Exit print mode Print Data A+ A- Undo all

Passengers (2016)

There is a reason they woke up.
Passengers (2016)Passengers (2016)

Synopsis:

442

Passengers (2016)

‌Avalon အာကာသယာဉ်ကြီးဟာ ခရီးသည် ၅ထောင်ကျော်နဲ့ အတူ ယာဉ်ဝန်ထမ်း ၂၅၈ ယောက်ကို သယ်ဆောင်ပီး ဂြိုလ်အသစ် Homestead II ဆီသို့ပျံသန်းလာခဲ့ပါတယ်။ ကမ္ဘာမြေကနေ Homestead II ဆီသို့ ပျံသန်းချိန်ဟာ နှစ်ပေါင်း ၁၂၀ ကြာမြင့်မှာဖြစ်ပါတယ်။ ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ သူအားလုံးဟာ Hibernation Pod လို့ခေါ်တဲ့ အသက်အရွယ် အိုမင်းခြင်းမရှိဘဲ အိပ်စက်နေရတဲ့ ဖန်ပေါင်းချောင် တွေထဲမှာအိပ်စက်ရင်းလိုက်ပါနေကြတာဖြစ်ပါတယ် ( Hibernation Pod တွေကို Avator ဇာတ်ကားထဲမှာလည်းတွေ့ဖူးကြမှာပါ) ဒီလိုလိုက်ပါလာရင်း နှစ်ပေါင်း ၃၀ အကြာမှာတော့ Jim Preston ဆိုတဲ့ mechanical engineer တစ်ယောက် ဟာ Hibernation Pod ထဲကနေ စက်ချို့ယွင်းပီး နိုးလာပါတယ်။ ယာဉ်တစ်ခုလုံးမှာ သူတယောက်ထဲသာ နိုးလာခြင်းဖြစ်ပီး Homestead II သို့ရောက်ရှိဖို့ နှစ်ပေါင်း ၉၀ကျန်နေပါသေးတယ်။ Hibernation Pod ကိုပြင်ပီး ပြန်အိပ်စက်ဖို့ သူကြိုးစားပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ယာဉ်ဝန်ထမ်းတွေကို နှိုးပီးအကူအညီ ယူဖို့ကလည်း သူတို့တွေ အိပ်စက်နေတဲ့ အခန်းတွေကို သာမန်ခရီးသည်တဦးက ဝင်ရောက်ခွင့်မရှိတဲအတွက် Jim အခက်တွေ့ရပြန်ပါတယ်။ယာဉ်တခုလုံး အဖော်ပြုစရာဆိုလို့ Arthur ဆိုတဲ့ ဘားကောင်တာကစက်ရုပ်တစ်ရုပ်ဘဲရှိပါတယ်။

ဒီလိုနဲ့ Jim တစ်ယောက် ယာဉ်ပေါ်မှာရှိတဲ့ ကစားစရာတွေကစားရင်း စားစရာတွေစားရင်း နေလာလိုက်တာ တစ်နှစ်ရှိသွားခဲ့ပါတယ်။ အထီးကျန်မှုကို မခံစားနိုင်လို့ သူ့ကိုယ်သူ သတ်သေဖို့လည်းတွေးမိခဲ့ပါသေးတယ်။ တစ်ရက်မှာတော့ အမှတ်မထင်ဘဲ Aurora ဆိုတဲ့လှပချောမောတဲ့မိန်းကလေးတစ်ယောက်ရဲ့ Hibernation Pod ကို Jim တွေ့သွားပါတယ်။ သူမရဲ့ Video file ကို ပြန်ကြည့်မိတဲ့အခါမှာတော့ သူမဟာ စာရေးဆရာမတစ်ယောက်ဖြစ်ပီး ဂြိုလ်အသစ်နဲ့ စတင်မယ့် လူတွေအကြောင်း စာအုပ်ရေးသားဖို့ လိုက်ပါလာတဲ့သူ ဖြစ်နေပါတယ်။ အထီးကျန်နေတဲ့ Jim အတွက် သူစွဲလန်းသွားတဲ့ မိန်းကလေး Aurora ကို နှိုးလိုက်ရင် ကောင်းမလား မကောင်းဘူးလားဝေခွဲမရဖြစ်နေရာကနေ နောက်ဆုံးမှာတော့ Aurora ကို နှိုးလိုက်ပါတယ်။ Aurora ကိုတော့ သူမရဲ့ စက်ဟာ သူ့စက်လို ချို့ယွင်းပီး နိုးလာတာလို့ဘဲ အသိပေးခဲ့တာပါ။တကယ်တော့ သူတို့နှစ်ယောက်ဟာ Hibernation Sleep ကိုပြန်မသွားနိုင်ရင် ကျန်ရှိတဲ့ နှစ်ပေါင်း ၈၉နှစ်ကို ဒီယာဉ်ကြီးပေါ်မှာသာ
ကုန်ဆုံးရတော့မှာပါ။ Aurora တစ်ယောက် သူ့ကို Jim က ရည်ရွယ်ချက်ရှိရှိနဲ့ နှိုးခဲ့တာ သိသွားခဲ့ရင် Jim ကို ခွင့်လွှတ်နိုင်ပါ့မလား….သူတို့တွေ Hiberbnation Sleep ကိုပြန်သွားနိုင်မှာလား ဒါမှမဟုတ် ကျန်ရှိတဲ့ နှစ်တွေကို ယာဉ်ပေါ်မှာ ဘယ်လိုကုန်ဆုံးကြမလဲ…..

Jim အဖြစ် မင်းသား Chris Pratt ကသရုပ်ဆောင်ထားပီး Aurora အဖြစ် Jennifer Lawrence က သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကတော့ 2014 တုန်းက The Imitation Game နဲ့ Oscar ဆုရာထားခံခဲ့ရတဲ့ Morten Tyldum ဖြစ်ပါတယ်။ Passenger ဟာ Sci-Fi ဇာတ်ကားဆိုပေမဲ့ လူသား နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာပေါ် အခြေ ခံထားပါတယ်။ ဇာတ်ကားကို ကြည့်ရင်းနဲ့ Avalon ယာဉ်ပျံကြီးကို စိတ်မဝင်စားတော့ဘဲ Jim နဲ့ Aurora ရဲ့ အချစ်ဇာတ်လမ်းကို ပိုအာရုံရောက်လာစေပါတယ်။ Titanic နဲ့ Wall-E ပေါင်းထားတဲ့ ပုံစံမျိုးကို ခံစားမိမှာပါ။

Jim ဘက်ကကြည့်ရင် Aurora ကို နှိုးလိုက်ခြင်းဟာ သူအသက်ဆက်ရှင်သန်ဖို့ မျှော်လင့်ချက်ဖြစ်ပီး Aurora ဘက်ကကြည့်ရင်တော့ သူမကိုနှိုးလိုက်ခြင်းဟာ သူမဘဝကို အဆုံးသတ်လိုက်ခြင်းဖြစ်နေပါတယ်။ သူတို့ နှစ်ယောက် တွေ့ဆုံမှုဟာ ကံကြမ္မာကြောင့်ဖြစ်လာခဲ့တယ်လို့ပြောရင် သင်ယုံမလား…အကယ်၍ Jim သာ Hibernation Sleep ကနေ စက်ချို့ယွင်းပီး မနှိုးထခဲ့ရင်………

Imdb Rating- 7/10

#ThuYein

(ရုပ်ရှင်အညွှန်းကို Movie Gods FB Page မှကူးယူဖော်ပြပါသည်။)

File size…(4.4 GB)/(1.5 GB)/ (900 MB)
Quality….BluRay 4K HEVC/1080p HEVC/720p
Format…mkv/mp4
Duration….01:56:10
Subtitle….Myanmar Subtitle(Hardsub)
Encoder….Ka Naung
Translated by Ye Man Aung & Arr Khun Winchester



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Ana Maria Quintana, Dawn Massaro, Donald Murphy, Jack Gill, James Currier, Justin Muller, Michelle Schrauwers, Morten Tyldum, Peter Dress, Peter McGrew, Robert S. Hoffman
Stars
Andy Garcia, Aurora Perrineau, Chris Pratt, Jennifer Lawrence, Julee Cerda, Kara Flowers, Kristin Brock, Laurence Fishburne, Michael Sheen, Vince Foster
Release Date
21 December 2016 (USA)
Rated
PG-13
Runtime
1h 56min
Budget
USD $110 000 000,00
Revenue
USD $303 144 152,00
Popularity
24.062
Status
Released
ID IMDb.com
tt1355644
IMDB Rating
7.0
IMDB votes
333,979
ID Themoviedb.org
274870
TMDb Rating
6.93
TMDb votes
12211