ဒီတစ်ခါမှာတော့ ကြည့်ရှုသူချစ်ပရိတ်သတ်ကြီးကို
၂၀၁၆ကထွက်ရှိခဲ့တဲ့ Precious Cargo ဆိုတဲ့
ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်
ပေးချင်ပါတယ် ဒီဇာတ်ကားကို ဒါရိုက်တာ Max Adams
ကရိုက်ကူးပုံဖော်ထားပြီး နာမည်ကြီးမင်းသားတွေဖြစ်တဲ့
Bruce Willis ,Mark-Paul Gosselaar နဲ့ မင်းသမီး
Claire Forlani ,Logan တို့က ပါဝင်သရုပ်ဆောင်
ထားပါတယ်
ဇာတ်လမ်းအစမှာ ဂျက်ခ်အဖြစ်သရုပ်ဆောင်ထားတဲ့
မင်းသား Mark-Paul Gosselaar တို့အဖွဲ့ လက်နက်အလှယ်
အလဲလုပ်ရာကနေ အပြန်အလှန်ပစ်ခတ်ကြပုံနဲ့ စတင်
ထားပါတယ် အဲ့နောက် ရုတ်တရက် ဂျက်ခ်ရဲ့ရည်းစားဟောင်း
ဖြစ်တဲ့ ကာရန်ဆိုတဲ့ အမျိုးသမီးတစ်ယောက်က အက်ဒီလို
ခေါ်တဲ့ တကယ့် လူဆိုးဂိုဏ်းခေါင်းဆောင်နဲ့ ပတ်သက်
မိပါတယ် တည်ငြိမ်အေးချမ်းနေတဲ့ ဂျက်ခ်တို့ရဲ့အဖွဲ့လေးဆီကို
ကာရန်တစ်ယောက်ရောက်လာတဲ့အချိန်မှာ သူနဲ့အတူမုန်တိုင်း
ကိုပါ တစ်ပါတည်းခေါ်ဆောင်လာခဲ့ပါတယ် အကြောင်းက
ကာရန်က အက်ဒီလို့ခေါ်တဲ့သူခိုးဓားပြဂိုဏ်းခေါင်းဆောင်ကို
အကြွေးပေးစရာသန်းချီရှိနေပါတယ် အဲ့နောက်ကိုယ်ဝန်
ရှိချင်ယောင်ဆောင်ထားတဲ့ ကာရန်တစ်ယောက် ကလေးကို
ဗန်းပြပြီး စီအိုင်အေရဲ့ ဒေါ်လာသန်းချီတန်တဲ့ စိန်တွေကို
ခိုးယူဖို့ ဂျက်ခ်တို့အဖွဲ့ကိုအကူအညီတောင်းပါတယ်
ခိုးမယ့်အဖွဲ့ကဂျက်ခ်တို့ အပြင် တကယ့်နာမည်ကျော်
အက်ဒီတို့ကပါ ဒီစိန်တွေကို အပြိုင်အဆိုင်ရယူဖို့ကြိုးစား
ကြပါတယ် အဲ့ဒီနောက် ဂျက်ခ်တို့ရဲ့သူခိုးဆီကနေ
သူဝှက်ပြန်လုမယ့်အစီအစဉ်ကရော ဘာတွေဆက်ဖြစ်ကြမလဲ
ကာရန်ဗိုက်ထဲက ကလေးကရောဘယ်သူ့ကလေးဖြစ်မလဲ
ဂျက်ခ်တို့ကရော ဒီစိန်တွေကို အက်ဒီနှောင့်ယှက်နေတဲ့
ကြားထဲနေ အောင်အောင်မြင်မြင်ခိုးထုတ်နိုင်ပါ့မလား
ဆိုတာကိုဒီဇာတ်ကားလေးထဲမှာ ပရိတ်သတ်ကြီးကိုယ်တိုင်
လိုက်ပါစီးမျောကြည့်လိုက်ပါဦး
ဒီဇာတ်ကားက Action, Comedy & Thriller အမျိုးအစား
ကိုမှ ကြည့်ရှုရတာ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိတ်သတ်တွေ
မလွတ်စတမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကား
ဖြစ်ပါတယ်
File size…1.81GB / 976MB
Quality…Blu-Ray 1080p / 720p
Format…mp4
Duration….1h 30m
Genre ….. Action , Comedy , Thriller
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Eh Phaw
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။