Pieces of a Woman (2020)


Synopsis:
Pieces of woman (2020)
************************
IMDb -7.1 ရရှိခဲ့တဲ့ ကားလေးပဲ ဖြစ်ပါတယ်
Pieces of woman ဇာတ်ကားလေးဟာဆိုရင် မာသာနဲ့ ရွှန်းန် တို့ရဲ့
အိမ်ထောင်ရေးအပေါ် ဇာတ်အိမ်ဖွဲ့ ရိုက်ပြထားတဲ့ အိမ်ထောင်ရေး
Drama ကားလေး ဖြစ်ပါတယ် ခေါင်းမာပြီး တဇွတ်ထိုးဆန်တဲ့
မာသာက သူတို့ရဲ့ သမီးဦးလေးကို သူတို့ရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့
ပြည့်နေတဲ့ အိမ်လေးမှာပဲ ဝမ်းဆွဲသည်နဲ့ မွေးဖို့ စီစဉ်ခဲ့ပါတယ်
မာသာအမေက ရွှန်းန်ကို သဘောမကျသော်လည်း
လင်မယားနှစ်ယောက်က အရာအားလုံးကို ဆိုးတူကောင်းဖက်
တိုင်ပင်ပြီး အချစ်တွေနဲ့ ပြည့်နေတဲ့ အိမ်ထောင်ရေးလေးကနေ
ချစ်စရာကောင်းတဲ့ မိသားစုလေးကို တည်ဆောက်ဖို့
ကြိုးစားနေခဲ့ကြပါတယ် မာသာဟာ သူချစ်ရတဲ့ သမီးလေးကို
ဆေးရုံမှာ မမွေးပဲ နာကျင်ခြင်း ဝေဒနာကို အံကြိတ်ခံပြီး အိမ်မှာပဲ
ဝမ်းဆွဲသည်နဲ့ မွေးစေခဲ့ပါတယ် တခါတရံ စီစဉ်ထားသလို
မဖြစ်ခဲ့တဲ့အခါမှာဆိုရင် လူတွေဟာ စိတ်ဝေဒနာတွေကို ကျော်ဖြတ်ဖို့
နည်းအမျိူးမျိူး သုံးကြပြီး အခက်အခဲတွေကို အဖက်ဖက်ကနေ
ရိုက်ပြထားတဲ့ ကားကောင်းလေး ဖြစ်ပါတယ် ဒီဇာတ်ကားလေးမှာဆိုရင်
အမျိုးသမီးတို့ရဲ့ မဖြစ်မနေ ရင်ဆိုင်ရတဲ့ မီးဖွားခြင်း နှင့် ကြုံတွေ့ရတဲ့
ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ နာကျင်ခြင်းတွေကို အပိုအလို မရှိ
ကွက်တိ ရိုက်ပြနိုင်တဲ့ ကားလေးပဲ ဖြစ်ပါတယ် အိမ်ထောင်ပြုပြီး
ကလေးယူဖို့ စဉ်းစားနေတဲ့ သူတိုင်း ကြည့်သင့်တဲ့ ကားလေးပဲ ဖြစ်ပါတယ်
ဘာသာပြန်ဆိုသူ သိမ့်သိမ့်ဖြစ်ပါတယ်
Quality : Bluray 1080p ( HEVC )
During : 2h 6min
Translator : Theint Theint
Encoder : Myoko
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။