Pipeline (2021)


Synopsis:
Pipeline (2021)
2021 ထွက် အရမ်းမိုက်ပြီး ပျင်းစရာမကောင်းဘဲ
စိတ်ဝင်တစားကြည့်ရမယ့် အက်ရှင်ကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းအမျိုးအစားကတော့ Action/Crime အမျိုးအစားဖြစ်ပြီး
IMDB 7.7/10 ထိ ရထားတဲ့ ကြည့်လို့ရှယ်ကောင်းမယ့် အက်ရှင်ကားလေးပဲဖြစ်ပါတယ်။
တစ်ချို့နေရာတွေလေးတွေမှာ ဟာသပါးပါးလေး ထည့်ပေးထားလို့
အက်ရှင်ကားဆိုပေမယ့် မိန်းကလေး ပရိတ်သတ်တွေပါ အကြိုက်တွေ့မယ့် မပျင်းမရိကြည့်ပျော်တဲ့ ကားလေးလည်းဖြစ်ပါတယ်။
မင်းသားတွေကလည်း အခုနာမည်ကြီးနေတဲ့
Doom at your service က အချောလေး Seo In-guk နဲ့
နောက်ထပ် အားပြိုင် ဗီလိန် မင်းသားချော Lee Soo-hyuk တို့က
သရုပ်ဆောင်ချက်ကောင်းကောင်းတွေနဲ့ ပါဝင်သရုပ်ဆောင်ပေးထားလို့
ကြည့်ရတာတန်မယ့်ကားလေးပါ။
ဇာတ်လမ်းအကျဉ်းကို ဆက်ရရင်
ဖီဒိုးဆိုတဲ့ နာမည်ကြီး ပိုက်လိုင်းဖောက်ထွင်းသူက
ဆီမှောင်ခိုလောကမှာ ဖောက်ဖို့မလွယ်တဲ့ တစ်လက်မပတ်လည် ဆီခိုးထုတ်တဲ့ အပေါက်ဖောက်ပြီး
နာမည်ကြီးနေတဲ့ ဆီမှောင်ခိုသမားတစ်ယောက်ပါ။
သူ့လို လိုက်တုတဲ့ copycat တွေလည်း ရှိတဲ့ မှောင်ခိုလောကက နာမည်ကြီးတစ်ယောက်ပေါ့။
တစ်ရက်မှာ သူ့လိုလူနဲ့ လူဆိုးဂိုဏ်းတစ်ခုက အလုပ်လုပ်ဖြစ်သွားရင်း
ကြေးကြီး စပွန်ဆာတစ်ယောက်နဲ့ ဖီဒိုးကို အလုပ်လုပ်ဖို့ ဆက်သွယ်ပေးဖြစ်ခဲ့ပါတယ်။
ဒီစပွန်ဆာ ဘဲကလည်း ရေနံကုမ္ပဏီ တစ်ခုက သူဌေးတစ်ယောက်ဖြစ်ပြီး
ငွေကြေးချမ်းသာသူတစ်ယောက်က ဘာကြောင့် ဆီခိုးထုတ်တဲ့ မှောင်ခို အလုပ်ကို ဖီဒိုးကိုပေးရတာလဲ?
ဒီကြေးကြီး စပွန်ဆာနောက်ကွယ်မှာလည်း
ဒီအလုပ်ကိုလုပ်ဖြစ်ရတဲ့ရည်ရွယ်ချက်
မြှုုပ်ထားတဲ့လျှို့ဝှက်ချက်တွေများစွာရှိနေပြီး
ဖီဒိုးအပြင် အခြားသော ကြေးစားပညာရှင် တွေကိုပါ ငှားရမ်းပြီး
မဟာ့မဟာစီမီကိန်းကို ကြံစည်ပါတော့တယ်
ဒီကြီးမားတဲ့စီမံကိန်းကကော ဘာတွေဖြစ်မလဲ?
ဖီဒိုးနဲ့အခြားသော မြေတူးပညာရှင်တွေကကော ဘယ်လိုတွေ ဆက်လုပ်ကြမလဲ ဆိုတာကို စိတ်ဝင်စားဖွယ်ရင်တမမနဲ့ ကြည့်ရှုရဦးမှာပါ။
ဒီတစ်ခါလည်း အက်ရှင်ကား ကြိုက်တဲ့ပရိသတ်တွေ အကြိုက်တွေ့ဦးမယ့် ကားလေးတစ်ကားဆိုတာကို သေချာပေါက် ညွှန်းချင်ပါတယ်
အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint ပဲ ဖြစ်ပါတယ်။
File size… 1.13 GB and 2.1 GB
Quality….WEB-DL 1080p and 720p
Format…mp4
Duration….1h 48min
Subtitle….Myanmar Subtitle (Hardsub)
Translator ….. Moe Pwint
Encoder ….. August
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။