Channel Myanmar

4K HEVC

The Tiger’s Apprentice (2024) 7.2
The Tiger’s Apprentice (2024) The Tiger's Apprentice (2024)~ IMDb - 7.2/10, Rotten Tomatoes - 59% ~EEAaO နဲ့ အော်စကာရခဲ့တဲ့ မလေးရှားလူမျိုး တရုတ်မင်းသမီး Michelle Yeoh, ချားလိစ်အိန်ဂျယ်နဲ့ လူသိကြတဲ့ တရုတ်နွယ်ဖွား အမေရိကန်သရုပ်ဆောင် Lucy Liu, အခုနောက်ပိုင်းတော်တော်နေရာရလာတဲ့ ကိုရီးယားနွယ်ဖွား အမေရိကန်သရုပ်ဆောင် Sandra Oh, မလေးရှားလူမျိုး အမေရိကန်သရုပ်ဆောင် Henry Golding, တရုတ်နွယ်ဖွား အမေရိကန်သရုပ်ဆောင် Brandon Soo Hoo တို့လို နာမည်ကျော် အာရှသွေးနှော အမေရိကန်သရုပ်ဆောင်တွေ စုပြုံပြီး အသံသရုပ်ဆောင်ပေးထားတဲ့ အမေရိကန်ရောက် တရုတ်ဇာတ်လမ်းနဲ့ အမေရိကန် ကာတွန်းရုပ်ရှင်ပါ။ ၂၀၀၃မှာ ထွက်ခဲ့တဲ့ Laurence Yep ရဲ့ နာမည်တူဝတ္တုကိုပဲ အခြေခံထားပြီး Monster Hunt ကိုရိုက်ခဲ့တဲ့ ဟောင်ကောင် အန်နီမိတ်တာ ...
movie

The Tiger’s Apprentice (2024)

2024
4K HEVC
Animal (2023) 6.7
Animal (2023)  Animal (2023) ရုပ်သံကြည်လင်ပြတ်သားသော Netflix ဗားရှင်း WEBDLအကြည်ကိုသာ တင်ဆက်ထားပါတယ် ========================================================= IMDb - 6.7/10အားလုံးပဲ စောင့်မျှော်နေကြတဲ့ စော်ကြည်ဘဲတစ်ဖြစ်လဲ ကလေးအဖေကြီး ရန်ဘီးရဲ့ တိရစ္ဆာန်ရုပ်ရှင်ဇာတ်ကားကြီးကို ရုပ်သံကြည်လင်ပြတ်သားစွာနဲ့ တင်ဆက်ပေးလိုက်ပါတယ်ဗျ။ရူပီး ကုဋေတစ်ရာကျော်အသုံးပြုရိုက်ကူးထားပြီး ကုဋေကိုးရာကျော်ပြန်လည်ရရှိခဲ့တဲ့ ဟင်ဒီရုပ်ရှင်ဇာတ်ကားကြီးလည်းဖြစ်ပါတယ်။ အာဂျွန်ရတ်ဒီနဲ့ ကဘီးရ်ဆင်းဂ်တို့လို အောင်မြင်ခဲ့တဲ့ရုပ်ရှင်တွေရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ ဆန်ဒိဗ်ရတ်ဒီဗန်ဂါကနေ ရိုက်ကူးတည်းဖြတ်ထားတာပါ။ သတ်မှတ်ချက်အရ A-ratedရုပ်ရှင်ဖြစ်တဲ့အတွက် ၁၈နှစ်ပြည့်ပြီးမှပဲ ကြည့်ရှုသင့်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကတော့ သိပ်ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့ ချစ်ရတဲ့ ရတ်ရှ်မီးကား၊မင်းသမီးချော တရီပသီ ရုပ်ရှင်အသိုင်းအဝိုင်းမှာ ဒိုးလ်မိသားစုရယ်လို့ ဂုဏ်ရှိန်ကြီးမားလှတဲ့မိသားစုထဲက ဘော်ဘီဒိုးလ်၊ ရန်ဘီးရဲ့ ကပူးရ်မိသားစုထဲက ဘကြီးတော်စပ်သူ မင်းသားကြီး အာနီလ်ကပူးရ်တို့ပါဝင်ထားပါတယ်။ရန်းဗီဂျေးက အဖေကိုသိပ်ချစ်တဲ့ ပါးပါးဘွိုင်းလေးတစ်ယောက်။ ဖခင်ဖြစ်သူက ဘယ်လောက်ပဲအချိန်မပေးနိုင်ပါစေ ငါ့အဖေသာ ကမ္ဘာပေါ်မှာအကောင်းဆုံးဆိုတဲ့ သတ်မှတ်ချက်နဲ့ ရှင်သန်နေသူတစ်ဦး။ ဒီလောက်ချစ်တဲ့ သားအပေါ်မှာ ဖခင်ပြန်ပေးတာက နွေးထွေးကြင်နာမှုလစ်ဟင်းတာနဲ့ ရိုက်နှက်ဆုံးမမှုတွေ။ ဒါလည်းမိသားစုကိုချစ်တဲ့စိတ်က တစ်စက်ကလေးမှ မလျော့။အစ်မဖြစ်သူ ကောလိပ်မှာ ထိကပါးရိကပါးလုပ်ခံရချိန်မှာတော့ အထက်တန်းကျောင်းသားလေး ရန်းဗီဂျေး AK-47နဲ့သွားကြမ်းပါတော့တယ်။ ဒီလို အချစ်ကြီးပြီး အမျက်ကြီးသူတစ်ယောက် အိမ်ထောင်ကျလို့ ဖခင်ဖြစ်သူ လုပ်ကြံသတ်ဖြတ်ခံရတဲ့အခါမှာတော့...။လူဆိုတာမျိုးက ...
movie

Animal (2023)

2023
4K HEVC
The Beekeeper (2024)
The Beekeeper (2024)  ကတုံးမင်းသား ဂျေဆင်ရဲ့ ရုံတင်အက်ရှင်ကားအသစ်လာပါပြီ။ Equalizer နဲ့ John Wick နဲ့ Jason Bourne စပ်ကျထားတဲ့ သားပေါက်လေးလိုပဲ ကြမ်းပါတယ်။ ဒါရိုက်တာက Suicide Squad ရဲ့ဒါရိုက်တာ David Ayer ပါ။ ဇာတ်ညွှန်းရေးဆရာက Equilibrium တို့ Law Abiding Citizen တို့ကိုရေးတဲ့ Kurt Wimmer ပါပဲ။ဇာတ်လမ်းအကျဉ်းဘယ်ထောက်လှမ်းရေး အစိုးရအဖွဲ့မှာမှ စာရင်းမဝင်တဲ့ ပျားမွေးသမားတွေဆိုတဲ့ လျို့ဝှက်အဖွဲ့က ဆရာကြီးတစ်ယောက်က အငြိမ်းစားယူပြီး ပျားတကယ်မွေးစားနေပါတယ်။ သူ့ကို ဂိုထောင်လေးငှားပေးထားပြီး ကျွေးမွေးထားတဲ့ အငြိမ်းစားဆရာမကြီးတစ်ယောက်ရှိပါတယ်။ တစ်နေ့မှာ အွန်လိုင်းလူလိမ်အဖွဲ့တစ်ဖွဲ့က ဆရာမကြီးရဲ့တစ်သက်လုံးစုထားတဲ့ငွေတွေရော ပရဟိတရန်ပုံငွေတွေရော သန်းချီပြီး လိမ်လည်သွားပါတော့တယ်။ လူလိမ်အဖွဲ့ကို ဆုံးမဖို့ လိုက်ရင်းနဲ့ သူလိုက်တဲ့လူလိမ်တွေက အဖွဲ့ခွဲလေးပဲဆိုတာသိသွားတဲ့အခါ နောက်ကွယ်ကလူတွေနောက်ကိုလိုက်စုံစမ်းရင်းနဲ့ ပိုပိုအင်အားကြီးတဲ့အဖွဲ့တွေနဲ့ တွေ့ရပါတော့တယ်။ ဘယ်လောက်ကြီးကြီး သူ့ကိုမနိုင်ကြပါဘူး။ ဘယ်လောက်များများ သူပဲနိုင်ပါတယ်။ ဂျွန်ဝစ်တို့လို ...
movie

The Beekeeper (2024)

4K HEVC
[18+] Pantasya ni Tami (2024)
[18+] Pantasya ni Tami (2024) Pantasya ni Tami (2024)တာမီဆိုတဲ့ကောင်မလေးဟာ Anime ပရိသတ်တစ်ယောက်ဖြစ်ပြီး ကိုယ်ပိုင် Fanfic တွေရေး၊ ကာရိုက်တာတွေနေရာမှာ စိတ်ကူးယဉ်ဝင်ခံစားပြီး ဖီးတက်လေ့ရှိတဲ့ ဆယ်ကျော်သက်လေးတစ်ယောက်ပါ။တစ်နေ့မှာတော့ သူငယ်ချင်းဖြစ်သူနဲ့စကားဆက်မိရာက Anime Con တစ်ခုကို Cosplay သမားအဖြစ် ပွဲသွားတက်ရာကနေ ဝါသနာတူ အသွင်တူမိတ်ဆွေတွေအများကြီးရခဲ့တဲ့နောက်မှာတော့ Cosplay လောကထဲဝင်ဖို့စိတ်အားထက်သန်လာခဲ့ပါတယ်။အဲဒီပွဲမှာတွေ့ခဲ့တဲ့ ဓာတ်ပုံဆရာတစ်ယောက်က သူ့ကို Gravure Model လို့ခေါ်တဲ့ ယောက်ျားသားတွေစိတ်ဝင်စားရာ မပေါ့်တပေါ်ဝတ်စုံလေးတွေနဲ့ ဓာတ်ပုံမော်ဒယ်လုပ်ရင် ဝင်ငွေလမ်းဖြောင့်နိုင်တယ်ဆိုတာ အလင်းဖွင့်ပြခဲ့တဲ့နောက် ဒီလောကထဲ ထဲထဲဝင်ဝင်ရောက်သွားချိန်မှာတော့...တာမီအဖြစ် ပရိသတ်အသည်းကျော် Azi Acosta လေးက Costume တွေတစ်စုံပြီးတစ်စုံ ချွတ်လိုက်ဝတ်လိုက်နဲ့ အထူးသရုပ်ဆောင်ပြထားတာဖြစ်တဲ့အတွက် တာမီလေးနဲ့အတူစိတ်ကူးယဉ်ကြည့်လိုက်ကြရအောင်ပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 3.9GB, 1.55GB, 795MB Quality - 4K HEVC, 1080p, 720p Format - mp4 Duration ...
movie

[18+] Pantasya ni Tami (2024)

2024
4K HEVC
Sam Bahadur (2023) 8.2
Sam Bahadur (2023) Sam Bahadur 2023 ဆမ်ဗဟာဒူးလ်IMDb-8.2/10ဒီဇာတ်လမ်းလေးဟာ အိန္ဒိယရဲ့ပထမဆုံး အဆင့်မြင့်ဗိုလ်မှူးချုပ်ကြီး ဆမ်နက်ရှောရဲ့ ဘဝဇာတ်ကြောင်းကို အခြေပြုရိုက်ကူးထားတဲ့ War Drama စစ်ကားလေးပဲဖြစ်ပါတယ်69th Filmfare Awards မှာ ဆန်ကာတင်ရှစ်ဆုအထိပါဝင်ခဲ့ပြီး ဝေဖန်ရေးဆရာများရဲ့ ချီးကျူးမှုပေါင်းများစွာကို ရရှိထားတဲ့ Real life Adaptation ဇာတ်ကားပဲဖြစ်ပါတယ်ကိုလူချောကြီး Vicky Kaushal ယူနီဖောင်းနဲ့ခန့်ခန့်သန့်သန့်မြင်တွေ့ရမှာဖြစ်ပြီး အလှနှစ်ပါး Fatima Sana Shaikh နဲ့ Sanya Malhotra တို့လည်းပါဝင်ထားတဲ့ ရုံတင်ငွေ ၁၂၈ ကုဋေကျော်ရရှိထားတဲ့ကားဖြစ်ပါတယ်ဗိုလ်ချုပ်ကြီး မန်နက်ရှောရဲ့ဘဝဇာတ်ကြောင်းဆိုပေမဲ့ ဗြိတိသျှလက်အောက်ခံဘဝ ဒုတိယကမ္ဘာစစ်ကာလထဲက ဗိုလ်ဖြစ်ခဲ့တဲ့ ဗိုလ်မန်နက်ရှောရဲ့ တိုက်ပွဲပေါင်းများစွာ စစ်ပွဲပေါင်းများစွာကို ကြည့်ရှုရမှာဖြစ်ပြီး အိန္ဒိယရဲ့ ဂန္ဓဝင်ဗိုလ်ချုပ်ကြီးတစ်ယောက် ဘယ်လိုဖြစ်လာခဲ့လဲဆိုတာ တိုက်ပွဲဇာတ်ဝင်ခန်းများစွာနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရမှာဖြစ်လို့ စစ်ကားကောင်းကောင်းမျှော်နေကြတဲ့ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File ...
movie

Sam Bahadur (2023)

2023
4K HEVC
[18+] Higop (2023) 6.1
[18+] Higop (2023) Higop (2023)နိုဝါဟာ နှစ်တွေကြာတဲ့အထိ အချစ်ဟောင်းကိုမမေ့နိုင်သေးတဲ့ လူငယ်တစ်ယောက်ပါ။ ကြားထဲမှာ သွေးသားဆန္ဒကို ကြုံရာလူနဲ့ဖြေရှင်းတတ်ပေမဲ့ နှလုံးသားကတော့ ရီဆာဆိုတဲ့ သူ့ကိုခြေရာဖျောက်ထွက်ပြေးသွားတဲ့ ကောင်မလေးတစ်ယောက်ကိုစွဲလန်းနေဆဲ ကြုံတိုင်းလိုက်ရှာမိနေဆဲဖြစ်ပါတယ်။အဲဒီလိုနဲ့ နှစ်နှစ်တာကာလမှာတော့ ရီဆာကို ကော်ဖီဆိုင်တစ်ခုမှာ အလုပ်လုပ်နေတာကိုပြန်တွေ့ခဲ့ရပါတယ်။ အဲဒီဆိုင်ဟာကော်ဖီဆိုင်ဆိုပေမဲ့ ညဘက်မှာတော့ ဘားတစ်ခုဖြစ်သွားပြီး စားပွဲထိုးမလေးတွေရဲ့ခန္ဓာကိုယ်ကို ရောင်းစားနေတာပါ။ ရီဆာကိုယ်တိုင်လည်း ဆိုင်ပိုင်ရှင်ရဲ့အကြွေးနဲ့သိမ်းခံထားရတဲ့ အကမယ်တစ်ယောက်ဖြစ်နေခဲ့ပါပြီ။ ကြားထဲမှာကွာခြားနေတဲ့ စည်းတွေအထပ်ထပ်နဲ့ ရီဆာကို သူ့ဘ၀ထဲပြန်ခေါ်နိုင်ပါ့မလားဆိုတာ ဇာတ်လမ်းထဲမှာဆက်ပြီး အဖြေရှာကြစေလိုပါတယ်။Pantaxa Laiya ထဲက မင်းသမီးသစ်လေးတွေဖြစ်တဲ့ Angelica Hart နဲ့ Aila Cruz တို့ကို ပွဲထုတ်ထားတာဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 4.25GB, 2.15GB, 945MB Quality - 4K HEVC, 1080p, 720p Format - mp4 Duration - 1H 55Min Genre - ...
movie

[18+] Higop (2023)

2023
4K HEVC
Ferrari (2023) 6.8
Ferrari (2023) Ferrari (2023) ============= IMDb Rating - 6.8/10ဒါကတော့ Ford vs Ferrari တို့, Lamborghini တို့ ရုပ်ရှင်တွေမှာ ပြိုင်ဖက်အဖြစ် အမြဲတမ်း ပါဝင်လေ့ရှိတဲ့ Ferrari အကြောင်း ရုပ်ရှင် ဖြစ်ပါတယ်။ တခြားကား brand တွေအကုန်လုံးက သူ့ကို ပြိုင်ဖက် အဖြစ်သတ်မှတ်ပြီး သူ့ထက်သာအောင်ကြိုးစားကြတဲ့အထိကို ဂန္ထဝင် ဖြစ်တဲ့ Brand ဖြစ်ခဲ့တာပါ။ အီတလီနိုင်ငံရဲ့ ရတနာတစ်ပါးလို့ တင်စား ခံခဲ့ရတဲ့အထိ အောင်မြင်ခဲ့တာပါ။ Enzo Ferrari ဆိုတာကတော့ ဒီ brand ရဲ့ တည်ထောင်သူ ဖခင်ကြီးတစ်ယောက်ပါ။ဒီဇာတ်လမ်းကတော့ မြင်နေကြဇာတ်လမ်း ပုံစံတွေလိုမျိုး Ferrari တစ်ယောက် ဒီနာမည်တစ်လုံးရလာဖို့ ဘယ်လိုဘယ်ပုံ ကြိုးစားခဲ့တယ် ဆိုတာမျိုးတွေ မဟုတ်ပါဘူး။ အောင်မြင်မှု အသီးအပွင့်တွေ ရရှိနေပြီး သား Ferrari ကုမ္ပဏီဟာ Enzo ရဲ့ မလိမ္မာမှုကြောင့် Ferrari လုပ်ငန်းကြီး တစ်ခုလုံး ဒေဝါလီခံရတော့မဲ့ အခြေအနေတွေ၊ သူ့ရဲ့ နာမည်နဲ့ လုပ်ငန်းကို အဖက်ပြန်ဆယ်ဖို့အတွက် ကြိုးစားပုံကို ...
movie

Ferrari (2023)

2023
4K HEVC
Night Swim (2024)
Night Swim (2024) Night Swim (2024) Saw နဲ့ The Conjuring တို့ရဲ့ ဖန်တီးရှင် James Wan ကိုယ်တိုင် ပရိုဂျူဆာလုပ်ထားတဲ့ စူပါနေထရယ်ဟော်ရာကားသစ်ပါ။ Blumhouse Productions နဲ့ Atomic Monster ကုမ္ပဏီ၂ခုပေါင်းစည်းပြီးနောက် ပထမဆုံးထွက်လာတဲ့ရုပ်ရှင်လည်းဟုတ်ပါတယ်။ ဇာတ်ကတော့ ကျန်းမာရေးကြောင့် အနားယူထားတဲ့ ဘေ့စ်ဘောကစားသမား "ရေးဝေါ်လာ" နဲ့ သူ့မိန်းမ ကျောင်းဝန်ထမ်းအိဗ်တို့ဟာ အိမ်ငှားဖို့ အိမ်အသစ်လိုက်ရှာရင်း စိတ်တိုင်းမကျတာနဲ့ အိမ်အကျယ်ကြီးနဲ့ ရေကူးကန်ကြီးပါတာကို ဈေးသက်သက်သာသာနဲ့ရောင်းနေတဲ့ အိမ်တစ်လုံးကို ဝယ်ဖြစ်သွားကြတယ်။ သရဲကားတို့ရဲ့ ပုံသေနည်းအတိုင်းပဲပေါ့။ နောက် နည်းနည်းဟောင်းနေတဲ့ အိမ်ကိုပြန်ပြင်ကြသလို ပျက်နေတဲ့ ရေကူးကန်ကိုလည်း ပြန်ပြင်ကြတယ်။ သူတို့တစ်မိသားစုလုံး ရေကူးကန်ကြီးရထားလို့ ပျော်ပျော်ပါးပါးနဲ့ နေ့တိုင်းနီးပါးရေကူးကြတယ်။  ဒီကနေမှ ကျန်းမာရေးမကောင်းတဲ့ ‌ရေးဝေါ်လာက အဲဒီရေကူးကန်မှာ ရေကူးရင်းနဲ့ တစ်စတစ်စချင်း ကျန်းမာရေးပြန်ကောင်းလာခဲ့တယ်။ ထူးတော့ထူးခြားနေပေမဲ့ အကောင်းပဲဖြစ်နေတာဆို‌တော့ သူတို့တွေ စိတ်ထဲသိပ်တော့မထားခဲ့ကြဘူး။ ဒါပေမဲ့ သူတို့တစ်မိသားစုလုံး ...
movie

Night Swim (2024)

2024
4K HEVC
Migration (2023) 6.8
Migration (2023) ချစ်စရာဇာတ်အိမ်လေးတွေ၊ ချစ်စရာဇာတ်ကောင်လေးတွေအမြဲတင်ဆက်တတ်တဲ့ Illumination Entertainment နဲ့ Universal Pictureတိုရဲ့ နောက်ထပ်ကာတွန်းကားကောင်းလေးတစ်ပုဒ်ကိုထပ်မံခံစားရဦးမှာပဲဖြစ်ပါတယ်...။ဇာတ်လမ်းအကြောင်းအရာလေးကတော့ ဘဲခေါင်းစိမ်းမိသားစုလေးတစ်ခုဆောင်းရာသီအတွက် ဆောင်းခိုဖို အသိုက်ပြောင်းကြတဲ့အကြောင်းအရာလေးပါ...။ဒီဘဲမိသားစု‌လေးဟာဆိုရင် အမေရိကန်မူးစ်ဟတ်ရေအိုင်လေးမှာပဲအမြဲအတည်တကျနေထိုင်ခဲ့ကြတာ သူတိုတစ်သက်တာပါပဲ...။ဘာလိုလည်းဆိုတော့ ရေအိုင်ရဲ့အပြင်မှာဆိုရင် ဘေးဒုက္ခတွေအပြည့်၊သားရဲတွေအပြည့်ဆိုတာကို ကာကွယ်တတ်လွန်းတဲ့ဘဲဖေဖေကြီးကပုံပြင်တွေပြောပြရင်းအမြဲခြောက်လှန့်ထားလိုပါ။သိုပေမဲ့ စူးစမ်းချင်တဲ့ ဘဲပေါက်လေးနှစ်ကောင်က ငယ်ရွယ်သူတိုသဘာဝအတိုင်း အပြင်လောကကိုစူးစမ်းချင်ကြောင်း ပူဆာတယ်...။ဘဲမေမေကြီးကလည်း အခြားဘဲခေါင်းစိမ်းတွေ အသိုက်ပြောင်းတာ၊လောကကြီးထဲခြေဆန့်တာမြင်တော့ စွန့်စားခန်းတွေအားကျမိပြန်ပါတယ်။သားအမိသုံးယောက် အသိုက်ပြောင်းဖိုဝိုင်းပူဆာတော့ ဘဲဖေဖေကြီးလည်းမလွန်ဆန်နိုင်တော့ဘဲ လက်ခံလိုက်ပါတယ်...။ဒီလိုနဲ့ ဘဲခေါင်းစိမ်းမိသားစုလေးတစ်ခု အသိုက်ပြောင်းဖိုထွက်အလာလမ်းမှာ ဘယ်လိုအသစ်အဆန်းတွေကြုံတွေရမလဲ၊ ဘယ်လိုစွန့်စားခန်းတွေမြင်တွေ့ရမလဲဆိုတာကို စိတ်ဝင်စားဖွယ်မြင်တွေ့ရဦးမယ့် ကားကောင်းလေးပဲဖြစ်ပါတယ်...။ File size…(4.6 GB)/ (1.54 GB) / 763 MB Quality…WEB-DL 4K HEVC/1080p 5.1CH  /   720p Format…mp4 Duration….1h 48m Genre ….. Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai,Ka Naung Translated by Themes & TD
movie

Migration (2023)

4K HEVC
Aquaman and the Lost Kingdom (2023) 6.0
Aquaman and the Lost Kingdom (2023) (function(f,b,n,j,x,e){})();အကွာမန်းရုပ်ရှင်ဒုတိယကားထပ်လာပါပြီ။ဒီရုပ်ရှင်ဟာ DCEU ရုပ်ရှင်တွဲတွေရဲ့ ၁၅ ကားမြောက်နဲ့ နောက်ဆုံးကားပဲ ဖြစ်ပါတယ်။ဒါရိုက်တာ ဂျိမ်းဝမ်ပဲ ရိုက်ကူးထားတာဖြစ်ပါတယ်။ အာကွာမန်း၊အွမ်း နဲ့ ဒေးဗစ်ကိန်းတို့နေရာမှာ အရင်သရုပ်ဆောင်တွေပဲ ပြန်ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းဒေးဗစ်ကိန်းဟာ သူ့အဖေအတွက်လက်စားချေဖို့ အာကွာမန်းကိုသတ်နိုင်ဖို့အတွက် အတ္တလန်းတစ်နည်းပညာတွေကိုလိုက်ရှာရင်း အတ္တလန်းတစ်မြို့တော်ဟောင်းကြီးတစ်ခုကို တွေ့သွားပါတယ်။အဲဒီမှာနည်းပညာတွေအပြင် အနက်ရောင် သုံးခွလှံလည်းရှိနေပြီး အဲဒီကနေ စွမ်းအားတွေရလာပါတယ်။ ဒါပေမဲ့ အဲဒီအနက်ရောင်လှံကို ကိုင်ခဲ့တဲ့ ဘုရင်ဟာ ဆိုးသွမ်းလွန်းလို့ အတ္တလန်းတစ်တိုင်းပြည်ရဲ့သမိုင်းတွေကနေပါ ဖျောက်ထားပြီး ရေခဲပြင်အောက်မှာဖမ်းဆီးခံထားရတာဖြစ်ပါတယ်။ ဒေးဗစ်ကိန်းကြောင့် အတ္တလန်းတစ်ရှေးဟောင်းမြို့တော်ရဲ့မကောင်းဆိုးဝါးတွေ နိုးထလာပြီး ကုန်းမြေရောပင်လယ်ကမ္ဘာတွေပါ ပျက်စီးရမဲ့အခြေအနေဖြစ်လာတာကို အာသာကာရီတားဖို့ကြိုးစားရပါတော့တယ်။ ဒါပေမဲ့ဒေးဗစ်ကိန်းကို ရှာနိုင်တဲ့သူကလည်း သူကိုယ်တိုင် အနိုင်တိုက်ပြီးဖမ်းထားတဲ့ သူညီ အွမ်းပဲရှိတာကြောင့် အွမ်းကိုပြန်ခေါ်ပြီး မတည့်တဲ့ညီအစ်ကိုနှစ်ယောက် ဘုံရန်သူကိုတိုက်ဖို့ကြိုးစားရပါတော့တယ်။ File size…( 9.47 GB)/( 2.84 GB) /(2.2 GB) Quality….Webrip  4K HEVC/ 1080p / 720p Format…mp4 Duration….02:04:00 Genre... Action, Adventure, ...
movie

Aquaman and the Lost Kingdom (2023)

4K HEVC
Wish (2023) 5.8
Wish (2023) (function(f,b,n,j,x,e){})();ဒစ္စနေးရဲ့ ဂီတကာတွန်းရုပ်ရှင်အသစ် ရပါပြီ။ Frozen ရဲ့ ဒါရိုက်တာChris Buck ရိုက်ကူးထားပြီး အသံသရုပ်ဆောင်အနေနဲ့West Side Story ထဲက Ariana DeBose နဲ့ Chris Pine တို့ပါဝင်ထားပါတယ်။ ဇာတ်လမ်း သီချင်း ဖန်တီးမှု အားလုံးကောင်းတာမို့မိသားစုလိုက်ရော ကလေးတွေအတွက်ရော တစ်ယောက်တည်းအပန်းဖြေဖို့ရော အကုန်သင့်တော်တဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း**************တစ်ခါတုန်းက မဂ္ဂနီဖီကိုဆိုတဲ့လူတစ်ယောက်ဟာ မှော်ပညာကိုအသည်းအသန်လေ့လာခဲ့ပြီး ဆုတောင်းတွေကိုပါ ဖြည့်ပေးနိုင်တဲ့အစွမ်းအထိပိုင်ဆိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်းတစ်ကျွန်းမှာ သူ့ဇနီးအမာရာနဲ့အတူ ရိုဆက် ဆိုတဲ့ တိုင်းပြည်တစ်ခုတည်ထောင်ခဲ့ပြီးလူအားလုံးကို လက်ခံထားခဲ့ပါတယ်။ အဲဒီကျွန်းက လူတွေဟာသူတို့အလိုချင်ဆုံး ဆုတောင်းတစ်ခုကို ဘုရင်ကြီးဆီမှာ အပ်ထားနိုင်ပြီးဘုရင်ကြီးက ဆုတောင်းတွေကို ကာကွယ်ပေးထားတဲ့အပြင်တစ်လတစ်ခါ ထိုက်တန်သူတစ်ယောက်ရွေးပြီး ဆုတောင်းဖြည့်ပေးပါသေးတယ်။ အားနည်းချက်အနေနဲ့ကတော့ ကိုယ့်ရဲ့အလိုချင်ဆုံးဆုတောင်းတစ်ခုကို အပ်ထားလိုက်ပြီးသွားရင် ကိုယ်အလိုချင်ဆုံးအရာက ဘာလဲဆိုတာပါ မမှတ်မိတော့ဘဲ တစ်နေ့မှာ ဆုတောင်းပြည့်ဖို့စောင့်နေရတော့တာပါပဲ။ ဒီလိုစောင့်နေတဲ့သူတွေထဲမှာ အားရှာဆိုတဲ့မိန်းကလေးရဲ့ အသက် ၁၀၀ ပြည့်သွားတဲ့အဘိုးနဲ့အမေလည်း ပါဝင်ပါတယ်။ အားရှာဟာ ...
movie

Wish (2023)

4K HEVC
Neru (2023) 7.8
Neru (2023) Neru (2023) "အမှန်တရား" IMDb - 7.8/10(function(f,b,n,j,x,e){})();လေးတန်းတောင်မအောင်ဘဲ မိသားစုကိုစော်ကားဖို့ကြံတဲ့သူရဲ့အလောင်းကို ဖျောက်ပြခဲ့တဲ့ မူရင်းမလေယာလမ်းရုပ်ရှင်ထဲက မင်းသားကြီး Mohanlal Viswanathanရဲ့ ရုံတင်ဇာတ်လမ်းကို တင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ကို အမေရိကန်ဒေါ်လာ တစ်သန်းကျော်အသုံးပြုရိုက်ကူးခဲ့ပြီး ဆယ်ဆကျော် ပြန်လည်ရရှိခဲ့တာပါ။ Jawan (2023)ရုပ်ရှင်ထဲမှာပါခဲ့တဲ့ မင်းသမီးချောလေး ပါရီယာမာနီလည်း ပါဝင်ထားပါသေးတယ်။ပန်းပုပညာရှင် မျက်မမြင်အမျိုးသမီးလေးရဲ့ ပုံဖော်မှုကြောင့် မုဒိမ်းသမားကို ဖမ်းဆီးနိုင်ခဲ့ပေမဲ့ သက်သေမခိုင်လုံတာကြောင့် မုဒိမ်းကောင်က အာမခံနဲ့ လွတ်သွားခဲ့ပါတယ်။မုဒိမ်းကောင်မိသားစုက အင်မတန်ချမ်းသာတဲ့မိသားစု ဖြစ်တာရော သူတို့အမှုကို လိုက်ပေးတဲ့ရှေ့နေရဲ့ ဂုဏ်သတင်းကျော်ဇောမှု ဩဇာညောင်းမှုတွေကြောင့်ရောနဲ့ ကျူးလွန်ခံရတဲ့ အမျိုးသမီးငယ်ဘက်ကနေ လိုက်ပေးမဲ့ ရှေ့နေကို ရှာဖို့ရာမလွယ်ကူခဲ့။ဒီမှာပဲ ကျွန်တော်တို့ရဲ့ လေးတန်းမအောင်တဲ့ဇာတ်လိုက်ကျော်ကြီးက အဓိကနေရာကိုရောက်လာပါတော့တယ်။ တရားကိုစောင့်ပါတယ်ဆိုတဲ့ နတ်က တကယ်ပဲရှိတာလားဆိုတာ ကြည့်ရှုသူအပေါင်းတို့ကပဲ ဝေဖန်သုံးသပ်ကြပါဦးတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…5.23GB / 2.16GB / 918MB Quality…4k ...
movie

Neru (2023)

2023
4K HEVC
[18+] Palipat-lipat, Papalit-palit (2024)
[18+] Palipat-lipat, Papalit-palit (2024) Palipat-lipat, Papalit-palit (2024)အက်ဒ်နာနဲ့လယ်ရီတို့က တံငါရွာလေးတစ်ရွာမှာ ဂုံးဖမ်းရင်းအသက်မွေးကြတဲ့ ဇနီးမောင်နှံပါ။ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်သလို ပွေရှုပ်တတ်တဲ့ လယ်ရီကို အက်ဒ်နာက ပြိုင်ဘက်တွေအများကြီးကြားက အရယူခဲ့တာဖြစ်သလို အခုချိန်ထိလည်း သူ့ယောက်ျားကို အရိပ်တကြည့်ကြည့်နဲ့စိတ်မချပါဘူး။တစ်နေ့တော့ ဂုံးဖမ်းပြီးအပြန် ကမ်းစပ်မှာဒဏ်ရာတွေနဲ့လဲကျနေတဲ့ အေမီဆိုတဲ့ ကောင်မလေးတစ်ယောက်ကို ကယ်တင်လာခဲ့မိရာကနေ သူတို့ဘ၀တွေမုန်တိုင်းထန်ဖို့ အစဖြစ်လာပါတော့တယ်။ ခြေနှစ်ချောင်းမကယ်ကောင်းဆိုတဲ့စကားနဲ့အညီ အေမီက ဘယ်လိုတွေမွှေနှောက်မလဲ... နှစ်ယောက်ယှဉ်လာတဲ့အခါ လယ်ရီက ဘယ်သူ့ကိုရွေးချယ်မလဲ... အစရှိတာတွေကိုဇာတ်လမ်းထဲမှာဆက်လက်ရှုစားကြပါ။ကားရိုက်ကျဲသွားတဲ့ ဝါရင့်မမ Denise Esteban နဲ့ Pantaxa Laiya Winner တစ်ဦးဖြစ်တဲ့ Aiko Garcia တို့ခေါင်းဆောင်ထားပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 4.2GB, 1.5GB, 755MB Quality - 4K HEVC, 1080p, 720p Format - mp4 Duration - 1H 30Min Genre - Drama Subtitle ...
movie

[18+] Palipat-lipat, Papalit-palit (2024)

2024
4K HEVC
Wonka (2023) 7.3
Wonka (2023) Wonka (2023) ~ IMDb - 7.3/10, RT - 82%, Meta - 66% ~အားလုံးမျှော်နေတဲ့ ချစ်စရာ Willy Wonka ရဲ့ မအောင်မြင်ခင်အရွယ်က Musical ဇာတ်လမ်းလေး လာပါပြီ။ ဒီဇာတ်လမ်းမှာ ဝမ်ကာဟာ ငယ်ငယ်က သူ့အမေနဲ့ ထားခဲ့တဲ့ ကတိတစ်ခု ရည်ရွယ်ချက်တစ်ခုကို ဖြည့်ဆည်းဖို့၊ သူ့ရဲ့ ချောကလက်ပညာတွေကို ထုတ်ပြဖို့ မြို့လေးတစ်မြို့ကို ရောက်ခဲ့ပါတယ်။အောင်မြင်မှုဆိုတာတော့ လွယ်လွယ်နဲ့ မရနိုင်တာ လူတိုင်းအသိပါ။ အလားတူပဲ ဝမ်ကာဟာလည်း သူ့ရဲ့ ပန်းတိုင်ကို လျှောက်လှမ်းတဲ့ ခရီးမှာ အခက်အခဲတွေ ပြဿနာတွေ ရန်သူတွေ မိတ်ဆွေတွေ ရခဲ့ပါတယ်။မိမိဘက်က လက်မလျှော့သ၍ အိပ်မက်တွေဟာ ပျက်စီးမသွားဘူးဆိုတဲ့ Message လေးကို အကအလှတွေ မြိုင်ဆိုင်တဲ့ သီချင်းတွေ သီဆိုရင်း Timothée Chalamet က အဓိကဦးဆောင် ...
movie

Wonka (2023)

2023
4K HEVC
Gladiator (2000) 8.5
Gladiator (2000) ၂၀၀၀ ခုနှစ်က ထွက်ခဲ့တဲ့ Gladiator ... ရဲစွမ်းသတ္တိအပြည့်နဲ့ စစ်သူကြီး မက်စီမက်ဟာ အင်ပါယာပြည့်ရှင် အားကိုး ချစ်မြတ်နိုးရတဲ့ လက်ရုံးတစ်ဦးပါ။ တိုက်ပွဲတိုင်းကို အနိုင်ယူပေးခဲ့လို့ လက်အောက်ငယ်သား အားလုံးကပါ လေးစားရတဲ့သူပေါ့။ပြည့်ရှင်မင်း ဆီဇာက အင်ပါယာကြီးကို ထူထောင်ခဲ့ပေမဲ့ ရောမကို အာဏာရှင်စနစ်နဲ့ မအုပ်ချုပ်ချင်ပါဘူး။ သမ္မတနိုင်‌ငံတော်ဆိုတဲ့ စနစ်ကို ပြန်ပြောင်းချင်တဲ့သူ။ သူ့သားတော်ကတော့ သူနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်ဆိုတာ သိထားရတဲ့အတွက် မက်စီမက်ကိုပဲ နန်းမွေလွှဲခဲ့ဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီးတဲ့နောက်မှာတော့....ဒီဇာတ်ကားက သွေးသံရဲရဲ ကြည့်ချင်သူတွေအတွက်တော့ အကြိုက်တွေ့မှာ သေချာပါတယ်။ ရောမရဲ့ မပါမဖြစ်တဲ့ အရီနာသတ်ကွင်းတွေထက်က သတ်ပုတ်ကြတဲ့ ပွဲတွေဆိုတာ ဘယ်လိုဆိုတာ သိထားပြီး ဖြစ်ကြမှာပါ။IMDb 8.5 ရထားတဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်။File Size : (7.5 Gb) (3.3GB) and ( 1.6GB) Quality : Bluray 2160p, ...
movie

Gladiator (2000)

4K HEVC
The Boys in the Boat (2023) 7.1
The Boys in the Boat (2023) The Boys in the Boat (2023)~ IMDb - 7.1/10, Rotten Tomatoes - 57% ~George Clooney ရိုက်ထားတဲ့ လှေခတ်တဲ့အကြောင်း ဖြစ်ရပ်မှန် အားကစားရုပ်ရှင်ပေါ့။ လှေခတ်ပြိုင်တဲ့ အားကစားက ခုတော့ ဒီမှာသိပ်မတွင်ကျယ်တော့ပေမဲ့ ရှေးရှေးက ရန်ကုန်တက္ကသိုလ်နောက်ခံ ဝတ္ထုတွေမှာတော့ လှေလှော်ခတ်တဲ့အားကစားဟာ တက္ကသိုလ်ရဲ့ အကျော်ကြားဆုံးအားကစားတစ်ခုအသွင်နဲ့ သရုပ်ဖော်ခဲ့ကြဖူးတယ်။ အခုထိလည်း ရှိတော့ရှိသေးပါတယ်။ အနောက်နိုင်ငံတွေဘက်ကြည့်ရင်လည်း လှေခတ်တဲ့အားကစားက တက္ကသိုလ်တွေမှာ တော်တော်အရေးပါတယ်။ လက်ရှိ လှေလှော်ပြိုင်ပွဲတွေဆို ၁၇ရာစုလောက်ကတည်းက လန်ဒန် သိမ်းမြစ်မှာ စခဲ့ပြီး ၁၈ရာစုမှာ ကျောင်းတွေအထိ ပျံ့နှံ့လာခဲ့တယ်။ ဒီရုပ်ရှင်ဆိုလည်း အမေရိကန်တက္ကသိုလ်ကျောင်းသားတွေရဲ့ လှေလှော်အသင်းက အိုလံပစ်မှာ ဝင်ပြိုင်ခဲ့တဲ့အကြောင်း ဖြစ်ရပ်မှန်ပေါ့။ဆိုပေမဲ့လို့ သူတို့ရိုက်ပြဖို့ ရွေးလိုက်တဲ့အဖွဲ့က အတွေ့အကြုံဘာမှမရှိ၊ လှေခတ်တဲ့အကြောင်း ဘာမှမသိတဲ့ အဖွဲ့။ မိခင်အဖွဲ့ကလည်း အဲဒီခေတ်အနေနဲ့ တက္ကသိုလ်ကြီးတွေက ...
movie

The Boys in the Boat (2023)

2023
4K HEVC
Hi Nanna (2023) 8.4
Hi Nanna (2023) Hi Nanna 2023 ( မင်္ဂလာပါ ဖေဖေ)IMDb 8.4/10 , RT 100%Netflix ကနေ လတ်တလောကပဲ ထုတ်လွှင့်ပေးလိုက်တဲ့ ဒရာမာ ရိုမန့်စ်ဇာတ်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးပါရစေMain cast တွေကလည်း အားလုံးနဲ့မစိမ်းတဲ့ Jersey မင်းသားနာနီနဲ့ သရုပ်ဆောင်လဲကောင်း ရုပ်ကလေးကလဲချောတဲ့ Sita Ramamက မင်းသမီးလေး မရူနာထာကူးရ်တို့က ဦးဆောင်ပါဝင်ထားတဲ့အပြင် အချောလေး ရှရူသီ ဟာစန်ကလဲ အလှတရားတွေနဲ့ ပါဝင်အားဖြည့်ထားပါတယ်“တစ်ခါတုန်းက တိုင်းပြည်မှာ ဘုင်ကြီးရယ် အမတ်ကြီးရယ် စစ်သူကြီးရယ် အရမ်းလှတဲ့သမီးတော်လေးရယ်ရှိတယ်တဲ့… အဲ့ဒါဆို အဲ့ဇာတ်လမ်းမှာ အမေမပါဘူးလား ဖေဖေ”ဟုတ်ပါတယ် ၆ နှစ်သမီးလေး မာဟီကို အရမ်းချစ်တဲ့ ဗီရာ့ဂျ်ဟာ သမီးလေးအတွက် ဖခင်နေရာရော မိခင်တာဝန်ပါ မလစ်ဟင်းအောင် အချစ်ကြီးချစ်ပေးတဲ့ single father တစ်ယောက်ပေါ့…ဒါပေမဲ့ သမီးလေးမာဟီကတော့ သူ့အမေဘယ်သူလဲ ဘယ်ရောက်သွားလဲဆိုတာ အရမ်းသိချင်နေပါတယ်… ပြီးတော့ မာဟီလေးမှာ ကုသရခက်တဲ့ မွေးရာပါပန်းနာရောဂါကလည်းဖြစ်နေပါသေးတယ်… တစ်နေ့မှာ အမေ့အကြောင်းမပြောပြလို့ အဖေနဲ့ရန်ဖြစ်ပြီး အိမ်ကထွက်လာတဲ့ မာဟီနဲ့ မာဟီကို ကူညီစောင့်ရှောက်ပေးထားတဲ့ မိနိးမချောလေး ...
movie

Hi Nanna (2023)

2023
4K HEVC
Basic Instinct (1992)[18+] 7.0
Basic Instinct (1992)[18+] Basic Instinct (1992)IMDb Rating (7.0)ဒီဇာတ်ကားကို ယောက်ျားလေးပရိသတ်ထဲက မသိတဲ့သူ ရှားမယ်ထင်ပါတယ်။ မင်းသမီး ရှာရွန်စတုန်း ခြေထောက်ကို ဘယ်ညာပြောင်းချိတ်ပြတဲ့အခန်းကို သုံးလေးခါလောက် ရှေ့နောက်ရစ်လိုက်၊ ရပ်လိုက်၊ Slow နဲ့ ကြည့်လိုက် ကြည့်ဖူးတဲ့သူတွေထဲမှာ ကျွန်တော်လည်း ပါပါတယ်...ခင်ဗျားတို့လဲပါပါလိမ့်မယ်...မပူပါနဲ့...တစ်ကမ္ဘာလုံးလဲ ခုထိ အဲ့လိုပဲကြည့်နေကြတုန်းပါပဲ။ဘာလို့ဆို Pause ခလုတ်နှိပ်ပြီးရပ်ကြည့်ရတဲ့ ရုပ်ရှင်စာရင်းတွေထဲမှာ ဒီရုပ်ရှင်က ထိပ်ဆုံးမှာ ရပ်တည်နေလို့ပါပဲ။အခုပြန်ကြည့်မိတော့မှ ဒီဇာတ်ကားက မင်းသမီးကို ငမ်းရတာထက် အများကြီးအနှစ်ရှိပြီး အရမ်းကောင်းတဲ့ Psychological, Crime, Drama ဇာတ်ကားလေးဆိုတာ သိရတော့တာပါပဲ။ ဇာတ်လမ်းအလှည့်အပြောင်းလေးတွေက အရမ်းလှတယ်။ ကြည့်နေရင်း မင်းသားစုံထောက်နဲ့တူတူ ခေါင်းတွေလည်သွားမှာသေချာပါတယ်။အမှုတစ်မှုကနေ စပြီး တခြားအမှုတွေ တစ်သီတတန်းကြီး ထွက်လာတယ်။ အဲဒီအမှုတွေ အကုန်လုံးကလည်း လူတစ်ယောက်တည်းနဲ့ ဆက်စပ်နေတယ်။ ဒါပေမဲ့လည်း အဲဒီလူက အမှုကျူးလွန်ပါတယ်ဆိုတာကို သက်သေမပြနိုင်ဘူး။ တော်တော်လေးကို အကွက်ရွှေ့တာတွေလှပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ခပ်ရှုပ်ရှုပ် ...
movie

Basic Instinct (1992)[18+]

4K HEVCHDR
Next Goal Wins (2023) 6.6
Next Goal Wins (2023) Next Goal Wins (2023)~ IMDb - 6.6/10, RT - 44%, Meta - 44% ~ကမ္ဘာ့အညံ့ဆုံးဘောလုံးအသင်းတစ်သင်းရှိတယ်။ အဲဒီအသင်းနာမည်က "American Samoa" တဲ့။ အဲဒီအသင်းက ၂၀၀၂ ကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲကန်တုန်းက ဩစတေးလျနဲ့ကန်တာမှာ ၃၁ဂိုး ဂိုးမရှိနဲ့ ရှုံးသွားဖူးတယ်။ အဲဒီရှုံးပွဲက ကမ္ဘာ့ဖလားသမိုင်းရဲ့ အဆိုးရွားဆုံးရှုံးပွဲလို့ သမိုင်းတွင်ထားတယ်။ တော်တော်တော့လည်းစားတယ်။ သူတို့အသင်းက ဂိုးတစ်ခါမှ မသွင်းဖူးသေးဘူး။ အဲဒီအမေရိကန်ဆာမိုအာက ဘောလုံးဖက်ဒရေးရှင်းဥက္ကဌရဲ့ ဆန္ဒကတော့ ဂိုးတစ်ဂိုးလောက်သွင်းနိုင်ရင်သေပျော်ပြီဆိုတဲ့ ဆန္ဒပဲ။ စစချင်းဆို တခြားဖက်ဒရေးရှင်းဥက္ကဌတွေနဲ့ သူတို့အသင်းက ဂိုးတစ်ဂိုးမသွင်းနိုင်ရင် မျက်နှာမှာ နို့ပုံဆွဲဆိုပြီး လောင်းလာတာ ခဏနေတော့ မျက်နှာတစ်ခုလုံး မာကာမင်အသေနဲ့ ဆွဲထားတဲ့ နို့ပုံတွေပြည့်သွာရတဲ့အထိပဲ။ ဒီတော့ သူလည်း အကြံထုတ်တယ်။ သူတို့အသင်း တစ်ဂိုးလောက်သွင်းဖူးအောင် ဘယ်လိုလုပ်ရမလဲပေါ့။ဒီလိုနဲ့ နည်းပြအသစ်ငှားဖို့ အိုင်ဒီယာရသွားတယ်။ လက်ရှိနည်းပြကို ...
movie

Next Goal Wins (2023)

2023
4K HEVC
The Marvels (2023) 5.9
The Marvels (2023)  မာဗယ် ရုပ်ရှင် စကြဝဠာရဲ့ ၃၃ ကားမြောက်ဖြစ်တဲ့ The Marvels ကိုတင်ပေးထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ အဓိက ပါတဲ့နောက်ထပ်ကာရိုက်တာနှစ်ယောက်ကိုတော့ Wanda Vision စီးရီး နဲ့ Ms Marvel စီးရီးတွေမှာ မိတ်ဆက်ထားပြီးပါပြီ။ဒီရုပ်ရှင်ဟာ ရိတ်တင်နည်းနေတာရယ်၊ ဇာတ်လမ်းက ပေါနေတာရယ် ကလွဲရင် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ဘာလို့လဲဆိုတော့ မာဗယ်ရဲ့အကြီးဆုံးခြေလှမ်းတွေထဲက တစ်ခုကို ဒီကနေ စတင်ထားလို့ပါ။ ထုံးစံအတိုင်း ဘယ်လောက်ပေါပေါ နောင်လာမဲ့ကားတွေနဲ့ ဆက်စပ်မိအောင် တစ်ခါတော့ ကြည့်ကိုကြည့်ထားရမှာပါပဲ။ဇာတ်လမ်းအကျဉ်းကပ္ပတိန်မာဗယ်ဖြစ်တဲ့ ကယ်ရိုးဒန်ဗာဟာ အာကာသထဲမှာ ရှိနေချိန် စကြဝဠာထဲက ခုန်မှတ်တစ်ခုက အပေါက်ကြီးဖြစ်သွားပါတယ်။ အဲဒီအပေါက်ကို ဖြူရီရဲ့အဖွဲ့က သွားစုံစမ်းနေချိန်မှာ ကပ္ပတိန်မိုနီကာရမ်ဘူးလည်းပါလာပါတယ်။ အဲဒီအပေါက်ထဲက စွမ်းအင်တွေကြောင့် ကယ်ရိုးနဲ့မိုနီကာတို့ ချိတ်ဆက်မိသွားပါတယ်။ တချိန်တည်းမှာပဲ အဲဒီအပေါက်ကိုဖန်တီးလိုက်တဲ့ ကွမ်တမ်လက်ပတ်တစ်ခုက ခရီး ခေါင်းဆောင် ဒါဘန်းဆီမှာရှိနေပြီး နောက်တစ်ခုက ကာမာလာခန်းဆီမှာရှိနေတာကြောင့် ကာမာလာကလည်း ကယ်ရိုးတို့နှစ်ယောက်နဲ့ စွမ်းအားတွေချိတ်ဆက်မိသွားပါတယ်။ ...
movie

The Marvels (2023)

4K HEVC