Channel Myanmar

Our Father(2022)

ComedyDrama

IMDB: /10 votes

225896

Report error

 

442

 

ဒါကတော့ အမေရိကန်နိုင်ငံ Indiana ပြည်နယ်ကနာမည်ကျော်အမှုတစ်မှုအကြောင်းရိုက်ထားတဲ့ Documentary ပါ။Doctor Donald Cline ဆိုတဲ့Fertility (မျိုးပွား) specialist တစ်ယောက်ဟာသူရဲ့လူနာအမျိုးသမီးအများအပြားကို သူတို့ခွင့်ပြုချက်မပါဘဲ သူ့ရဲ့ သုတ်ပိုးနဲ့ကိုယ်၀န်တည်စေခဲ့ပါတယ်။

လူနာအမျိုးသမီးတွေကတော့ အပြင်အလှူရှင်ရဲ့ သုတ် သို့မဟုတ် သူတို့အမျိုးသားတွေရဲ့ သုတ်လို့ပဲ ထင်နေကြတာပါ။

နှစ်ပေါင်းများစွာကြာချိန်မှာတော့ DNA နည်းပညာတွေတိုးတက်ထွန်းကားလာတာကြောင့်အမျိုးသမီးတစ်ယောက်ဟာ DNA စစ်ကြည့်ရင်းနဲ့ သူ့မှာ ဖအေတူမအေကွဲ မောင်နှမ ညီအစ်မတွေအများကြီးရှိတာကို ထိတ်လန့်ဖွယ် တွေ့ရှိလိုက်ရပါတယ်။

သူတို့မောင်နှမတွေစုပေါင်းပြီး တရားခံကိုဖော်ထုတ်ပြီး တရားစွဲဖို့ကြိုးစားကြပုံကို ရိုက်ကူးထားပါတယ်။ဖြစ်ရပ်မှန်ဆိုတာ ဇာတ်လမ်းထက်ပိုဆန်းတယ် ဆိုတဲ့အတိုင်း မယုံနိုင်စရာ ဒီအမှုဟာနောက်ဆုံးဘယ်လိုပြီးသွားလဲ၊ ကျုးလွန်ခံရသူတွေကရော သူတို့ဘ၀ကိုဘယ်လို လက်ခံကြမလဲ၊ ဒီဆရာ၀န်ကလည်း ဘာလို့ဒီလိုလုပ်ရတာလဲဆိုတာအဖြေရှာကြပုံကို ကြည့်ရှူရမှာပါ။

 

File size…(1.5GB)/(752MB)/(358MB)
Quality….Webrip 1080p / 720p / 480p
Format…mp4
Duration….01:36:00
Genre…Conedy /Drama
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by….SP



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Our Father(2022)


No downloads available

Genres



Related movies