Prisoners (2013)
Every moment matters.

Synopsis:
Prisoners (2013)
IMDb…. 8.1
Rotten Tomatoes.. 82%
Cast….. Hugh Jackman, Jake Gyllanhaal
” ကျွန်တော်တို့တတွေရဲ့ ဘဝ အဓိပ္ပါယ်
ကျွန်တော်တို့ တန်ဖိုးထားမြတ်နိုးရတဲ့
လူတွေကို ဆုံးရှုံးရတဲ့အခါ
ကျွန်တော်တို့တကယ်ပဲ
မကောင်းဆိုးဝါး တစ်ပိုင်းဖြစ်သွားကြသလား”
ဒီကားရဲ့ Main cast တွေကတော့
Hugh Jackman နဲ့ Jake Gyllanhaalပါ။
သူတို့ ပါနေတာနဲ့တင် ဘာမှဆက် ညွှန်းဖို့
မလိုလောက်အောင်ပါပဲ။
အဖေဇာတ်ရုပ်တွေနဲ့ အတော်စားတဲ့ Hug Jackmanဟာ Logan တို့
Greatest Showman တို့
တို့မှာ အတော်လေး စျာန်ဝင်ခဲ့သလို
ဒီကားထဲမှာလည်း သမီးပျောက်လို့ ပူပန်နေရတဲ့
အဖေတစ်ယောက်အနေနဲ့
လုံးဝ Perfect ဖြစ်ခဲ့ပါတယ်။
Jake Gyllanhaal ရဲ့ ဟန်ကလည်း
အတော်လေး သဘောကျစရာကောင်းတာကို
တွေ့ရမှာပါ။
မြို့ကလေးတစ်မြို့မှာ ဖြစ်လာမဲ့
အရာရာတိုင်းအတွက် အသင့်ပြင်ထားရမယ်ဆိုတဲ့
အတွေးအခေါ်နဲ့ Keller(Hugh)ဆိုတဲ့
လူလတ်တန်းစားတစ်ယောက် ရှိပါတယ်။
ကျေးဇူးတော်နေ့မှာ တစ်ဖက်လမ်းက
အိမ်ကို စားသောက်ပွဲတစ်ခုသွားရင်း
အိမ်ရှင်ရဲ့ သမီးလေးနဲ့ Kellerအိမ်ကို
ပြန်သွားရင်း Keller ရဲ့ သမီးလေး
ပျောက်ဆုံးသွားပါတယ်။
လိုက်သမျှ အမှု မအောင်မြင်တာ မရှိသေးတဲ့
စုံထောက်Loki (Jake) ဟာ ဒီအမှုကို
ကိုင်တွယ်ဖို့ ဖြစ်လာခဲ့တယ်။
သမီးအတွက် ကမူးရှုးထိုးဖြစ်နေတဲ့
Kellerရဲ့ အဖေတစ်ယောက်ရဲ့ ဘာမဆို
လုပ်ရဲတဲ့သတ္တိနဲ့ သမီးကို ရှာဖွေမှုတွေ
ရဲကောင်း တစ်ယောက်ဖြစ်တဲ့
Jake ရဲ့ သမာသမတ်ကျကျ ရှာဖွေမှုတွေနဲ့
ရှုပ်ထွေးလွန်းတဲ့အမှုက တစ်ကားလုံး
အဆုံးထိ ဆွဲဆောင်သွားပါလိမ့််မယ်။
ဒီဇာတ်ကားမှာ စုံထောက် Loki ကယ်ခဲ့တဲ့
လူ၂ယောက်ကို ကယ်တဲ့ အခန်းလုံးဝ
မပြသွားခဲ့ပါဘူး… ဒီနည်းနဲ့ပဲ အဆုံးသတ်မှာ တစ်စုံတစ်ရာကို
သဘောပေါက်စေခဲ့တဲ့ ဒါရိုက်တာရဲ့ Idea ကို မချီးကျူးလို့ မရပါဘူး။
Genreက Crime,Drama,Mysteryပေမဲ့
Hugh ရဲ့ သမီးဇောကပ် သရုပ်ဆောင်မှုတွေမှာ
Thriller ဆန်ဆန်ရသကိုလည်း ခံစားရမှာပါ။
Actor ကောင်းကောင်း
Acting ကောင်းကောင်း..
Plot twist ကောင်းကောင်း.
ဇာတ်အိမ််ခိုင်လွန်းပြီး
အဆုံးသတ်ထိ တစ်စက်လေးမှ
မှန်းဆဖို့ မလွယ်တဲ့ ကားကောင်းတစ်ကား
ရှာနေတယ်ဆိုရင်တော့ “Prisoners”ဟာ
ကားရွေးမမှားမဲ့ ဇာတ်ကားပါပဲ။
(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။)
File size…(1.2 GB)
Quality…Blu-Ray Rip 720p
Format…mp4
Duration….02:33:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
Translated by WiRa Aung
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။