Please Stand By (2017)
You can’t blend in when you were born to stand out

Synopsis:
၂၀၁၈ခုနှစ်ထွက်ပေါ့ပေါ့ပါးပါးနဲ့ဇာတ်မြူးမြူး Comedy/Drama ဇာတ်ကားလေးတစ်ခုဖြစ်ပါတယ်။
Wendy ဟာအရာရာတိုင်းကိုရှုထောင့်တစ်မျိုးနဲ့မြင်တတ်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။
သူစိတ်ရှိသလိုပြောဆိုနေထိုင်လေ့ရှိပြီး ဉာဏ်ထက်တဲ့ကောင်မလေးတစ်ယောက်ဖြစ်သည့်အပြင် သူဟာအာရုံကြောဆိုင်ရာ ပြဿနာရှိသူဖြစ်ပါတယ်။
ဒါကြောင့် သူ့ကိုအကြံပေးဆွေးနွေးပေးတဲ့သူတစ်ယောက်ထားရှိပေးထားရပါတယ်။
သူ့အတွက်တော့ လူတွေဟာအလွန်ပွေလီရှုပ်ထွေးတဲ့စကားဝှက်တစ်ခုဖြစ်ပြီး ကမ္ဘာကြီးဟာလည်း ရှုပ်ထွေးလှသည့်နေရာတစ်ခုပဲဲဖြစ်ပါတယ်။
သူ့ကိုဆွေးနွေးအကြံပြုနေသူရဲ့လွှမ်းမိုးမှုအောက်မှာပဲ တစ်နေ့သာပုံမှန်လုပ်ဆောင်စရာလေးတွေကိုလုပ်ရင်းပဲ အရွယ်ရောက်လာပြီးနောက် တစ်နေ့မှာပဲသူနေ့စဉ်ကြည့်လေ့ရှိတဲ့ တီဗီအစီအစဉ်တစ်ခုကနေ ဇာတ်ညွှန်းရေးပြိုင်ပွဲတစ်ခုကို သူကြည့်ရှုလိုက်ရပါတယ်။
အဲဒီကစပြီး သူဉာဏ်ကွန့်မြူးပြီး သီကုံးဖန်တီးထားတဲ့ စာမျက်နှာ၅ဝဝပါ ဝထ္တုလေးကို ဝင်ပြိုင်ဖို့ ဆုံးဖြတ်ချက်ချပြီးနောက် အားလုံးမသိအောင်ထွက်ပြေးပြီး ပြိုင်ပွဲရှိရာဆီသွားဖို့ စီစဉ်ပါတော့တယ်။
ဇာတ်လမ်းလေးဟာ ဟာသလေးတွေနဲ့ ပေါ့ပေါ့ပါးပါးမြူးမြူးကြွကြွလေးမို့ ကြည့်ရတာအပန်းပြေစေမှာပါ။
Rating အနေနဲ့လည်း 6.7 ထိရထားတဲ့အတွက် ပေါ့ပေါ့ပါးပါးဇာတ်ကားလေးတွေကြည့်ပြီး အလုပ်အားချိန်လေး အနားယူချင်သူများအတွက် ကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးတစ်ကားလည်းဖြစ်ပါတယ်။
File Size : (750 MB) and (276 MB)
Quality : WEB-DL 720p
Running Time :1hr 33min
Format : Mp4
Genre :Comedy, Drama
Subtitle : Myanmar Subtitle (Hard Sub)
Source : 1080p.WEB-DL.DD5.1.H264-FGT
Translated by Lex Luthor
Encoded by Thanhtike Zaw
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။