Channel Myanmar

Pale Moon (2014)

Kami no tsuki    

2h 6min Drama

6.9
IMDB: 6.9/10 918 votes

8 Wins & 13 Nominations

Japan

101332

Report error

Pale Moon (2014)

လက်ရှိမှာ ဒီကားကို Pale Moon နာမည်နဲ့ပဲ ကိုရီးယားဇာတ်လမ်းတွဲ ပြန်ရိုက်ထားပြီး
ဇာတ်လမ်းက ကောင်းသလို ဒီလိုဇာတ်‌တွေနဲ့လိုက်ဖက်တဲ့ Sky Castle တို့ Mineတို့ Nobody Knows တို့ထဲက
နာမည်ရ မင်းသမီးကြီး Kim Seo-Hyungက ပါ၀င်ထားတာမို့ ကေဒရာမာ ဖန်တွေကြား နာမည်ရသင့်သလောက်တော့ ရမယ် ထင်ပါတယ်။

442

Pale Moonရုပ်ရှင်ရဲ့ ဇာတ်ကြောင်းဟာ ထူးခြားတယ် ။ မထင်မှတ်ထားတဲ့ အကွေ့တွေရှိတယ်။
ရက်စက်ခြင်းနဲ့ သမားရိုးကျခြင်းအကြောင်း ကူးလူးဆန်ခတ်နေတယ်လို့ပဲ ပြောချင်ပါတယ်။
ပွိုင့်ဟာ ဘာလဲတော့ ဝေဝါးကောင်းဝေဝါးလာနိုင်ပေမဲ့ ဒါကလည်း ဒီဇာတ်လမ်းရဲ့ အရသာပဲလို့ပြောရပါမယ်။

ဘာလို့ဆို ဒီဇာတ်လမ်းမှာ ဇာတ်ကောင်က ရိုးရိုးအေးအေးနေတဲ့ အိမ်ရှင်မ။
ဘဏ်မှာ အချိန်ပိုင်းလုပ်ရာက အချိန်ပြည့်၀န်ထမ်းဖြစ်လာပြီး အရေးကြီးဖောက်သည်တွေရဲ့ အိမ်ထိ ငွေတိုက်စာချုပ်ရောင်းတဲ့ အလုပ်ကို လုပ်ရတယ်။
ဒီလိုနဲ့ မထင်မှတ်ထားတာတွေ ကြုံလာရပြီး စစချင်း ကောင်းတဲ့ရည်ရွယ်ချက်နဲ့လို့ ကိုယ့်ကိုယ်လှည့်စားရင်း
ငွေတိုက်စာချုပ်ဖိုးငွေတွေကို လိမ်ရင်း ငွေရှိခြင်းရဲ့ အတုအယောင် သာယာမှုမှာ အသားကျလာခဲ့တယ်။
ဒီလိုနဲ့ စာရင်းသေအပ်နှံငွေတွေကိုပါ ဘဏ်ထဲသွင်းပေးမယ်လိမ်ပြီး မသွင်းဘဲ ငွေသုံးရတဲ့ အရသာကိုတွေ့လာခဲ့တယ်။
စစကတော့ ဒီငွေတွေကို မသိအောင် ပြန်ဖြည့်ပေးဖို့ အစီအစဉ်ရှိခဲ့ပေမဲ့ တဖြည်းဖြည်းချင်း များလာတဲ့ လိုငွေတွေ
ပျောက်ပျက်လာတဲ့ အတုအယောင်သာယာမှုတွေကြား ကူကယ်ရာမဲ့ဖြစ်လာတယ်။
ဒီနေရာမှာမှ ဒီဇာတ်လမ်း ပြန်ချိုးသွားတဲ့ အချိုးအကွေ့ဟာ
ဒီဇာတ်လမ်းဟာ တစ်ခုခုပေးချင်တဲ့ စိတ်ထက် ဇာတ်လမ်းတစ်ပုဒ်ကို တင်ပြချင်တဲ့ဘက် ပိုတာသွားတာမို့
ဇာတ်လမ်းကို ဇာတ်လမ်းလို ကြည့်ချင်တဲ့လူတွေအတွက် ကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းပါပဲ

အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။

Genre….. Drama
Quality…. 1080p | 720p | 480p
File size… 1.1GB | 610MB | 319MB
Format… mp4
Duration…. 2h 4min
Subtitle…. Myanmar Subtitle (Hardsub)
Translator ….. W
Encoder ….. Aaron



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Pale Moon (2014)
Pale Moon (2014)
Pale Moon (2014)
Pale Moon (2014)
Pale Moon (2014)


No downloads available

Genres



Related movies