No Man’s Land (2021)
The only way back is to cross the line.

Synopsis:
No Man’s Land (2021)
==================
IMDb Rating – 4.3/10
မက္ကဆီကိုနဲ့ တက်စ်ဆက်ပြည်နယ်ကြားက နယ်စပ်မှာဖြစ်ခဲ့ဖူးတဲ့အဖြစ်အပျက်တွေကို အခြေခံရိုက်ကူးထားတဲ့
ဇာတ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ဘေလ်တို့မိသားစုက တက်စ်ဆက်ပြည်နယ်နဲ့ မက္ကဆီကိုနယ်စပ်မှာ မွေးမြူရေးခြံလုပ်ငန်း
လုပ်ကြတဲ့ မိသားစုပါ။ သားအကြီးလူးကပ်စ်က မြင်းစီးတော်သလို သားအငယ်ဂျက်ဆင်ကလည်း ဘေ့စ်ဘောမှာ ပါရမီ
ပါတဲ့ကောလိပ်ကျောင်းသားတစ်ယောက်ပေါ့။ သူတို့ခြံက နယ်စပ်မှာရှိတာကြောင့် မက္ကဆီကိုဘက်က နိုင်ငံရေးခိုလှုံချင်တဲ့
သူတွေ တရားမဝင်ဖြတ်သွားတိုင်း သူတို့ခြံစည်းရိုးတွေကို ညှပ်သွားတတ်တာကြောင့် သူတို့ရဲ့ကျွဲတွေနွားတွေလွတ်ကုန်တာ
မကြာခဏပါပဲ။
ဂျက်ဆင်တစ်ယောက် ကောလိပ်ပိတ်တဲ့ နွေရာသီမှာ အိမ်ကိုခဏပြန်ရောက်နေတုန်း ပျော်ရွှင်စရာ သူတို့မိသားစုလေးကို
ဂြိုလ်ဆိုးဝင်ပါတော့တယ်။ အဲဒါကတော့ နယ်စပ်က တရားမဝင်ဖြတ်သွားတဲ့ မက္ကဆီကန်အုပ်ထဲက ကောင်လေးတစ်ယောက်
ကို ဂျက်ဆင် မတော်တဆသတ်လိုက်မိတာပါပဲ။ ကံတရားက တကယ်ထူးဆန်းပါတယ်…ကိုယ်ပိုင်တဲ့မြေကို ကာကွယ်နေတဲ့
ဂျက်ဆင်က ကြမ္မာငင်ပြီး ပြေးရင်းလွှားရင်း မက္ကဆီကိုနိုင်ငံထဲ ရောက်သွားတဲ့အခါမှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆို
တာကိုတော့ ကိုယ်တိုင်ပဲခံစားကြည့်ရှုကြပါဦး။
Action, Adventure, Thriller အမျိုးအစားမို့ ပရိတ်သတ်ကြီးလည်း ကြိုက်နှစ်သက်မို့လည်း ယူဆပါတယ်။
(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။)
Quality – 1080p, 720p WebRip
Duration – 1h 54min
Subtitle – Myanmar Hardsub
Format – Mp4
Genre : Action, Adventure, Triller
Source : 1080p.WebRip
Translator – May Myat Thu
Encoder – SWM
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။