Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
4K HEVC
7.5
How to Train Your Dragon: The Hidden World (2019)
How to Train Your Dragon: The Hidden World (2019) IMDb - 7.5/10_____Rotten - 91%How To Train Your Dragon ဟာ ၁ နဲ့ယခု ဇတ်သိမ်းမယ့် ၃ ဟာ ၉ နှစ်ခြားခဲ့ပါတယ်… How To Train Your Dragon ရဲ့ပရိတ်သတ်တွေ အမြောက်အမြားဆိုတာယုံမှားဖွယ်မရှိပါဘူးဇာတ်လမ်းအကျဉ်း ဟစ်ကပ်တို့ရဲ့ ဘာ့ခ်မှာ နဂါးတွေ တဖြည်းဖြည်းများပြားလာသလို နဂါးမုဆိုးတွေရဲ့ ရန်ကလည်း ပိုကြီးမားလာပါတယ်။ ဒါကြောင့် နဂါးတွေနဲ့ သူ့လူတွေ လုံခြုံစေဖို့ ဟစ်ကပ်ဟာ ကမ္ဘာကြီးရဲ့ အဆုံးက လျို့ဝှက်နေရာတစ်ခုကို ရှာဖွေဖို့ ကြိုးစားပါတော့တယ်။ Filesize : 4.1GB / 1.74GB / 922MB Quality : 4K BluRay HEVC / 1080p BluRay / 720p Format : mp4 Running Time : ...
movie
How to Train Your Dragon: The Hidden World (2019)
2019
4K HEVC
8.1
How to Train Your Dragon (2010)
CM Fan တွေ အတွက် ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ How to Train Your Dragon ကို တင်ဆက်ပေးလိုက်ပါတယ်ဇတ်လမ်း ရဲ့ အစကတော့ ဗိုက်ကင်းတွေ နေတဲ့ ကျွန်းလေးတစ်ခုကနေ အစပြုတာပါပဲ ဗိုက်ကင်း သူရဲကောင်းတွေ ရဲ့ ရွာဟာ ပြသနာ တစ်ခုကို အမြဲ လိုလို ရင်ဆိုင်နေရပါတယ် အဲ့ဒါကတော့ နဂါးတွေပါပဲ တစ်ချို့ ညတွေမှာ နဂါးတွေဟာ ခိုးဝင်လာပြီး အစားအသောက်တွေကို ခိုးယူသွားတက်ကြသလို အိမ်တွေကိုလဲ မီးရှို့သွားတက်ကြပါသေးတယ် ဗိုက်ကင်း တွေရဲ့ အိမ်တွေဟာ အမြဲလိုလို အသစ်တွေ ဖြစ်နေတာ နဂါးတွေ ရဲ့ လက်ချက်ပါပဲ...ဒီဗိုက်ကင်း ရွာလေး မှာ ဟစ်ကပ် ဆိုတဲ့ ကောင်လေးရှိပြီး သူက ဗိုက်ကင်းတွေ ထဲမှာ အားအနည်းဆုံး မို့ ရွယ်တူတွေလို နဂါးတွေ ဖမ်းရမယ့် အစား လက်နက်တိုက်မှာ အကူလုပ်နေရတာပါ ဗိုက်ကင်းတွေ ရဲ့ သတ္တိရှိမှု ရဲစွမ်းရှိမှုကို ပြဖို့ဆိုရင် နဂါးတစ်ကောင်တော့ အနည်းဆုံး ...
movie
How to Train Your Dragon (2010)
2010
4K HEVC
7.8
How to Train Your Dragon 2 (2014)
How to Train Your Dragon 2 (2014) IMDb - 7.8/10_____Rotten - 91%နဂါးတွေနဲ့ ပြေလည်မှုရသွားပြီး နဂါးတွေရဲ့ လုပ်အားနဲ့ ပြန်လည်တိုးတက်လာခဲ့တဲ့ Berk ရွာလေးဟာ နဂါးပြိုင်ပွဲ ကျင်းပနေပါတယ်။ ဒါပေမယ့် Hiccup ကတော့ သူရဲ့ နဂါးလေး Toothless နဲ့အတူ နယ်မြေသစ် ရှာဖွေမှုတွေ ပြုလုပ်ရင်း အေးအေးလူလူပဲ နေထိုင်ကြပါတယ်။ ဒါပေမယ့် အရွယ်လွန်လာပြီဖြစ်တဲ့ Stoick ကတော့ သူ့သား Hiccup ကို ရွာသူကြီးလုပ်ဖို့ ဖိအားပေးစ ပြုနေပါပြီ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိသေးတဲ့ Hiccup အတွက်တော့ ဒီကိစ္စဟာ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုပါပဲ။အပြောကျယ်တဲ့ မြေကမ္ဘာမှာ လျှောက်သွားရင်း Hiccup နဲ့ Astrid တို့ဟာ အလွန်ကြီးမားတဲ့ အစိမ်းရောင် ရေခဲတုံးကြီး တစ်ခုကို တွေ့ပါတယ်။ အဲဒီရေခဲတုံးကို လေ့လာနေဆဲမှာ Eret လို့ခေါ်တဲ့ ...
movie
How to Train Your Dragon 2 (2014)
2014
4K HEVC
6.2
Johnny English Strikes Again (2018)
IMDb Rating (6.2)ထုံးစံအတိုင်း အင်္ဂလန်ပြည်ကြီး ဒုက္ခရောက်ပြီဆို ဂျွန်နီအင်္ဂလစ်ရှ်ဝင်ကယ်ရပြန်ပါဦးမယ်။ဗြိတိန်ထောက်လှမ်းရေးအဖွဲ့တစ်ခုလုံးက အေးဂျင့်တွေရဲ့ အချက်အလက်တွေကို ဟက်ကာတစ်ယောက်က ဖွင့်ချသွားတဲ့အတွက် ဝန်ကြီးချုပ် အခက်ကြုံလာရပါတယ်။လက်ရှိအေးဂျင့်တွေရဲ့ အချက်အလက်တွေ ပေါ်သွားပြီဖြစ်လို့ ထောက်လှမ်းရေးအဖွဲ့ကြီးအနေနဲ့ ရွေးစရာမရှိတော့ပြန်ပဲ ခေတ်ဟောင်းက အေးဂျင့်ဟောင်းကြီး ဂျွန်နီကို ခေါ်သုံးရပြန်ပါတော့တယ်။မစ္စတာ အင်္ဂလစ်ရှ်တစ်ယောက် ရုပ်တည်ကြီးနဲ့ ဘယ်လိုတွေ ဖောက်ပြီး တလွဲတွေလုပ်ပြမလဲဆိုတာ....။Johnny English ဇာတ်ကား ၃ ကားရှိပြီး ၃ ကားလုံးကို ဒီမှာ https://channelmyanmar.to/?s=Johnny+English ကြည့်လို့ရပါတယ်။ File size… (2.8 GB)/(1 GB) / (500 MB) Quality…BluRay 4K EHVC/1080p HEVC /720p Format…mkv/mp4 Duration….01:28:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Littleneo
movie
Johnny English Strikes Again (2018)
2018
4K HEVC
7.3
The Accountant (2016)
Batman မင်းသား Ben Affleck ရဲ့ Action, Crime အမျိုးအစားရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ ကလေးဘဝမှာ High Functioning Autism(ဉာဏ်ရည်မနိမ့်ကျသော အထီးကျန်စိတ်ဝေဒနာတစ်မျိုး) ခံစားနေရပြီး အထူးကျွမ်းကျင်သူ တစ်ဦးဆီမှာ ကုသရင်း နေထိုင်ခဲ့ရပါတယ်။ဒါပေမယ့် သူအရွယ်ရောက်လာချိန်မှာတော့ စာရင်းကိုင်တစ်ယောက်ဖြစ်လာခဲ့ပါပြီ။ သာမာန်စာရင်းကိုင်တွေ ၁နှစ်လောက်လုပ်ရမယ့် စာရင်းကို တစ်ညတည်းလုပ်နိုင်တဲ့သင်္ချာဉာဏ်ကြီးရှင်မျိုးဖြစ်လာပြီး လူဆိုးဂိုဏ်းတွေကြားထဲက အရှုပ်အရှင်းတွေ ငွေတွေကို စစ်ဆေးပေး၊ခဝါချပေးတဲ့အလုပ်ကို လုပ်ကိုင်လာပါတယ်။ သူ့ကိုကူညီနေတဲ့ ဖုန်းထဲက အသံပဲကြားရတဲ့ လျို့ဝှက်မိန်းကလေးတစ်ယောက်ရဲ့ အကူအညီနဲ့ပေါ့။လူဆိုးဂိုဏ်းတွေကြားမှာ အသက်ရှင်ရက်နေနိုင်ပြီး သူ့ကိုဘယ်သူဘယ်ဝါမှန်းပါ မသိအောင် နေနိုင်ခဲ့တဲ့အပြင် တိုက်ခိုက်ရေးပညာ နဲ့ လက်နက်မျိုးစုံလည်း ကျွမ်းကျင်ပါတယ် (ခြုံပြောရရင် Batman စီးပွားပျက်ပြီး စာရင်းကိုင်လုပ်စားသလိုပါပဲ :3 )။ ဒီဇာတ်လမ်းမှာတော့ သူဖော်ချလိုက်မိတဲ့ ငွေမသမာမှုတစ်ခုမှာ ပါနေတဲ့ အပြစ်မဲ့ မိန်းကလေးတစ်ယောက်ကို ကြေးစားတွေလိုက်နှုတ်ပိတ်တာကို ကယ်တင်ရင်း သူစခဲ့တဲ့ ဇာတ်လမ်းကို အဆုံးထိပြန်လိုက်ရှင်းဖို့ကြိုးစားရတဲ့အခါမှာ....... File size…7.86GB / 1.7GB / 720MB Quality…4k HEVC AAC5.1CH / 1080p / ...
movie
The Accountant (2016)
2016
4K HEVC
5.7
Gamer (2009)
Gamer (2009) ===================== အင်မတန်ချမ်းသာပြီး နာမည်ကြီးရုံသာမက အာဏာပါကြီးလွန်းတဲ့ ကန်ကာဆယ် ဆိုတဲ့ လူတစ်ယောက်ဟာ စိတ်ကိုထိန်းချုပ်ရတဲ့ဂိမ်းတစ်ခုကို တီထွင်ခဲ့ပြီး လူတွေပါ၀င်ကစားလာဖို့ ဆွဲဆောင်ခဲ့ပါတယ်။ ဒီဂိမ်းဟာ သာမာန်ဂိမ်းမျိုးမဟုတ်ပဲ လူတစ်ယောက်ရဲ့လှုပ်ရှားမှုမှန်သမျှကို ကစားသမားကထိန်းချုပ်လို့ရတဲ့ဂိမ်းမျိုးဖြစ်ပါတယ်။ အထိန်းချုပ်ခံတဲ့သူက ပိုက်ဆံရမှာဖြစ်ပြီး ကစားတဲ့သူက ပိုက်ဆံပေးပြီး ကစားရတာပါ။ ဒါထက်အဆင့်မြင့်သွားတဲ့ စလေယာစ် ဆိုတဲ့ ဂိမ်းမှာတော့ သေဒဏ်ကျပြီးသားလူတွေဟာ သူတို့စိတ်ကိုထိန်းချုပ်ခံထားရပြီးတော့ အချင်းချင်းပစ်သတ်နေတဲ့ကြားကနေ အသက်ရှင်ဖို့ကြိုးစားရတာပါ။ အဆင့်၃၀လုံးအောင်တဲ့သူက သေဒဏ်ကနေလွတ်ကင်းပြီး အိမ်ကိုပြန်ခွင့်ရှိမှာဖြစ်ပါတယ်။ ဒီဂိမ်းမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတာကတော့ ဂျွန်ကေဘယ်ဆိုတဲ့ လူဖြစ်ပါတယ်။ ဂျွန်ကေဘယ် ကို ဆိုင်မွန်ဆိုတဲ့ကစားသမားက ထိန်းချုပ်ကစားနေတာဖြစ်ပြီး သူတို့နှစ်ယောက် ဘယ်လိုအခက်အခဲတွေကြုံရမလဲ၊ အဆင့်အားလုံးကိုရော အောင်မြင်အောင်ကျော်ဖြတ်နိုင်မလားဆိုတာကို စိတ်၀င်စားဖွယ်ကြည့်ရှုရမှာပါ။ ဒီကားရဲ့ တချို့အသုံးအနှုန်းလေးတွေကြမ်းပေမယ့် ဇာတ်ကားကိုက science fiction action အမျိုးအစားဖြစ်တာမို့ စိတ်ကူးယဉ်ဆန်ပြီး ကြမ်းတာမှကြိုက်တဲ့ကိုယ့်လူတို့အတွက် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားလို့ညွှန်းလိုက်ပါရစေ။ File size…6.2GB/ 2.26GB / 1.12GB Quality…4k HEVC Bluray / 1080p BluRa Format…mp4 Duration….1h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Jaka
movie
Gamer (2009)
2009
4K HEVC
6.9
Top Gun (1986)
Top Gun (1986) IMDb - 6.9/10_____Rotten 54% Won 1 Oscar. Another 10 wins & 5 nominations ဒီကားက ၁၉၈၆ ခုနှစ်ကထွက်ခဲ့တာဖြစ်ပြီး နှစ် ၃၀ ကျော်ကြာမှာတော့ သူ့ရဲ့အဆက် နံပါတ် ၂ ဇာတ်ကား Top Gun: Maverick (2022) ရုပ်ရှင်ကားလဲ ထွက်ရှိလို့ လာခဲ့ပါပြီ။ Top Gun 1986 ဇာတ်ကားကတော့ ခပ်မိုက်မိုက် အမေရိကန်လေသူရဲတစ်ယောက်နဲ့ ခပ်မိမိဆရာမလေးတို့ရဲ့အချစ်အကြောင်းကို အမေရိကန်တိုက်လေယာဉ်သင်တန်းကျောင်းတစ်ခုမှာ အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားပါ။မင်းသားကြီး တွမ်ခရုစ်ရဲ့ နာမည်ကြီးဇာတ်ကားဖြစ်ပြီး ၂၀၂၂ ခုနှစ် အသက် ၆၀ ထိ နုပျိုနေတဲ့ တွမ်ခရုစ်အကြောင်းတွေက မမြင်ချင်မှ အဆုံးပါပဲ။ဒီထဲက မင်းသမီး Kelly McGillis ကိုတော့ အိုစာလွယ်တယ် ပုံပျက်လွယ်တယ်ဆိုပြီး တွမ်ခရုစ်ပုံနဲ့ ယှဉ်ပြီးပြပြတတ်ကြပါတယ်။တကယ်တော့ မင်းသမီး ကယ်လီမက်ဂေးဟာ ဒီဇာတ်ကားမရိုက်ခင် ...
movie
Top Gun (1986)
1986
4K HEVC
6.0
The Dark Tower (2017)
ဒီဇတ်လမ်းဟာ စာရေးဆရာ Stephen King ရဲ့ ဝတ္တုကို ရုပ်ရှင်အဖြစ်အသက်သွင်းထားတာပါဇတ်လမ်း အစကို ကြည့်မိရင် အဆုံးထိ ဆွဲခေါ်သွားနိုင်တဲ့ ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပြီးသင့်အတွက် ကြည့်ရတာ နောင်တ မရနိုင်မယ့် ရုပ်ရှင်ကားကောင်းတစ်ခုအဖြစ်ညွှန်းပါရစေ...Movie Review==========ကမ္ဘာတွေဟာ အများကြီး ရှိနေပြီး ကမ္ဘာတစ်ခုနဲ့ တစ်ခုဟာ စွမ်းရည်တွေ မတူညီကြပါဘူးဒီကမ္ဘာတွေ အားလုံးရဲ့ အလယ်ဗဟို တည့်တည့်မှာတော့ ကမ္ဘာကြီးရဲ့ ထောက်တိုင် တစ်ခုတည်ရှိနေပြီး ထို ထောက်တိုင်ကြီး မရှိတော့တဲ့အခါမှာတော့ ကမ္ဘာတွေဟာ မှောင်အတိပြီး၍မီးလောင်ကျွမ်းကုန်မှာပဲ ဖြစ်ပါတယ်...ထို ထောက်တိုင်ကြီးကို ဖျက်ဆီးဖို့ ကြံရွယ်နေသူတွေကတော့ ဝေါ်တာ ဆိုသော မကောင်းဆိုးဝါး နှင့်အရေခွံခြုံသူများ ဖြစ်ပါတယ် ထိုကဲ့သို့ ဖျက်ဆီးဖို့ရန် အတွက် စိတ်ထားသန့်စင်သော ကလေးများကိုဖမ်းပြီး စိတ်စွမ်းအင် ထုတ်ယူ၍ ကမ္ဘာတွေရဲ့ အလယ်ဗဟို ထောက်တိုင်ကို တစ်ဖြေးဖြေးအားနည်းစေရန်တိုက်ခိုက်လျက် ရှိပါတယ်...တစ်နေ့မှာတော့ ကမ္ဘာတစ်ခုပေါ်မှာ စိတ်စွမ်းအင်အမြင့်ဆုံး ကလေးတစ်ယောက်ဖြစ်တဲ့ ဂျိတ်ချန်ဘာ ကိုအရေခွံခြုံတွေ ရှာတွေ့သွားပြီး ဖမ်းဆီးရန် ရောက်လာစဉ်မှာပဲ ကြိုတင်အကြားအမြင်ရထားတဲ့ဂျိတ်ဟာ ကမ္ဘာအလယ်ဗဟို ထောက်တိုင် ကို ကာကွယ်သူ သေနတ်သမားကို ရှာဖို့ ထွက်ပြေးခဲ့ပါတယ်..ထို အချိန်မှာပဲ ...
movie
The Dark Tower (2017)
2017
4K HEVC
8.4
La La Land (2016)
(သီချင်းလေးတွေပါ ဘာသာပြန်ပြီး ပြန်လည်တင်ဆက်လိုက်ပါတယ်..BluRay 4K Quality ထိ ခံစားကြည့်ရှုနိုင်ပါတယ်။)IMDb - (8/10) / Rotten Tomatoes (91%)၂ဝ၁၆ ခုနှစ်အတွင်း ပြသခဲ့သည့်ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းများထဲမှအကောင်းဆုံးအတတ်ပညာရှင်၊ အနုပညာရှင်များကိုဂုဏ်ပြုသည့်(၇၄) ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲကို ဇန်နဝါရီ ၈ ရက် ဒေသစံတော် ချိန်ညနေ ၅ နာရီတွင် ကယ်လီဖိုးနီးယားပြည်နယ် ဘေဘရီဟေးစ်ရှိ The Beverly Hilton ဟိုတယ်၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။အစီအစဉ်တင်ဆက်သူအဖြစ် ဟာသပညာရှင် ဂျင်မီဖော်လန်က ဆောင် ရွက်ခဲ့သည့်ဆုပေးပွဲတွင် “La La Land” ရုပ်ရှင်က ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည့်ဆုခုနစ်ခုကိုသိမ်းကျုံးရယူခဲ့ကာ သမိုင်းမှတ်တိုင်သစ်ကို စိုက်ထူနိုင်ခဲ့သည်။တင်ဆက်သူ ဖော်လန်က ”ဒါဟာလူကြိုက်များတဲ့မဲကိုဂုဏ်ပြုနေသေးတဲ့ အမေရိကမှာ ကျန်နေသေးတဲ့နေရာတွေထဲကတစ်ခုဖြစ်တဲ့ ရွှေကမ္ဘာလုံး ဆုပေးပွဲဖြစ်ပါတယ်” ဟုဆိုကာ နိုင်ငံရေးနှင့်ဆက်နွှယ်သော စကားဖြင့် ပွဲကိုစဖွင့်ခဲ့သည်။ကွယ်လွန်သူ ဒါရိုက်တာကြီး ဗင်ဆန်တီမီနယ်လီနှင့်ဂျက်ကွက်ဒမ်မီတို့ ဖန်တီးခဲ့သော ရုပ်ရှင်များကို ...
movie
La La Land (2016)
2016
4K HEVC
8.5
Kaithi (2019)
IMDb ratings : 8.5/10Genre : Action, ThrillerBudget ₹35 croreBox Office ₹106 croreဒီကားဟာ. . . သိပ်မကြာခင်ကမှ ရုံတင်သွားတဲ့ တမီးလ်မင်းသား ကာရ်သီ(Karthi)ရဲ့ Positive Reviews တွေကို ရရှိခဲ့တဲ့ ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။ရုံတင်စကတည်းက တာထွက်လှခဲ့တဲ့ကားဖြစ်ပြီး Diwali နေ့မှာ Release လုပ်ခဲ့တာ ဖြစ်ပါတယ်။ဇာတ်လမ်းကတော့....ညတစ်ညမှာ. . . မူးယစ်ဆေးတွေ ၊ လက်နက်ခဲယမ်းတွေကို မှောင်ခိုတင်ဆောင်လာတဲ့ ဗင်ကားတစ်စီးကိုအင်စပက်တာဘီဂျွိုင်းနဲ့အဖွဲ့က ဖမ်းဆီးပြီး ပစ္စည်းတွေ သိမ်းဆည်းရာကနေ ဇာတ်လမ်းကို စဖွင့်ထားပြီးဒီနောက်တော့. . . ရဲအရာရှိတစ်ယောက်ရဲ့ အိမ်မှာ အဲ့ဒီနယ်မှာရှိတဲ့ အရာရှိ အရာခံတွေ အားလုံးနီးပါး သောက်ကြစားကြ ပျော်ပါးကြပါတယ်။သိပ်မကြာခင်မှာ ဘီဂျွိုင်းကလွဲပြီး ၊ အရာရှိအားလုံး အရက်ကတဆင့် မူးယစ်ဆေးမိပြီး မှောက်ကုန်ကြတယ်။ဒီအချိန်မှာ ဘီဂျွိုင်းနားလည်လိုက်တယ်။ဒါဟာ ...
movie
Kaithi (2019)
2019
4K HEVC
5.7
Mechanic: Resurrection (2016)
Mechanic: Resurrection (2016)_____IMDb - 5.7/10လူသတ်သမားတစ်ယောက်ဟာ လူသတ်ပြီးသွားရင် သူသတ်မှန်းမသိရအောင် ခြေရာလက်ရာဖျောက်နိုင်မှ ကျွမ်းကျင်ပိုင်နိုင်တယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ အဲဒီထက် တစ်ဆင့်တက်ကြည့်ကြမလား။ ဘယ်သူဘယ်ဝါ သတ်သွားတယ်ဆိုတာကို အသာထားလိုက်။ လူသတ်ခံလိုက်ရတာပါ ဆိုတာကိုတောင် မသိအောင်လုပ်နိုင်တဲ့ လုပ်ကြံရေးသမားတစ်ယောက်ရှိပါတယ်။ သူ့လက်ချက်နဲ့ လူ့လောကကို တာ့တာပြသွားရတဲ့သူတွေဟာ အများအမြင်မှာတော့ မတော်တဆဖြစ်ပြီး သေရတာပါတဲ့။ ဝမ်းနည်းစရာ မတော်တဆမှုလေးတွေပေါ့။ဒီလောက်ဆိုရင်တော့ လူကြီးမင်းတို့ တွေးမိလောက်ပါပြီ။ ဟုတ်ပါတယ်။ ဘစ်ရှော့ပ် ဆိုတဲ့ Mechanic စက်ပြင်သမားတဖြစ်လဲ လုပ်ကြံရေးသမားကြီးပေါ့။ တည်ငြိမ်တယ်။ သွေးအေးတယ်။ တိကျတယ်။ ပြီးတော့ ရက်စက်တယ်။အခုကတော့ ပထမကား The Mechanic (2011) ရဲ့ အဆက် sequel ဇာတ်ကားဖြစ်ပါတယ်။ မင်းသားကြီး Jason Statham ရဲ့ ဇာတ်ကောင်တစ်ယောက်ပေါ့။ သူနဲ့အတူ ကျွန်တော်တို့ရဲ့ အိပ်မက်မင်းသမီးလေး Jessica Alba ကလည်း ...
movie
Mechanic: Resurrection (2016)
2016
4K HEVC
8.4
Gully Boy (2019)
Gully Boy(2019)IMDb...8.4 / Rotten Tomatoes (96%) "ကျွန်တော့်ဘဝနဲ့ ထပ်တူညီဖို့ ကျွန်တော့် အိမ်မက်တွေကိုပြောင်းလဲမှာမဟုတ်ဘူး.... ကျွန်တော့်အိမ်မက်တွေနဲ့ထပ်တူကျဖို့ ကျွန်တော့်ဘဝကိုပြောင်းလဲပစ်မှာ..။" မင်းသားရမ်ဘီဆင်း...မင်းသမီးအာလီယားဘတ်တို့နဲ့ ဒီဇာတ်ကားက ၂၀၁၉ ခုနှစ်ရဲ့ အောင်မြင်မှုတလှေကြီးရခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကြီးပါ။ဇာတ်လမ်းကတော့...အသက် ၂၂ နှစ်အရွယ်မူရတ်ဆိုတဲ့ Rap ဂီတကိုရူးသွပ်တဲ့ မွတ်ဆလင် ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ပြထားတာပါ.... သူ့အဖေဖြစ်သူက ဒါရိုက်ဘာလုပ်ပြီး သူ့ရဲ့ပညာရေးအတွက် ပင်ပန်းဆင်းရဲခံပြီး ငွေကြေးပမာဏအမြောက်အမြားကို ရင်းနှီးမြှုပ်နှံ ပံ့ပိုးပေးခဲ့ပါတယ်..... ဒါပေမဲ့ သူ့အဖေဖြစ်သူက နောက်အိမ်ထောင်ပြုလိုက်တဲ့အခါ သူတို့အိမ်မှာ နေ့စဉ်ငရဲလို ဖြစ်နေပါတော့တယ်.....မူရတ်ဟာ rap ဂီတကို ရူးသွပ်သူပါ ဒီလိုနဲ့ သူ့ရင်ဘတ်ထဲက မုန်တိုင်းတွေကို သီချင်းတွေအဖြစ် ပေါက်ကွဲပစ်လိုက်ပါတော့တယ်... သူတို့ လမ်းထဲမှာ နေထိုင်ကြတဲ့ ဆင်းရဲသားတွေရဲ့ ခံစားချက်တွေကို သူကိုယ်တိုင်ရေးဖွဲ့ထားတဲ့ rap သီချင်းတစ်ပုဒ်ကို YouTube မှာ တင်လိုက်ရာက သူ့အတွက် ဂီတခရီးလမ်းမှာ ဆက်လက်လျှောက်လမ်းဖို့ရာ အခွင့်အလမ်းတစ်ခု ပေါ်လာခဲ့ပါတယ်....တစ်ဖက်မှာလည်း သူ့မှာ သဝန်တိုတတ်တဲ့ ချစ်သူ တစ်ယောက် ရှိပါတယ် သူကတော့ သူတို့ ၁၃ ...
movie
Gully Boy (2019)
2019
4K HEVC
7.2
Bajirao Mastani (2015)
ဒါရိုက်တာ ဆန်ဂျေးဘန်ဆာလီရဲ့ History နောက်ခံ အချစ် War ဇာတ်ကားဖြစ်ပါတယ်...နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသား ရန်ဗီးဆင်း... မင်းသမီး ဒီပီကားနဲ့ ပရီရန်ကားတို့ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်းဆိုတော့ အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ဇာတ်လမ်းကတော့...စစ်သူရဲကောင်း ဘာဂျီရောဝ် ဟာ စစ်ပရိယာယ် ကြွယ်ဝလှပြီး တိုင်းပြည်ရဲ့ အားထားရာ / ပြည်သူ့အချစ်တော်တစ်ဦး ဖြစ်ပါတယ်။ သူ့မှာ ကာရှီးဆိုတဲ့ ဇနီးချောလေးရှိပြီး သားတစ်ယောက်လည်း ပိုင်ဆိုင်ထားသူပါ။တစ်နေ့မှာတော့ သူရဲ့ စစ်မြေပြင်ကို မဟာမိတ်တိုင်းပြည်မှ မင်းသမီးလေး မာစတီးနီ လာရောက်ပြီး စစ်ကူတိုက်ခိုက်ပေးပါဖို့ အကူညီတောင်းခံလာခဲ့ပြီး ဘာဂျီရောဝ်ရဲ့ စစ်ရေးကျွမ်းကျင်မှုကြောင့် မင်းသမီး မာစတီးနီ တို့ဘက်မှ အနိုင်ရှိခဲ့ပါတယ်။ဒီ့နောက်မှာတော့ ဘာဂျီရောဝ်ဟာ မင်းသမီးလေးကို ချစ်မြတ်နိုးလာခဲ့ပြီး သူမပြန်ခင်အချိန်မှာ သူ့ဓားမြှောင်လေးကို ပေးခဲ့ပါတယ်။ မင်းသမီး မာစတီးနီတို့တိုင်းပြည်မှာတော့ ဓားမြှောင်ပေးအပ်ခြင်းဟာ လက်ထပ်ခွင့် တောင်းခြင်းလို့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ဘာဂျီရောဝ် ကို ချစ်မိခဲ့သူ မာစတီးနီဟာလည်း ဓားမြှောင်လေးကို တယုတယသိမ်းဆည်းထားခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ အချစ်ရဲ့စွန့်စားခန်း အနေဖြင့် မင်းသမီး မာစတီးနီဟာ ဘာဂျီရောဝ်ကို ...
movie
Bajirao Mastani (2015)
4K HEVC
6.6
The Running Man (1987)
ဒီဇာတ်ကားက ၁၉၈၇ မှာထွက်ခဲ့တယ်။ဇာတ်လမ်းက အဲဒီအချိန် ၁၉၈၇ ကနေ အနာဂတ်နှစ်ပေါင်းသုံးဆယ်ကို ကြိုမှန်းပြီး ၂၀၁၇ မှာ ဇာတ်အိမ်တည်ထားတယ်။ ဒါပေမဲ့ အခုလက်ရှိဖြစ်ပျက်ကြုံတွေ့နေရတဲ့ ကာလံဒေသံနဲ့တော့ အင်မတန်ကိုက်ညီတဲ့ ဇာတ်ကားပါပဲ။၂၀၁၇ မှာ တကမ္ဘာလုံးစီးပွားပျက်ကပ်ကြီးဖြစ်ပြီး စားနပ်ရိက္ခာထုတ်လုပ်မှုတွေလျော့ကျ၊ သံယံဇာတတွေ ရေနံ သဘာဝဓာတ်ငွေ့တွေလည်း နည်းပါးပြတ်လပ်လာခဲ့တာ တကမ္ဘာလုံးမှာပါပဲ တဲ့။ အဲလိုအချိန်မှာ အမေရိကန်နိုင်ငံမှာ အကြွင်းမဲ့အာဏာရှင်အစိုးရတစ်ရပ်က အုပ်ချုပ်နေပါသတဲ့။ စာရေးဆရာနှယ် စိတ်ကူးမှယဉ်တတ်သေးတယ်ဗျာတယ်။ (တကယ်တော့ အဲဒီဇာတ်လမ်းဟာ စာရေးဆရာ Stephen Kingက ကလောင်ခွဲတစ်ခုနဲ့ ရေးသားထုတ်ဝေခဲ့တဲ့ ဝတ္ထု The Running Manကိုပဲ အခြေတည်ပြီး ရိုက်ကူးထားတာလို့ သိရပါတယ်။) တနိုင်ငံလုံးကို စစ်နယ်မြေဇုန်တွေခွဲပြီး သံမဏိစည်းကမ်းနဲ့ အုပ်ချုပ်ပါသတဲ့။ စာပေ ဂီတအပါအဝင် အနုပညာအားလုံးကို ဆင်ဆာပိတ်ထားတယ်။ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းလို့ မရှိစေရ။ တစ်နေရာနဲ့တစ်နေရာ စာရေး၊ဖုန်းဆက်ခွင့် မပြု။ ခရီးသွားချင်ရင် အစိုးရထုတ်ပေးထားတဲ့ ခရီးသွားလက်မှတ်ရှိမှ ...
movie
The Running Man (1987)
4K HEVC
6.5
War (2019)
War (2019) IMDb - 6.5/10_____Rotten - 69%ကားသစ်တွေ ကားကောင်းတွေ ဆက်တိုက်ထွက်နေတဲ့ကြားက ယနေ့ထွက် ဘောလိဝုဒ်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။နာမည်ကြီး မင်းသားနှစ်ယောက် အားပြိုင်ထားတဲ့ ဒီဇာတ်ကားကြီးဟာဆိုရင်.... ဘတ်ဂျက်ငွေရဲ့ ၃ဆကျော်ကျော် အောင်ပွဲခံခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းလေး ချရင်လည်း မဖတ်ဘဲ ဒေါင်းကြမှာမို့ သိပ်ပြီး မရေးတော့ပါဘူး။တိုက်ဂါးနဲ့ ရီသိတ်ဟာ အိန္ဒိယတပ်မတော်သားတွေဖြစ်ပြီး တိုက်ဂါးကတော့ ရီသိတ်ရဲ့ တပည့်အဖြစ် မြင်ရပါမယ်။ရီသိတ်ဟာ လတ်တလောမှာ မစ်ရှင်တစ်ခုကို လုပ်ရင်း တရားခံကို မပစ်ဘဲ ကိုယ့်ဖက်က အရာရှိကို ပစ်သတ်သွားခဲ့တယ်။သူ ဘာကြောင့် ပစ်ခဲ့တာလဲ....ဘာကြောင့် သစ္စာဖောက်သွားခဲ့တာလဲ...သူ့လို တည်ကြည်ဖြောင့်မတ်ပြီး သစ္စာရှိတဲ့ လူတစ်ယောက် သစ္စာဖောက်သွားတာကို စုံစမ်းဖို့နဲ့ ရှင်းပစ်ဖို့ တာဝန်ပေးခံရသူကတော့... တိုက်ဂါးပါ။ကဲ.... ဆရာနဲ့ တပည့်....ဘယ်လို ဆက်ဖြစ်ကြမလဲ.....အမှန်တရားကို ဘယ်လို ဖော်ထုတ်ကြမလဲ.... ဆိုတာကို ကိုယ်တိုင်သာ ခံစားကြည့်ကြပါဦးဗျာ။File size…(7.6 GB)/(2.3 GB)/(1.3 GB) Quality….BluRay 4K ...
movie
War (2019)
4K HEVC
5.8
Ae Dil Hai Mushkil (2016)
Ae Dil Hai Mushkil (2016) " ဒီနှလုံးသားက ရှုပ်ထွေးလွန်းလှပါတယ်"မထွက်ခင်က သတင်း...၁၇ နှစ်လောက် တွဲအလုပ်မလုပ်ဖြစ်တော့တဲ့ ဒါရိုက်တာ ကာရန်ဂျိုဟာ နဲ့ မင်းသမီး အက်ရှ်ဝါရိုင်းတို့ ပြန်လည်ပေါင်းစည်းရိုက်ကူးထားတဲ့ ကားလေးပါ... မင်းသားကတော့ Ranbir Kapoor နဲ့ မင်းသမီး Anushka Sharma(PK) တို့ ပါဝင်ပါသေးတယ်... ကာရန်ဟာ Kuch Kuch Hota Hai ကအစပြု ပြီး Dostana(Shut Up & Bounce) ဒီမှာတော့ အေသင်ရဲ့တင်းတယ် ဖြစ်သွားတဲ့ သီချင်းပါတဲ့ ရုပ်ရှင်နဲ့ တအားအောင်မြင်ခဲ့တဲ့သူပါလို့ အက်ရှ်က ပြောပါသေးတယ်...ပါဝင်သူတို့အကြောင်း...ကာရန်ဂျိုဟာ - ရုပ်ရှင်ကားကို မညွှန်းခင် ဒါရိုက်တာကို အရင် ပြောပါရစေ... သူ့ရိုက်လိုက်တဲ့ ဒရမ်မာကားတွေဆိုရင် ဒရမ်မာကားမကြိုက်တဲ့သူတွေတောင် ကြိုက်ကြတယ်... လူငယ်ဆန်တယ် ပေါ့ပါးတယ်... စကားလုံး ဒိုင်ယာလော့တွေ အမိုက်စားတွေချည်းပဲ... ...
movie
Ae Dil Hai Mushkil (2016)
4K HEVC
5.1
Ok Jaanu (2017)
ဒီတစ်ခါတော့ Channel Myanmar ပရိသတ်ကြီးအတွက် အရိုမှာနာမည်ကြီးတဲ့ Bollywood အချစ် ဒရမ်မာ ကားလေးတင်ဆက်လိုက်ပါတယ်လက်နောင်မှာနေတဲ့ ဂိမ်းဒီဇိုင်နာလေး အေဒီဟာ အမေရိကန်ကိုပြောင်းပြီး နေထိုင်ဖို့ ဆန္ဒရှိနေသူပါ။သူ့သူငယ်ချင်းမင်္ဂလာဆောင်တစ်ခုမှာ တာရာဆိုတဲ့မိန်းမချောလေးနဲ့ ဆုံတွေ့ပြီး ကြိုက်မိသွားပါတော့တယ်။တာရာကကျတော့ ဗိသုကာကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ ဗိသုကာဘွဲ့ရပညာရှင်ပါ။သူမရဲ့အိမ်မက်ကတော့ ပဲရစ်ကိုသွားပြီ အဆင့်မြင့်ဗိသုကာပညာတွေကိုဆည်းပူးဖို့ပါတဲ့။အိပ်မက်တွေကိုယ်စီနဲ့ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် သဘောကျသွားကြပါတယ်...ဒါပေမယ့် သူတို့ရဲ့အိပ်မက်တွေကတော့ ထပ်တူမကျခဲ့ပါဘူး...အိပ်မက်တွေမတူတဲ့ သူတို့နှစ်ယောက် လမ်းမခွဲခင်ထိ အတူတူနေဖို့ ဆုံးဖြတ်ပြီး ပျော်ရွှင်နေကြပေမယ့်ကိုယ့်လမ်းကိုယ်လျှောက်ဖို့ လမ်းခွဲရမယ့်အချိန်တွေ နီးကပ်လာတဲ့အခါမှာတော့...အချစ်က အရာရာကို ကျော်ဖြတ်ပြသွားမလားဆိုတာ...။ File size…(6.5 GB)/(2.7 GB)/(1.2 GB) Quality….BluRay 4K HEVC/ 1080p HEVC / 720p Format…mkv/mp4 Duration….02:16:02 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias
movie
Ok Jaanu (2017)
2017
4K HEVC
7.0
Padmaavat (2018)
Padmaavat (2018)IMDb - 7.0/10_____Rotten - 56%သမိုင်းရာဇဝင်အခြေခံ ဒရာမာကားအမျိူးအစား Padmaavat ရုပ်ရှင်ဟာ ဒါရိုက်တာ Sanjay,Ranveer နဲ့Depika တို့ ၃ ဦးအတူရိုက်ကူးတဲ့တတိယမြောက် ရုပ်ရှင်ကားဖြစ်ပါတယ်။ဒါရိုက်တာ Sanjay ဆိုတာ ဘောလီးဝုဒ်မှာ Classic ရုပ်ရှင်တွေကို ဦးစားပေးရိုက်ကူးအောင်မြင်သူတစ်ဦးဖြစ်ပါတယ်။လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက စလ်မားန်ခါးန် နဲ့Aishwaray တို့ရဲ့ Hum Dil De Chup Ke Sanam၊ရှာရွခ်ခါးန် နဲ့Devdas စတဲ့ ရုပ်ရှင်ကားကောင်းတွေကို ရိုက်ကူးပြီး ဘောလီးဝုဒ်ပရိသတ်တွေကို ညို့ယူဖမ်းစားနိုင်စွမ်းရှိတဲ့ ဒါရိုက်တာတစ်ယောက်ပါ။ဒီဇာတ်ကား စရိုက်ကတည်းက ပြသနာပေါင်း သောင်းခြောက်ထောင်တက်ခဲ့ပြီး ရှုတင်ဖျက်စီးခံခဲ့ရပါတယ်။ဒါရိုက်တာ ပါးရိုက်ခံရပါတယ်။ဆက်တင်တစ်ခုလုံး မီးတင်ရှို့ခံခဲ့ရပါတယ်။မင်းသမီး ဒီပီကားနှာခေါင်းဖြတ်ပေး၊မုဒိမ်းကျင့်ပေး၊ခေါင်းဖြတ်ပေးရင် ရူပီ ကုဋေ ဘယ်လောက်ပေးမယ်၊ဒါရိုက်တာ ခေါင်းဖြတ်ပေးရင် ရူပီး ၅ ကုဋေပေးမယ် စသဖြင့်အကြီးအကျယ် ခြိမ်းခြောက်ခံခဲ့ရပြီး ကျော်လွှားခဲ့ရတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ဒီဇာတ်ကားဟာ မွတ်စလင်မ်ဘုရင်တစ်ဦး ...
movie
Padmaavat (2018)
2018
4K HEVC
7.2
Band Baaja Baaraat (2010)
IMDb Rating (7.2)မင်းသား ရန်ဗီးဆင်းနဲ့ မင်းသမီး အနွရှ်ကားတို့ ပါဝင်ထားတဲ့ ဒီဘောလိဝုဒ်ဇာတ်ကားက Rating မြင့်တဲ့ အချစ်ဟာသရုပ်ရှင်ဇာတ်ကားကြီးပါ။ဇာတ်လမ်းကတော့...ရွာပြန်ပြီးလယ်လုပ်ရတော့မယ့်ကောင်လေးနဲ့ အိမ်ကယောကျ်ားအတင်းပေးစားခံနေရတဲ့ကောင်မလေးတို့နှစ်ယောက်မင်္ဂလာဆောင်တစ်ခုမှာ အမှတ်မထင်ဆုံကြတဲ့အခါ...ကောင်မလေးရဲ့ချစ်စဖွယ်အမူအရာတွေကို ချစ်မိသွားတဲ့ ကောင်လေး...ပိုင်ရှင်လျာထားခံရတဲ့ကောင်မလေးတို့ဇာတ်လမ်းဘယ်လိုတွေရှေ့ဆက်ဖြစ်မယ်ဆိုတာ...။မင်းသားရော မင်းသမီးရော ချစ်စရာကောင်းသလို ဇာတ်လမ်းလေးကလဲ အရိုအကအလှတွေနဲ့ကြည့်ကောင်းလှတာမို့ဘောလိဝုဒ်ပရိတ်သတ်တွေ လက်လွတ်မခံသင့်တဲ့ဇာတ်ကားပါ။ File size…(10 GB)/(3.7 GB)/(1.5 GB) Quality….BluRay 4K HEVC/ 1080p HEVC / 720p Format…mkv/mp4 Duration….02:23:04 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias
movie
Band Baaja Baaraat (2010)
4K HEVC
6.2
Badrinath Ki Dulhania (2017)
မင်းသား Varun Dhawan နဲ့ မင်းသမီး Alia Bhatt တို့ရဲ့ ချစ်စရာဇာတ်ကားလေးပါ။Badrinath Ki Dulhania ဆိုတာ မြန်မာလိုဆိုရင် ဘဒ်ရီနာသ့်ရဲ့ သတို့သမီးပေါ့ ဒါဆို ဘဒ်ရီနာ့သ် ကဘယ်သူလဲ? ဘဒ်ရီနာသ်က ဂျန်ဆလ်မြို့ရဲ့ မြို့မျက်နှာဖုံး ကျိကျိတက်သူဌေးကြီး အမ်ဘာနသ် ဘန်ဆလ်ရဲ့သား တစ်ယောက် ။ဒါဆို သူ့သတို့သမီးအကြောင်း နည်းနည်းပြောမယ် သူ့သတို့သမီးဖြစ်ရဖို့က တော်တော်ကံကောင်းမှပဲ ဖြစ်မှာနော်ဘာကြောင့်လဲဆိုတော့ ဟိန္ဒူအယူဝါဒအရ ထိမ်းမြားလက်ထပ်ရင် သတို့သမီးရှင်ဘက်က သတို့သားကို အခန်းဝင်လက်ဖွဲ့ကြေးနဲ့ တင်တောင်းယူရတာဗျာ။သတို့သမီးက ဘယ်လောက်ပဲ ပညာတတ်တတ် တော်တော် အချိန်တန် အိမ်ထောင်ကျပြီးရင် ဒိုး မီးဖိုချောင် ဒီစနစ် လင်ယောကျ်ားကို ဖြူသည် မဲသည် လာမပွါးနဲ့ဒီလို မိန်းကလေးအခွင့်ရေးနည်းပါးတဲ့ လူ့အသိုင်းဝိုင်းမှာ အမှန်အကန်သူဌေးသားအတွက်ဆို အခန်းဝင်လက်ဖွဲ့ကြေးကလည်း မနည်းလောက်ပေဘူးဒါပေမယ့် ဘဒ်ရီကတော့ အဖေစီစဉ်သမျှကို အသံမထွက်ဘဲ နာခံလာပေမယ့် မိတ်ဆွေ တစ်ယောက်ရဲ့ မင်္ဂလာပွဲမှာ ဗီဒဟီဆိုတဲ့ ကောင်မလေးကို တွေ့တွေ့ချင်း စိတ်ဝင်စားခဲ့တယ်။ဗီဒဟီကလည်း အမျိုးသမီးအခွင့်ရေးမပေးတဲ့ လူ့အသိုင်းဝိုင်းကို မုန်းလွန်းလို့ ...
movie
Badrinath Ki Dulhania (2017)
4K HEVC
First
21
22
23
24
25
Last
Previous
Next