Pay It Forward(2010)
When someone does you a big favor, don't pay it back... Pay It Forward

Synopsis:
Pay It Forward(2010)
IMDb…7.2
ဒီကားလေးဟာ ၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့လေတော့ တော်ရုံသတိထားမိကြမထင်ဘူး…ဒီကား အဓိက လုပ်ဖြစ်ရတဲ့အကြောင်း (၂) ချက်ရှိပါတယ်…
.ပထမအချက်က စာရေးဆရာမ ဂျူး
ရေးသားထားတာကိုဖတ်မိလို့ပါ…. ဆရာမ ရေးသားသုံးသပ်ထားတွေဟာ အတော်စိတ်ဝင်စားဖို့ကောင်းသလို သူမကိုယ်တိုင်ညွှန်းဆိုပြီဆိုတော့
ဒီကားလေးကို လုပ်ဖြစ်သွားပါတယ်…ဒုတိယ အချက်က A.I. Artificial Intelligence
ဇာတ်ကားထဲမှာ ကလေးအရွယ်စက်ရုပ်အဖြစ်သရုပ်ဆောင်ပြီး ကျွန်တော်တို့နှလုံးသားတွေကို
ကြေကွဲဆိုနင့်ပြိုကျအောင် အလဲထိုးခဲ့ဖူးတဲ့ ကလေးသရုပ်ဆောင် Haley Joel Osment ကြောင့်ပါ..
… ဇာတ်လမ်းအကျဉ်းကတော့ အဖေနဲ့ကွဲသွားတဲ့ အမူးသမားအမေနဲ့အတူ နေနေရတဲ့ အလယ်တန်းကျောင်းသားလေးတစ်ယောက်ဟာ
ကျောင်းမှာ ဆရာကနေ တစ်နှစ်လုံးစာ လုပ်ရမယ့် Social Studies သင်ခန်းစာ Project တစ်ခု လုပ်ခိုင်းလာတဲ့အခါ
သူ့ရဲ့အသက်အရွယ်နဲ့မတန်လောက်အောင် သိပ်ကိုလှပတဲ့ စိတ်ကူးလေးတစ်ခု ရသွားပါတယ်….အဲ့ဒါကတော့…….
ဒီဇာတ်ကားလေးနဲ့ပတ်သက်ပြီး ပြောချင်တာက ခင်ဗျားဟာ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်နေနေ..
..ဘယ်လိုကားအမျိုးအစားကိုမှ ကြိုက်နှစ်သက်သည်ဖြစ်စေ… ခင်ဗျားရဲ့ အသက်ဟာ ဘယ်အရွယ်ကိုပဲရောက်နေနေ..
..ခင်ဗျားရဲ့နှလုံးသားဟာ ခံစားနိုင်စွမ်း အကန့်အသတ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ..
..ဒီကားလေးကို ဒေါင်းကြည့်ကြပါလို့ တိုက်တွန်းပါရစေ…..ကျွန်တော်ကတော့ ဘာသာပြန်ရင်း ကျေနပ်ပီတိဖြစ်လွန်းတော့ ကျွန်တော့အမျိုးသမီးကို ပြခဲ့တယ်…
ပြီးတော့ ဒီကားကို တစ်ချိန်အရွယ်ရောက်လာမယ့် ကျွန်တော့သားလေးကိုပြဖို့ သိမ်းထားတယ်….
ပြီးရင်သားလေးကိုလည်းမှာမယ် နောက်မျိုးဆက်တွေကို ဒီကားကိုပြဖို့…မပျေက်မပျက်လက်ဆင့်ကမ်းထိန်းရမယ့်
မိသားစုအမွေအနှစ်လေးအဖြစ်သိမ်းထားဖို့လည်း မှာမယ်….ခင်ဗျားတို့လည်းကြည့်ပြီးရင် ကျွန်တော့်လို တွေးမိလိမ့်မယ်လို့ ထင်ပါတယ်….
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Sherlock ဖြစ်ပါတယ်…..
Quality : Blu-Ray 720p
Format…mp4
Duration…02:03:00
Genre : Drama
Subtitle : Myanmar Subtitle (Hard Sub)
Translated by Sherlock
Encoded by Phyo Pyae
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။