Pretty Woman (1990) Review | ပြည့်တန်ဆာနဲ့ ဘီလီယံနာကြားက ရိုမီယို ဂျူးလိယက်ဇာတ်လမ်း
ပိုက်ဆံသာရှိရင် လူတွေရဲ့အတွေးအမြင်တွေကို လှည့်စားပစ်နိုင်တယ် – ပြည့်တန်ဆာတစ်ယောက်တောင် ပိုက်ဆံရှိရင် လူတိုင်းကို ဘာမှမပြောနိုင်အောင် လုပ်လို့ရတယ်။
ကျွန်တော် ဒီရုပ်ရှင်ကို Facebook page တစ်ခုက အပိုင်းအတိုလေးတစ်ခု ကြည့်မိရင်း စိတ်ဝင်စားသွားပြီး အစအဆုံးရှာကြည့်ဖြစ်ခဲ့တယ်။
ပထမဆုံးပြောချင်တာကတော့ ကြည့်ရတာတော်တော်လေးတန်တယ်။
ကိုယ်တွေးရင် တွေးသလောက် အဓိပ္ပါယ်ရှိတဲ့ရုပ်ရှင်တစ်ခုပါ။
ဇာတ်လမ်းအမြည်းပြောရရင်
ဥစ္စာပေါရုပ်ချော ဘီလီယံနာတစ်ယောက်က Edward က ပြည့်တန်ဆာမလေး Vivian နဲ့ ခင်သွားပြီး၊
ဒေါ်လာ ၃၀၀၀ နဲ့ တစ်ပတ်တိတိသူနဲ့ အချိန်ဖြုန်းပေးဖို့ကမ်းလှမ်းတယ်။
Edward က professional ဆန်တဲ့သူတစ်ယောက်ဖြစ်ပြီး Vivian ကို သေချာလေးဂရုစိုက်တယ်။
ကြာလာတော့ သူတို့နှစ်ယောက်ကြားက မေတ္တာဓာတ်က အချစ်အသွင်သို့ ပြောင်းလဲလာခဲ့ပါတယ်။
ဇာတ်လမ်းထဲမှာ သဘောကျဖို့ကောင်းတာက လူတွေရဲ့ ဆက်ဆံပုံတွေပါ။
Vivian ပြည့်တန်ဆာလိုဝတ်စားပြီး shopping ထွက်တဲ့အခါ ဘယ်သူမှသူ့ကို ဝယ်နိုင်တယ်လို့မထင်ကြဘူး။
နောက်ရက် Edward က သူကိုယ်တိုင်လိုက်ဝယ်ပေးပြီး သူပြောခဲ့တဲ့စကားတစ်ခုက
“ဆိုင်တွေက customers တွေကို ဘယ်တော့မှ ကောင်းကောင်းမဆက်ဆံဘူး၊ သူတို့ ကောင်းကောင်းဆက်ဆံတာ credit card ပဲရှိတယ်။”
ကျွန်တော်ကတော့ ကြည့်ရတာ သဘောကျမိတယ်။
90s vibe ကိုလည်း ကောင်းကောင်းကြီးခံစားရသလို၊ old money အသိုင်းအဝိုင်းကိုလည်း သေချာမြင်ခဲ့ရတယ်။
Romance/Comedy genre ထဲက တကယ်ကိုကြည့်သင့်တဲ့ ရုပ်ရှင်တစ်ခုပါ။
AnemoiVerse Rating: 4/5
Author: Anemoi
(ရုပ်ရှင်အညွှန်းကို AnemoiVerse FB Page မှ ကူးယူဖော်ပြပါသည်။)
မင်းသမီး Julia Roberts နဲ့ မင်းသားကြီး Richard Gere တို့ရဲ့ နာမည်ကျော် ရိုမန့်ဒရမ်မာရုပ်ရှင်ကားလေးဖြစ်ပြီး IMDb Rating (7.1) ထိ ရရှိထားပါတယ်။
File size…(13 GB)/(3.1 GB ) / (1.2 GB)
Quality….BluRay 4K HEVC/ 1080p HEVC/ 720p
Format…mkv/mp4
Duration….01:59:37
Subtitle….Myanmar Subtitle (Hardsub)
Encoder….Ka Naung
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။