Channel Myanmar

4K HEVC

Meg 2: The Trench (2023) 6.0
Meg 2: The Trench (2023)  မင်းသား ဂျေဆန်စတက်သန်ရဲ့ ငမန်းကား ဒုတိယပိုင်းလာပါပြီ။ဒီအပိုင်းက ပထမဆုံးငမန်းကားလောက် ငမန်းအရသာမပေးတဲ့အတွက်rating နည်းပြီး ရုံဝင်ငွေနည်းနေပေမဲ့ အက်ရှင် ဟာသကားအဆင့်အနေနဲ့ဆိုဖျော်ဖြေမှုပေးနိုင်တဲ့ ကားကောင်းလို့ ပြောလို့ရပါတယ်။ ဂျေဆန်နဲ့အတူတရုတ် မင်းသား ဝူကျင်းလည်း ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကျောက်မင်ဟာ သမုဒ္ဒရာထိန်းသိမ်းရေးနဲ့လေ့လာရေးအဖွဲ့ကြီးကိုတည်ထောင်ထားတဲ့သူဖြစ်ပါတယ်။ ဂျိုးနက်ဖမ်းမိခဲ့တဲ့ မက်ဂါလိုဒန်ငမန်းပေါက်စလေးကိုလည်း မွေးထားပေးတဲ့သူပါပဲ။ အဲဒီအဖွဲ့အစည်းကနေပင်လယ်ရေအောက် ပေ ၂၅၀၀၀ ကျော်ကို သွားဖို့ ယာဉ်တွေနဲ့ ဝတ်စုံတွေတီထွင်ပြီး ကျောက်မင်နဲ့ဂျိုးနက်တို့ ရေနက်တူးမြောင်းကြီးထဲကို လေ့လာရေးခရီးအတူထွက်ခဲ့ကြပါတော့တယ်။ ဒါပေမဲ့ ခရီးလမ်းက မချောမွေ့ဘဲမက် ငမန်းတွေနဲ့တွေ့ ယာဉ်တွေပျက် ရန်သူတွေတွေ့ပြီး အသက်ရှင်ဖို့ ရုန်းကန်ကြရတဲ့အခါ... File size… 5GB/2.35 GB /  1.01 GB Quality…WEB-DL 4K HEVC./1080p 5.1 CH /  720p Format…mp4 Duration….1h 56m Genre ….. Action , Adventure , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

Meg 2: The Trench (2023)

4K HEVC
Past Lives (2023) 8.4
Past Lives (2023) Past Lives (2023)~ IMDb - 8.4/10, Rotten Tomatoes - 97% ~သူ့အကြောင်းနဲ့သူ ကိုယ့်အကြောင်းနဲ့ကိုယ် လမ်းတစ်လမ်းမှာ လျှောက်ရင်းလှမ်းရင်း သူစိမ်းနှစ်ယောက် မတော်တဆ အင်္ကျီလက်ဖျားချင်း အဖျားချင်းခတ်မိရင်တောင် ဘဝအဆက်ဆက်က ရှေးရေစက်ရှိခဲ့လို့ပဲတဲ့။ ဒီလိုခတ်မိတာကိုက ဒီမမြင်ဖူးမကြုံဖူးခဲ့တဲ့ သူစိမ်းနှစ်ယောက်ကြား အတိတ်ဘဝတွေတုန်းက အကြောင်းကံပါစရာ တစ်စုံတရာရှိခဲ့ဖူးတာကြောင့်မို့ပဲတဲ့။ရထားတစ်စင်းပေါ် ဘေးချင်းကပ် ထိုင်ခဲ့ဖူးရုံ ရေစက်မျိုးပဲဖြစ်ဖြစ်...ငှက်ကလေးတစ်ကောင်နဲ့ အဲဒီငှက်ကလေး တစ်မနက်လောက် ဝင်နားဖူးခဲ့တဲ့ သစ်ကိုင်းကလေးရဲ့ ရေစက်မျိုးပဲဖြစ်ဖြစ်...တစ်ခုသောညမှာ အတူတူကြွေကျခဲ့ဖူးတဲ့ ကြယ်လေးနှစ်စင်း သစ်ရွက်ကလေးနှစ်ရွက်ပဲဖြစ်ဖြစ်...ဘယ်လိုရေစက်မျိုးပဲရှိခဲ့ရှိခဲ့ တစ်ခုသောဘဝမှာ ၂ဦးသောသူတို့ ၂သက်၂ချစ်၂ယောက်ကမ္ဘာတည်နိုင်ဖို့ သူတို့၂ဦးကြား ဘဝပေါင်း၈ထောင်စာ ရှေးရေစက်ပေါင်း၈ထောင်ရှိဖို့လိုတယ်တဲ့။သူလိုကိုယ်လိုဘဝပါပဲ။ တစ်စုံတရာကိုလည်း ရရှိဖူးလိမ့်မယ်။ တစ်စုံတရာကိုလည်း ဆုံးရှုံးဖူးလိမ့်မယ်။ တစ်နေရာရာမှာလည်း ဆုံဖူးခဲ့လိမ့်မယ်။ တစ်နေရာရာမှာလည်း ဝေးဖူးခဲ့လိမ့်မယ်။ ထူးထူးဆန်းဆန်းပဲ လွမ်းဖူးလိမ့်မယ်။ ထူးထူးဆန်းဆန်းပဲ နေသားကျသွားလိမ့်မယ်။ မေ့လောက်ပျောက်လောက်ရှိတဲ့အခါလည်း ဆန်းဆန်းပြားပြားပဲ လွမ်းဖူးလိမ့်မယ်။ အံ့ဩဖို့ကောင်းအောင် မေ့မရတဲ့နေ့ရက်တို့တွေ ...
movie

Past Lives (2023)

2023
4K HEVC
Puppy Love (2023) 6.4
Puppy Love (2023) Puppy Love (2023) =============== IMDb Rating - 6.4/10အရိုတစ်လိုင်းကြိုက်သူတွေရော၊ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ချင် သူတွေနဲ့ အာ‌ဝုချစ်သူတွေအတွက်ပါ အချစ်ဟာသဇာတ်မြူးလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Puppy Love ဆိုတဲ့နာမည်အတိုင်း အာဝုရေးတဲ့ဖူးစာလို့ ပြောရမယ်ထင်ပါတယ်။ အာဝုလေးတွေက အောင်သွယ်တော်လေးတွေပေါ့နော်။ နစ်ကိုးလ် ဆိုတာ အလုပ်ကြိုးစားပြီး ထက်မြက်သွက်လက်တဲ့ ကောင်မလေးပေါ့။ သူနေတတ်တဲ့ ပုံစံကြောင့် တော်ရုံရည်းစားက သည်းမခံနိုင်သူပါ။ တစ်နေ့မှာ အသည်းကွဲနေတဲ့ နစ်ကိုးလ် ဟာ လမ်းဘေးက အာ‌ဝုအထီးလေးတစ်ကောင်ကို သနားလို့ ခေါ်မွေးစားပြီး ချန်းနင်းတေတမ် လို့ နာမည်ပေးထားပါတယ်။မက်စ် ကတော့ လူတွေကို ဆက်ဆံရမှာကြောက်ရွံ့ပြီး အိမ်တွင်းပုန်းနေတတ်သူပါ။ တစ်နေ့မှာ ဆရာ၀န်က သူ့စိတ်အခြေအနေတိုးတက်ဖို့ ခွေးတစ်ကောင်မွေးခိုင်း ခဲ့ပါတယ်။ ဒီလိုနဲ့ မက်စ် တစ်ယောက် ကလိုဝီ ဆိုတဲ့ အာဝုမလေးကို မွေးဖြစ်ခဲ့ ပါတယ်။ တစ်နေ့တော့ ကလိုဝီ နဲ့ ချန်းနင်း ကို အကြောင်းပြုပြီး ပိုင်ရှင်တွေ ဖြစ်တဲ့ မက်စ် နဲ့ နစ်ကိုးလ် တို့ တွေ့ဆုံဖြစ်ခဲ့ကြပါတယ်။ စစချင်းဆောက်နဲ့ထွင်းဆို သလို ...
movie

Puppy Love (2023)

2023
4K HEVC
Neeyat (2023) 6.5
Neeyat (2023) Neeyat ( 2023 ) ===============IMDb 6.6/10 မင်းသမီးကြီး Vidya Balan ရဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်သစ် Neeyat ထွက်ရှိလို့လာပါပြီ။ လူသတ်မှုကို အဖြေရှာရတာတွေကြိုက်တဲ့ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့- အာရှစ်ကပူးရ်ဆိုတဲ့ အိန္ဒိယရဲ့ ဒိတ်ဒိတ်ကြဲ ဘီလျံနာကြီးတစ်ယောက်ဟာ စကော့တလန်မှာရှိတဲ့ ရဲတိုက်ကြီးတစ်ခုမှာ သူ့ရဲ့ရင်းနီးဆုံး မိတ်ဆွေ၊ ဆွေမျိုးတွေနဲ့ မွေးနေ့ပွဲကြီးတစ်ခု ကျင်းပရင်း ဧည့်သည် လူစုံတက်စုံရှိနေတဲ့အချိန်မှာပဲ ဘီလျံနာကြီးဟာ ထူးဆန်းစွာ အသတ်ခံလိုက်ရပါတယ်။ အဲဒီအချိန်မှာ တိုက်တိုက်ဆိုင် သူ့ရဲ့ရဲတိုက်ကို တခြားအမှုတစ်ခု စစ်ဆေးဖို့ရောက်လာတဲ့ မီရာရောင်ဆိုတဲ့ စုံထောက်မလေးက ဘီလျံနာကြီးကို ဘယ်သူသဝာ်လိုက်တာလဲဆိုတာကို ဖော်ထုတ်ဖို့ ကြိုးစားရပါတော့တယ်။ဒီရုပ်ရှင်ဟာဆိုရင် နာမည်ကြီး စုံထောက်ရုပ်ရှင်တစ်ခုဖြစ်တဲ့ Knives Out ရုပ်ရှင်နဲ့ theme တွေ ဇာတ်လမ်းပုံစံတွေ ဆင်သယောင်ရှိပေမဲ့ ဒါရိုက်တာဖြစ်သူကတော့ သူ့ရဲ့ မူရင်းဇာတ်ညွှန်းပါလို့ အတိအလင်းကြေညာထားပါတယ်ဗျ။Knives Out နဲ့ ပုံစံဆင်ပေမဲ့ ဇာတ်လမ်းကွဲပြားတဲ့အပြင် Knives out ကြည့်နေရသလိုစိတ်လှုပ်ရှားမှုမျိုးပေးတာကြောင့် အိန္ဒိယရုပ်ရှင်ပရိသတ်တွေအပြင် သည်းထိတ်ရင်ဖိုရုပ်ရှင်ပရိသတ်တွေပါ အကြိုက်တွေ့မယ့် ရုပ်ရှင်ကောင်းလေးပဲဖြစ်ပါတယ်...။ ( ဒီရုပ်ရှင်ရဲ့ ...
movie

Neeyat (2023)

2023
4K HEVC
Kolai (2023) 7.0
Kolai (2023) Kolai (2023)တစ်နေ့ရုံးတွင် စုံထောက်မလေး ဆန်ဒယာထံသို့ လူသတ်မှုတစ်ခုအကြောင်း သတင်းပေးပို့သဖြင့် သွားရောက်စုံစမ်းစစ်ဆေးရန်ထွက်လာခဲ့သည်သေဆုံးသူကောင်မလေးမှာ အောင်မြင်ကျော်ကြားလှပချောမောလှသော မော်ဒယ်မလေး လိုင်လာဖြစ်သည် သူကလေးမှာ သေဆုံးနေသည့်တိုင် ပစ်ရက်စရာမရှိ လှပကျော့ရှင်းနေသည့်အပြင် ပြုံးပြုံးလေးနှင့်ပင် သေဆုံးနေသည်ကိုတွေ့ရှိရလေသည်စုံထောက်မလေး ဆန်ဒယာအတွက် ပိုခေါင်းစားရသည်မှာ လိုင်လာသေဆုံးသောတိုက်ခန်းလေးမှာ အချိန်ပြည့် အစောင့်များရှိသည့်အပြင် စီစီတီဗီများတပ်ဆင်ထားသည့် အိမ်ရာတစ်ခုဖြစ်သည့်အပြင် သေဆုံးချိန် အလောင်းကိုတွေ့ချိန်၌ အခန်းတွင်းမှ သော့ခတ်ထားခြင်းပင်ဖြစ်သည်ဆန်ဒယာတစ်ယောက် ဉာဏ်မမှီတော့သဖြင့် သူ့ရဲ့အနားယူသွားသောဆရာ ဗီနာရိခ်ကို လှမ်းပင့်ရပါတော့သည် ဆရာဗီနာရိခ်က ခေသူမဟုတ် မပေါ်သည့်အမှုမရှိ မြေလျှိုးနေတဲ့ တရားခံရှိရင်တောင် သူ့လက်ကလွတ်ရိုးမရှိ ရ အောင်ဖော်ထုတ်ဖမ်းဆီးခဲ့သည် ဆားပုလင်းဗီနာရိခ်ပင်ဖြစ်လေသည်သပွတ်အူထက်ပင်ရှုပ်ထွေးလှသော အမှုကြီးကို ဆရာသမားက တစ်ရစ်ချင်းစီရှင်း ဘယ်လိုဖော်ထုတ်ပြမလဲ မော်ဒယ်မလေးကိုသတ်ခဲ့တာ အချစ်ကြောင့်လား ငွေကြေးကြောင့်လား ရန်ငြိုးတွေလား စသည်ဖြင့် အကွက်စေ့စေ့ကြည့်ရှုရမဲ့အပြင် ဆရာမင်းသိင်္ခရဲ့ စုံထောက်ဝတ္ထုတွေလို အစကအဆုံး မထတမ်းကြည့်ချင်လောက်အောင် စိတ်ဝင်စားဖို့ ကောင်းတာမို့ CM ပရိတ်သတ်ကြီးရှေ့မှောက် အရောက်ပို့ပေးလိုက်ပါတယ်ဒီဇာတ်ကားကို စုံထောက်ဗီနာရိခ်အဖြစ် ဦးဆောင်ပါဝင်ထားတာက သူတောင်းစားကားထဲက မင်းသားပဲဖြစ်ပြီး မင်းသမီးလေးကလည်း တက်သစ်စချစ်စဖွယ်ကောင်မလေးမို့ cast ပိုင်းမှာလည်း စိတ်မျက်စေရပါဘူးဗျာ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood ...
movie

Kolai (2023)

2023
4K HEVC
Heart of Stone (2023) 5.0
Heart of Stone (2023) Heart of Stone (2023) =================နက်ဖလစ်ရဲ့ အက်ရှင်ရုပ်ရှင်အသစ်ပါ။ ဝမ်းဒါးဝူးမန်း မင်းသမီး Gal Gadot ခေါင်းဆောင်အဖြစ်ပါဝင်ထားပြီး Fifty Shades of Grey မင်းသား Jamie Dornan နဲ့ Raazi ရဲ့ အိန္ဒိယမင်းသမီး Alia Bhatt တို့လည်း ပါဝင်ထားပါ တယ်။ အက်ရှင်အသားပေး ဇာတ်လမ်းဖြစ်ပြီး Mission Impossible နဲ့တောင် ခပ်ဆင်ဆင်ပါပဲ။ချာတာဆိုတဲ့အဖွဲ့အစည်းတစ်ခုဟာ ထောက်လှမ်းရေးဟောင်းတွေနဲ့ လျို့ဝှက် ဖွဲ့စည်းထားတာပါ။ သူတို့ဟာ ဘယ်နိုင်ငံလက်အောက်ခံမှာမဟုတ်ဘဲ ကမ္ဘာပေါ် က လူဆိုးတွေနဲ့ အကြမ်းဖက်တွေကို ကိုယ့်ဘာဘာ လိုက်ပြီး ရှင်းလင်းနေတဲ့ အဖွဲ့ပါ။ အဲဒီအဖွဲ့မှာ စပိတ်၊ ဟာ့ထ်၊ ထောင့်၊ ညှင်း ဆိုတဲ့ အဖွဲ့ခွဲလေးဖွဲ့ရှိပြီး ကင်းလေးကင်းက ခေါင်းဆောင်ထားပါတယ်။ အဲဒီထဲက ဟာ့ထ် အဖွဲ့ဝင် ဖြစ်တဲ့ ဟာ့ထ်-၉ ဟာ အမ်အိုင်-၆ အဖွဲ့ထဲကို အသွင်ယူပြီး စစ်ဆင်ရေးတစ်ခု ကြားဖြတ်ဖို့ ကြိုးစားပါတယ်။ ကြိုးစားရင်းနဲ့ မထင်ထားတဲ့ အန္တရာယ်တွေကြုံ လာပြီး ချာတာတစ်ဖွဲ့လုံးကို ...
movie

Heart of Stone (2023)

2023
4K HEVC
Elemental (2023) 7.1
Elemental (2023) Disney နဲ့ Pixar ရဲ့ နောက်ထပ် ရုပ်ရှင်ကာတွန်းတစ်ခုလာပါပြီ။ဒီကာတွန်းထဲက ဇာတ်ကောင်လေးတွေကတော့မြေ၊ ရေ၊ လေ၊ မီး ဓာတ်ကြီးတွေကို ယူထားတာပါ။ဒြပ်မြို့တော်ကြီးမှာ ရေ၊ လေ၊ သစ်သား နဲ့ တိမ်တွေ နေကြပေမဲ့မီးနိုင်ငံကလူတွေကိုတော့ အဝင်မခံပါဘူး။မီးမျိုးနွယ်တွေဟာ မြို့စွန်တစ်နေရာမှာ မီးမြို့လေးဆောက်ပြီးသတ်သတ်နေကြရတာပါ။အဲဒီမီးမျိုးနွယ်တွေထဲမှာ အမ်ဘာဆိုတဲ့ ဒေါသကြီးတဲ့မီးကောင်မလေးတစ်ယောက်ရှိပါတယ်။သူဟာ သူ့အဖေရဲ့မီးမုန့်ဆိုင်ကိုလက်လွှဲယူဖို့ စောင့်နေရပြီးသူ့အဖေကတော့ အမ်ဘာ့ရဲ့ ဒေါသတွေကို ထိန်းနိုင်တဲ့နေ့မှာဆိုင်ကိုလွှဲပေးပြီး အနားယူမှာပါ။ဒါပေမဲ့ ဆိုင်ကို မဆက်ခံနိုင်ခင်မှာပဲ ရေပိုက်တွေနဲ့မတော်တဆမှုတွေဖြစ်ပြီး ဆိုင်အပိတ်ခံရမဲ့ပြဿနာတက်လာပါတယ်။အဲဒီအချိန်မှာ ရေကောင်လေး တစ်ကောင်နဲ့ခင်မိပြီးမီးမြို့တော်ထဲကို ရေတွေစိမ့်လာတဲ့ပြဿနာကိုဖြေရှင်းဖို့ ကြိုးစားကြတဲ့အခါ... File size…  1.68 GB / 3.36 GB / 11.42 GB Quality… WEB Dl 4k / 1080p / 720p Format… mp4 Duration…. 1h 41m Genre .....  Adventure, Comedy Subtitle…. Myanmar ...
movie

Elemental (2023)

2023
4K HEVC
Satyaprem Ki Katha (2023) 7.0
Satyaprem Ki Katha (2023) Satyaprem Ki Katha (2023) IMDb-7/10Freddy(2022)ထဲမှာ သွားဆရာဝန်အဖြစ်နာမည်ကြီးခဲ့တဲ့မင်းသား ကာတစ်အာရန်းရယ် ဖြူဖွေးဝင်းဥနုဖတ်နေတဲ့အလှတရားတို့ရဲ့ပိုင်ရှင် မင်းသမီးချောလေးကီရာရာတို့ရဲ့ အချစ်ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်းဂူဂျာရတ်ကမြို့ငယ်လေးတမြို့မှာ မိဘတွေနဲ့အတူနေပြီး ဘာအလုပ်အကိုင်မှမရှိတဲ့ ဆပ်တူ။ အလုပ်အကိုင်မရှိပေမဲ့ မိန်းမလိုချင်နေလို့ မိဘတွေကို နားဂျီပူဆာလုပ်နေတဲ့ သဘောကောင်းမနောကောင်း မေမေ့သားလေး ဆပ်တူ။သူတမ်းတမ်းစွဲချစ်မိနေတာက ချမ်းသာတဲ့အသိုင်းအဝိုင်းက အကမယ်လေး ကာသာ။ကာသာမှာ ရည်းစားရှိမှန်းသိသွားပေမယ့် ယောက်ျားကြိုက်တော့ ဆိုက်ဆိုက်လာဆိုတဲ့အတိုင်း မလွန်ဆန်နိုင်တဲ့နှလုံးသားနဲ့ ရစ်နှောင်တွယ်နှင့်ခဲ့ပြီလေ။တစ်ရက် အက်စီးဒန့်တခုမှာ ကာသာရဲ့အသက်ကို ကယ်တယ်ခဲ့ရပြီးတဲ့နောက်မှာတော့ အရာရာပြောင်းလဲသွားခဲ့ပေမယ့် အလုပ်အကိုင်မရှိတာကို မနှစ်မြို့တဲ့ယောက္ခမလောင်းကြီး သဘောကျဖြစ်ဖို့ အလုပ်တွေကြိုးစားနေပြီဗျို့ဆိုပြီး ကြိုးစားလိုက်တာ တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ်ကနေ မန်နေဂျာဘ၀ရောက်သွားပါလေရော။သို့ပေမယ့်လည်း ကံတရားရဲ့စီမံမှုတွေက ဘယ်လိုတွေလွဲချော်ပြီး ဘယ်အချိန်မှာသူတို့တွေကို ဆုံစည်းစေမလဲဆိုတာတော့ မိတ်ဆွေတို့စိတ်ကြိုက်ဖန်သားပြင်ပေါ်မှာ ကြည့်ရှုလိုက်ကြပါဦး။ ကြည်နူးဖို့ကောင်းတဲ့ ဇာတ်ကားတစ်ကားရှာနေတယ်ဆို Satyaprem Ki Kathaက မိတ်ဆွေအတွက်ဆိုတာ သေချာပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~BpL~Zwe~Saii~Yunniတို့ဖြစ်ပါတယ်) File size…7GB /2.29GB / 1.15GB Quality…4k AMZ WEB DL/ 1080p WEB DL / 720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~BpL~Zwe~Saii~Yunni
movie

Satyaprem Ki Katha (2023)

2023
4K HEVC
Por Thozhil (2023) 8.4
Por Thozhil (2023) Por Thozhil ( 2023 ) ==================IMDb 8.4/10တောင်ပိုင်းမှုခင်းကားတွေ ကြိုက်တဲ့ပရိသတ်တွေအတွက် Por Thozhil ဆိုတဲ့ အမိုက်စား မှုခင်းရုံကားလေးတစ်ခု ထွက်ရှိလာပါပြီ။Por Thozhil ဆိုတာကတော့ တမီလ်လို စစ်အနုပညာလို့ အဓိပ္ပါယ်ရပါတယ်။ ကြောက်တတ်ပေမဲ့ မှုခင်းစာအုပ်တွေဖတ်ပြီး ရဲဖြစ်ချင်ခဲ့တဲ့ ပရာကတ်ရှ်ဆိုတဲ့ အလုပ်သင် ဒုရဲအုပ်လေးဟာ အရမ်းလက်ပေါက်ကပ်တဲ့ လူ့ကန့်လန့် ဝါရင့်ရဲအုပ်ကြီးတစ်ယောက်ဆီမှာ အကူအနေနဲ့ တာဝန်ထမ်းဆောင်ရင်း ပထမဆုံးအမှုအနေနဲ့ နှစ်လောင်းပြိုင် ကွင်းဆဂာ်လူသဝာ်မှုနဲ့ တည့်တည့်တိုးပါတော့တယ်။ဒီရုပ်ရှင်ဟာဆိုရင် တောင်ပိုင်းမှုခင်းကားတွေထဲမှာ အင်မတန်နာမည်ကြီးခဲ့တဲ့ Ratsasan တို့ HIT တို့လိုပဲ ပရိသတ်တွေကို ထိုင်ရာကနေ မထစတမ်း ဆွဲခေါ်သွားမှာဖြစ်လို့ မှုခင်းကားကြိုက်တဲ့ပရိသတ်တွေအတွက် တကယ်ကို must watch ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်...။( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni, Moon, V, Cherry နဲ့ Zwe Yan တို့ပဲဖြစ်ပါတယ်ဗျ။ ) File size…4GB /1.53GB  / 789MB Quality…4k SONY WEB DL ...
movie

Por Thozhil (2023)

2023
4K HEVC
Rebel Without a Cause (1955) 7.6
Rebel Without a Cause (1955) IMDb Rating (7.3) / Rotten Tomatoes (93%)James Dean ကို နှုတ်ခမ်းကြား ဆေးလိပ်ညှပ်ထားတဲ့ ခပ်မိုက်မိုက်ကောင်လေးအဖြစ် ပိုစတာပုံလေးတွေလောက်တော့ မြင်ဖူးကြမှာပါ.... သူဟာ လူငယ်ပရိတ်သတ်တွေရဲ့ Icon အဖြစ် ၁၉၅၅ ခုနှစ်ဝန်းကျင်က ဟောလိဝုဒ်မှာ တဟုန်ထိုးအောင်မြင်ခဲ့ပြီး အသက် ၂၄ နှစ်အရွယ်မှာပဲ ယာဉ်မတော်တဆမှုနဲ့သေဆုံးခဲ့ရတဲ့ လူတိုင်းကနှမြောရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်... ဆယ်ကျော်သက်လူငယ်တို့ ခံစားရလေ့ရှိတတ်တဲ့ ကိုးကွယ်သူစံပြုပုဂ္ဂိုလ်အပေါ် အားမရစိတ်ပျက်သွားတဲ့ခံစားချက်တွေ၊ လူမှုဝန်းကျင်မှာ ဝင်မဆံ့ဖြစ်တတ်တဲ့သဘောတွေကို အပိုင်နိုင်ဆုံး သရုပ်ဆောင်နိုင်သူ၊ စံထားရမယ့် မင်းသားတစ်လက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ သူ့ဘဝသက်တမ်းတိုတိုလေးမှာ ရုပ်ရှင်ကားကြီး ၃ ကားသာ ရိုက်ကူးခဲ့ရပြီး Rebel Without a Cause (1955) ကတော့ ဒုတိယမြောက်ကားဖြစ်ပါတယ်။ သူ့ရဲ့ပထမဆုံးဇာတ်ကား East of Eden (1955) ကိုတော့ တင်ဆက်ပြီးသားဖြစ်ပါတယ်။ သူ့ရဲ့နောက်ဆုံးဇာတ်ကား Gaint (1956) ကိုတော့ အခွင့်ကြုံရင် တင်ဆက်ပါဦးမယ်။ယခုဇာတ်လမ်းလေးမှာလဲ ဆယ်ကျော်သက် ခေတ်လူငယ်တွေ ကြုံရလေ့ရှိတဲ့ ...
movie

Rebel Without a Cause (1955)

4K HEVCHDR
Red Sparrow (2018) 6.6
Red Sparrow (2018) Red Sparrow (2018) ဒီရုပ်ရှင်ကားကမြန်မာပြည်မှာ ရုံတင်ခဲ့တုန်းက ဆင်ဆာဖြတ်တဲ့အခန်းတွေများလို့ နာမည်ကြီးခဲ့တဲ့ ရုံတင်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ခေါင်းဆောင်မင်းသမီးဖြစ်သူ Jennifer Lawrence ဟာ အရင်တုန်းက Nude Scenes တွေပါတဲ့ကားတွေဆို လုံးဝလက်မခံခဲ့ပဲ ဒီကားကိုတော့ သူကိုယ်တိုင် ဇာတ်ညွန်းကိုကြိုက်နှစ်သက်လို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးပြောချင်တာကတော့ ဒီရုပ်ရှင်ကို Nudity အသားပေးရုပ်ရှင်ကားတစ်ကားလို့ မမြင်စေချင်ပါဘူး။ ဒီရုပ်ရှင်ရဲ့ နောက်ကွယ်မှာ အဲ့လိုမျိုး ကိုယ်ခန္ဓာကိုရင်းပြီး သူလျှိုလုပ်နေရတဲ့သူတွေ တကယ်ရှိတယ်ဆိုတာ သိလာအောင် ရိုက်ပြထားတဲ့ကားတစ်ကားဖြစ်တာကို သိစေချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ဒိုမီနီကာဆိုတဲ့ ကောင်မလေးဟာ ရုရှားကျက်သရေဆောင် ဘဲလေးကချေသည်တစ်ယောက်ဖြစ်ပြီး သူ့မိခင်နဲ့အတူ ကဇာတ်ရုံက ထောက်ပံံ့ပေးထားတဲ့တိုက်ခန်းမှာ အတူနေထိုင်ကြပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ဖျော်ဖြေပွဲမှာ မတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး ဒိုမီနီကာရဲ့ ကချေသည်ဘ၀ ပျက်စီးသွားခဲ့ပါတယ်။ မိခင်ကြီးကလဲ နာမကျန်းဖြစ်လာသလို ကဇာတ်ရုံကလဲ ကချေသည်နောက်တစ်ယောက် လူစားထိုးလိုက်တဲ့အခါ ဒိုမီနီကာတစ်ယောက် ရွေးချယ်စရာမရှိတော့ပဲ သူ့ဦးလေး အကြံပေးတဲ့အတိုင်း သူလျှိုတစ်ယောက်အဖြစ် အလုပ်လုပ်ကိုင်ဖို့ ...
movie

Red Sparrow (2018)

2018
4K HEVC
Cobweb (2023) 6.1
Cobweb (2023) Cobweb (2023) ============ IMDb Rating - 6.1/10The Boys, Banshee စီးရီးတို့နဲ့ လူသိများတဲ့ မင်းသား Antony Starr ရဲ့ ဟော်ရာ ရုပ်ရှင်အသစ်လာပါပြီ။ ဇာတ်လမ်းကောင်းသလို ကြောက်ဖို့လည်း ကောင်းပါတယ်။ မင်းသမီးကတော့ Now You See Me ထဲက Lula အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Lizzy Caplan ပါပဲ။ဇာတ်လမ်းအကျဉ်း - မာ့ခ် နဲ့ ကယ်ရိုးဆိုတဲ့ လင်မယားမှာ ပီတာ ဆိုတဲ့သားလေး တစ်ယောက်ရှိ တယ်။ သူတို့မိသားစုက အိမ်ဟောင်းတစ်ခုထဲမှာ နေကြတယ်။ ပီတာက ညတိုင်း နံရံထဲကနေ ကောင်မလေးတစ်ယောက်ရဲ့ အသံကို ကြားနေရတယ်။ ကြားပြီး လန့်နိုးတိုင်း သူ့မိဘတွေက အိပ်မက်ဆိုးဖြစ်ကြောင်း ပြောပြီး ပြန်သိပ် ပေးကြတယ်။ ဒါပေမဲ့ အဲဒီအသံနဲ့သူနဲ့ ပိုပိုပြီး ဆက်သွယ်မိလာတဲ့အခါ အသံ ရှင်က ပီတာ့ကို ကြောက်စရာလျှို့ဝှက်ချက်ကြီးတွေတွေ ပြောပြပြီး အကူအညီ တောင်းပါတော့တယ်...(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size..........(1.7 GB) ...
movie

Cobweb (2023)

2023
4K HEVC
[18+] No Hard Feelings (2023) 6.7
[18+] No Hard Feelings (2023) No Hard Feelings (2023)~ IMDb - 6.7/10, Rotten Tomatoes - 70% ~ဂျနီဖာလောရန့်ရဲ့ ရုပ်ရှင်အသစ် တင်ပေးထားပါပြီ။ သရုပ်ဆောင်သစ် Andrew Barth Feldman နဲ့အတူ သရုပ်ဆောင်ထားတဲ့ ဟာသ အချစ်ကားလေးပါ။ ဒီရုပ်ရှင်မှာပါဝင်ဖို့အတွက် မင်းသား Andrew Barth Feldman ဟားဗက်တက္ကသိုလ်တက်ဖို့ကို နောက်ရွှေ့ခဲ့တာ နာမည်ကြီးပါပဲ။ ဒါပေမဲ့ J Law နဲ့ အတူတွဲရကတည်းက တန်နေပါပြီ။ အထူးသဖြင့် J Law ရဲ့ တုံးလုံးခန်းပါနေတာကြောင့်ပါ။ တုံးလုံးခန်းတွေ အသုံးအနှုန်းကြမ်းတွေကြောင့် R rated ဟာသကားဖြစ်ကြောင်း သတိပေးချင်ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~မက်ဒီဆိုတဲ့ အူဘာတက္ကစီမောင်းတဲ့ အစ်မကြီးဟာ အိမ်အခွန်မဆောင်နိုင်လို့ ကားသိမ်းခံလိုက်ရပါတယ်။ မကြာခင် အိမ်လည်းအသိမ်းခံရနိုင်ပါတယ်။ ဒီအိမ်လေးကို သူ့အမေက အမွေပေးခဲ့တာကြောင့် မဆုံးရှုံးချင်တဲ့ မက်ဒီဟာ ...
movie

[18+] No Hard Feelings (2023)

2023
4K HEVC
Bloodshot (2020) 5.6
Bloodshot (2020) ဗန်ဒီဇယ်ကြီးရဲ့ အက်ရှင်ဇာတ်ကားအသစ် ထွက်လာပါတယ်။ဒီဇာတ်လမ်းကတော့သိပ္ပံစိတ်ကူးယဉ်လို့ ပြောရမှာပဲ။ဗန်ဒီဇယ်ဟာ အမေရိကန်စစ်တပ်ရဲ့ အထူးတပ်ဖွဲ့ဝင်တစ်ယောက်။ထုံးစံအတိုင်းပဲ စစ်ဆင်ရေးတွေမှာ အလွန်တော်တဲ့ ဆရာကြီးပေါ့။တစ်နေ့မှာတော့ လူတစ်ယောက်ကသူ့ရဲ့ ဇနီးကိုသူ့ရှေ့မှာတင် သတ်ပြီး သူ့ကိုပါ ပစ်သတ်သွားခဲ့တယ်။ဒါပေမယ့်သိပ္ပံပညာရှင်တစ်ယောက်ရဲ့ကျေးဇူးကြောင့် ပြန်ရှင်သန်လာပြီး ပိုသန်မာတဲ့၊ဒဏ်ရာတွေအလိုလိုကောင်းလာတဲ့စက်ရုပ်တစ်ပိုင်း လူသားတစ်ယောက် ဖြစ်လာပါတော့တယ်။ဒါပေမယ့် သူနိုးထလာချိန်မှာ သူ့ရဲ့အတိတ်ကို ရုတ်တရက်မမှတ်မိပါဘူး။အဲဒီနောက်မှ ဘာတွေဆက်ဖြစ်မလဲ ကြည့်လိုက်ပါ။ဇာတ်လမ်းနဲ့ အက်ရှင်ခန်းတွေ မဆိုးတာမို့ ကြိုက်ကြမယ်ထင်ပါတယ်။ File size…(5.9 GB)/ (1.7 GB)/ (1.1 GB) Quality….WEB-DL 4K HEVC/ 1080p HEVC /720p Format…mkv/mp4 Duration….01:49:19 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Littleneo
movie

Bloodshot (2020)

4K HEVC
Spider-Man: Across the Spider-Verse (2023) 9.1
Spider-Man: Across the Spider-Verse (2023) IMDb 9.1 အထိရသွားပြီး အားပေးမှုတွေအပြည့်ရနေတဲ့ကာတွန်းကားလာပါပြီ။ ဒါကတော့ 2018 တုန်းက Spider-Man:Into the Spider-Verse ရဲ့အဆက်ပါပဲ။ အရင်ကာတွန်းမှာလည်းစပိုက်ဒါမန်းမျိုးစုံနဲ့ ဟာသတွေနဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့လူကြိုက်များခဲ့သလို အခုကားမှာလည်း နောက်ထပ်တဆင့်ပါမြှင့်ထားလိုက်ပါပြီ။ 2 hours and 20 minutes ရှိလို့ ကာတွန်းကားတွေထဲမှာ အရှည်ဆုံးကာတွန်းလည်းဖြစ်သွားပါတယ်။ မိုင်းစ် မိုရားလစ်စ်ဟာ အပြိုင်စကြဝဠာတွေက သူငယ်ချင်းတွေနဲ့ခွဲခွာပြီးနောက် ပြန်မတွေ့ရတော့တာ ကြာပါပြီ။ သူသတိရနေပေမဲ့တစ်ယောက်မှ လာမတွေ့ဖြစ်ကြပါဘူး။ တစ်နေ့မှာတော့ အပြိုင်စကြဝဠာတွေကြားထဲကို ခရီးသွားနိုင်တဲ့ စပေါ့ဆိုတဲ့ စူပါဗီလိန်နဲ့ရင်ဆိုင်ဖို့ဖြစ်လာပါတယ်။ အဲဒီအချိန်မှာပဲ စပိုက်ဒါဂွမ်တို့ ပီတာပါကာတို့တွေနဲ့တွေ့ပြီး အပြိုင်စကြဝဠာတွေကို စောင့်ရှောက်တဲ့ အဖွဲ့ခေါင်းဆောင်စပိုက်ဒါမန်း မီဂဲဆီကိုရောက်သွားပါတယ်။ အဲဒီမှာမှ စကြဝဠာပေါင်းစုံကစပိုက်ဒါမန်းရာထောင်ချီနဲ့ထပ်တွေ့ပြီး စကြဝဠာကြီးကို ဘယ်လိုကယ်တင်ကြမလဲဆိုတာ ဆက်ကြည့်ရမှာပါပဲဖြစ်ပါတယ်။ File size… 1.93 GB , 4.21 GB , 5.16 GB Quality…Web-Dl  4k / 1080p ...
movie

Spider-Man: Across the Spider-Verse (2023)

2023
4K HEVC
Sympathy for the Devil (2023) 5.7
Sympathy for the Devil (2023) Sympathy for The Devil (2023)~ IMDb - 5.7/10, Rotten Tomatoes - 62% ~မင်းသားကြီး နီကိုလက်ကေ့ရဲ့ ရုပ်ရှင်အသစ်ပါ။ Suicide Squad ထဲက Rick Flag မင်းသား Joel Kinnaman နဲ့အတူ ပါဝင်ထားပါတယ်။ Action Thriller အမျိုးအစားဖြစ်ပြီး သို့လော သို့လောနဲ့ ကြည့်ရတဲ့ ကားမျိုးပါပဲ။ဒေးဗစ်ချိန်ဘာလိန်ဆိုတဲ့လူတစ်ယောက်ဟာ သူ့မိန်းမဆေးရုံမှာ ကလေးမွေးနေတာကို အမီသွားဖို့ ကားနဲ့ထွက်လာပါတယ်။ ဆေးရုံကိုအရောက်မှာပဲ ကားနောက်ခန်းထဲကို လူတစ်ယောက်ဝင်လာပြီး သေနတ်နဲ့ချိန်ထားပါတော့တယ်။ အဲဒီလူကပဲ သူ့ကို ဆေးရုံထဲကိုမဝင်ခိုင်းဘဲ ဘော့စတွန်အထိ မောင်းခိုင်းပါတော့တယ်။ လမ်းတလျှောက်မှာ ဒေးဗစ် လွတ်မြောက်ဖို့ကြိုးစားပေမဲ့ မအောင်မြင်ဘဲ လူတွေသာ တစ်ယောက်ပြီးတစ်ယောက် သေလာပါတော့တယ်။ သူတို့နှစ်ယောက် ကြောင်နဲ့ကြွက်လို လိုက်တမ်းပြေးတမ်း အသက်လုပြီးကစားရတဲ့ ရည်ရွယ်ချက်ကဘာလဲ... ရည်ရွယ်ချက်ရောရှိရဲ့လား... သူတို့အချင်းချင်းကရော ထင်ထားသလို ...
movie

Sympathy for the Devil (2023)

2023
4K HEVC
Insidious: The Red Door(2023) 6.7
Insidious: The Red Door(2023) Insidious: The Red Door(2023)***************************** နာမည်ကျော် သရဲကား ရုပ်ရှင်တွဲတွေဖြစ်တဲ့ Insidious ရုပ်ရှင်တွေထဲကနောက်ဆုံးထွက် ၅ ရုပ်ရှင်ဖြစ်ပါတယ်။ လိပ်ပြာလွှင့်ရာကနေ ပရလောကမကောင်းဆိုးဝါးတွေနဲ့ ကြုံရပုံကို အခြေခံထားတဲ့ ဇာတ်လမ်းတွေပါပဲ။ ၅ ကားရဲ့နာမည်တွေကတော့ Insidious 2011 Insidious: Chapter 2 2013 Insidious: Chapter 3 2015 Insidious: The Last Key 2018 Insidious: The Red Door 2023 တို့ပါပဲ။ဒီငါးကားထဲမှာ ဘယ်သူ့မေးမေး ပထမဆုံး ရုပ်ရှင်က ကြောက်စရာအကောင်းဆုံးလို့ ပြောမှာပါပဲ။ကျန်တဲ့ရုပ်ရှင်တွေလည်း မဆိုးလှပေမဲ့ ဂျိမ်းစ်ဝန် ရိုက်ခဲ့တဲ့ ပထမဆုံးရုပ်ရှင်ကိုတော့ မမီကြပါဘူး။ဒီကားကတော့ အရင်ဒါရိုက်တာတွေမဟုတ်ဘဲ ဒီရုပ်ရှင်ရဲ့ ခေါင်းဆောင်မင်းသား Patrick Wilsonကိုယ်တိုင် ပထမဆုံး ဒါရိုက်တာလုပ်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဂျော့ရှ် နဲ့ ဒေါ်တန် တို့ သားအဖဟာ ကိုမာဝင်ခဲ့တဲ့ကိစ္စရယ် သရဲပူးပြီး မိသားစုကိုပြန်ရန်ရှာတဲ့ကိစ္စတွေရယ်ကိုမေ့ပျောက်ဖို့အိပ်မွေ့ချဆရာအကူအညီနဲ့ မှတ်ဉာဏ်တွေကို မသိစိတ်ထဲမှာ ...
movie

Insidious: The Red Door(2023)

4K HEVC
Joy Ride(2023) 6.7
Joy Ride(2023) Joy Ride(2023)*************ပွင့်လင်းမြင်သာတဲ့အဖော်အချွတ်တစ်ချို့ပါလို့ မိသားစုနဲ့အတူမကြည့်သင့်ပါကြောင်း.... ကဲ ဘာဘီနဲ့အတူထွက်ရှိလာတဲ့ joy ride ဆိုတဲ့ဇာတ်ကားလေးကို တောင်းဆိုနေတဲ့သူတွေအတွက် ရပါပြီနော်။ ဇာတ်လမ်းအကျဥ်းကတော့အသက်၂၉နှစ်အရွယ်ရှိတဲ့ အော်ဒရီဆိုတဲ့သူဟာ ငယ်ငယ်လေးတည်းက အမေရိကမှာမွေးစားဖို့အပို့ခံခဲ့ရတဲ့ တရုတ်လူမျိုးတစ်ယောက်ဖြစ်ပြီးတော့ လက်ရှိမှာ ရှေ့နေ့ကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေပါတယ်။အမေရိကမှာနေပြီး သူ့လိုပဲတရုတ်လူမျိုးဖြစ်တဲ့ လိုလိုဆိုတဲ့သူငယ်ချင်းတစ်ယောက်လည်းရှိပါတယ်။​လိုလိုကတော့ sex organ တွေကို ပန်းချီဆွဲပြီးဖော်ပြရတာကို အရမ်းသဘောကျတဲ့သူပါ။​လူတွေကို ဖုံးကွယ်ထားသင့်တဲ့ခန္ဓာအစိတ်အပိုင်းတွေနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိစေချင်တယ်ဆိုတာကသူ့ရဲ့ရည်ရွယ်ချက်ပါ။တစ်ရက်မှာတော့ အော်ဒရီဟာ အလုပ်ကိစ္စနဲ့ သူ့ရဲ့မွေးရပ်မြေလို့သိထားတဲ့တရုတ်ပြည်ကို လိုလိုနဲ့အတူခရီးထွက်ဖို့ဖြစ်လာပါတယ်။ လိုလိုက ခရီးမှာ သူ့ရဲ့တစ်ဝမ်းကွဲညီမဖြစ်တဲ့ဒတ်အိုင်းကို အပါခေါ်လာခဲ့ပါတယ်။​တရုတ်ကိုရောက်တော့ အော်ဒရီရဲ့သူငယ်ချင်းဖြစ်တဲ့ တရုတ်ပြည်မှာသရုပ်ဆောင်မင်းသမီးလုပ်နေတဲ့ကတ်နဲ့တွေ့ကြပါတယ်။ဒီလိုနဲ့လေးယောက်က အတူနေဖို့ဖြစ်လာကြပါတယ်။ တစ်ယောက်ချင်းစီရဲ့အကျင့်စရိုက်ကကွဲပြားခြားနားကြတာကြောင့် မကြာခဏရန်ဖြစ်ကြရင်းနဲ့ အလွဲတွေလုပ်ကြ၊ ပြန်ပြေလည်ကြနဲ့ ချစ်စရာကောင်းတဲ့သူတို့လေးယောက်ကြားက ဆက်ဆံရေးကိုရိုက်ပြထားတာပါ။တရုတ်ယဥ်ကျေးမှုနဲ့ပတ်သက်ပြီးလည်း အများကြီးဖော်ပြထားပြီး လူမျိုးရေးခွဲခြားတတ်တာတွေပါပွင့်ပွင့်လင်းလင်းရိုက်ပြထားတဲ့ Asian-American, comedy ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ပြောရရင်တော့ ပေါ့ပေါ့ပါးပါးသူငယ်ချင်းဇာတ်ကားလေးလည်းကြည့်ချင်တယ်၊ခွီလည်းခွီချင်တယ်၊ ဗဟုသုတလည်းရချင်တယ်ဆိုရင်ဖြင့် ဒီဇာတ်ကားလေးကိုကြည့်သင့်ပါကြောင်း...  File size…3.85GB / 1.5GB/ 666MB Quality… 4K / WEB-DL1080P / 720p Format…mp4 Duration….1h 38m Genre ….. ...
movie

Joy Ride(2023)

4K HEVC
Beast (2022) 5.8
Beast (2022) ကဲ သိပ်မကြာခင်ကမှ ရုံတင်သွားတဲ့ မင်းသားကြီး ဗီဂျေးရဲ့ Beast ကားသစ်လေးလာပါပြီဒီဇာတ်လမ်းမှာ ဗီဂျေးက Beast ဆိုတဲ့ နာမည်နဲ့လိုက်အောင် ဘယ်သူ့စကားမှနားမထောင် ကိုယ်မှန်တယ်ထင်တာကို လုပ်ပြီဟေ့ဆိုရင် ဝန်ကြီးချုပ်လည်းဂရုမစိုက်...အတော်လက်ရဲဇက်ရဲနိုင်ပြီး အသတ်အဖြတ်ရက်စက်တဲ့ သားရဲကြီး ရော(RAW)အေးဂျင့်ဟောင်းဗီရ်ရာဂဗ်.. တစ်ခါတုန်းက သူ့ဌာနက သူ့ကိုလှည့်စားလိုက်တာကို စိတ်နာပြီး တာဝန်ကနေ အနားယူသွားခဲ့တယ်...တစ်ရက် ချင်နိုင်းမြို့လည်ခေါင်က မောလ်တစ်ခုကို အကြမ်းဖက်သမားတွေက ဝင်စီးတယ်..ဖြစ်ချင်တော့ မောလ်ထဲမှာ ဗီရ်ရာဂဗ်ရှိနေတယ်...ဓါးစာခံရာကျော်ကို မောလ်အတွင်းမှာ ဖမ်းထားတဲ့အတွက် အစိုးရကယ်ဆယ်ရေးအဖွဲ့တွေက အထဲကိုဝင်ပြီး ကယ်လို့မရဘူးဖြစ်နေတယ်...အတွင်းမှာပိတ်မိနေတဲ့လူတွေထဲ ဗီရ်ရာဂဗ်ပါနေတယ်ဆိုတာ သိသွားတော့ သူ့ကိုလှမ်းအကူအညီတောင်းတယ်...ဒီလိုနဲ့ ဗီရ်ရာဂဗ်တစ်ယောက် အကြမ်းဖက်သမားတွေကြားထဲမှာ တစ်ပွေတည်း ဘယ်လိုတွေပွဲကြမ်းမလဲ....ဓါးစာခံတွေကို ဘယ်လိုကယ်ထုတ်မလဲဆိုတာကို အက်ရှင်ခန်းတွေ အများကြီးနဲ့ စိတ်ဝင်တစားရှုစားလိုက်ကြပါဦးရှင့်... File size…8GB / 3.3GB / 1.5GB Quality…  1080p NF WEBDL / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Beast (2022)

2022
4K HEVC