Proud of Love ( 2021 )


Synopsis:
တူညီတဲ့အဖြစ်အပျက်တွေပဲထပ်ကာတလဲလဲဖြစ်ပျက်နေမယ့်
တစ်ရက်တာမှာပဲပိတ်မိနေမယ်ဆိုရင် ဘယ်လိုလုပ်မလဲ?
ရှန်ရှီးဆိုတဲ့ကောင်မလေးက အလုပ်မှာလူသစ်ဖြစ်ပြီး၊
အလုပ်စစဝင်ချင်းနေ့မှာတင် သူဌေးနဲ့ကတောက်ကဆဖြစ်ခဲ့ပါတယ် ။
ဟယ်ကျိကျိုးကတော့ငယ်ရွယ်ပြီးထက်မြက်တဲ့
ကုမ္ပဏီပိုင်ရှင်သူဌေး ၊ ရန်ရှီးရဲ့အလုပ်ရှင်သူဌေးပေါ့။
အဲ့နောက်ပိုင်း ရှန်ရှီး နဲ့ဟယ်ကျိကျိုးဟာ ကြောင်နဲ့ကြွက်လိုအမြဲဖြစ်နေပါတော့တယ်။
သူဌေးက ဆူဆဲလိုက် ၊ ရန်ရှီးက သူဌေးကိုကျိန်ဆဲလိုက်ပေါ့။
ဒီလိုနဲ့တစ်နေ့မှာ အကြောင်းတစ်ခုကြောင့် ရန်ရှီးတစ်ယောက်
တစ်ရက်တာ time loop ထဲမှာပိတ်မိသွားပါတော့တယ်။
ဒီတစ်ရက်တာမှာ ဒီအဖြစ်အပျက်တွေပဲ ပြန်ပြန်ဖြစ်နေတာဆိုတော့
ဘယ်လောက်တောင်စိတ်ညစ်စရာကောင်းလိုက်လေမလဲ။
သူမဟာ time loop ထဲကထွက်နိုင်ဖို့အမျိုးစုံစဥ်းစားတွေးတောကြံစည်ရတာပေါ့။
သူမ ပိတ်မိနေတဲ့ time loop ဟာ သူမရဲ့
သူဌေးဖြစ်သူနဲ့သက်ဆိုင်နေမှန်းသိလိုက်ရတဲ့အခါမှာတော့…
ပိတ်မိနေတဲ့အချိန်စက်ဝန်းထဲကထွက်ဖို့ကြိုးစားရင်းနဲ့ ၊
မတည့်အတူနေ နှစ်ယောက်သားကြားမှာ
ချစ်ခြင်းမေတ္တာတွေပေါက်ဖွားလာလေမလား။
Time loop ထဲကရောထွက်နိုင်ပါ့မလား။
ဇာတ်အိမ်ဆန်းဆန်းနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့်
Romance Comedy အမျိုးအစားဇာတ်လမ်းလေးပဲဖြစ်ပါတယ်။
Quality : WEB-DL 1080p , 480p
Format : mp4
Genres : Comedy , Romance
Runtime : 1h 12min
Subtitle : Myanmar Subtitle ( Hardsub )
Translated by Yin Wai Phyo , Minnie , Shwe Zin Oo
Encoded by LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။