Exit print mode Print Data A+ A- Undo all

Nguoi Mat Troi (2023) Daydreamers

Nguoi Mat Troi  (2023) DaydreamersNguoi Mat Troi  (2023) Daydreamers

Synopsis:

 

Day Dreamers ဟာ ဗီယက်နမ်နွယ်ဖွားအမေရိကန်

442

ရုပ်ရှင်ရိုက်ကူးသူ Timothy Linh Bui ရိုက်ကူး

တင်ဆက်ထားတဲ့ ဗီယက်နမ်နိုင်ငံရဲ့ပထမဆုံးသော

နာမည်ကျော်ခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်ရုပ်ရှင်ဖြစ်ပါတယ်။

တစ်ဦးကလူတွေကြားမှာထင်ထင်ပေါ်ပေါ်နေထိုင်ပြီး

တစ်ဦးကတစ်ယောက်တည်းပုန်းအောင်းနေထိုင်တဲ့

သွေးစုတ်ဖုတ်ကောင်ညီအစ်ကိုနှစ်ယောက်ကြားက

ပြိုင်ဆိုင်မှုတွေကိုရိုက်ကူးပြသထားတာဖြစ်ပါတယ်။

သရုပ်ဆောင်တွေထဲမှာလည်း ဗီယက်နမ်နာမည်ကြီး

မင်းသမီးတစ်ဦးဖြစ်တဲ့ Chi Pu နဲ့တက်သစ်စမင်းသား

Thuan Nguyen တို့ပါဝင်နေတာကိုမြင်တွေ့ရပါတယ်။

Horror ၊ Thriller နဲ့ Drama အမျိုးအစားဖြစ်ပေမယ့်

Drama ဘက်ကိုပိုသွားတဲ့ သွေးစုပ်ဖုတ်ကောင်ကားဖြစ်သလို

အက်ရှင်ခန်းတွေကလည်း ဗီယက်နမ်ရုပ်ရှင်ကားတစ်ကား

အတွက် အတော်လေးကောင်းတယ်လို့ပြောလို့ရပါတယ်။

ရုပ်ရှင်အစမှာနတ်အပါအဝင် သွေးစုပ်ဖုတ်ကောင်တစ်စုဟာ

တစ်နေ့မှာနေရောင်အောက်ကိုပြန်သွားနိုင်ရမယ်ဆိုတဲ့

အိပ်မက်နဲ့ တိရစ္ဆာန်သွေးကိုသာသောက်သုံးရင်း ရွာငယ်လေး

တစ်ခုမှာ ပုန်းအောင်းနေထိုင်လျက်ရှိတာကိုပြသထားပါတယ်။

ဒါပေမဲ့ နတ်ဆီကို တစ်ချိန်ကပျောက်သွားခဲ့တဲ့အစ်ကိုဖြစ်သူ

သန်ပြန်လည်ရောက်ရှိလာပြီး ညီဖြစ်သူနတ်ကို သူကျက်စား

နေထိုင်ရာလူတွေကြားထဲခေါ်ဆောင်သွားခဲ့ပါတယ်။ နတ်နဲ့

သန်တို့ညီအစ်ကိုဟာ တစ်ဦးကိုတစ်ဦးသိပ်ချစ်ကြပြီး

နတ်ကလည်း အစ်ကိုပြောသမျှကို ယုံစားခဲ့ပါတယ်။

နတ်မသိတာက တကယ်တော့သန်ဟာ လူတွေကိုသတ်ဖြတ်ပြီး

လူတွေရဲ့သွေးကိုသောက်သုံးပြီးတာနဲ့ အလောင်းတွေကို

ဖျောက်ဖျက်နေတဲ့လူသတ်သမားတစ်ယောက်ဆိုတာပါပဲ။

ဒါပေမဲ့ တစ်ရက်မှာတော့ အရမ်းချစ်ကြတဲ့သွေးစုတ်

ဖုတ်ကောင်ညီအစ်ကိုနှစ်ဦးရဲ့ကြားကို ဟာဆိုတဲ့လူသား

ကောင်မလေးတစ်ယောက်ဝင်ရောက်လာချိန်မှာ

ညီအစ်ကိုနှစ်ယောက်ကြားကအားပြိုင်မှုတွေနဲ့ ချစ်ခြင်း

မေတ္တာတွေကို ရုပ်ရှင်နဲ့အတူလိုက်ပါစီးမျောရင်း ခံစား

ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။

 

File size…2.36GB / 978MB
Quality…NF WEB-DL 1080p 5.1CH / 720p
Format…mp4
Duration….1h 53m
Genre ….. Drama , Horror , Thriller
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by JULy



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
1.806
Status
Released
ID IMDb.com
tt28943496
IMDB Rating
6.0
ID Themoviedb.org
1074087
TMDb Rating
1
TMDb votes
1