Exit print mode Print Data A+ A- Undo all

Our Secret Diary (2023)

Our Secret Diary (2023)Our Secret Diary (2023)

Synopsis:

Our Secret Diary (2023)

~ IMDb – 7.5/10, MyDramaList – 8.2/10 ~

442

ဟိုတလောက နာမည်ကြီးသွားတဲ့ Videoထဲက Anime Voice Actor လေး တဖြစ်လဲ မင်းသား Fumiya Takahashi ရဲ့ အသစ်စက်စက်ရုပ်ရှင်လေး ထွက်ရှိလာပါပြီ။

ကျောင်းရဲ့စားပွဲခုံပေါ်မှာ စာအပြန်အလှန်ရေးရာက စတဲ့ဇာတ်လမ်းလေးဖြစ်တာမို့ Highschool Movie တွေကြိုက်တဲ့သူတွေအဖို့ သေချာပေါက် ရင်ခုန်စွာနဲ့ လိပ်ပြာတွေပျံရင်း ကြည့်ရှုရမှာပါ။

ဇာတ်လမ်းကိုတော့ ဘောလုံးကစားတာကို နားရတော့မဲ့ ကောင်လေး “ဆဲတိုရာမ”က စာရေးစားပွဲပေါ်မှာ သူလက်မလျှော့ချင်တဲ့အကြောင်း ရေးထားခဲ့တာကနေ စထားပါတယ်။ အတန်းတွေချိန်းကြတဲ့အခါ အဲဒီခုံနေရာမှာထိုင်မိတဲ့ “ခုရိုဒ”ဆိုတဲ့ကောင်မလေးက သူ့စာရဲ့အောက်မှာ အရှုံးမပေးဖို့အတွက် အားပေးစကားလေး ရေးထားခဲ့ပါတယ်။

ဒီစာကြောင့်ပဲ ဆဲတိုရာမတစ်ယောက် မိုတီတွေရသွားခဲ့ပြီးတော့ စာရေးခဲ့တဲ့ကောင်မလေးကို လိုက်ရှာနေခဲ့ပါတယ်။ ခုံပေါ်မှာ စာလေးတွေသွားထားရင်းနဲ့ သူတို့နှစ်ယောက်က စာပေးစာယူကနေတဆင့် စကားပြောဖြစ်လာပါတယ်။ ဒီလိုနဲ့ တစ်ယောက်အကြောင်း တစ်ယောက်သိအောင်လုပ်ဖို့ ဒိုင်ယာရီစာအုပ်လေးတစ်ခုကို ကျောင်းရဲ့တစ်နေရာမှာထားပြီး အပြန်အလှန် ရေးဖြစ်လာကြပါတယ်။

ဒါပေမဲ့ ဆဲတိုရာမ ရှာနေတဲ့သူက စာအတူရေးနေတဲ့ကောင်မလေးမဟုတ်ဘဲ သူ့ရဲ့သူငယ်ချင်းမလေးရဲ့နာမည်ဖြစ်နေတဲ့အခါ…

တစ်ဖက်မှာလည်း ခုရိုဒရဲ့ ရည်းစားဟောင်းဖြစ်သူက ခုရိုဒကို ပြန်ပြီး ချဉ်းကပ်လာတဲ့အခါမှာတော့…

သူတို့ကြားက Romance, ဂရုစိုက်ပေးတာလေးတွေ အထင်လွဲမှုတွေနဲ့ သူငယ်ချင်းတွေကြားက ချစ်စရာကောင်းလောက်အောင်နားလည်မှုရှိတဲ့အကြောင်းတွေက ဘယ်လိုဆက်ပြီးဖြစ်သွားမှာလဲဆိုတာကို သူတို့နှစ်ယောက်ရဲ့ Secret Diary လေးထဲမှာ ဆက်လက် ဖတ်ရှုလိုက်ကြပါဦး။

(ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 2.2GB, 950MB
Quality – 1080p, 720p
IMDb Rating – 7.5/10
Format – mp4
Duration – 1H 51Min
Genre – Romance
Subtitle – Myanmar Subtitle (Hardsub)
Translated by Ingyin San
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Kokan Uso Nikki
Director
Kentaro Takemura
Stars
Fumiya Takahashi, Hiyori Sakurada, Mizuki Itagaki, Mizuki Kayashima, Nagisa Saito, Ryôsuke Sota
Release Date
2023
Rated
Unrated
Runtime
1h 51m
Country
Japan
ID IMDb.com
tt27694652
IMDB Rating
7.5
IMDB votes
33