One Last Prayer 2020


Synopsis:
ဒေးဗစ်ဟာ လျှပ်စစ်ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေသူတစ်ယောက်။ မိန်းမနဲ့သမီးလေးတစ်ယောက်ရှိပြီး သမီးလေးဟာ ကင်ဆာရောဂါဝေဒနာခံစားနေရသူဖြစ်တယ်။ သမီးဖြစ်သူ အိုလီဗီယာလေးဟာ သူ့ရဲ့မွေးနေ့မှာ မူးလဲသွားပြီး ဆေးရုံတင်လိုက်ရတဲ့အချိန်မှာ သူ့ရဲ့ကင်ဆာရောဂါက အခြေအနေဆိုးနေတာကို သိလိုက်ရတယ်။ ဆရာ၀န်တွေက ဓာတ်ကင်ကုသမှု ထပ်လုပ်စေချင်ပေမယ့် အမေဖြစ်သူက သူ့သမီးကို ဒီလိုအတွေ့အကြုံထပ်မပေးချင်တော့တဲ့အတွက် သဘာ၀ကုထုံးနဲ့ ကုကြည့်ဖို့ ဒေးဗစ်ကိုပြောတယ်။ ခက်တာက ဒီအတွက် ငွေအများကြီးလိုအပ်တယ်။ ကံဆိုးစွာနဲ့ ဒေးဗစ်ရဲ့ ကုမ္ပဏီကလည်း အခြေအနေမကောင်းတော့ပဲ လစာတွေ လျှော့ချခံလိုက်ရပါတော့တယ် …. ဒီဇာတ်လမ်းဟာ တစ်ချိန်က ကိုယ်ကူညီခဲ့ဖူးတဲ့အတွက် တစ်ချိန်မှာ အကျိုးပြန်ခံစားရတယ်ဆိုတဲ့ moral lesson ကို ပေးပါတယ် ခရစ်ယာန်ဘာသာ၀င်တို့ရဲ့ ဘုရားသခင်အပေါ်မှာ ယုံကြည်သက်၀င်မှုတွေကို ထင်ရှားစွာတွေ့ရမှာဖြစ်ပါတယ် တကယ်ကို ကြည့်သင့်တဲ့ဇာတ်ကားလေးပါ….
File Size : 650 Mb / 350 Mb
Quality :WEB-DL 720p
Format…mp4
Duration…01:30:00
Genre : Drama, Family
Subtitle : Myanmar Subtitle (Hard Sub)
Translated by Yoon Sandi Aung
Encoded by Littleneo
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။