Paprika (2006)
This is your brain on anime

Synopsis:
Tomatometer- 84% Imdb – 7.7
ကျွန်တော်တို့ရဲ့အနက်ရှိုင်းဆုံးလျှိုဝှက်ချက်တွေဖြစ်တဲ့အိပ်မက်ထဲကို
တစ်ယောက်ယောက်ကလာခိုးကြည့်လို့ရခဲ့မယ်ဆိုရင်ဘာတွေဖြစ်နိုင်မယ်ထင်ပါသလဲ
အဲ့မေးခွန်းကိုဒီကားကအကုန်ဖြေထားပေးပါတယ်
ဒီကားကိုရိုက်ကူးတဲ့ဒါရိုက်တာကPerfect Blueနဲ့Tokyo Godfathersတို့ရဲ့ဒါရိုက်တာပဲဖြစ်ပါတယ်
သူရဲ့ကားအများစုဟာpsychological thrillerပိုင်းသွားတာမို့လို့ကာတွန်းကားဆိုပြီးအထင်တော့မသေးလိုက်ပါနဲ့
ဇာတ်လမ်းအကျဉ်းကတော့
ရောက်ရှိလာတော့မယ့် အနာဂတ်မှာ
ခေတ်တစ်ခေတ်ရဲ့ အကောင်းဆုံးနည်းပညာလို့ပြောလို့ရတဲ့
လူသားအားလုံးရဲ့အိပ်မက်တွေကို ချိတ်ဆက်ပေးနိုင်မယ့်
စိတ်ရောဂါကုသမှု စက်ပစ္စည်းတစ်ခုကို သုသေသနပညာရှင်တွေတီထွင်နိုင်ခဲ့ပါတယ်
ဒါပေမယ့် ဒီပစ္စည်းဟာ တစ်နေ့မှာ ပျောက်ချင်းမလှ ပျောက်ဆုံးသွားတဲ့အချိန်မှာတော့
သုသေသနပညာရှင်တစ်ဖွဲ့လုံး ဒီပစ္စည်းကို ဘယ်လိုပြန်ရှာကြမလဲ
ဘယ်သူကခိုးသွားတာလဲ
အဲ့ပစ္စည်းနဲ့မဟုတ်တာတွေဘယ်လိုလုပ်မလဲ
ပါပရီကာ ဆိုတဲ့ ဆံပင်နီနီ သွက်သွက်လက်လက်နဲ့ လူတွေကိုကူညီပေးနေတဲ့ကောင်မလေးကကောဘယ်သူလဲဘယ်ကလဲ…
စတဲ့ လက်တွေ့နဲ့ အိပ်မက်ကြား ရုန်းကန်ကြရတဲ့ပုံကို သိပ္ပံစိတ်ကူးယဉ် သည်းထိတ်ရင်ဖိုမြင်ကွင်းတွေနဲ့ ခံစားရမယ့်
Rating ကောင်းကောင်း ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်
ဘာသာပြန်ပေးတာတော့Zin Thantဖြစ်ပြီးကျွန်တော်sithuကencodeပေးထားပါတယ်
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။