Pain and Gain (2013)
Their American dream is bigger than yours.

Synopsis:
[Unicode]
ကာယနည်းပြဆရာ Daniel Lugo (Mark Wahlberg)ဟာ သူ၏လက်ရှိဘဝကိုမရောင့်ရဲနိုင်ပဲ သူသည် ဒီထက်ပိုကောင်းမွန်သော ဘဝနှင့်ထိုက်တန်သည်ဟုခံယူထားသူတစ်ဦးဖြစ်ပါတယ် ။
ထိုတွင် ခေါင်းထဲပေါ်လာသည့်အကြံက သူလေ့ကျင့်သင်ကြားပေးနေတဲ့ နောက်ကြောင်းမရှင်းသည့် သူဌေးတစ်ယောက်ကို ပြန်ပေးဆွဲမယ့် အကြံပါ…
သူနှင့်အတူ လုပ်ဖော်ကိုင်ဖက် body builder , Adrien Doorbal (Anthony Mackie)၊ နှင့် ထောင်မှထွက်လာတာမကြာသေးသည့် ခပ်အူအူ Paul Doyle (Dwayne Johnson) တို့ကိုဤစီမံကိန်းကြီးထဲ ပါဝင်ဖို့ဆွဲသွင်းပြီးနောက်…
သူတို့သုံးယောက်၏အတွေ့အကြုံမပြည့်ဝမှု၊ အူတိအူကြောင်နိုင်မှုတို့ကြောင့် စီစဉ်ထားသည့်အတိုင်းဖြစ်မလာခဲ့ရပေမယ့် နောက်ဆုံးမှာတော့ အကောင်အထည်ဖော်နိုင်ခဲ့ပါတယ် ။
ဒါပေမယ့် မကောင်းမှုတို့၏ထုံးစံအတိုင်း သူတို့ကိုအလွတ်စုံထောက်တစ်ယောက်က ခြေရာခံမိလာသည့်အခါ…
အလုံးအရင်းနှင့်ဖြစ်သော ပိုက်ဆံတို့ကိုထိန်းသိမ်းနိုင်သည့်စွမ်းရည် သူတို့မှာမရှိသည့်အခါ အဆိုးဆုံးသောဒုစရိုက်မှုကို သူတို့ကျုးလွန်မိကြကုန်ပါတော့တယ် ။
ဒီဇာတ်ကားဟာ IMDb Rating – 6.4/10 ရရှိထားပြီး ဖလော်ရီဒါပြည်နယ်မှာအမှန်တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်ကားတစ်ကားဖြစ်ပါတယ် ။
File size__( 1.1 GB) and ( 2.2 GB )
Quality__Bluray-1080p , 720p
IMDb Rating__6.4/10
Format__mp4
Duration__02:09:36
Type__Action, Comedy, Crime
Subtitle__Myanmar Subtitle (Hardsub)
Translated by Hein That Naing
Encoded by Naing Aung Latt
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။