Newton (2017)


Synopsis:
IMDb 8.1 ရထား တဲ့ Bollywood ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်အေးကား ဆိုပေမယ့် India နိုင်ငံရဲ့ ဒီမိုကရေစီ အကူးအပြောင်းမှာ ရတက် မအေးရပုံကို ရိုက်ကူးပြသသွားတဲ့ ဇာတ်ကားပါ။ Award 2 ခု ရရှိထားပြီး 2018 အတွက် Oscar စကာတင် ဇာတ်ကားဖြစ်ခဲ့ရတဲ့ Bollywood ကားပါ။
ပထမဦးစွာ ပြောချင်တာက ဒီကားက ကျွန်တော်တို့ကြိုက်တဲ့ ပုံစံ မရှိပါဘူး ။ နိုင်ငံရေး နဲ့ နှီးနွယ်တာမို့ ကျွန်တော်တို့ မျှော်လင့်ရတဲ့ ဇာတ်သိမ်းနဲ့ Type မျိုး လုံးဝမရှိပါဘူး။ ဒီကားရဲ့ အဓိက က နိုင်ငံသားကောင်း ပီသခြင်း / ၀န်ထမ်းကောင်း ပီသခြင်းနဲ့ ဒီမိုကရေစီ ကို လှစ်ဟ ပြသရုံသာ ဖြစ်ပါတယ်။ အတွေးသက်သက်နဲ့ တွေးပြီးမှ သဘာဝကျ တဲ့ ဇာတ်ကား ကောင်း အဖြစ် လက်ခံလာရမယ့် ဇာတ်ကားပါ။
ဒီ လောက ရဲ့တာဝန်မပီသခြင်း တွေမှာ အချို့ ၀န်ထမ်းတွေ သာယာနေကြပါတယ်။ ခေတ်စနစ်ပျက်ယွင်း နေသည်နှင့်အမျှ မိုးခါးရေသောက်နေကြတာလည်း မနည်းလှ။
ဒီလို အခြေအနေမှာ ၀န်ထမ်းစစ် ဆိုတာလည်း ရှားပါးလာကြပါပြီ။ ဒီလိုမျိုး တာဝန်ကျေတဲ့ အစိုးရ၀န်ထမ်း တွေထဲမှာ Newton လည်း တစ်ယောက်အပါအ၀င် ပေါ့။
အခုလည်း Newton ဟာ ရွေးကောက်ပွဲ မံရုံမှူးအဖြစ် နဲ့ ရွာလေးတစ်ရွာဆီ ရောက်လာခဲ့ပါတယ်။ ဒီရွာသူရွာသားတွေလည်း ဒီမိုကရေစီ ရွေးကောက်ပွဲ တစ်ခုအဖြစ် မျှတသော မဲထည့်နိုင်ရေး သည်သာ Newton စိတ်ထဲ ရောက်နေခဲ့မိတယ်။ ဒါပေမဲ့ အဲ့ရွာလေးက နယ်မြေ သိပ်မအေးချမ်းလှတဲ့ရွာလေးပါ။ ရွာမှာ ကျင်းပတဲ့ ရွေး ကောက်ပွဲ ဟု ဆိုတာနဲ့ ကွန်မြူနစ် ၀ါဒီတွေ လာရောက်ဖျက်ဆီးတတ်တဲ့ ရွာပါ။ ဒါကြောင့် “ရွေးကောက်ပွဲ ” အဓိပ္ပါယ်တောင် မနားလည် တော့တဲ့ ရွာ ဖြစ်နေခဲ့တယ်။
ဒါပေမဲ့ Newton တစ်ယောက် လုံခြုံရေး အပြည့်အ၀ယူရင်း မဲရုံစောင့်ရန် စီစဉ်ကြသောအခါမှာတော့ ………………?????
ကဲ ………ဘယ်လို ဆက်ဖြစ်လာကြမလဲ ????
တစ်ခါတစ်ရံ ကျွန်တော်တို့ဟာ အစိုးရဆီက ပြည်သူ့လိုအပ်နေမှုအဖြစ် လိုချင်တဲ့ သဘောသဘာဝ လေးတွေ ရှိနေတတ်ပါတယ်။ ဒါပေမဲ့ ပြည်သူ့ စစ်မှန်ခြင်း တစ်နည်းအားဖြင့် ပြုလုပ်သင့် ပြုလုပ်ထိုက်သော တာဝန်လေးကိုတော့ တော်တော်များများ မေ့နေတတ်ကြတယ်။
ဒီကားကို ကြည့်ခြင်းဖြင့် အသိတရားရလိုက်တာက ကျွန်တော်တို့ ဘယ်နေရာ ဘယ်နယ်ပယ်ပဲဖြစ်ဖြစ် ကျွန်တော်တို့တာဝန်ကို ကျေပွန်စေဖို့ သင်ခန်းစာ ရလိုက်ပါတယ်။ ဒါ့အပြင် အကျင့်ပျက်နေတဲ့ ၀န်ထမ်းတွေကြား ၀န်ထမ်းကောင်းတစ်ယောက်ရဲ့ စိတ်ထားတွေကိုလည်း သိနားလည်မိပါတယ်။ ဒီကားက
ဇာတ်လမ်းဇာတ်ကွက်အရ လူ ကြိုက်နည်းနိုင်ပေမယ့် ဒဿ နအတွေးကတော့ အင်မတန် ရှုထောင့်စုံတဲ့ ဇာတ်ကားရယ်လို့ ဆိုနိုင်ပါကြောင်း …………။
Qty – 720p HDrip
Duration – 1hr 46min
Gern – Drama / Comedy
Review – Linn Kha Yan
Translator – Pyae Xein Sett
Encoder – Kyaw Ye Aung
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။