Pocketman and Cargoboy {2018}

Synopsis:
စီအိုင်အေရဲ့ အခွဲတစ်ခုဖြစ်တဲ့ လျှို့ဝှက်အေဂျင်စီမှာ
အေးဂျင့်ဘဝနဲ့အရိုးထုတ်နေတဲ့ ဂျေဒန်ဆိုတဲ့ အေးဂျင့်တစ်ယောက်ရှိပါတယ်
ဂျေဒန်ဟာဆိုရင်ဖြင့် အနာဂတ်မှာ ကလေးတွေသာ ဦးဆောင်နိုင်မယ်လို့
ယုံကြည်နေတဲ့သူပါ ဆိုတော့ကာ ကလေးတွေနဲ့ဖွဲ့စည်းထားတဲ့
လျှို့ဝှက်အေးဂျင့်အဖွဲ့လေးလုပ်ဖို့ အထက်ကို စာတင်ခဲ့ပါတော့တယ်
ဒီလိုနဲ့ မဟားတရားဂေါ်တဲ့ ပလန်ကြီးကိုအကောင်ထည်ဖော်ဖို့ သူ့အိမ်မှာပဲ
ကလေးသုံးယောက်ကို လျှို့ဝှက်အေးဂျင့်အတတ်ပညာတွေ
သိုင်းကျမ်းတွေ သင်ပေးဖို့ အတွက်သူကိုယ်တိုင်လဲ ဆရာလုပ်ရင်း
အသိအကျွမ်းအေးဂျင့်တွေပါခေါ်ပြီး ကိုယ်ဖိရင်ဖိ သင်ကြားပေးပါတော့တယ်
ဖြစ်ချင်တော့ ဂျေဒန်သူ့မဟာစီမံကိန်းကြီးအကောင်အထည်ဖော်နေစဉ်မှာပဲ
အိုင်းစတိုင်းနဲ့ စတီဗင်ဟော်ကင်းစပ်ဖောက်ထားတယ်ထင်ရလောက်အောင်
အိုမီဂါလယ်ဗယ်အဆင့်ညာဏ်ရည်ညာဏ်သွေးမြင့်တဲ့စဆရကဒေါက်တာတစ်ယောက်က
ရောဂါပိုးတစ်ခုတီထွင်ပြီး ကမ္ဘာဖျက်ဖို့လုပ်ပါတော့တယ်
ဆိုတော့ကာအရာရာနှောင်းသွားချိန်မှာအတိတ်ကိုပြန်ပြီ
း ဒေါက်တာကြီးရောဂါပိုးမထွင်အောင် တားဖို့ တာဝန်က ကလေးတွေခေါင်းပေါ်ကျလာပါတော့တယ်
ဇာတ်လမ်းလေးကတော့ရိုးရိုးရှင်းရှင်းလေးပါ
စိတ်ကူးယဉ်သိပ္ပံဟာသ ကားဆိုပေမယ့် ဟာသတစ်ခုမှပြောသွားမှာမဟုတ်ပါဘူး
ရုပ်တည်ကြီးတွေနဲ့ သောက်ခွက်ပြောင်မယ့်ကားပါ
မဖြစ်နိုင်တာတွေရော ဖြစ်နိုင်တာတွေပါ မဖြစ်ညစ်ကျယ်ဖြစ်အောင်
ရိုက်ပြထားတဲ့ကားလေးပါ ကျွန်တော်ကိုယ်တိုင်လဲ
ဟာသပေါ်သရော်ဆင့်ဆိုသလို CM ဖန်တွေအတွက်ခွီချင်စရာဟာသလေးတွေထည့်ပြန်ထားပေးလို့
မပြုံးပဲဝါလုံးကွဲခွီချင်သူတွေအတွက် ပါးစပ်အဟောင်းသားဖြစ်စေမယ့်ကားမျိုးဆိုတာ အာမခံပါတယ် ငိငိ
CM Fan တွေ အတွက် ဂျင်း ဖော်ပေး အဲ့လေ ပြန်ပေးထားသူကတော့ ဟိန်းသက်နိုင်ဖြစ်ပြီး
အညွှန်းကိုလဲ ကိုယ်တိုင် ဂျင်း အဲ့လေ ရေးပေးထားပါတယ် 😛
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။