Outlaw King (2018)
Based on the untold true story

Synopsis:
Outlaw/King
“အင်္ဂလိပ်တွေအတွက်တော့ သူပုန်။
စကော့တွေအတွက်တော့ ကျေးဇူးရှင် ဘုရင်မင်းမြတ်။”
ရန်သူတွေကို စစ်ရှုံးခဲ့ရလို့ ဂူတစ်ဂူထဲမှာ
ခြေရာဖျောက်ပုန်းခိုနေရတဲ့ ဘုရင်ကြီးတစ်ပါးဟာ
အကြီးအကျယ် စိတ်ဓာတ်ကျဆင်းနေတယ်။ ရန်သူတွေဟာ
အင်အားကြီးလွန်းလို့ သူဘယ်လိုတိုက်တိုက်
နိုင်မှာမဟုတ်ဘူး သူ့နိုင်ငံကိုစွန့်ပြီး ရေမြေခြားမှာ
သွားခိုလှုံတာ အကောင်းဆုံးပဲလို့တောင် တွေးနေမိတယ်။
အဲဒီအချိန်မှာ ဂူအမိုးမှာ ပင့်ကူလေးတစ်ကောင်ဟာ
ပင့်ကူအိမ်ကို ခက်ခက်ခဲခဲတည်ဆောက်နေတယ်။
ပိုးမျှင်တစ်တန်းဖြစ်လာဖို့ တွယ်တက်လိုက် ပြုတ်ကျလိုက်
အားမလျှော့ဘဲ ဆက်တက်လိုက် လုပ်နေရင်းနဲ့
အချိန်တစ်ခုကြာတဲ့အခါ ပင့်ကူအိမ်တစ်ခုဖြစ်လာတယ်။
ဒါကိုစိတ်ဝင်တစားကြည့်မိနေတဲ့ ဘုရင်ကြီးဟာ
ကြည့်ရင်းနဲ့ စိတ်ဓာတ်ခွန်အားတွေရလာတယ်။
ဘယ်လောက်ခက်ခဲတဲ့ အလုပ်ဖြစ်ပါစေ
မလျှော့တဲ့ဇွဲလုံ့လနဲ့ ကြိုးစားရင် အောင်မြင်မှာပဲဆိုတဲ့
သဘောတရားကို ဆုပ်ကိုင်မိသွားတယ်။ မကြာမီမှာပဲ
ဘုရင်ကြီးဟာ သူပုန်းအောင်းနေတဲ့ဂူကနေထွက်လာပြီး
ရန်သူတွေကို တိုက်ခိုက် ခြေမှုန်းပစ်တော့တယ်။
ဒီ ဘုရင်ကြီးနဲ့ ပင့်ကူငယ်ပုံပြင်ကို လူတိုင်း
ကြားဖူးကြလိမ့်မယ်။ ဒီပုံပြင်ထဲက ဘုရင်ကြီးဟာ
King Davidလို့ဆိုကြသလို စစ်သူရဲကောင်း
Black Douglasလို့လည်း ဆိုကြတယ်။
ဒီပုံပြင်ကို အင်္ဂလန်နဲ့စကော့တလန်မှာရှိတဲ့
ကလေးတိုင်း အလွတ်ရနေပြီး ပုံပြင်ထဲက ဘုရင်ကြီးဟာ
ဘယ်သူလဲဆိုတာ သူတို့ကောင်းကောင်းသိပါတယ်။
စကော့တလန်ရဲ့လွတ်လပ်ရေးကို အင်္ဂလန်လက်က
ပြန်တိုက်ယူပေးခဲ့တဲ့ ဘုရင်ကြီး Robert the Bruceပဲ။
စစ်ပညာရှင်တွေကတော့ Robert the Bruceကို
ပြောက်ကျားစစ်ဘုရင်လို့ခေါ်ကြတယ်။ Robertဟာ
သူ့ထက်အင်အား နှစ်ဆသာတဲ့ရန်သူကို
ပြောက်ကျားနည်းနဲ့ အမြဲတိုက်ခိုက် အနိုင်ယူခဲ့လို့
ဖြစ်ပါတယ်။
၁၂၈၆ ခုနှစ်မှာ စကော့ပြည်ရဲ့ဘုရင်
Alexander III နတ်ရွာစံံပြီးနောက်မှာ ဆက်ခံသူ
မြေးတော် Magaretကလည်း ၁၂၉၀ မှာ
ထပ်ပြီးနတ်ရွာစံတဲ့အခါ ထီးနန်းကိုဆက်ခံထိုက်တဲ့
သူကောင်းမျိုးအင်အားစု ၁၄ စုကြားမှာ နန်းလုတဲ့
စစ်ပွဲဖြစ်လာနိုင်တဲ့အခြေအနေဖြစ်လာခဲ့တယ်။
အင်္ဂလန်ပြည့်ရှင် ပထမမြောက်အက်ဒွပ်ဘုရင်ကို
ကြားဝင်စေ့စပ်ပေးဖို့ အကူအညီတောင်းတဲ့အခါ
အက်ဒွပ်က John Balliolကို နန်းတင်ပေးတယ်။
၁၂၉၆ မှာ EdwardဟာJohn Balliolကို
နန်းချပြီး စကော့တလန်ကို သိမ်းပိုက်လိုက်တယ်။
စကော့တလန်တစ်ပြည်လုံးဟာ ကျောချမှ ဓားပြမှန်း
သိလိုက်ရတဲ့အဖြစ်ကြုံခဲ့ရပြီး အင်္ဂလိပ်တွေ ဗိုလ်ကျသမျှကို
ခံရတော့တယ်။ အဲဒီနောက်မှာ အင်္ဂလိပ်တွေကို
အတိအလင်းတော်လှန်မယ့် William Wallace
ဆိုတဲ့ သူရဲကောင်းပေါ်ထွက်လာပြီး ဘုရင်Edwardကို
တော်လှန်တဲ့အခါ မထင်မှတ်လောက်အောင်
အောင်မြင်မှုတွေရတယ်။ ဒါပေမဲ့ သွေးကွဲနေကြတဲ့
စကော့တလန်သူကောင်းမျိုး အင်အားစုတွေကြောင့်
Falkirkတိုက်ပွဲ(July 22, 1298)မှာ
စကော့တလန်သားတွေ အထိနာပြီး ဝေါလေ့စ်လည်း
တောပြန်ခိုရတဲ့ဘဝရောက်သွားတော့တယ်။
ဘုရင်Edwardဟာ စကော့တလန်ကို ပြန်သိမ်းပြီး
သူကောင်းမျိုးတွေကို သစ္စာပြန်ခံစေတယ်။
နောင်တစ်ချိန်မှာ ဘုရင်ဖြစ်လာမယ့်
Robert the Bruceဟာ သတ္တမမြောက်
Bruceဖြစ်ပြီး သူ့ရဲ့ဖခင် ဆဋ္ဌမမြောက် Bruceဟာ
Edwardနဲ့ ရင်းနှီးတဲ့ မိတ်ဆွေဖြစ်တယ်။
သတ္တမမြောက် Bruceဟာ ဝီလျံဝေါလေ့စ်ကို
လေးစားကြည်ညိုသူဖြစ်ပေမယ့် နန်းလုနေတဲ့
သူကောင်းမျိူ းတွေကြားထဲမှာ အနေအထိုင်
မမှားအောင်ဆင်ခြင်ရသူမို့ ဝေါလေ့စ်နဲ့ပေါင်းပြီး
ထိထိရောက်ရောက် မတော်လှန်ဖြစ်ခဲ့ဘူး။
(Brave Heart 1995 ရုပ်ရှင်ထဲကလို မဟုတ်ပါဘူး)
Edwardဟာ စိတ်မချရတဲ့ သတ္တမြောက်Bruceကို
Ulsterမြို့စား Richard Ogရဲ့သမီး
Elizabeth de Burghနဲ့ လက်ထပ်ပေးလိုက်တယ်။
Bruceက ပထမဇနီးကွယ်လွန်ခဲ့ပြီး သမီးတစ်ယောက်
ရနေပြီ။ လက်ထပ်ချိန်မှာ Bruceက ၂၈ နှစ်
Elizabethက ၁၈ နှစ်ပဲရှိပါသေးတယ်။ လက်ထပ်ပြီး
မကြာမီမှာပဲ သူ့ရဲ့ဖခင် ဆဋ္ဌမမြောက် Bruce
ကွယ်လွန်သွားပြီး ဘုရင်Edwardကလည်း
ဝီလျံဝေါလေ့စ်ကို ဖမ်းမိသွားတယ်။ ဝေါလေ့စ်ကို
ခေါင်းဖြတ် လေးပိုင်းပိုင်းပြီး နိုင်ငံ တနံတလျားကို
တစ်ပိုင်းစီပို့စေတဲ့အခါ ဝေါလေ့စ်ကို သိပ်ကြည်ညိုတဲ့
စကော့တလန်မှာ ဆူပူမှုတွေဖြစ်လာတယ်။
ဒါဟာပုန်ကန်ဖို့ အချိန်ကောင်းပဲဆိုတာကို
သိလိုက်တဲ့ Bruceဟာ သူရဲ့အင်အားအကောင်းဆုံး
ပြိုင်ဘက် John Comynနဲ့ လက်တွဲပုန်ကန်ဖို့
ဆွေးနွေးတဲ့အခါ မမျှော်လင့်တဲ့ပြဿ နာဖြစ်လာတယ်။
သူပုန်ထမယ့်ကိစ္စကို Edwardဆီသတင်းပို့မယ်လို့
ခြိမ်းခြောက်တဲ့အခါ Bruceက သူ့ကိုဓားနဲ့
ထိုးလိုက်တယ်။ ဘုရားကျောင်းအပြင်ဘက်မှာ
စောင့်နေတဲ့ နောက်လိုက်တွေဆီက Bruceဟာ
လက်မှာသွေးတွေနဲ့ ပြန်ရောက်လာပြီး
“ငါဓားနဲ့ထိုးလိုက်တာ Comynသေပြီလား
မသိဘူး”လို့ ပြောတဲ့အခါ William Wallaceရဲ့
ရောင်းရင်းဖြစ်ဖူးတဲ့ Roger de Kirkpatrickက
ဒါဆိုလက်စတုံးမှဖြစ်မယ်ဆိုပြီး ဘုရားကျောင်းထဲ
ဝင်ပြီး သေအံ့မူးမူးဖြစ်နေတဲ့ Comynကို
လက်စတုံးလိုက်တယ်။ ဒီလိုအခြေအနေဖြစ်သွားတဲ့အခါ
Bruceကို ချက်ချင်းဘိသိတ်မြှောက်ပြီး ဘုရင်ဖြစ်ဖို့
လုံးပမ်းကြရတော့တယ်။ ဘုရားကျောင်းထဲမှာ
လူသတ်မှုကျူ းလွန်တဲ့အတွက် ပုပ်ရဟန်းမင်းက
Bruceကို အသိအမှတ်မပြုခဲ့ပါဘူး။ ဘုရင်ဖြစ်ပြီးပြီးချင်း
Bruce စရင်ဆိုင်ရတာက Comynမိသားစုတွေနဲ့
Edwardကို သစ္စာခံထားတဲ့ အင်အားစုတွေကို
စရင်ဆိုင်ရတယ်။ ၁၃၀၆ ဇွန်လမှာဖြစ်ခဲ့တဲ့
Methvenတိုက်ပွဲမှာ အကြီးအကျယ်အထိနာပြီး
ထွက်ပြေးခဲ့ရတယ်။ Edwardရဲ့တပ်တွေ
ထပ်ရောက်လာတဲ့အခါ Bruceရဲ့ မိသားစုတွေ
အဖမ်းခံရပြီး အကျဉ်းချခံရတယ်။ညီလေးယောက်မှာ
သုံးယောက် ရက်ရက်စက်စက် အသတ်ခံရတယ်။
အဲဒီအချိန်တွေဟာ Robert the Bruceအတွက်
အခက်ခဲဆုံး အချိန်တွေပဲ။ ၁၃၀၆-၁၃၀၇
ဆောင်းကာလမှာ Bruceဟာ စကော့တလန်ပြင်ပထိ
သွားရှောင်နေခဲ့ရပြီး တကြော့ပြန်ဝင်လာတဲ့အခါ
သမားရိုးကျမတိုက်ဘဲ ပြောက်ကျားနည်းနဲ့
ရန်သူကို အထိနာအောင်တိုက်ပါတော့တယ်။
၁၃၀၇ ခုနှစ် မေလမှာဖြစ်ပွားခဲ့တဲ့ လောင်ဒွင်တောင်ကုန်း
(Loudoun Hill)တိုက်ပွဲဟာ စကော့တွေအတွက်
သမိုင်းတွင်တဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး Robert the Bruceဟာ
အင်အား ၆၀၀ တည်းနဲ့ အင်္ဂလိပ်တွေရဲ့ မြင်းတပ်
အင်အား ၃၀၀၀ ကို ဗျူ ဟာကြွယ်ကြွယ်အနိုင်ယူပြီး
အစွယ်ရိုက်ချိုးပြခဲ့တယ်။ စကော့တလန်ဘက်က
ဆယ်ဂဏန်းအကျအဆုံးရှိပြီး အင်္ဂလိပ်တွေဘက်က
အကျအဆုံး ရာချီပါတယ်။ ဒီတိုက်ပွဲမှာနိုင်ခဲ့ပေမယ့်
Robert the Bruceဟာ စကော့တလန်
တစ်ပြည်လုံးကို မနားတမ်း တိုက်ခိုက်ရ
စည်းရုံးလိုက်ရတာ ၁၃၁၄ ခုနှစ်မှာ ညီလာခံ
ကျင်းပပြီး အုပ်ချုပ်ရေး ပြန်လုပ်နိုင်ခဲ့တယ်။
ကံမကောင်းရှာတဲ့ Robert the Bruceဟာ
သက်တော် ၅၄ နှစ်မှာ နူနာရောဂါနဲ့ ကွယ်လွန်တယ်လို့
ဆိုကြပါတယ်။ Brave Heart ရုပ်ရှင်ထဲမှာ
နူနာရောဂါနဲ့ကွယ်လွန်တာ ဆဋ္ဌမမြောက် Bruce
ဖြစ်ပေမယ့် မှတ်တမ်းတွေအရ ဒီရောဂါနဲ့
ကွယ်လွန်တာ King Bruce I (သတ္တမမြောက်
Bruce)လို့ဆိုကြတယ်။ Robert the Bruceရဲ့
အုတ်ဂူကိုရှာဖွေတွေ့ရှိလို့ သူ့အရိုးတွေကို
လေ့လာကြည့်တဲ့အခါ ဒီရောဂါလက္ခဏာ
မတွေ့ရဘူးလို့ ဆိုတဲ့အခါ နူနာရောဂါနဲ့ ကွယ်လွန်တာ
ဘယ် Bruceလဲ မခွဲခြားနိုင် ဖြစ်လာရတော့တယ်။
Robert the Bruceဟာ မိဖုရား Elizabethနဲ့
သားသမီးလေးယောက်ရခဲ့ပြီး သူ့ရဲ့ တီ
ဆဋ္ဌမမြောက် Jamesဟာ အင်္ဂလန်နဲ့
စကော့တလန် နှစ်ပြည်ထောင်ရဲ့ ဘုရင်
ဖြစ်လာခဲ့ပါတယ်။
– – – – – – – – – – – – – – – – – – – – – – – – – – – – – – –
ဒါရိုက်တာ David Mackenzieရဲ့
လက်ရာ Outlaw King(2018)ဟာ
ဒီနှစ်ထွက်တဲ့ရုပ်ရှင်တွေထဲမှာ လူသိပ်မသိပေမယ့်
ကြည့်ရတာ တန်တဲ့ရုပ်ရှင်တစ်ကားဖြစ်ခဲ့ပါတယ်။
Robert the Bruceအဖြစ် Chris Pineက
သရုပ်ဆောင်ထားပြီး Black Douglasအဖြစ်
Avengers: Age of Ultronထဲက
သွားလေသူ Quicksilverအဖြစ် သရုပ်ဆောင်ခဲ့တဲ့
Aaron Taylor Johnsonတို့က
သရုပ်ဆောင်ထားတယ်။ Brave Heartလို
Fictionများလွန်းတဲ့ ရုပ်ရှင်မျိုးမဟုတ်ဘဲ
သမိုင်းမှန်နဲ့ ပိုနီးစပ်အောင်ကြိုးစားထားပေမယ့်
စကော့တလန်မဆန်ဘူးလို့ ဝေဖန်ကြတဲ့အထိ
ဟာတာတာဖြစ်နေပါတယ်။ Brave Heartထဲကလို
James Hornerရဲ့ နောက်ခံတေးဂီတရဲ့
အင်အားကို မခံစားရတာလည်း ပါလိမ့်မယ်ထင်တယ်။
ကြည့်ကောင်းပြီး စိတ်ကျေနပ်ရတဲ့ရုပ်ရှင်မျိုး ဆိုပေမယ့်
Brave Heart(1995)လိုတော့ အကြာကြီး
လွမ်းမိနေမယ် မထင်ပါဘူး။
ဒီရုပ်ရှင်ကားကို Htet Htet Myint က ဘာသာပြန်ပေးထားပြီး
အညွှန်းကိုတော့ Elvis မှ ရေးပေးထားပါတယ်
Review By : Elvis
Ref ~ The Battle of Loudoun Hill
~ Robert the Bruce
~ History of Scotland
www.wikipedia.com
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။