ဒီဇာတ်ကားလေးကတော့ အားလုံးလည်းမစိမ်းတဲ့
စကြဝဠာခြေကွင်း မီးလှံလေးချွန် ဖဲကြိုးနီ
မီးကွင်းစတဲ့လက်နက်တွေကိုပိုင်ဆိုင်တဲ့ နီကျားရဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။
ဇာတ်ကားအညွှန်းလေးကတော့
နီကျားဟာ နဂါးနန်းတော်က တတိယမင်းသား
အောင်ပင်းကိုသတ်လိုက်လို့ နဂါးမင်းကြီးက
သူ့အဖေဖြစ်တဲ့စစ်သူကြီးလီကျင့်ကာကွယ်ပေးနေတဲ့
ချန်ထန်ကွမ်းကို လာရောက်တိုက်ခိုက်ပါတော့တယ် ။
ဒါပေမဲ့ မတိုက်ခိုက်စေချင်ရင် နီကျားကိုထုတ်ပေးဖို့ပြောပါတယ် ။
နီကျားကလည်း နဂိုတည်းက ဘယ်သူ့မှလူမထင်တဲ့ပုဂ္ဂိုလ်ဆိုတော့
နဂါးမင်းကိုစိန်ခေါ်ခဲ့ပါတော့တယ် ။ ဒါပေမဲ့ အဖေဖြစ်သူလီကျင့်က
ပြဿနာတွေပိုမကြီးရစေအောင်အားလုံးရဲ့အရှေ့မှာ နီကျားကိုပါးရိုက်ပြီးဆုံးမခဲ့ပါတယ် ။
နဂိုတည်းက ဒေါသကြီးတဲ့နီကျားတစ်ယောက် အရှက်ခွဲခံလိုက်ရတဲ့အခါ
စိတ်တိုပြီး သူ့ကိုယ်သူသတ်သေသွားပါတယ် ။
ဒါပေမဲ့ဇာတ်လမ်းကမပြီးသေးဘဲ သူ့ဝိညာဉ်က
လင်းလုံဘုရားကျောင်းမျှော်စင်ခုနှစ်ထပ်မှာသွားပိတ်မိနေချိန်မှာတော့….
အဖေဖြစ်သူလီကျင့်တစ်ယောက် နောင်တရစွာနဲ့သားကိုလိုက်ကယ်မလား ?
နဂါးမင်းကြီးကိုရော ဘယ်လိုအနိုင်ယူသွားမလဲ ?
သားအဖနှစ်ယောက်ကြားက ကတောက်ကဆကရော
အဆင်ပြေနိုင်မလားဆိုတာကို နီကျားနဲ့သူ့အဖေရဲ့
မျှော်စင်ခုနှစ်ထပ်စွန့်စားခန်းမှာ ကြည့်ရှူအားပေးလိုက်ကြပါအုံး။
Filesize : 1.66 GB / 976 MB
Quality : WEB-DL 1080p , 720p
Format : mp4
Genres : Action , Fantasy
Runtime : 1h 20 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Reviewed By Kay Thwe Phyoe
Encoded by LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။