Channel Myanmar

4K HEVC

Resident Evil: Retribution (2012)
Resident Evil: Retribution (2012) ဒီဇာတ်ကားက Franchiseရဲ့ ပဥ္စမဇာတ်ကားဖြစ်ပြီး ဂိမ်းထဲမှာ အဓိကဇာတ်လိုက်ဖြစ်တဲ့ လီယွန်ကို င​​ပေါသာသာ လုပ်ထားလို့ ​မေတ္တာပို့သမှု​တွေ အ​တော်ရလိုက်တဲ့ကားဆိုလည်း မမှားပါဘူး။ စတုတ္ထကားအဆုံးမှာ Brainwashခံထားရတဲ့ ​ဂျေးလ် ဖမ်းဆီး တာကို ခံလိုက်ရတဲ့ အဲလစ်ဟာ အမ်ဘရဲလားရဲ့ zombie ကပ် သရုပ်​ဖော်ဌာနထဲမှာ ဖမ်းချုပ်ခံထားခဲ့ရပါတယ်။အဲဒီ​မြေ​အောက်စမ်းသပ်ခန်းက​နေ သူ့ကိုလာကယ်မယ့်လူ​တွေနဲ့ ဆုံမှတ်​ကိုသွားဖို့ ကြိုးစားရင်း ဂျပန်၊ ​မော်စကို၊ နယူး​ယောက်လို ဇွန်ဘီကပ်​ဘေးကို သရုပ်ပြဖို့ ဖန်တီးထားတဲ့ မြို့အတု​တွေထဲမှာ ဇွန်ဘီအစစ်​တွေကိုကျော်နိုင်ဖို့ ကြိုးစားရပါ​တော့တယ်။ ဒီအပြင် Brainwashခံထားရတဲ့ ​ဂျေးလ်ဗယ်လင်တိုင်းကလည်း အဲလစ် မလွတ်​​မြောက်ရေး အ​သေအ​​ကြေ လိုက်လံတားဆီးတဲ့အတွက် သူနဲ့ပါ ထိပ်တိုက်​တွေ့ရဖို့ ဖြစ်လာပါ​တော့တယ်။  File size…    3.8 GB / 1.4 GB /  687  MB Quality… BluRay 4K / 1080p / 720p Format… mp4,mkv Duration…. 1h 36m Genre ..... Action/Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San ...
movie

Resident Evil: Retribution (2012)

4K HEVC
Resident Evil: The Final Chapter (2016)
Resident Evil: The Final Chapter (2016) ဒီဇာတ်ကားက Franchiseကြီးတစ်ခုလုံးရဲ့အဆုံးသတ်ဖြစ်သလို Plot twist​တွေအများကြီးပါ​နေတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ ရုရှား​မြေ​အောက်စခန်းမှာ ဖမ်းဆီးခံထားရရာက​နေ လွတ်လာတဲ့ အဲလစ်က အမ်ဘရဲလားရဲ့​နောက်ဆုံး​​ခေါင်း​ဆောင်ကို အပြီးသတ် ရှင်းပစ်ဖို့ ရက်ကွန်းမြို့​တော်ကို ပြန်​လာပါ​တော့တယ်။ရက်ကွန်းမြို့ကိုပြန်လာတဲ့လမ်းမှာ အခက်အခဲ​များစွာကြုံခဲ့သလို သူထင်ထားတဲ့ ​နောက်ဆုံး​ခေါင်း​ဆောင်က အဲလ်ဘတ် ဝက်စ်ကာ မဟုတ်ဘဲ မထင်ထားတဲ့လူတစ်​ယောက် ဖြစ်​နေပါ​တယ်။ အဲလစ် တစ်​ယောက် ​နောက်ဆုံး အမ်ဘရဲလားရဲ့ နိဂုံးကို ဖန်တီးနိုင်မလား သူကိုယ်တိုင်ပဲ ဇာတ်သိမ်းသွားမလား။ Franchiseကြီးတစ်ခုလုံး ကို ဘယ်လိုtwist​တွေနဲ့ ချိတ်ဆက်ပြီး အဆုံးသတ်​ပေးလိုက်မလဲ ဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။  File size…     3.7 GB /  1.6 GB /  757  MB Quality… BluRay 4K / 1080p / 720p Format… mp4,mkv Duration…. 1h 46m Genre ..... Action/Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX
movie

Resident Evil: The Final Chapter (2016)

4K HEVC
(18+) Poor Things (2023) 8.4
(18+) Poor Things (2023)  အော်စကာ အကောင်းဆုံးရုပ်ရှင်ဆု၊ မင်းသမီးဆု၊ ဇာတ်ပို့ဆု၊ ဒါရိုက်တာဆု၊ နောက်ခံဂီတဆု၊ ရုပ်ရှင်ဓာတ်ပုံဆု၊ ဇာတ်ညွှန်းဆု၊ ဝတ်စုံဆု၊ ရိုက်ကွင်းဆု၊ မိတ်ကပ်ဆံပင်ဆု၊ တည်းဖြတ်ဆုတွေ ဆန်ကာတင် ဝင်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ရွှေကမ္ဘာလုံးပွဲမှာလည်း အကောင်းဆုံး မင်းသမီး၊ မင်းသား၊ ဇာတ်ပို့၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ ဂီတဆုတွေ ရရှိထားပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ သိပ္ပံစိတ်ကူးယဉ် Dark Comedy အမျိုးအစားပါပဲ။ ဖရန်ကင်စတိုင်းကို အခြေခံထားပါတယ်။ Alasdair Gray ရဲ့ ၁၉၉၂ ထုတ် Poor Things စာအုပ်ကို အခြေခံထားတာပါ။ လန်ဒန်ဝိတိုရိယခေတ် အမျိုးသမီးတစ်ယောက် သေပြီးသွားတော့မှ ဦးနှောက်အစားထိုး အသက်သွင်းခံရပြီး လောကကြီးကို အစကနေ ပြန်လေ့လာတဲ့အကြောင်းပဲ ဖြစ်ပါတယ်။သရုပ်ဆောင်တွေက‌တော့ Emma Stone, Mark Ruffalo, Willem Dafoe, Ramy Youssef, Christopher Abbott, နဲ့ ...
movie

(18+) Poor Things (2023)

4K HEVC
Excalibur (1981) 7.3
Excalibur (1981) Excalibur (1981)IMDb Rating (7.3) / Rotten Tomatoes (72%)ဒါရိုက်တာကြီး Sir John Boorman ရဲ့ နာမည်ကျော် Fantasy ရုပ်ရှင်ကားကြီးပါ...နာမည်ကြီးမင်းသားမင်းသမီးတွေကိုလဲ ငယ်ငယ်တုန်းကရုပ်တွေနဲ့ရှုစားကြရပါမယ်။ဇာတ်လမ်းကတော့....မှော်ဝင်ဓားတစ်လက်ရယ်၊ အချိန်ကာလအားလုံးထဲက အကြီးမြတ်ဆုံး မှော်ဆရာတစ်ယောက်ရယ်၊ ထီးဆောင်းမင်းတွေထဲကမှ ဘုန်းကံအကြီးဆုံးမင်းမြတ်တစ်ပါးရယ်၊ သူတို့သုံးခုပါဝင်တဲ့ သမိုင်းကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပါ။ဘုရင်မင်းမြတ် အာသာ၊ အကြီးမြတ်ဆုံးမှော်ဆရာ မာလင်၊ ဓားဘုရင် မှော်ဝင်ဓားတို့ဟာ သမိုင်းကြောင်းတစ်ခုမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ဝါးအစည်းပြေသလို ပြန့်ကျဲနေတဲ့ ပဒေသရာဇ်မင်းတွေကို စုစည်းပြီး အင်ပါယာထူထောင်၊ ဧကရာဇ်နိုင်ငံတော်ကြီးကို အုပ်စိုးကာ ငြိမ်းချမ်းရေးအရယူနိုင်ခဲ့တဲ့ မင်းမြတ် အာသာ။နဂါးမီးတောက်ထဲကို ကိုယ်တိုင်ဝင်ပြီး ဖန်တီးမှု ဖန်ဆင်းမှုတွေကို အံ့မခန်း လုပ်ဆောင်နိုင်တဲ့ မှော်ဆရာကြီး မာလင်။ထိုက်တန်သူသာ ကိုင်ဆောင်အသုံးပြုခွင့်ရတဲ့၊ ကိုင်ဆောင်သူကို စွမ်းအင်တွေပေးတဲ့ ဓားဘုရင် မှော်ဝင်ဓား။သူတို့လို ခေသူမဟုတ်တွေတောင်မှပဲ ရှုံးနိမ့်ချိန်ဆိုတာ ရှိပါတယ်။ ပလ္လင်ပေါ်ကတောင် မထနိုင်တော့တဲ့ ...
movie

Excalibur (1981)

4K HEVC
Five Blind Dates (2024)
Five Blind Dates (2024) Five Blind Dates (2024)ဒီကားလေးကတော့ အခုလကမှထွက်ရှိလာပြီး ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် ဟာသရိုမန့်အမျိုးအစားဇာတ်ကားလေးဖြစ်ပါတယ်။လီရာက မွေးရပ်မြေ တောင်းဗေးလ်စ်ကထွက်ပြီး အဖွားဆီက အမွေရထားတဲ့ပိုက်ဆံတွေနဲ့ ဆစ်ဒနေးကိုတက်လာပြီး တရုတ်လက်ဖက်ရည်ဆိုင်ဖွင့်ထားပြီး အရှုံးပေါ်မလိုဖြစ်နေတာပါ။တစ်နေ့ကျတော့ အစ်မဖြစ်သူအဲလစ်ရဲ့ စေ့စပ်ပွဲပါတီကြောင့် တောင်းဗေးလ်စ်ကိုပြန်ရင်း အဲဒီမှာရှိတဲ့ ဗေဒင်ဆရာမက စီးပွားရေးလမ်းကြောင်းနဲ့နှလုံးသားလမ်းကြောင်းက ရစ်နွယ်နေတာမလို့ စီးပွားရေးတက်ချင်ရင် ဘလိုင်းဒိတ်ငါးခုလုပ်ပြီး စစ်မှန်တဲ့လက်တွဲဖော်ရှာရမယ်လို့ဟောလိုက်ပါတယ်။လက်ဖက်ရည်ဆိုင် အရှုံးပေါ်ပြီး ပိတ်ရတော့မလိုဖြစ်နေတဲ့ လီရာတစ်ယောက် တွေ့ရာကောက်ရိုးမျှင်ဆွဲပြီး ဘလိုင်းဒိတ်လုပ်ရာကနေ ဘယ်လိုလူမျိုးတွေနဲ့တွေ့မလဲ... လက်တွဲဖော်ရောရှာတွေ့ပါ့မလား... လက်ဖက်ရည်ဆိုင်ရော အဆင်ပြေသွားပါ့မလား... ဆိုတာတွေကို ရယ်ရင်းမောရင်း ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 5.2GB, 1.6GB, 850MB Quality - 4K HEVC, 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 23Min Genre - ...
movie

Five Blind Dates (2024)

2024
4K HEVC
The Gentlemen (2019) 7.8
The Gentlemen (2019) The Gentlemen (2019) IMDb - (7.8)/ Rotten Tomatoes (75%)သူ့နာမည်က မစ်ကီပီရာဆန်.....ဥာဏ်ကောင်းပြီးအောက်စဖိုဒ့်ကျောင်းသားတစ်ယောက်ဖြစ်ပေမယ့် သူက ဆင်းရဲတယ်...သူဟာ ထက်မြက်တဲ့သူတစ်ယောက်ဆိုပေမယ့် ကျောင်းမပြီးဘူး...ဘာလို့ဆို မူးယစ်ဂိုဏ်းက လူတစ်ချို့နဲ့အဆက်အသွယ်ရပြီး အချိန်တိုအတွင်း ငွေတွေမျိုးမျိုးမျက်မျက်ဝင်တဲ့ ဒီလောကကို သူသဘောကျသွားတယ်... လူတစ်ယောက်ရဲ့ လည်ပင်းကိုလှီးပြီး သွေးစင်တာတောင် မျက်တောင်ခတ်ဖို့ သတိမရတတ်တဲ့ဒီပတ်ဝန်းကျင်မှာ ဟိုနေရာဆေးလေးပို့ ဒီနေရာဆေးလေးပို့ ငွေလေးယူလိုက် အမြတ်ငွေလေးအိပ်ထဲထည့်လိုက်ရုံနဲ့မပြီးဘူးဆိုတာသိတဲ့နောက်မှာတော့ မစ်ကီတစ်ယောက်ဟာ သူ့ကိုယ်သူ ဒီလောကရဲ့ အများသူငါမော်မကြည့်ရဲတဲ့ ဘုရင်တစ်ပါးအဖြစ်ပုံပြောင်းပါတော့တယ်.... ဒီဇာတ်ကားက ဂန်းစတားတွေအကြောင်းရိုက်ထားတာပါ...ဒုစရိုက်သမားတွေရဲ့ ကတုံးပေါ်ထိပ်ကွက်တွေ... လည်သူစားစတမ်းတွေ....လက်မရွှံတွေကြား မျက်ခုံးမွေးပေါ်စင်္ကြန်လျှောက်တဲ့သူတွေနဲ့ ဒီကားကတော်တော်မိုက်ပါတယ်... The Irishman (2019) တို့လို့ ခပ်အေးအေးနဲ့ ဇာတ်လမ်းကို ဆွဲခေါ်တတ်တဲ့အမျိုးအစားမဟုတ်ပါဘူး..သူက ဖြစ်ရပ်မှန်ကိုအခြေခံထားတာကြောင့် လည်းပါမှာပေါ့လေ...The Gentlemen (2019) ကတော့ ခပ်သွက်သွက်နဲ့ကိုဇာတ်လမ်းစထားပါတယ်...အဓိက သရုပ်ဆောင်ဖြစ်တဲ့ Matthew McConaughey ကိုတော့ အားလုံးသိကြမှာပါ...အခြားဝါရင့်ဟာသသရုပ်ဆောင်တွေ အက်ရှင်သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ လူငယ်အနေနဲ့လည်း crazy rich Asian တို့ last Christmas တို့ရဲ့ မင်းသား ဟင်နရီ ...
movie

The Gentlemen (2019)

2019
4K HEVC
Troy (2004) 7.2
Troy (2004) Troy (2004) ရုပ်ရှင်ခံစားမှုTroy ရုပ်ရှင်ဟု ဆိုလိုက်တာနှင့် ဂရိဘက်မှ မြင်းရုပ်ကြီးအား ထရိုဂျန်စစ်သားများက ကြိုးများဖြင့်ချည်နှောင်ကာ အီလီယွန်(Iliad)မြို့ထဲကို သယ်ဆောင်သွားတဲ့အကြောင်းတွေကို ကြားဖူးနားဝရှိကြပါလိမ့်မည်။ထင်ရှားကျော်ကြားသော စစ်ပွဲတွေအကြောင်း ညွှန်းဆိုပြောဆိုကြမည်ဆိုလျှင်လည်း ထရိုဂျန်စစ်ပွဲအကြောင်းကို ချန်ထား၍ ရမည်မထင်ပေ။ကမ္ဘာ့အစောဆုံးဂန္တဝင် စာပေလက်ရာတစ်ခုအဖြစ် သမုတ်ထားကြသည့် ဂရိစာဆိုတော်ကြီးဟိုးမား၏ အိလီယက်နှင့် အိုဒက်ဆီ ကဗျာရှည်နှစ်ပုဒ်အနက် အီလီယက်ကဗျာမှာ ဂရိလူမျိုးတို့၏ ထရွိုင်မြို့အောင်ပွဲအကြောင်းကို ပြန်ပြောင်းဂုဏ်ပြုစိမ့်သောငှာ ဂုဏ်တင်ရေးဖွဲ့ထားသည့်ကဗျာရှည်တစ်ပုဒ်ဟု ပြောဆို၍ ရနိုင်ပါမည်။ ထရိုဂျန်စစ်ပွဲကို အောင်နိုင်ဖို့ရာအတွက်လည်း ဂရိနိုင်ငံနှင့် ထရွို င်မြို့နိုင်ငံတို့ ကိုးနှစ်ကျော်ကြာအောင် တိုက်ခိုက်ခဲ့ရသည်။လူသားတွေသာမကပဲ နတ်ဘုရားတွေကပါ ကူညီတိုက်ခိုက်ကြသည်။စစ်ပွဲဖြစ်ပွားရပုံ ကနဦးအကြောင်းရင်းကို ဖောက်သည်ချရလျှင် ထရွိင်ဘုရင်သားတော်ငယ် ပဲရစ်က ဂရိဘုရင်ကြီးအက်ဂါမန်မနွင်၏ ညီ မက်နယ်လော့ မိဖုရား ဟယ်လင်အား ခိုးယူသွားပုံကနေ စတင်ခြင်းဖြစ်သည်။ထရွိုင်နိုင်ငံအား တိုက်ခိုက်အောင်မြင်ဖို့ရာအတွက် စစ်သူကြီး အာချိလိ ဖြစ်သူကပါ ဦးစီးတိုက်ခိုက်ရသည်။ထိုသို့ ဂရိနှင့်ထရွိုင်တို့ အပြန်ပြန်အလှန်လှန် တိုက်ခိုက်ကြသော အကြောင်းကို ကဗျာရှည်အဖြစ် မှတ်တမ်းတင်ခဲ့ရာကနေ (အခြားသော ...
movie

Troy (2004)

2004
4K HEVC
Jurassic World (2015) 6.9
Jurassic World (2015) GOTG ထဲက Starlord သရုပ်ဆောင် Chris Pratt နဲ့ Spiderman ထဲကဂွမ်သရုပ်ဆောင် Bryce Dallas Howard တို့ ပါဝင်ထားတဲ့အမိုက်စား ဒိုင်နိုဆောကားကို ပြန်လည်တင်ဆက်လိုက်ပါတယ်။ ဒါရိုက်တာ Colin Trevorrow က ရိုက်ကူးထားပြီး Universal Pitcure ကနေထုတ်လုပ်ထားပါတယ်။ IMDb 6.9 နဲ့ RT 71% ရရှိထားတဲ့ သိပ္ပံအက်ရှင်ကား ဖြစ်ပါတယ်။ ဒိုင်နိုဆောတွေရဲ့ ဒီအန်အေတွေကနေတစ်ဆင့် မျိုးဗီဇအင်ဂျင်နီယာပညာရပ်နဲ့ သက်ရှိ ဒိုင်နိုဆောတွေကို ဖန်တီးပြီး ဂျူရက်ဆစ်ကမ္ဘာဆိုတဲ့အပန်းဖြေဥယျာဉ်ကို တည်ဆောက်ထားပါတယ်။ လာရောက်အပန်းဖြေသူတွေကို ဆွဲဆောင်ဖို့ ရည်ရွယ်ချက်နဲ့ အသစ်အသစ်သောဒိုင်နိုဆောတွေကို မျိုးဗီဇပေါင်းစပ်ပြီး ဖန်တီးလိုက်တဲ့အခါ ဂြိုဟ်ဆိုးစဝင်ပါတော့။ တစ်ဖက်မှာလည်း အိုဝမ်တို့က ရက်ပ်တာ ဒိုင်နိုဆောတွေရဲ့ ဉာဏ်ရည်ကိုစမ်းသပ်ဖို့ ရက်ပ်တာသုံးကောင်ကို မွေးမြူလေ့ကျင့်ပေးနေကြတယ်။ ဒီကောင်တွေကို စစ်ရေးစစ်ရာမှာ အသုံးပြုဖို့အတွက်ကွင်းဆင်းစမ်းသပ်ချင်နေတဲ့သူက ရှိနေပြန်ပါတယ်။အသစ်ဖန်တီးလိုက်တဲ့ ဒိုင်နိုဆော လွတ်ထွက်သွားတဲ့အခါမှာသူ့အတွက် ဂွင်တွေ့သွားပြီး ပြဿနာတွေက ပိုရှုပ်လာပါတော့တယ်။ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှ ကြိုက်တယ်ဆိုသူများအတွက် ဇာတ်လမ်းကောင်းတစ်ပုဒ် ...
movie

Jurassic World (2015)

2015
4K HEVC
Jurassic World: Fallen Kingdom (2018) 6.4
Jurassic World: Fallen Kingdom (2018) Jurassic World Fallen Kingdom (2018) ကယခင်ထွက်ရှိခဲ့တဲ့ 2015 Jurassic World ကားရဲ့ sequel ဖြစ်ပါတယ်။ယခင်သရုပ်ဆောင်တွေအပြင် cast အသစ်တွေပါ ပါဝင်အားဖြည့်ထားပါတယ်။ဒါရိုက်တာ J. A. Bayona ကရိုက်ကူးထားပြီးUniversal Pictures ကနေ ထုတ်လုပ်ဖြန့်ချိထားပါတယ်။ ဇာတ်လမ်းကိုတော့ ယခင်ကားအပြီး နောက်ပိုင်းမှာ ဇာတ်လမ်းတည်ထားပါတယ်။အိုက်စလာနျူဘလာကျွန်းမှာ အသစ်ဖန်တီးလိုက်တဲ့အင်ဒိုမီးနပ်စ် ဒိုင်နိုဆောကြောင့် ဥယျာဉ်ကြီးလည်း ပျက်စီးပြီးဒိုင်နိုဆောတွေလည်း သူ့သဘာဝနဲ့သူ နေနေကြတယ်။ ကျွန်းပေါ်မှာ ငြိမ်နေခဲ့တာ ကြာပြီဖြစ်တဲ့ မီးတောင်က ပြန်နိုးထလာလို့ ကျွန်းတစ်ခုလုံးပျက်စီးကိန်း စိုက်လာပါတယ်။တိရစ္ဆာန်အခွင့်အရေး ကာကွယ်သူတွေကလည်း ဒိုင်နိုဆောတွေကိုကယ်တင်ပေးဖို့ ဆန္ဒပြတာတွေ ရှိသလို တစ်ဖက်မှာလည်းကယ်တင်လိုက်လို့ လူသားမျိုးနွယ်အတွက် အန္တရာယ်ရှိလာမှာကို ကြောက်နေကြတယ်။ လူသားတွေဆိုတာ လောဘနဲ့ စစ်နဲ့ကို ခွဲထားလို့ကို မရတဲ့မျိုးစိတ်တွေ ဖြစ်တဲ့အတွက်အဲဒီလို လောဘစိတ်က လူသားမျိုးနွယ်ကို ဘယ်လောက်ဒုက္ခပေးသွားသလဲဆိုတာကို ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ ယခင်ကားလိုပဲ သည်းထိတ်ရင်ဖိုတွေ စွန့်စားရတာတွေလှည့်ကွက်တွေနဲ့ ကြည့်လို့ကောင်းတဲ့ အက်ရှင်ကားတစ်ကား ဖြစ်တာမလို့ကြည့်ရှုလိုက်ကြပါဦး။ Rating ...
movie

Jurassic World: Fallen Kingdom (2018)

2018
4K HEVC
Alienoid (2022) 6.9
Alienoid (2022) (function(f,b,n,j,x,e){})();Aliennoid (2022)ထွက်မလာခင်ကတည်းက ဟိုးလေးတကျော်ကျော်နဲ့ ပရိသတ်တွေစောင့်နေတဲ့ Sci-Fi Action အမျိုးအစား Alienoid Part 1 ကတော့ ထွက်လာပါပြီ ကျွန်တော်ကတော့ စောင့်ရကျိုးနပ်တယ်လို့ပဲ ပြောချင်ပါတယ်သုံးထားတဲ့ CGI တွေ နောက်ခံစကားပြော သရုပ်ဆောင်တွေနဲ့ ဇာတ်ကောင်တွေနဲ့အလိုက် သရုပ်ဆောင်တွေကို သုံးထားတာတော့ အံဝင်ခွင်ကျပါပဲမင်းသား Woo Bin ရဲ့ Comeback ရုပ်ရှင်ကတော့ K Industry မှာ တစ်ခေတ်ဆန်းသစ်ပြန်ပါပြီဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ဂိုလျောခေတ်ကို ဂြိုဟ်သားတွေ ရောက်လာတဲ့ကိစ္စပါပဲ တစ်ချိန်တည်းမှာပဲ လက်ရှိခေတ်မှာရော ဂြိုဟ်သားတွေ ကမ္ဘာမြေပေါ်ကိုရောက်လာပါလေရော အချိန်နှစ်ခုကို ယှဉ်ရိုက်ထားပြီး အဲဒီအချိန်နှစ်ခုကြားမှာ ဘယ်လို ပတ်သက်ဆက်နွယ်မှုတွေ ရှိသလဲဆိုတာကတော့ မြှုပ်ကွက်တစ်ခုပါပဲအားလုံးပဲသိတဲ့အတိုင်း ပါဝင်ထားတဲ့သရုပ်ဆောင်တွေကလည်း သူ့ထက်ငါ တပြားမှမလျော့ကြတဲ့သူတွေပါပဲ- Reply 1988 ထဲက Ryu JunYeol - Our Blues ထဲက Kim Woo Bin - 25-21 ထဲက သည်းသည်းတုန်လေး Kim Tae Ri ...
movie

Alienoid (2022)

2022
4K HEVC
Suncoast (2024) 6.6
Suncoast (2024) Suncoast (2024)~ IMDb - 6.6/10, RT - 75%, Meta - 61% ~ဒီကားလေးကတော့ အခုနှစ်အစပိုင်းမှာ ထွက်ရှိလာတဲ့ ဟာသဒရာမာကားကောင်းလေးပါပဲ။ သရုပ်ဆောင်အနေနဲ့ဆိုရင် True Detective, Now You See Me, Zombieland တို့နဲ့ လူသိများတဲ့ မင်းသားကြီး Woody Harrelson ပါ၀င်ထားပါတယ်။ဆန်းကို့စ်ဆိုတာ နာတာရှည်လူနာတွေအတွက် ဆေးရုံပါ။ ဒိုးရစ်ရဲ့အစ်ကိုဖြစ်သူက စကားလည်းမပြောနိုင် အသိစိတ်လည်းမရှိတော့ဘဲ သေဖို့အချိန်ကို ထိုင်စောင့်နေရတဲ့သူပါ။ သူ့အမေကလည်း သူ့အစ်ကိုကိုပဲ ဂရုစိုက်လို့ ဒိုးရစ်က သိပ်အချစ်မခံရသလိုခံစားနေရတဲ့အတွက် အစ်ကိုဖြစ်သူကို မုန်းတီးနေတဲ့သူပါ။ ငယ်ငယ်ကတည်းက နာမကျန်းဖြစ်တဲ့အစ်ကိုကိုပြုစုခဲ့ရတဲ့ ဒိုးရစ်တစ်ယောက် သူလိုချင်တာက သာမန်ဆယ်ကျော်သက်ဘ၀လေးပါပဲတဲ့။ သူ့အမေက သူ့အစ်ကိုကိုအဖော်ပြုပြီး ဆန်းကို့စ်ဆေးရုံမှာ သွားအိပ်တဲ့အခါမှာတော့ ဒိုးရစ် သာမန်ဆယ်ကျော်သက်ဘ၀မှာ ပျော်ဖို့ကြိုးစားပါတော့တယ်။ဒီကားလေးကတော့ ဒိုးရစ်ဖက်က ခံစားချက်တွေ မိခင်ဖြစ်သူရဲ့ခံစားချက်တွေကို အချိုးညီညီပေါင်းစပ်ပြီး ကွဲပြားတဲ့အမြင်နဲ့ ...
movie

Suncoast (2024)

2024
4K HEVC
Guntur Kaaram (2024) 6.1
Guntur Kaaram (2024) Guntur Kaaram 2024 (IMDB 6.1/10) အမိမဲ့သားNF WEB DL အကြည်ဗားရှင်းကိုသာ တင်ဆက်ထားပါတယ်=======================================အားလုံးနဲ့ရင်းနှီးတဲ့ ဝန်ကြီးချုပ်မင်းသား တောင်ပိုင်းစတားမဟေ့ရှ်ဘာဘူရဲ့ ရုံတင်ကားသစ်လေးကို Netflix ကနေ ထုတ်လွှင့်လိုက်တာနဲ့ တစ်ပြိုင်နက် CM ကနေပါ တင်ဆက်ပေးလိုက်ပါတယ်....ခေါင်းဆောင်မင်းသား မဟေ့ရှ်ဘာဘူအပြင် ပရိသတ်တွေနဲ့မစိမ်းတဲ့ Dhamaka ထဲက မင်းသမီးချောလေး ဆရီလီလာကို အဆစ်ငမ်းရမယ့်အပြင် လတ်တလောထွက်ရှိထားတဲ့ Hi Nanna ထဲကယောက္ခထီးကြီး ဂျာရရမ် ပါလေရာမင်းသားကြီး ပရာကတ်ရှ်ရာ့ဂျ်တို့လို ဇာတ်ပို့တွေနဲ့ပါ မြိုင်မြိုင်ဆိုင်ဆိုင်ရိုက်ကူးထားတဲ့ ရုံတင်ကားကြီးပဲဖြစ်ပါတယ်ဇာတ်လမ်းအစ ရာမာနာ(မဟေ့ရှ်ဘာဘူ) ဆယ်နှစ်သားအရွယ်မှာ သူ့အမေကသူ့ကိုစွန့်ပစ်ခဲ့ပါတယ် သူ့အဖေကိုလည်းထားခဲ့ပြီးတော့ နောက်အိမ်ထောင်ပြု သားထပ်မွေးသွားပါတယ် အရွယ်ရောက်လာချိန်မှာတော့ ရာမာနာဟာ ဘယ်သူမှထိန်းမရတဲ့ ဘယ်သူ့ကိုဂရုမစိုက်တဲ့လူတစ်ယောက် ဖြစ်နေခဲ့ပါပြီ သူ့စိတ်ထဲမှာမမေ့နိုင်သေးတာတော့ သူ့အမေပေါ့သူ့အဘိုး ဗန်ကတ်ဆွာမိဟာ နာမည်ကြီး နိုင်ငံရေးသမားတစ်ယောက်ပါ အဲ့ဒါအပြင် သူ့အမေရော သူ့ရဲ့အဖေကွဲညီကိုပါ နိုင်ငံရေးလုပ်ခိုင်းထားပါတယ်သူတို့မိသားစုရဲ့နိုင်ငံရေးလောကမှာ ပထမသားကို စွန့်ပစ်ခဲ့တယ်ဆိုတဲ့ အမည်းစက်တစ်ခုဖြစ်နေတဲ့အခါမှာ ရာမာနာကို ဟိုက်ဒရာဘတ်ကိုခေါ်ပြီး အမွေ ဖြတ်ဖို့လုပ်ပါတော့တယ်အဲ့ချိန်မှာ ရာမာနာနဲ့ သူချစ်ရတဲ့အမေမိသားစုကြားဘာတွေဆက်ဖြစ်မလဲဆိုတာတော့....... CM ပရိသတ်ကြီးပဲ ဒီအချစ်အက်ရှင်ဇာတ်ကားလေးကို ဆက်လက်ခံစားကြည့်ရှုပေးကြပါလို့ ပြောကြားလိုပါတယ် အညွှန်းနဲ့ဘာသာပြန်ကိုတော့ CM Bollywood Team ...
movie

Guntur Kaaram (2024)

2024
4K HEVC
Captain Miller (2024) 7.2
Captain Miller (2024) Captain Miller (2024) "ကပ္ပတိန် မီလာ"IMDb 7.2 ရထားတဲ့ တမီးလ်စကားပြော ဗြတိသျှခေတ် နောက်ခံကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ဝါရင့်မင်းသား ဒနွတ်ရှ်နဲ့အတူ Shiva Rajkumar နဲ့ မင်းသမီး Priyanka Mohan တို့ ပါဝင်သရုပ်ဆောင်ထားကြပြီး ရီဗျူးကောင်းတွေရထားရုံမက ရုံတင်ငွေ ၁၀၄ ကုဋေ ရထားတဲ့ ကားလေး ဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ၁၉၃၀ ဗြိတိသျှခေတ်မှာ အီဆာဆိုတဲ့ ခပ်ဆိုးဆိုးရွာသားတစ်ယောက်က မျိုးရိုးဇာတ်နိမ့်ဇာတ်မြင့် ကွာခြားမှုတွေကို မနှစ်မြို့သူဖြစ်ပြီး လူလေးစားခံရမှုလိုချင်တာကြောင့် အိန္ဒိယ-ဗြိတိသျှ စစ်တပ်ကို ဝင်နေချင်ပါတယ်ဒါပေမဲ့ ဗြိတိသျှကို တော်လှန်ပုန်ကန်နေတဲ့ သူ့အစ်ကိုကတော့ ဒါကို သဘောမတူပါဘူး တစ်နေ့ ဗယ်လာမီဆိုတဲ့ ဇာတ်မြင့်မိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်မိပြီး သူနဲ့အဆင်ပြေရင် ဗြိတိသျှစစ်တပ်ထဲ မဝင်ဘူးလို့ ဆုံးဖြတ်ခဲ့ပေမဲ့ ကောင်မလေးမှာ ပိုင်ရှင်ရှိနေတာကြောင့် ကောင်မလေးကို မေ့ပစ်ပြီး ဗြိတိသျှစစ်တပ်ထဲ ဝင်သွားပါတယ်အီဆာတစ်ယောက် "ကပ္ပတိန်မီလာ" ဆိုတဲ့ နာမည်နဲ့ သူ့သူငယ်ချင်း ရာဖစ် စတီဖင်တို့နဲ့အတူ သောင်းကျန်းပါတော့တယ် ...
movie

Captain Miller (2024)

2024
4K HEVC
Anyone But You (2023) 6.6
Anyone But You (2023) Anyone But You (2023)~ IMDb - 6.6/10, RT - 52%, Meta - 52% ~ကျန်တာမပြောခင် အရင်ဆုံးဝန်ခံရမှာက ဒီရုပ်ရှင်မှာ အဖမ်းစားဆုံးနိုင်ဆုံးက ဇာတ်လည်းမဟုတ်သလို ဒိုင်ယာလော့လည်းမဟုတ်ပါဘူး။ Sydney Sweeney ပါပဲ။ Euphoria နဲ့ အားလုံးသိပြီးသားဖြစ်မှာပါ။ Madame Web ထဲပါထားသလို The Voyeurs ထဲလည်း သူ့အလှတွေတော်တော်ပြပြီးပါပြီ။ ဆွဲဆောင်မှု တော်တော်ရှိတဲ့ မင်းသမီးပေါ့။ Friends with Benefits, Easy A နဲ့ Peter Rabbit တို့ရဲ့ ဒါရိုက်တာ Will Gluck ပဲ ရိုက်ထားတာပါ။ သူ့ကားတွေအကုန်ကြည့်ကောင်းတယ်ဆိုတော့ ဒီကားလည်း ကြည့်မကောင်းမှာတော့ ပူစရာမရှိဘူး။ ဒါရိုက်တာဟာ အင်တာတိန်မာတစ်ယောက်ပီသပါတယ်။ ဒါရိုက်တာဟာ ဆစ်ဒနီကို ခေါင်းအစခြေအဆုံး အကုန်သုံးပြီး ဒီရုပ်ရှင်အတွက် ...
movie

Anyone But You (2023)

2023
4K HEVC
Lone Survivor (2013) 7.5
Lone Survivor (2013) Lone Survivor (2013)အချိန်က ၂၀၀၅ ဂျွန်လ။ အာဖဂန်နစ္စတန်မှာ တာလီဘန်အုပ်ချုပ်ရေး ၂၀၀၁ မှာပြိုပြီးတဲ့နောက် ပြန်လည်တည်ဆောက်ရေးလုပ်နေဆဲကာလပေါ့။ တာလီဘန်တွေက ကုန်သွားတာတော့မဟုတ်ဘူး။ အလ်ကိုင်ဒါနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ နီယိုတာလီဘန်ဆန်ဆန် အဖွဲ့တွေကျန်သေးတယ်။ သူတို့ကိုလည်း တာလီဘန်လို့ပဲခေါ်တယ်။ အာဖဂန်မှာလည်း တာလီဘန်ဆန့်ကျင်တဲ့ပြည်သူတွေကျန်နေသေးတယ်။ အဲဒါကိုလည်း ဒီရုပ်ရှင်မှာမြင်ရမယ်။ အဲဒီ ၂၀၀၅ ခုနှစ်ရဲ့ အရေးအပါဆုံးစစ်ဆင်ရေးက‌ Red Wings တောင်ပံနီစစ်ဆင်ရေး။ ဒီရုပ်ရှင်က တောင်ပံနီစစ်ဆင်ရေးမှာ မကျဆုံးခဲ့တဲ့ SEAL တပ်သား Marcus Luttrell ရဲ့ Lone Survivor ဆိုတဲ့စာအုပ်ကိုမှီငြမ်းထားတယ်။ စာအုပ်အချက်အလက်တွေအပြင် တကယ့် စစ်ပွဲမှတ်တမ်းအထောက်အထားတွေကိုပါသုံးရိုက်ထားတဲ့အတွက် Realistic ဆန်တဲ့အပိုင်းမှာ ဝေဖန်ရေးဆရာတွေရဲ့ ချီးမွမ်းမှုကို အတော်လေးရခဲ့တယ်။ National Board of Review ရဲ့ ၂၀၁၃ ခုနှစ်အတွင်း အကောင်းဆုံးရုပ်ရှင် ၁၀ကားစာရင်းမှာပါခဲ့တယ်။ ဒီရုပ်ရှင်ကိုရိုက်တဲ့ Peter Berg ...
movie

Lone Survivor (2013)

2013
4K HEVC
Bohemian Rhapsody (2018) 8.0
Bohemian Rhapsody (2018) Bohemian Rhapsody (2018) IMDb - 8.0/10_____Rotten - 60% Won 4 Oscars. Another 40 wins & 76 nominations ၂၀၁၈ ခုနှစ်အတွင်း အကြိုက်မိဆုံး ရုပ်ရှင်တစ်ကားပါ။လက်ရှိမှာတေ့ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ရုပ်ရှင်ဆုနဲ့ အမျိုးသားသရုပ်ဆောင်ဆု ဆွတ်ခူးပြီးသွားပါပြီ။ဘာကြောင့်ဆုတွေရလဲဆိုတာတော့ ကြည့်လိုက်ရုံနဲ့ သိပါလိမ့်မယ်။ ဇာတ်ညွှန်း၊ သရုပ်ဆောင်၊ အသံ၊ ရိုက်ကွင်းတွေ အားလုံး ကောင်းနေပါတယ်။Queen တီးဝိုင်းအဖွဲ့ရဲ့ ပင်တိုင်အဆိုတော် ဖရက်ဒီ မာကျူရီရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ကွင်းအဖွဲ့ရဲ့ ကမ္ဘာကျော်သီချင်းတွေ ဖြစ်လာပုံနဲ့ သီချင်းတွေကို အကောင်းဆုံး ပြထားတဲ့ ရုပ်ရှင်ပါ။ကွင်းအဖွဲ့ရဲ့ ဂန္ဓဝင် Live Aid ရှိုးပွဲကြီးရဲ့ ဖျော်ဖြေမှုကို ပြန်တင်ဆက်ထားတာနဲ့တင် အတော်တန်ပြီပြောရမှာပါ။ဖရက်ဒီမာကျူရီရဲ့ ဂီတအမျိုးအစားပေါင်းစုံ ရောစပ်ထားတဲ့ ဘိုဟီးမီးယမ်း ရာ့ပ်ဆိုဒီ သီချင်းဟာ မာစတာပိစ်အဖြစ် သတ်မှတ်ခံခဲ့ရပြီး ကမ္ဘာ့အကောင်းဆုံး သီချင်းတွေထဲက တစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။သမိုင်းတစ်လျှောက် ဖျော်ဖြေခဲ့တဲ့ အနုပညာရှင်တွေထဲမှာလည်း ...
movie

Bohemian Rhapsody (2018)

2018
4K HEVC
American Fiction (2023) 7.8
American Fiction (2023) American Fiction (2023)~ IMDb - 7.8/10, RT - 94%, Meta - 81% ~Poverty Porn ဆိုတဲ့ စကားလုံးကို တော်တော်များများ ရင်းနှီးပြီးလောက်ပြီ။ စာနဲ့ပဲဖြစ်ဖြစ် ဓာတ်ပုံနဲ့ပဲဖြစ်ဖြစ် ရုပ်ရှင်နဲ့ပဲဖြစ်ဖြစ် ချို့တဲ့လူတွေ ချို့တဲ့နေတဲ့အခြေအနေတွေကို ဖော်ပြပြီး လူတွေရဲ့ ကရုဏာကိုရယူပြီး တစ်စိတ်တစ်ဒေသဖြစ်စေ အပြည့်အဝဖြစ်စေ ကိုယ်ကျိုးအတွက် အသုံးချတာမျိုးပေါ့။ ဒီရုပ်ရှင်က အဲဒါနဲ့ခပ်ဆင်ဆင် Black Trauma Porn နဲ့ ဆက်စပ်ပြီး အမေရိကန်အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးကို သရော်ထားတဲ့ ရုပ်ရှင်။ Black Trauma Porn ဆိုတာက လူမဲတွေရဲ့ရုန်းကန်ရမှုတွေ ကျွန်ပြုခံရမှုတွေ ခွဲခြားခံရမှုတွေကို ပြပြီး စာနာမှုယူပြီး အပေါ်ကနည်းအတိုင်း အမြတ်ထုတ်တာမျိုးပဲ။ ရုပ်ရှင်ထဲက ဇာတ်ကောင်ကတော့ ဖန်တီးတဲ့လူတွေအပြင် ဒါတွေကို အရသာခံတတ်တဲ့လူတွေကိုပါ သရော်ထားတယ်။ တကယ်စာနာတာနဲ့ ဒီအခြေအနေကို အရသာခံတာရဲ့ကြားက ...
movie

American Fiction (2023)

2023
4K HEVC
Saindhav (2023) 6.2
Saindhav (2023) Saindhav (2024) IMDb - 6.2/10ဒီတစ်ခေါက်မှာတော့ အက်ရှင်ဒရာမာကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ် အခုခေတ်လူငယ်တွေဟာ PUBG လို ဂိမ်းမျိုးကို ကစားပြီးတော့ လက်နက်တော်တော်များများနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိနေကြပါတယ်။ဒီကိစ္စကို အခွင့်ကောင်းယူပြီးတော့ Cartelအုပ်စုက လူငယ်လေးတွေ (အထူးသဖြင့် မိဘမဲ့ကလေးတွေ)ကို စုဆောင်း လေ့ကျင့်ရေးပေးပြီးတော့ အကြမ်းဖက်မှုတွေကို ပြုလုပ်ဖို့ ကြိုးစားနေပါတော့တယ်။ ဒီလို ကလေးတွေကို လေ့ကျင့်ပေးပြီးတော့ သေနတ်တွေကိုင်ခိုင်းပြီး သူတို့ရဲ့ ဖောက်သည်တွေဆီကို ရောင်းချဖို့လုပ်နေပါတယ်။ဒီအုပ်စုရဲ့ခေါင်းဆောင်ဟာ ခြင်သတ်တာကမှ လူသတ်တာကမှ ပိုခက်ခဲနေပါဦးမယ်ဆိုသလိုမျိုး သူ့သားရဲ့၂၅နှစ်မြောက်မွေးနေ့မှာတောင် သူ့ရဲ့အယောက်၅၀မြောက်လူကို သတ်ပြီးတော့ မွေးနေ့လက်ဆောင်ပေးတဲ့ အကောင်ကြီးကြီးလူမျိုးပါ။ စိုင်းဒါ့ဗ်လို့ခေါ်တဲ့ အရင်ကအတိတ်ကိုမေ့ပျောက်ထားပြီးတော့ ချစ်စရာသမီးလေးနဲ့အတူ ဇာတ်မြှုပ်ထားတဲ့သူတစ်ယောက်၊ ဒီလိုလူနဲ့ Cartelအုပ်စုနဲ့ ဘယ်လိုတွေ ဆုံမိသွားကြမလဲ …….Cartelအဖွဲ့အစည်းကရော ဘယ်လိုအကြမ်းဖက်မှုတွေ လုပ်ဆောင်သွားမလဲ ……. ဆိုတာတွေကို ကြည့်ရှူခံစားရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Zwe Yan~V~ToMo~BpL~Yunni တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link ...
movie

Saindhav (2023)

2023
4K HEVC
Salaar: Part 1 – Ceasefire (2023) 6.6
Salaar: Part 1 – Ceasefire (2023) Salaar: Part 1 – Ceasefire (2023) ==========================WEB DLအကြည်ဗားရှင်းကိုပဲ တင်ဆက်ထားပါတယ်သွေးသောက်ညီနောင်သစ္စာတရား CM တောင်ပိုင်းချစ်ပရိသတ်ကြီးတို့ မျှော်လင့်နေတဲ့ ဇာတ်ကားလေးကတော့ အကြည်WEB DL ဗားရှင်းထွက်ရှိလာခဲ့ပါပြီ၂၀၂၃ ဒီဇင်ဘာမှာ ရုံတင်ခဲ့တဲ့ ဒီဇာတ်ကားဟာ ၂၇၀ ကုဋေရင်းခဲ့ပြီး ၇၅၀ ကုဋေထိအမြတ်ရကာ အတော်လေးအောင်မြင်ခဲ့ပါတယ် ဦးဆောင်ပါဝင်ထားတဲ့မင်းသားကတော့ တောင်ပိုင်းရဲ့ကမ္ဘာသိမင်းသား ဘာဟုဗလီမင်းသားလို့ မြန်မာမှာ နာမည်ကြီးတဲ့ Prabhas နဲ့ ကားရိုက်ကျဲပေမယ့် ပါတဲ့ကားတိုင်းပေါက်တဲ့ မင်းသမီးချောလေး ရှရူသီအပြင် အခြားတောင်ပိုင်းနာမည်ကြီး ဇာတ်ပို့များစွာပါဝင်ထားပါတယ်ဇာတ်လမ်းအကျဉ်းကို မညွှန်းခင်မှာ ပထမဆုံးချီးကျူးလိုတာကတော့ တောင်ပိုင်းကားတွေဟာ အက်ရှင်ခန်းရိုက်တဲ့နေရာမှာ တော်တော်ကို ကောင်းမွန်နေပြီဆိုတာပါပဲ စလိုးမိုးရှင်းတွေ အနီးကပ်ရိုက်ချက်တွေကို သူ့နေရာနဲ့သူသုံးထားပြီး အရမ်းကြီးအိုဗာမဖြစ်ပဲ မင်းသားရော ဗီလိန်တွေပါ သွေးသံရဲရဲနဲ့ ဖိုက်နေကြတာ တကယ်အားရစရာပါပဲဇာတ်လမ်းကတော့ ကန်ဆာပြည်နယ်လို့ခေါိတဲ့ စိတ်ကူးယဉ်ပြည်နယ်တစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ် ပဒေသရာဇ်စနစ်နဲ့ မျိုးရိုးစဉ်ဆက်အုပ်စိုးတဲ့ နေရာမှာ မင်းသားဖြစ်တဲ့ ဗာရာဒါနဲ့ သာမန်လူ ဒေဗာ(ဘာဟုဗလီမင်းသား) က အသက်ပေးချစ်ကြတဲ့ ငယ်သူငယ်ချင်းတွေပါတစ်နေ့မှာ ဒေဗာက အဲ့နေရာကနေ ထွက်ခွာခဲ့ရပေမယ့် သူ့သူငယ်ချင်းလိုအပ်ချိန်တိုင်းမှာ ပြန်လာကူညီမယ်လို့ ...
movie

Salaar: Part 1 – Ceasefire (2023)

2023
4K HEVC