O Brother, Where Art Thou? (2000)
They have a plan... but not a clue.

Synopsis:
O Brother, Where Art Thou?(2000)
IMDb….7.7/10_______Rotten – 77%
အဲဗရက် ဒယ်လ်မာ နဲ့ ပိဒ်တို့ တို့ သူငယ်ချင်း (၃)ယောက်ဟာ ခပ်ဆိုးဆိုး ဘော်ဒါတွေ….
တစ်ရက်တော့အမှုတစ်ခုကြောင့် ၃ယောက်လုံးထောင်ကျသွားတယ်….
ဒါပေမယ့် ထောင်မကျခင်တုန်းမှာ ရတနာတွေကို သူတို့ဖွက်ထားနိုင်ခဲ့တယ်….
ဒီရတနာတွေကြောင့် သူတို့ (၃)ယောက်ဟာ ထောင်ကထွက်ပြေးပြီး
ရတနာတွေကိုရှာဖွေဖို့ကြိုးစားကြတော့တယ်….
သူတို့ ထောင်ကလွတ်မြောက်မလား…ဖွက်ထားတဲ့ရတနာတွေရောပြန်တွေ့မလား….
ဒီကြားထဲ သူတို့ထောင်ပြေးလုပ်နေစဉ်ကာလအတွင်းမှာ ရင်ဆိုင်ရတဲ့ အန္တရယ်ပေါင်းစုံကိုလည်း ကျော်လွှားနိုင်ပါ့မလားဆိုတာကိုတော့
ခံစားကြည့်လိုက်ပါဦး……..
ဒီကားက IMDb 7.7, Rotten Tomatoes 77% ရရှိထားပြီး
လူ(၃)ယောက်စရိုက် ၃မျိုးနဲ့ ထွက်ပြေးစဉ်ကာလတစ်လျှောက် လူတွေရဲ့သဘော မနောတွေ
အာဏာရူးတဲ့သူတွေအကြောင်း သူငယ်ချင်းမေတ္တာတရားတွေအကြောင်းကို ဟာသလေးတွေနှောပြီး
ပညာသားပါပါလေးရိုက်ကူးပြထားတာပါ…အတင်းကလိထိုးရယ်ခိုင်းတဲ့အကွက်တွေလုံးဝမပါပဲ
တွေးတွေးပြီးပြုံးနေရတဲ့အခန်းမျိုးတွေပါ…
1930 ခုနှစ်လောက်က အမေရိကန်တောင်ပိုင်းရဲ့ ကျေးလက်ဒေသ အလှအပတွေကို တစ်ဝကြီး ရှုစားရမှာဖြစ်တဲ့အပြင်
Cinematography ပိုင်းကလည်းပြောစရာမလိုအောင် လှပတဲ့ ရှုခင်းတွေ ကို ခံစားရမှာဖြစ်ပါတယ်…
မင်းသားကြီးတွေကလည်း နာမည်ကြီးမင်းသားတွေဖြစ်တဲ့
George Clooney, John Turturro, Tim Blake Nelson တို့ဖြစ်ပါတယ်…
Comedy,Drama ကားကောင်းတစ်ခုဖြစ်သလို Folk Music ကောင်းကောင်းလေးတွေပါ
နားဆင်ရဦးမှာဖြစ်တာကြောင့် မိုးအေးအေးလေးနဲ့ ကော်ဖီခွက်လေးတစ်ခွက်ကိုင်ပြီး ဇိမ်ကျကျနှပ်လို့ရအောင် လက်တို့ပေးလိုက်ပါရစေလားဗျာ။
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Kiwi ပဲဖြစ်ပါတယ်…
File Size : (852 MB)
Quality : Blu-Ray 720p
Format…mp4
Duration…01:47:00
Genre : Adventure, Comedy, Crime
Subtitle : Myanmar Subtitle (Hard Sub)
Translated by Kiwi
Encoded by Phyo Pyae
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။