Paper Flower (2019)


Synopsis:
၂၀၁၉ခုနှစ်ကထွက်ထားတဲ့ ဒီ Paper Flowerဆိုတဲ့ကားလေးကတော့
မိသားစု Drama ကားလေးတစ်ကားဖြစ်ပြီး ဒီကားထဲမှာ
အခု Penthouse ထဲကမင်းသမီး Eugene နဲ့ မင်းသားကြီး Ahn Sung-Ki တို့
ပါဝင်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားလည်းဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ သုဘရာဇာ(အလောင်းပြင်ပေးရတဲ့ သူတစ်ယောက်)အကြောင်းနဲ့
ဇာတ်အိမ်တည်ထားပါတယ်။လူဆိုတာ တစ်နေ့သေမျိုးချည်းပါပဲ။ဆင်းရဲရဲချမ်းသာချမ်းသာ
သေရင်တော့အကုန်လုံးမြေကြီးထဲရောက်သွားရင် အတူတူပါပဲ။ဒီဇာတ်ကားရဲ့အဓိက
msg ကတော့သုဘရာဇာတစ်ယောက်ဖြစ်လာရင် ပတ်ဝန်းကျင်က မြင်ကြပုံ အမြင်တွေ၊
သုဘရာဇာတစ်ယောက်ရဲ့ဘဝကိုလူအများနားလည်နိုင်အောင် ဇာတ်လမ်းဆင်ထားပြီး
အဲ့ဒီသုဘရာဇာကြီးအိမ်မှာ မသန်မစွမ်းသားဖြစ်သူကို ပြုစုစောင့်ရှောက်ဖို့
ကလေးတစ်ယောက်အမေ သူနာပြုတစ်ယောက်ရောက်လာခဲ့ရာကနေ အပြောင်းအလဲတွေ
ဘယ်လိုဖြစ်လာမယ်ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ကြရမှာဖြစ်ပါတယ်။
ဘဝသင်ခန်းစာလည်းရသလို ဒရမ်မာတစ်ကားအနေနဲ့ ဇာတ်လမ်းလေးနည်းနည်းအေးတယ်
ထင်ရပေမယ့် သင်ခန်းစာယူစရာလေးတွေနဲ့ ကြည့်လို့လည်းကောင်းမယ့်
ဇာတ်ကားလေးတစ်ကားဖြစ်မယ်လို့ညွှန်းပေးချင်ပါတယ်။
Translated by : Moe Pwint
Encoded by : YK
Quality : 720p
File Size : 1.1GB
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။