Psycho Goreman (2020)


Synopsis:
Psycho Goreman (2020)
===================
IMDb Rating – 6.2/10
မနေ့ကမှ ပူပူနွေးနွေး ထွက်ရှိလာတဲ့ Sci-Fi, Horror ဇာတ်ကားလေးပါ။
သတ်တာဖြတ်တာတွေကတော့ ကြမ်းပါတယ်။ ဇာတ်လမ်းကလည်း ထူးဆန်းပါတယ်။ စကြဝဠာကို
ဖျက်စီးမယ့် အမည်မဲ့မကောင်းဆိုးရွားကို ကမ္ဘာပေါ်က တစ်နေရာမှာ ပိတ်ထားတာကို မောင်နှမနှစ်
ယောက်က မတော်တဆ သွားလွှတ်ပေးမိပြီး သူ့ကို ထိန်းချုပ်နိုင်တဲ့ကျောက်တုံးကိုရသွားပါတယ်။
ကလေးမလေးက ခပ်ဆိုးဆိုးကိုမှ စကြဝဠာတစ်ခုလုံးကို ဖျက်စီးနိုင်တဲ့ စွမ်းအားရှိတဲ့သူကို ထိန်းချုပ်နိုင်တဲ့
အစွမ်းရနေတော့ ဘာတွေဖြစ်ကုန်မလဲ စဉ်းစားသာကြည့်ပါတော့။ သူက အဲဒီမကောင်းဆိုးရွားကို Psycho
Goreman(အတိုကောက် PG) လို့နာမည်ပေးထားပြီး သူစိတ်တိုင်းကျလျှောက်လုပ်နေပါတော့တယ်။ အမှောင်
ရှိရင် အလင်းရှိသလို သူ့ကိုတားဆီးမယ့် Pandora လည်းရှိနေပါတယ်။ သူတို့တွေရဲ့တိုက်ပွဲက ဘယ်လိုဖြစ်မလဲ
ဆိုတာ ကြည့်လိုက်ကြပါဦး။ ဇာတ်သိမ်းရော Theme ကပါ ပုံမှန်မဟုတ်တဲ့ကားတစ်ကားလို့ပြောလို့ရပါတယ်။
အဲဒါနဲ့ ဒီကားကို Comedy အမျိုးအစားထဲမှာပါတယ်လို့လည်း သတ်မှတ်ထားတာကိုတွေ့ရပါတယ်။
(ဒီဇာတ်လမ်းရဲ့ အညွှန်းကို d3mon မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Jack, d3mon တို့ပဲဖြစ်ပါတယ်။)
Quality – 1080p, 720p WebRip
Duration – 1h 35min
Subtitle – Myanmar Hardsub
Format – Mp4
Genre : Horror, Sci-Fi, Comdey
Source : 1080p.WebRip
Translator – Jack, d3mon
Encoder – SWM
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။