မတူညီတဲ့ နိုင်ငံက မတူညီတဲ့ စရိုက်နဲ့ လူ ၇ ယောက် ။
လေယာဉ်ပေါ်ကနေ လေထီးနဲ့ အကန်ချခံလိုက်ရတယ် ။ သူတို့ ကျသွားတဲ့နေရာက အင်မတန်နက်ရှိုင်းတဲ့ တောကြီးမျက်မဲပေါ့ ။
တကယ်တော့ အဲဒိတောနက်ကြီးက
တစ်ခြားဂြိုလ်ကမ္ဘာက ဂြိုလ်သားတွေရဲ့ အမဲလိုက် ကစားကွင်းကြီးပဲ ဖြစ်နေတယ် ။ ဂြိုလ်သားတွေဟာ သူတို့ရဲ့ သူရဲကောင်းဘွဲ့အတွက် ဒီဂြိုလ်မှာ လူနဲ့ တစ်ခြားဂြိုလ်က ဂြိုလ်သားတွေ ဖမ်းပြီး အမဲလိုက်လေ့ရှိတယ် ။
အဲဒိဂြိုလ်သားတွေက လူရဲ့ နှလုံးကို အာရုံခံပြီး ဖမ်းလေ့ရှိတယ် ။
အရင်တုန်းက အဲဒီလို ဂြိုလ်သားလက်ကနေ လူတစ်ဦး လွတ်လာဖူးတယ် ။ သူက သူ့ကိုယ်ခန္ဓာကို ရွံ့ဗွက်တွေနဲ့ သုတ်လိမ်းပြီး သူ့ နှလုံးခုန်တာကို မမြင်အောင် ကာကွယ်ခဲ့တယ် ။ (Predator 1987 ဇာတ်ကားထဲမှာ)
ပထမကားတုန်းကတော့ ဂြိုလ်သားက တစ်ယောက်ထဲပဲ ။
ဒီဇာတ်ကားမှာတော့ အမဲလိုက်မယ့် ဂြိုလ်သားတွေ များလာတယ် ။ ဂြိုလ်သားတွေနဲ့ လူသားတွေကြားက မုဆိုးနဲ့သားကောင် ၊ ဘယ်သူက မုဆိုးဖြစ်ပြီး ဘယ်သူတွေက သားကောင်တွေဖြစ်မလဲ ဆိုတာတော့ ကြမ်းကြမ်းတမ်းတမ်း ထောင်ချောက်တွေကြားမှာ အသည်းတယားယားကြည့်ရှုရမှာပါ။
Predator ဇာတ်ကားအကုန်လုံးကို ဒီမှာ https://channelmyanmar.to/category/special-package/predator/ ကြည့်ပါ။
File size…(1.5 GB)/(850 MB)
Quality…BluRay 1080p HEVC/720p
Format…mkv/mp4
Duration….01:46:53
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။