Channel Myanmar

Paradise Is Burning (2023)

Drama

6.9
IMDB: 6.9/10 votes

27687

Report error

442

 

ဒီတစ်ခါမှာ‌တော့ Paradise is Burning ဆိုတဲ့ ဆွီဒင်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဓိက ဇာတ်ဆောင်ဖြစ်တဲ့ လော်ရာ၊ မီရာ နဲ့ စတက်ဖီဆိုတဲ့ ညီအမသုံးယောက် တစ်ယောက်ကိုတစ်ယောက်မှီခိုရင်း အတူတကွနေထိုင်ကြပါတယ်။ သူတို့ရဲ့ အမေကတော့ အိမ်ကနေထွက်သွားပြီး ပျောက်ချင်းမလှပျောက်သွားလိုက်တာ ပြန်ကိုမလာတော့ပါဘူး။ ‌တစ်ရက်တော့ လူမှုကူညီရေးအသင်းက သူတို့အမေနဲ့တွေ့ဆုံဖို့ အကြောင်းကြားလာတဲ့အခါမှာတော့ အစ်မအကြီးဆုံးဖြစ်တဲ့ လော်ရာဟာ သူတို့အမေအဖြစ်ဟန်ဆောင်ပေးဖို့ လူတစ်ယောက်ကို ရှာရဖို့ အကြောင်းဖန်လာပါတော့တယ်။

ကလေးတုန်းကဆို ငါမြန်မြန်လူကြီးဖြစ်ချင်ပြီ ဆိုတာမျိုးကို ကိုယ်တိုင်လည်းပြောဖူးကြမှာပါ။ သူတို့ဆီမှာတော့ ပါတီနဲ့တောင် ဒါမျိုးကို ဂုဏ်ပြုကြတာမျိုးတွေ နောက်ပြီး ကလေး တစ်ယောက်ရဲ့အပြုအမူ အမူအကျင့်တွေ က ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်နဲ့လူတွေအပေါ်မှာ ဘယ်လောက်မူတည်သလဲဆိုတာကိုလည်း မြင်တွေ့နိုင်မှာပါ။

ဒီဇာတ်ကားက ‌ပျိုဖော်ဝင်ချိန်မှာ ကြုံတွေ့ရတဲ့ ပြဿနာလေးတွေ၊ ညီအစ်မတွေကြားမှာ ဖြစ်တတ်တဲ့ ကတောက်ကဆလေးတွေ နဲ့ ချစ်ခြင်းမေတ္တာတရားတွေ ကို ဖော်ပြထားတဲ့အပြင် အခက်အခဲတွေကြားမှာမှ ထားမိတဲ့ မျှော်လင့်ချက်နဲ့ ခံနိုင်ရည်ရှိမှုတို့ကို လက်တွေ့ဆန်ဆန် တင်ပြထားပါတယ်။

ခြုံပြောရမယ်ဆိုရင်တော့ ဒီရုပ်ရှင်လေးက ခက်ခဲလွန်းတဲ့ အခြေအနေတွေအောက်မှာမှ ကြီးပြင်းလာရတဲ့ ရုန်းကန်မှုတွေနဲ့ အသက်ကြီးလာရတဲ့ ပျော်ရွင်မှုအရသာလေးကို ပုံဖော်ဖန်တီးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်ဗျာ။

 

File size…(2.3 GB)/(980 Mb)
Quality….WEB-DL 1080p / 720p
Format…mp4
Duration….01:48:00
Genre…Drama
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Min



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Paradise Is Burning (2023)
Paradise Is Burning (2023)


No downloads available

Genres



Related movies