ကုမ္ပဏီဟာ နောက်ပိုင်းမှာ spy universe ကို တည်ဆောက်သွားမယ့်ပုံပေါ်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် အိန္ဒိယနိုင်ငံသမ္မတကြီးကို အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဟာ ဒူဘိုင်းက အခမ်းအနားပွဲတစ်ခုမှာ ပြန်ပေးဆွဲဖို့ရှိနေခဲ့ပါတယ်။ဒီတော့ လုံခြုံရေးကို သုံးဆတိုးမြှင့်ပြီး စောင့်ကြပ်ပေးနေခဲ့ပါတယ်။ မထင်မှတ်ထားတဲ့ ကိစ္စက အကြမ်းဖက်အဖွဲ့အစည်းဟာ သမ္မတကြီးကိုပြန်ပေးမဆွဲဘဲ သမ္မတကြီးနဲ့အတူလိုက်ပါလာတဲ့ သိပ္ပံပညာရှင်နှစ်ယောက်ကို ပြန်ပေးဆွဲလိုက်ပါတော့တယ်။ခေါင်းခဲစေတဲ့ကိစ္စက ...
movie
Pathaan (2023)
2023
4K HEVC
6.6
Elysium (2013)
IMDb Rating (6.6) / Rotten Tomatoes (64%)2013 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ မင်းသား မက်ဒေမွန်ရဲ့ Elysium ရုပ်ရှင်ကားဟာ Box Office အမေရိကန်ဒေါ်လာ 286 သန်း အထိရရှိခဲ့ပြီး ဝေဖန်ရေးဆရာတွေလဲ အကြိုက်တွေ့ခဲ့တဲ့ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။Action,Sci-fi ပုံစံတင်ဆက်ထားပေမယ့် လူဦးရေထူထပ်လာခြင်း၊ လူသားဆန်မှုလျော့နည်းလာခြင်း၊ ခေတ်သစ်ကျန်းမာရေးစောင့်ရှောက်မှု၊ အလုပ်သမားခေါင်းပုံဖြတ်မှု၊ တရားစီရင်ရေးစနစ်နဲ့ လူတန်းစားဆိုင်ရာပြသနာတွေ အနာဂတ်မှာဖြစ်လာမှာတွေကို မီးမောင်းထိုးပြထားပါတယ်...၂၁ ရာစုရဲ့အဆုံးသတ်မှာ ကမ္ဘာကြီးဟာ လူဦးရေလွန်ကဲမှု အဆိပ်သင့်မှု ကပ်ရောဂါတွေ ဖုံးလွှမ်းလာပါတယ် ...ဒီလိုအချိန်မှာ အချမ်းသာဆုံးလူတွေဟာ ကမ္ဘာကြီးမှာ မနေကြတော့ဘဲ သူတို့ရဲ့လူနေမှုအဆင့်အတိုင်း သီးသန့်တည်ဆောက်ထားတဲ့ အိုခြင်းမရှိ နာဖျားခြင်းမရှိတဲ့ ဂြိုလ်တစ်ခုဆီကို ထွက်ခွာသွားကြပါတယ်...သမိုင်းနဲ့ချီလာတဲ့ထုံးစံအတိုင်း ငမွဲလေးတွေ နင်းပြားလေးတွေကတော့ ကမ္ဘာကြီးရဲ့ဆိုးညစ်မှုတွေကြား ပိတ်လှောင်ခံရစမြဲပေါ့...သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ဇာတ်လမ်းဆိုပေမယ့် လက်တွေ့ဘဝတွေနဲ့လဲ ဆင်တူတာမလို့ ခံစားကြည့်ကြပါဦး။ File size…(4.9 GB)/(1.8 GB) /(1 GB) Quality….BluRay 4K HEVC/1080p ...
movie
Elysium (2013)
4K HEVC
8.7
Everything Everywhere All at Once(2022)
Swiss Army Man လို ငစားကားတွေ ရိုက်ခဲ့တဲ့ Dan Kwa နဲ့ Daniel Scheinert တို့ ဒါရိုက်တာအတွဲရဲ့ နောက်ထပ် ပြောင်မြောက်တဲ့ ရုပ်ရှင်ကြီးလာပါပြီ။ခေါင်းစားမလားဆိုတော့ စားလည်းစားပါတယ်၊ မစားလည်းမစားပါဘူး။ သိပ္ပံစိတ်ကူးယဉ် အပြိုင်စကြဝဠာတွေအကြောင်းကို ဟာသတွေ ကွန်ဖူးတွေနဲ့ အခြေခံထားတဲ့ မိသားစုဇာတ်လမ်းလေးပါ။ အက်ဒ်မင်တော့ အတော်ကြိုက်ပါတယ်။ဒီရုပ်ရှင်ထဲမှာလည်း အနန္တစကြဝဠာပါပဲ။ အပြိုင်စကြဝဠာတွေ အများကြီးရှိပါတယ်။ Quantum superposition ဆိုတဲ့သဘောတရားလိုပဲ ဒြပ်မှုန်တွေဟာ ဖြစ်တည်မှုအခြေအနေမျိုးစုံမှာတပြိုင်တည်းရှိနေတဲ့သဘောပါ။ မာဗယ်ရဲ့ Multiverse တွေလိုပဲ လူတစ်ယောက်ရဲ့ ရွေးချယ်မှုကနေ အပြိုင်စကြဝဠာတွေ အဆုံးမရှိအောင်ခွဲထွက်သွားတာပဲ။ ဒီရုပ်ရှင်ထဲမှာတော့ လူတစ်ယောက်ရဲ့ ရွေးချယ်မှု သေးသေးလေးတွေကအစ အပြိုင်စကြဝဠာတစ်ခု ရှိသွားနိုင်ပါတယ်။အဓိကမင်းသမီးကြီးဖြစ်တဲ့ မီရှဲယိုကတော့ စကြဝဠာတစ်ခုထဲက အက်ဗလင်း ဆိုတဲ့ နာမည်နဲ့ ပင်မင်းဆိုင်ပိုင်ရှင်လေးပေါ့။ အရမ်းရိုးအေးတဲ့ ယောကျာ်းတစ်ယောက်ရယ် မိန်းကလေးချင်း ချစ်ကြိုက်နေတဲ့ သမီးတစ်ယောက်ရယ်ရှိတယ်။ ဒါပေမဲ့ အခြားစကြဝဠာက မီရှဲယိုကတော့ ဆရာမကြီးပါ။ ...
movie
Everything Everywhere All at Once(2022)
4K HEVC
7.9
My Name Is Khan (2010)
IMDb Rating (7.9) / Rotten Tomatoes (83%)မင်းသားရှရွတ်ခန်းနဲ့ မင်းသမီးကာဂျိုးတို့တွဲရိုက်လိုက်တိုင်း နာမည်ကြီးနေကျဆိုသလို ဒီဇာတ်ကားကလဲ ကမ္ဘာ့အလည်မှာ နာမည်ရခဲ့တဲ့ Bollywood ရုပ်ရှင်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ ရှရွတ်ခန်းဟာ ဒီဇာတ်ကားမှာ Asperger's syndrome ရောဂါဝေဒနာရနေတဲ့သူတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပြီး သူ့ရဲ့သရုပ်ဆောင်မှုတွေက ပြောစရာမရှိအောင် ပြည့်စုံခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့....Khan ဟာ Asperger's syndrome လူမှုဆက်ဆံရေးချွတ်ချော်တဲ့ရောဂါလို ဂေါက်တောက်တောက်ပုံစံဖြစ်နေတာမလို့ သူ့ညီဖြစ်သူက သူ့ကိုဆို မကြည်ဖြူပေမယ့် မိဘတွေကတော့ သူ့ကိုအချစ်ပိုကြပါတယ်။ဒီလိုနဲ့သူ့မိဘတွေဆုံးတော့ Khan တစ်ယောက် အိန္ဒိယကနေ သူ့ညီရှိရာ အမေရိကကိုပဲ လိုက်ပါသွားဖို့ ဖြစ်လာပါတော့တယ်။Spoiler Alert....(ဇာတ်ကားကြည့်မည့်သူများ အောက်ကစာကိုမဖတ်ဘဲ ကြည့်သင့်ပါတယ်။)သူဟာ သူ့ညီကုမ္ပဏီက အလှပြင်ပစ္စည်းတွေ ရောင်းချပေးနေရင်း Mandira နဲ့ တွေ့ဆုံမိပြီး မြင်မြင်ချင်းသဘောကျသွားပါတော့တယ်။ Mandira ဟာ အလှပြင်ဆိုင်မှာလုပ်နေတဲ့သူတစ်ယောက်ဖြစ်ပြီး သူ့မှာ သားတစ်ယောက်ရှိပါတယ်။ သူ့ယောကျာ်းနဲ့တော့ ကွဲနေပါတယ်။ သူမဟာ မကြာခင် အိမ်ပြောင်းဖို့ရှိနေပြီး ကိုယ်ပိုင်အလှပြင်ဆိုင်လေးတစ်ခုဖွင့်ဖို့ ...
movie
My Name Is Khan (2010)
4K HEVC
7.1
Brave (2012)
အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Disney ချစ်သူလေးတွေရဲ့ အသည်းစွဲ အနီရောင်ဆံပင်လေးတွေနဲ့ မာရီဒါဆိုတဲ့ မင်းသမီးလေးအကြောင်း ရိုက်ထားတဲ့ Brave ဆိုတဲ့ Animation ကားကောင်းလေးတစ်ကားပါ..မာရီဒါလေးဟာ မင်းသမီးတစ်ယောက်ရဲ့ နေထိုင်ပြုမူရမှာတွေနဲ့ ဆန့်ကျင်ဖက် မြားပစ်တာ မြင်းစီးတာတွေကိုပဲ စိတ်ဝင်စားပါတယ် သူ့မိခင်က သူ့ကို မင်းသမီးတစ်ယောက်လို ပြုမူနေထိုင်ဖို့ အမြဲဆုံးမပေမဲ့ သူနားမထောင်ပါဘူး တနေ့တော့ သူမဟာ မင်းသမီးတို့ရဲ့ ထုံးစံအတိုင်း လက်ထပ်ဖို့ ပြင်ဆင်ရဖို့ ဖြစ်လာပါတယ် ဒီအခါ သူမဟာ မိခင်ဖြစ်သူကို ဆန့်ကျင်ပြီး ထွက်ပြေးရင်း စုန်းမတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ် စုန်းမက သူ့မိခင်ကို စိတ်ပြောင်းသွားအောင် လုပ်ပေးမယ်ဆိုပြီး ကိတ်မုန့်တစ်ခုပေးလိုက်ပါတယ်မာရီဒါလေးဟာ အိမ်ပြန်လာပြီး သူ့မိခင်ကိုကျွေးလိုက်တဲ့အခါမှာတော့ ရလဒ်က သူမျှော်လင့်မထားတာတွေ ဖြစ်လာခဲ့ပါတော့တယ် ဒီတော့ သူ့ကြောင့် ဖြစ်သွားရတဲ့ အမှားကို ပြန်ပြုပြင်ပေးနိုင်ဖို့ ကြိုးစားရတဲ့အခါ မာရီဒါလေးတစ်ယောက် အခက်အခဲတွေကြားထဲ ဘယ်လိုရုန်းကန်ရမလဲ ဘယ်လိုတွေစွန့်စားရမလဲ ဆိုတာ.....။IMDb 7.1 ထိရထားတာမလို့ ကြည့်ဖူးပြီးသား Disney ပရိသတ်တွေရော ...
movie
Brave (2012)
2012
4K HEVC
7.0
Oblivion (2013)
Oblivion (2013) IMDb - 7.0/10_____Rotten - 53%၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ မင်းသာကြီး တွမ်ခရုစ် ရဲ့ IMDb 7 ထိရရှိခဲ့တဲ့ sci-fi ရုပ်ရှင်ကားကောင်းတစ်ကားကိုတင်ဆက်လိုက်ပါတယ် အဟောင်းဆိုပေမယ့် မကြည့်ရသေးသူတွေ ပြန်လည်ခံစားချင်သူတွေအတွက်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဂြိုလ်သားတွေနဲ့ လူသားတို့ရဲ့ တိုက်ပွဲအပြီး 2077 ခုနှစ်မှာ ဂျက်ရစ်ချာ (တွမ်ခရုစ်) ဟာ ကမ္ဘာကြီးရဲ့လုံခြုံရေးဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး သူ့ရဲ့ တာဝန်ပြီးဖို့ ရက်သတ္တပတ်၂ပတ်ခန့် အလိုမှာပဲ မမျှော်လင့်ထားတဲ့ မိန်းမချောလေးတစ်ဦးကိုကယ်တင်မိရာကနေ အဲဒီ့မိန်းကလေးက လူသားမျိုးနွယ်တစ်ခုလုံးကိုကယ်တင်ဖို့ရာ အကြောင်းတစ်ခုဖြစ်လာတဲ့အခါမှာတော့....။ဒီရုပ်ရှင်က ကမ္ဘာပျက်ကိန်းရုပ်ရှင်ကားတွေထဲမှာ တွမ်ခရုစ်နဲ့အတူနာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ရုပ်ရှင်ဖြစ်ပါကြောင်း။ File size…(3.8 GB)/(1.3 GB) /(830 MB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:04:42 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie
Oblivion (2013)
2013
4K HEVC
1
2
3
4
5
Previous
Next