Channel Myanmar

Poolhall Junkies (2002)

ComedyDramaThriller

IMDB: /10 votes

22781

Report error

 

442

ဒီ ဇာတ်ကားကတော့ ပေါ့ပေါ့ပါးပါးကြည့်ကောင်းတဲ့ ကားတစ်ကားပဲဖြစ်ပါတယ်။
Poolhall junkiesဆိုတဲ့အတိုင်း ဘိလိယက်အားကစားကိုရူးသွပ်ကြတဲ့ လူငယ်တွေရဲ့ဇာတ်ကြောင်းကို အခြေခံပြီးရိုက်ကူးထားတာပါ။ ဇာတ်အရမ်းနာတဲ့ဇာတ်ကွက်တွေမပါတာကြောင့် စိတ်အပန်းပြေချင်တဲ့အခါ ကြည့်လို့သင့်တော်တဲ့ကားတစ်ကားပါ။ ရယ်ရတဲ့အခန်းတွေ အများကြီးပါပါတယ်။

၁၂နှစ်သားဘဝကတည်းက ဘိလိယက်အားကစားကိုချစ်မြတ်နိုးတဲ့ဂျွန်နီဟာ ဂျိုးလက်ထဲမှာ ၁၅နှစ်ကြာတဲ့ထိ လောင်းကြေးနဲ့ဆော့တဲ့ ဘိလိယက်ဆရာတစ်ယောက်အဖြစ်ရပ်တည်ခဲ့တယ်။ ဒါပေမဲ့ ဂျွန်နီကတော့ပြိုင်ပွဲဝင်ကစားသမားတစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ ဂျိုးရဲ့လက်ချက်ကြောင့် ဂျွန်နီက သူဖြစ်ချင်ခဲ့သလိုမျိုး သိက္ခာရှိရှိပြိုင်ပွဲဝင်ကစားသမားအနေနဲ့မဟုတ်ပဲ လောင်းကြေးနဲ့ဆော့တဲ့ရိုက်စားသမားဖြစ်ခဲ့ရတယ်။

ဂျွန်နီရဲ့ ညီနဲ့ သူငယ်ချင်းသုံးယောက်ကလည်း အမြဲတမ်း နယ်ခံဘိလိယက်ရုံထဲမှာ ဗရုတ်ကျနေကျသူတွေပေါ့။ သူငယ်ချင်းတွေက တစ်ယောက်ကိုတစ်ယောက်ချစ်ကြတဲ့အပြင် စကားပြောရင်လည်းအဆဲမပါရင်မပြီးကြပါဘူး။

တစ်နေ့ ဂျိုးရဲ့လုပ်ရပ်ကိုသိသွားတဲ့ဂျွန်နီက ဂျိုးကိုနစ်ဂါတွေဆီထိုးကျွေးပြီး ကိုယ့်နယ်ကိုပဲပြန်လာခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ ဂျွန်နီနဲ့ သူငယ်ချင်းတွေပေါင်းပြီး အခက်အခဲတွေကိုအတူတူရင်ဆိုင်ကြပုံကို ရိုက်ကူးထားပါတယ်။ သူငယ်ချင်းစိတ်ဓာတ်ကို အခြေခံပြီးလည်းရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။

File size…(2.7 GB)/(1 GB)/(500 Mb)
Quality….Webrip 1080p / 720p / 480p
Format…mp4
Duration….01:30:00
Genre…Drama,Comedy,Thriller
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Su Eaindra



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Poolhall Junkies (2002)


No downloads available

Genres



Related movies