Oslo, August 31st (2011)
Live today. One minute at a time.

Synopsis:
Oslo, August 31st (2011)
~ IMDb – 7.6/10, RT – 97%, Meta – 84% ~
ဟိုးအရင်နှစ်က အော်စကာရဲ့ အင်တာနေရှင်နယ်ဖီးချားမှာ ဆန်ခါတင်ဝင်ခဲ့ပြီး သူနဲ့အပြိုင်ကားက Drive My Car ဖြစ်နေတာကြောင့် ဆုမရသွားခဲ့တဲ့ The Worst Person in the World ကို သိကြမှာပါ။ The Worst Person in the World ရဲ့ ဒါရိုက်တာ Joachim Trier မှာ Oslo Trilogy ဆိုတဲ့ အော့စလိုမြို့နဲ့ဆက်စပ်နေတဲ့ ဘဝတို့အချစ်တို့အကြောင်း ရုပ်ရှင်သုံးကားရှိတယ်။ Reprise (2006), Oslo, August 31st (2011) နဲ့ The Worst Person in the World (2021) တို့ပါပဲ။ The Worst Person in the World (2021) ကို သဘောကျတဲ့လူတွေတော့ ဒီကားကို သဘောကျကြလိမ့်မယ်။ အကြောင်းအရာကတော့ The Worst Person in the World နည်းတူ ရိုးရိုးရှင်းရှင်းလေးပဲ။ သာမန်လူတစ်ယောက်ရဲ့ စိတ်ခံစားချက်တွေအကြောင်းပဲ။ ဒီထက် ဘာမှပိုမပါဘူး။
တစ်ခုရှိတာက သူ့တင်ပြပုံက ရိုးရိုးရှင်းရှင်းလေးနဲ့ကို ဇာတ်ကောင်ရဲ့ မရေရာခြင်းနောက်ကနေ သေချာတဲ့ ခံစားချက်တစ်ရပ်ပေးသွားတယ်။ TWPitW နဲ့ မတူတာက Olso Trilogy ပီသအောင်ပဲ အော့စလိုမြို့က အမှတ်တရတွေ အော့စလိုမြို့ရဲ့အရိပ်တွေအကြောင်း ပြထားတယ်။ TWPitW နဲ့တူတာက ဇာတ်ကောင်တွေရဲ့ စိတ်ခံစားချက်အမြင့်ဆုံးအချိန်တွေကို အော့စလိုရဲ့ လှပတဲ့နေရာတွေနဲ့ အမြဲတွဲပြသွားတာပါပဲ။
Trier ရဲ့ တခြားကားတွေနဲ့မတူဘဲ Olso မှာ ပြင်သစ်ဒါရိုက်တာ Louis Malle ရဲ့ ၁၉၆၃မှာထွက်ခဲ့တဲ့ The Fire Within ဆိုတဲ့ ရုပ်ရှင်ကို နည်းနည်းမှီးထားသလို Homage လည်း ပေးထားတယ်။ နောက် ဒီရုပ်ရှင်ရဲ့ ကျောရိုးကိုက Will o’ the Wisp ဆိုတဲ့ ပြင်သစ်စာအုပ်ကိုပဲ နည်းနည်းမှီးထားတယ်။ အဲဒီစာအုပ်ကတော့ သတ်သေဖို့ကြံထားတဲ့ အရက်စွဲနေတဲ့ စာရေးဆရာတစ်ယောက်က နောက်ဆုံးအနေနဲ့ သူနဲ့သူစိမ်းပြင်ပြင်ဖြစ်နေခဲ့တဲ့ သူချန်ရစ်ခဲ့တော့မယ့် ကမ္ဘာကြီးနဲ့လူတွေနဲ့ နောက်ဆုံးအနေနဲ့ တစ်ခေါက်လောက် ပြန်ချိတ်ဆက်ကြည့်တဲ့အကြောင်းပေါ့။ ဒီရုပ်ရှင်က ဒီလိုအကြောင်းအရာကိုပဲ ဆေးသမားတစ်ယောက်နဲ့ အော့စလိုမြို့ကို ပြန်ပြောင်းဖော်ပြထားတယ်။ ပြောရရင် ဒီရုပ်ရှင်က သမုဒ္ဒရာထဲ စုန်းစုန်းမြုပ်တော့မယ့်လူတစ်ယောက်က နောက်ဆုံးကောက်ရိုးလေးတစ်မျှင်ကို လှမ်းဆွဲကြည့်ခဲ့တဲ့အကြောင်းပေါ့။
~~~~~~~~~~~~~~~~~~
မီးငှက်တစ်ကောင်သေဆုံးခြင်း
မီးငှက်တစ်ကောင် ပြန်ရှင်နိုင်ဖို့
အရင် သေပေးရသတဲ့။
ဒီကမ္ဘာမှာတော့ တိမ်အဝါတွေဟာ
ပြန်မရှင်နိုင်တော့တဲ့ မီးငှက်တို့ရဲ့အတောင်ပံတွေ။
ဘဝဟာ အက်စကိုးဘားပဲ
ဒန်းပေါ်ထိုင်ရင်း ဒီပရက်ရှင်ဝင်လိုက်
ပိုက်ဆံတွေ မီးထည့်လှုံလိုက်
အဆုံးကျတော့လည်း အရာရာဟာ ဘာမှမဟုတ်နေပြန်လိုက်
ဒီလိုပဲ ငါတို့ရှင်ခဲ့ရတယ်။
ဒုက္ခဟာ ဖြစ်နိုင်ခြေနည်းတဲ့ ကမ္ဘာကြီးကြောင့်လား
ကြိုးစားမှုနည်းတဲ့လူတွေကြောင့်လား
ငါကတော့ ဖြစ်နိုင်ခြေနည်းတဲ့ကမ္ဘာကြီးပေါ်က
ကြိုးစားမှုနည်းခဲ့တဲ့လူတစ်ယောက်ပါပဲ။
ရယ်စရာကောင်းတဲ့ လျှို့ဝှက်ချက်တစ်ခုကတော့
သူ့အတိုင်း ဒုက္ခမှာ ဒူပေနာပေခံလာတဲ့ လူတွေဟာ
မနက်ဖြန်ဟာ ဒီလိုနေ့မျိုးပဲဆိုတာကို
လိမ်လည်ပစ်လိုက်ကြတာပါပဲ။
ဘယ်အရာမှာ ငါ ရှင်နေလဲ ကောင်းကောင်းသိပေမဲ့
ဘယ်နေရာမှာ ငါ ရှင်နေလဲ မသိသေးဘူး အချစ်ရယ်
မင်းကိုငါချစ်ပေမဲ့ ငါ့ကိုယ်ငါတောင် အနိုင်နိုင်ရယ်ပါ။ ။
~~~~~~~~~~~~~~~~~~
(ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်)
Size – 1.75GB, 735MB
Quality – 1080p, 720p
IMDb Rating – 7.6/10
Format – mp4
Duration – 1H 35Min
Genre – Drama
Subtitle – Myanmar Subtitle (Hardsub)
Translated by WiRa Aung
Encoded by Y
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။