Our Time Will Come (2017)


Synopsis:
ဝေဖန်ရေးသမားတွေရဲ့ ကောင်းမွန်တဲ့ဝေဖန်သံတွေ နဲ့ ရုပ်ရှင်ဆုပေါင်း ၈ ဆု ရရှိထားပြီး
ဆင်ဆာကြမ်းလှတဲ့ တရုတ်အစိုးရရဲ့ ပိတ်ပင်မှုကိုခံရပြီးမှ ၂၀၁၇ ခုနစ်မှာထွက်ရှိလာခဲ့တဲ့ တရုတ်တော်လှန်ရေးကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
တရုတ်အမျိုးသမီး တော်လှန်ရေးခေါင်းဆောင် “ဖန်းကူး” နဲ့ တော်လှန်ရေးတပ်ဖွဲ့အောင်မြင်ဖို့ မိမိကိုယ်ကို စတေးထားတဲ့ လူငယ်တွေရဲ့ ကြိုးပမ်းခဲ့ပုံတွေကို
နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Zhou Xun , Wallace Huo, Eddie Peng တို့က အတွဲညီညီပုံဖော်ပေးထားပါတယ်။
လူငယ်တော်လှန်ရေးအဖွဲ့တွေရဲ့ တော်လှန်ရေးအတွင်းမှာ ကြုံတွေ့ရတဲ့ ခံစားချက်တွေ၊ ခံယူချက်တွေ၊ အတွေ့အကြုံတွေကို အဓိကထားပြီး ရိုက်ပြပေးထားပါ
တယ်။ ပစ်တာခတ်တာတွေချည်းပဲ ရိုးအီနေအောင်မပြဘဲ တော်လှန်ရေးစိတ်ဓါတ်တွေကို အများကြီးထည့်သွင်းပေးထားတဲ့ ကားလေးဖြစ်တာမို့
တွေးလို့ကောင်းမယ့် ရုပ်ရှင်ကောင်းလေးတစ်ကားပါ။ “သမီးတို့တော်လှန်ရေးက
ကျောက်ခဲကိုကြက်ဉနဲ့ပေါက်သလိုဖြစ်နေမှာပေါ့”
“ဒီလိုသာ လူတိုင်းတွေးနေရင် အရေးတော်ပုံ ဘယ်နိုင်တော့မှာလဲအမေ…သမီးပြန်လာခဲ့မှာပါ…
အားလုံးအေးချမ်းသွားတဲ့တစ်နေ့ သမီးတို့ ပြန်လည်တွေ့ဆုံကြတာပေါ့”
Translated by : JoJoVa
Encoded by : YK
File Size : 2.1Gb and 1.1GBB
Quality : 1080p Blu-Ray and 720p
Duration : 2h 10min
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။