Ouran High School Host Club (2012)


Synopsis:
[Unicode]
အိုရန်အကယ်ဒမီကျောင်းဆိုတာ တိုကျိုမြို့မှာရှိတဲ့ နာမည်ကြီး hi-so အထက်တန်းကျောင်းတစ်ခုဖြစ်ပါတယ် ၊
ဆူအူ တာမာကီ ဆိုတဲ့ကောင်လေးကတော့ ဆူအူလုပ်ငန်းစုရဲ့ တစ်ဦးတည်းသောဆက်ခံသူပေါ့…
ဟာရူဟီဆိုတဲ့ကောင်မလေးကတော့ ပညာသင်ဆုနဲ့ဒီကျောင်းမှာတက်ခွင့်ရခဲ့တာပါ ၊
တာမာကီက ကျောင်းမှာဧည့်ခံကလပ်တစ်ခုကိုထောင်ထားပါတယ် ၊
ဧည့်ခံကလပ်ရဲ့တန်ဖိုးကြီးပန်းအိုးတစ်လုံးကို ဟာရူဟီကတိုက်မိပြီး ကျကွဲသွားတာကြောင့် ကျကွဲသွားတဲ့ပန်းအိုးရဲ့တန်ဖိုးကိုပြန်လျော်ပေးဖို့
ဟာရူဟီကယောက်ျားလေးယောင်ဆောင်ပြီး ဧည့်ခံသူအဖြစ်ဝင်လုပ်ရပါတယ်…
ကျောင်းကိုရောက်လာတဲ့ မီချဲဟီမီဆိုတဲ့သူဋ္ဌေးသမီးလေးကတော့
တာမာကီရဲ့ဆုံးသွားတဲ့အမေနဲ့အရမ်းတူတာကြောင့် မီချဲကိုပျော်အောင်ထားဖို့က တာမာကီရဲ့အိပ်မက်ဖြစ်လာပါတယ် ။
အိုရန်ကျောင်းမှာနှစ်စဉ်ပြိုင်ပွဲရှိပါတယ်…
ဒီပြိုင်ပွဲကိုနိုင်အောင်ကြိုးစားရင်း တာမာကီရဲ့ဆန္ဒအတိုင်း မီချဲဟီမီကိုပျော်အောင်ထားနိုင်ဖို့ ဧည့်ခံကလပ်တစ်ဖွဲ့လုံးကြိုးစားကြပါတယ် ။
တစ်ချိန်တည်းမှာပဲ မီချဲက တာမာကီကိုချဉ်းကပ်ဖို့ကြိုးစားလာပါတယ်…
တာမာကီနဲ့ ဟာရူဟီတို့ကလည်း သံယောဇဉ်ရှိနေကြတဲ့အခါ ၃ပွင့်ဆိုင်ဇာတ်လမ်းလေးဖြစ်လာတဲ့နောက်…
မီချဲ တကယ်လိုအပ်တဲ့အရာကို ဧည့်ခံကလပ်ကလူတွေရှာနိုင်မှာလား ၊
မီချဲကိုပျော်စေချင်တဲ့တာမာကီတို့ရဲ့ကြိုးစားမှုကရော ဘယ်လိုဖြစ်မလဲဆိုတာကို ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုလိုက်ပါနော်….။
( အညွှန်းနဲ့ဘာသာပြန်သူကတော့Ingyin San ဖြစ်ပါတယ် )
[Zawgyi]
File size__( 950 MB ) and ( 400 MB)
Quality__Blu-720p
IMDb Rating__6.4/10
Format__mp4
Duration__01:43:56
Type__Comedy
Subtitle__Myanmar Subtitle (Hardsub)
Translated by Ingyin San
Encoded by Naing Aung Latt
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။