Channel Myanmar

Parallels (2015)

ActionSci-Fi

6.0
IMDB: 6.0/10 votes

98076

Report error

442

 

လွန်ခဲ့တဲ့ ၉ နှစ်က ထွက်ရှိခဲ့တဲ့ sci-fi ရုပ်ရှင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။

Parallel ဆိုတာ မြန်မာလိုဆိုရင် အပြိုင်ပေါ့။ အပြိုင်ဆိုတဲ့အတိုင်း ဒီရုပ်ရှင်က Parallel Universe အပြိုင်စကြာ၀ဠာထဲက တခြားကမ္ဘာ‌တွေနဲ့ပတ်သက်တဲ့အကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ။ သိပ္ပံကားတွေ၊ စူပါဟီးရိုးရုပ်ရှင်တွေ ကြည့်ဖူးတဲ့သူတွေဆိုရင်တာ့ ဒီလိုအရာတွေနဲ့ရင်းနှီးကြမှာပါ။

အပြိုင်စကြာ၀ဠာဆိုတာ ကျွန်တော်တို့စကြာ၀ဠာနဲ့ အပြိုင်တည်ရှိနေပြီး ‌ဒီစကြာ၀ဠာထဲက ကမ္ဘာတွေဟာလည်း ကျွန်တော်တို့ကမ္ဘာနဲ့ အနည်းနဲ့အများ တူညီနေကြပါတယ်။ ဥပမာ‌ပေးရရင် ကျွန်တော်တို့ကမ္ဘာမှာ အပြိုင်စကြာ၀ဠာထဲက ကမ္ဘာ ၁ ထက် ပုရွက်ဆိတ်လေးတစ်ကောင်ပဲပိုများပြီး တည်ရှိနေပြီး ကွာခြားနေနိုင်သလို ကမ္ဘာ ၅ မှာတော့ နည်းပညာတွေအရမ်းတိုးတက်ပြီး ကားပျံတွေပါပေါ်နေတာမျိုး အစရှိသဖြင့် မဖြစ်စလောက် ကွာခြားချက်လေးက‌နေ အကြီးကြီးအထိရှိနေနိုင်ပါတယ်။

ဒီနေရာမှာ အချိန်ခရီးသွားတာနဲ့မတူတာက အပြိုင်ကမ္ဘာတွေမှာက timeline အချိန်စီးကြောင်းတွေက အတူတူဖြစ်နေပြီး ဒီကမ္ဘာမှာ ခင်ဗျားက အသက် ၃၀ ဆိုရင် တခြားကမ္ဘာမှာလည်း အသက် ၃၀ ပဲဖြစ်နေမှာပါ။ ဒီကမ္ဘာမှာ ခင်ဗျားက ကြောင်ချစ်တတ်တဲ့ ဆရာ၀န်ဖြစ်နေပေမဲ့ တခြားကမ္ဘာမှာတော့ ခွေးချစ်တတ်တဲ့ အင်ဂျင်နီယာဖြစ်နေနိုင်ပြီး အဲဒီလိုဖြစ်တည်မှုနဲ့ပတ်သက်တာတွေပဲ ကွာခြားသွားတာပါ။

ဇာတ်ကြောင်းကတော့ ရိုနန်ကာဗာဆိုတဲ့ ကြေးစားလက်ဝှေ့သမားဆီကို မတွေ့တာကြာပြီဖြစ်တဲ့ အဖေဖြစ်သူဆီက စာရောက်လာခဲ့ပါတယ်။ ဒီစာထဲမှာ ရိုနန်ကို အိမ်ပြန်လာဖို့ အရေးတကြီးခေါ်ထားတာပါ။ ဒီလိုနဲ့ ရိုနန်တစ်ယောက် အဖေဖြစ်သူရဲ့အိမ်ကိုရောက်ရှိလာတဲ့အချိန်မှာတော့ အဖေကိုမတွေ့ဘဲ ညီမဖြစ်သူ ဘီယာထရစ်သာရှိနေပါတယ်။ အဲဒီနောက်မှာတော့ အဖေဖြစ်သူဟာ ပျောက်ချင်းမလှပျောက်သွားကြောင်းကို ညီမဖြစ်သူထံကနေသိရှိလိုက်ရပါတယ်။

ဒါ့အပြင် အဖေဖြစ်သူဟာ မပျောက်ဆုံးသွားခင်မှာ သူတို့နှစ်ယောက်လုံးကို တိုက်ကြီးတစ်ခုဆီကို သတ်မှတ်ထားတဲ့အချိန်မှာ အတိအကျ သွားကြဖို့ မှာခဲ့တဲ့နောက်မှာတော့ ရိုနန်ရယ် ဘီယာထရစ်ရယ် အိမ်နီးချင်း မိတ်ဆွေဖြစ်တဲ့ ဟာရိုရယ်ဟာ အဖေဖြစ်သူသွားခိုင်းတဲ့တိုက်ကြီးဆီရောက်လာကြပါတော့တယ်။ ဒါပေမဲ့ ဒီတိုက်ကြီးဟာ ရိုးရိုးတိုက်မဟုတ်ဘဲ အပြိုင်စကြာ၀ဠာထဲက ကမ္ဘာတွေနဲ့ အသွားအပြန်လုပ်တဲ့နေရာကြီးဖြစ်နေတဲ့နောက်မှာတော့ သူတို့သုံးဦး တခြားဘယ်ကမ္ဘာတွေကိုရောက်ပြီး ဘယ်သူ‌တွေနဲ့ ဆုံတွေ့ရမလဲ၊ ဘာတွေကြုံတွေ့ရမလဲ၊ သူတို့အဖေကိုရော ရှာတွေ့ပါ့မလား၊ သူတို့အဖေက ရော ဘာလို့တိုက်ကြီးဆီလွှတ်လိုက်တာလဲဆိုတဲ့ မေးခွန်းတွေရဲ့ အဖြေကို သိရဖို့အတွက် ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။

 

File size…(1.3 GB)/(606 Mb)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:43:00
Genre…Action, Sci-fi
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Steven Khant



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Parallels (2015)


No downloads available

Genres



Related movies