Exit print mode Print Data A+ A- Undo all

Once Upon a Time in America (1984)

Crime, passion and lust for power.
Once Upon a Time in America (1984)Once Upon a Time in America (1984)

Synopsis:

 

442

Once Upon A Time In America (1984)
========================

သူများပြောတာ ကြားဖူးတာကတော့ ဒီရုပ်ရှင်ကို ဘယ်လိုရုပ်ရှင်မျိုးလဲဆိုတာ စကားနှစ်လုံးနဲ့ ခြုံလွှမ်းဖော်ပြရရင် ခမ်းနားထည်ဝါခြင်းနဲ့ ရင်သပ်ရှုမောဖွယ်ဖြစ်ခြင်းဆိုတဲ့ စကားလုံးနှစ်ခုကို ရွေးရလိမ့်မယ်တဲ့။
ကျွန်တော်တော့ အဲ့ဒီနှစ်ခုထက်ပို ဒီရုပ်ရှင်ရဲ့ အနှစ်သာရဖြစ်မယ်ထင်တဲ့ တတိယ စကားလုံးနဲ့ ဖော်ပြချင်တယ်။လွမ်းမောဖွယ်ကောင်းခြင်း။
Once upon A Time in Americaဟာ နာမည်နဲ့လိုက်အောင် လွမ်းမောဖွယ်အတိရှိနေတဲ့ ရုပ်ရှင်ပါပဲ။

 

ဘယ်လိုဇာတ်လမ်းအမျိုးအစားလဲပြောရရင်တော့ဂန်းရုပ်ရှင်ပါ။ အမေရိကရဲ့ လမ်းမပေါ်က ဘဝတွေအ‌ကြောင်းပါပဲ။
မူရင်းဝတ္တုဟာ တကယ့်အပြင်လောကက ဂန်းစတားတွေရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတိပါ။
ဖြစ်ရပ်အများစုက အဖြစ်မှန်‌တွေလို့ ဆိုလို့ရတယ်။
ဒီဝတ္တုကို စာရေးဆရာဟာ ထောင်ကျနေတုန်း ရေးခဲ့တယ်လည်း ပြောကြတယ်။
မူရင်းဝတ္တုရဲ့စာရေးဆရာဟာ ဒီရုပ်ရှင်ထဲက Robert De niroရဲ့ ကာရိုက်တာလို့ ဆိုကြတယ်။ ဟုတ်မှာပါ။
ဒီလေးနာရီကြာ ရုပ်ရှင်ကို ကျွန်တော်တော့ ရုပ်ရှင်တစ်ခုလို့ မခံစားခဲ့ရဘူး။
လူတစ်ယောက်ရဲ့ဘဝကို လေးနာရီအတွင်း ကြည့်နေရသလိုခံစားခဲ့ရတယ်။ ဂန်းစတားတစ်ယောက်ရဲ့တကယ့်ဘဝတစ်ခုကိုပေါ့။

ဂန်းကားချင်း ယှဉ်ကြည့်မယ်ဆိုရင် ယေဘုယျအမြင်အရတော့ ဒီရုပ်ရှင်ဟာ Godfatherတို့ Goodfellasတို့ထက် မညံ့ဘူး။
ပုဂ္ဂလိကအမြင်အရပြောရမယ်ဆိုရင်တော့ သူ့ရဲ့ လွမ်းမောဖွယ်ကောင်းခြင်းကြောင့် အဲ့ဒီနှစ်ကားလုံးထက် ပိုသဘောကျမိတယ်။
လွမ်းမောဖွယ်ကောင်းတယ်ဆိုတဲ့နေရာမှာ ဇာတ်အိမ်၊ တေးဂီတနဲ့ ရုပ်ရှင်ဓာတ်ပုံပညာတို့အပြင်
ဂျနီဖာကွန်နယ်လီရဲ့ ကလေးဘဝက အလှအပကိုပါ ထည့်တွက်ရမယ်ထင်တယ်။
သူ့ဇာတ်ဝင်ခန်းကသိပ်မများပေမဲ့ သူ့ရဲ့ ချစ်စရာကောင်းလွန်းတဲ့ ငယ်ရုပ်ကလေးက ဒီဘက်ခေတ်က ကျွန်တော့်အတွက် ပိုလွမ်းမောဖွယ်ဖြစ်စေခဲ့တယ်။

 

လေးနာရီဆယ့်တစ်မိနစ်ကြာတဲ့ ဒီရုပ်ရှင်ကိုကြည့်ဖို့ စိတ်ထင့်ကောင်း ထင့်ပါလိမ့်မယ်။
ဒါပေမဲ့ ‌ပထမ၁၅မိနစ်ကိုကျော်လွန်ပြီးတဲ့အခါ မရပ်တမ်းဆက်ကြည့်ချင်လောက်အောင် Directorရဲ့ Storytellingဟာ သေ‌သပ်လှပတယ်။
အဲ့ဒီဘက်ခေတ်ရုပ်ရှင်တွေမှာ ကျွန်တော်တော့ သိပ်မတွေ့ဖူးတဲ့ ပုံသဏ္ဍာန်မျိုးပဲ။

Poetic Cinemaဆိုတဲ့ ရုပ်ရှင်ဂရုထဲက ရုပ်ရှင်သမားတစ်ယောက်ကတော့ ဒီလိုပြောခဲ့ဖူးတယ်။
” ဇာတ်လမ်းရဲ့အဆုံးမှာ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ Sergio Leoneကို ဘာလို့Geniusတစ်ယောက်လို့ သတ်မှတ်ခဲ့ကြလဲဆိုတာ ခင်ဗျားနားလည်သွားလိမ့်မယ်။
ပြီးတော့ သူ့ရုပ်ရှင်ဟာ ဘယ်လောက်အထိ ရင်သပ်ရှုမောဖွယ်ကောင်းလဲ ခင်ဗျားသိသွားလိမ့်မယ်။”တဲ့။

ပုဂ္ဂလိကအမြင်အရတော့ အကောင်းဆုံးဂန်းရုပ်ရှင်အဖြစ်ရော Robert De Niroရဲ့ အကောင်းဆုံးရုပ်ရှင်အဖြစ်ရော ကျွန်တော်တော့ သတ်မှတ်ထားတယ်။
Once upon A Timeဆိုတဲ့ စကားလုံးနဲ့ အလိုက်ဖက်ဆုံးရုပ်ရှင်လို့လည်း ဆိုချင်တယ်။

( အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ )


Quality__EXTENDED VERSION – 720p 5.1
IMDb Rating__8.4/10
Format__mp4
Duration__03:50:00
Type__Crime , Drama
Subtitle__Myanmar Subtitle (Hardsub)
Translated by WiRa Aung
Encoded by Naing Aung Latt



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Sergio Leone
Stars
Adrian Curran, Alex Serra, Alexander Godfrey, Amy Ryder, Angelo Florio, Ann Neville, Arnon Milchan, Baxter Harris, Brian Bloom, Bruce Bahrenburg, Bruno Bilotta, Bruno Iannone, Burt Young, Chuck Low, Clem Caserta, Cliff Cudney, Danny Aiello, Dario Iori, Darlanne Fluegel, Dutch Miller, Elizabeth McGovern, Estelle Harris, Francesca Leone, Frank Gio, Frank Sisto, Frankie Caserta, Gerard Murphy, Gerritt Debeer, Gianni Sanjust, Greg Anthony, James Hayden, James Russo, James Woods, Jay Zeely, Jennifer Connelly, Jerry Strivelli, Joe Pesci, Joey Faye, Joey Marzella, Julie Cohen, Karen Shallo, Larry Rapp, Linda Ipanema, Louise Fletcher, Marcia Jean Kurtz, Margherita Pace, Mario Brega, Mark Frazer, Marty Licata, Marvin Scott, Massimo Liti, Matteo Cafiso, Mike Gendel, Mike Monetti, Mort Freeman, Nelson Camp, Nicola Roberto, Noah Moazezi, Nunzio Giuliani, Ole Jorgensen, Olga Karlatos, Paul Farentino, Paul Herman, Ray Dittrich, Richard Bright, Richard Foronjy, Richard Zobel, Robert De Niro, Robert Harper, Ron Nummi, Rusty Jacobs, Ryan Paris, Salvatore Billa, Sandra Solberg, Scott Coffey, Scott Schutzman Tiler, Susan Spafford, Tandy Cronyn, Treat Williams, Tuesday Weld, William Forsythe
Release Date
June 1, 1984
Rated
R
Runtime
4 hr
Awards
Top rated movie #71 , 12 wins & 12 nominations
Country
(United States)
Budget
USD $30 000 000,00
Revenue
USD $5 472 914,00
Popularity
19.977
Status
Released
ID IMDb.com
tt0087843
IMDB Rating
8.4
IMDB votes
325,495
ID Themoviedb.org
311
TMDb Rating
8.4
TMDb votes
3708