Channel Myanmar

New Religion(2022)

DramaHorror

6.5
IMDB: 6.5/10 21156 votes

157729

Report error

New Religion(2022)

*******************

442

မာရာဘီ ဟာ Single Mother ဖြစ်ပြီး သမီးဖြစ်သူနဲ့ နေထိုင်ရင်းဝမ်းရေးအတွက် ကြေးကြီးဇိမ်မယ်

အလုပ် ကို လုပ်ကိုင်နေသူတစ်ယောက်ပါ။ တစ်ရက်မှာ သမီးဖြစ်သူ သေဆုံးသွားတာကြောင့် စိတ်ဆင်းရဲနေချိန်မှာ

ယောက်ျားဟောင်းဖြစ်သူကပါ သမီးသေသွားတဲ့ကိစ္စနဲ့ပက်သက်ပြီး လာနှိပ်စက်သွားလို့ ခံစားနေရတဲ့ စိတ်ဒုက္ခတွေ မီးလောင်ရာလေပင့်ဖြစ်‌နေပါတယ်။

ဒီလိုသောကပွားနေတဲ့ မာရာဘီကို တစ်ရက်မှာ သူ့အလုပ်က ဖောက်သည် အသစ်တစ်ယောက်နဲ့ချိတ်ဆက်ပေးလို့

ထိုသူ့ဆီရောက်သွားပါတယ်။ ထိုဖောက်သည်ဟာ မာရာဘီနဲ့ ပက်သက်ပြီး တခြားကိစ္စကိုစိတ်မဝင်စားဘဲ

ခန္ဓာကိုယ်ကိုသာ ဓါတ်ပုံရိုက်ဖို့ စိတ်ဝင်စားတဲ့ ထူးထူးဆန်းဆန်းလူတစ်ယောက်ပါ။

နောက်ပြီး နောက်ရက်တွေမှာလည်း မာရဘီကို ထပ်ခေါ်ပြီး ဓါတ်ပုံရိုက်ရင်း ထူးဆန်းတာတွေ ပြောပြပါတယ်။

ထို သူက မာရာဘီရဲ့ စိတ်ဆင်းရဲမှုတွေကို ပျောက်ကင်းအောင် လုပ်ပေးနိုင်တယ်လို့ ဆိုပါသေးတယ်။

သူပြောသလိုပဲ မာရဘီရဲ့စိတ်ဆင်းရဲမှုတွေ ပျောက်သွားမလား၊ မပျောက်ကင်းဘဲ ပိုဆိုးသွားမလားဆိုတာကိုတော့

ဇာတ်ကားလေး ထဲမှာ ကြည့်ရှုခံစားလိုက်ပါဦးဗျာ။
ကလေးတစ်ယောက်ပြေးရင်းလွှားရင်း အကြောင်းတစ်ခုခုကြောင့် မှောက်လျက်လဲသွားချိန်မှာ ထူပေးရင်

ဆွဲထူပေးတဲ့သူဘယ်သူဖြစ်နေနေ လက်လှမ်းပြီး ထတတ်ပါတယ်။ အရွယ်ရောက်ပြီးသား လူကြီးတွေလည်း

ကိုယ် ဒုက္ခရောက်ချိန် အနားမှာ နှိမ့်သိမ့်ပေးသူ၊ ကူညီပေးသူမှန်သမျှကို ကျေးဇူးတင်ရုံမက ယုံမှတ်ပြီး

ထိုသူပြောသမျှကို လိုက်လုပ်တတ်ပါတယ်။ ကိုယ့်ကို ကူညီတဲ့သူက စေတနာနဲ့လား၊ ဝေဒနာပေးဖို့လားဆိုတာ ထိုအချိန်မှာ

မတွေးမိ တတ်တဲ့အတွက် ဒီလိုလူတွေရဲ့အားနည်းချိန်ကို ကျားချောင်းချောင်းနေတဲ့သူတွေရဲ့ သားကောင်အဖြစ်

ရောက်သွား လေ့ရှိကြပါတယ်။ ဒီလိုအဖြစ်အပျက်မျိုးကို သေချာရိုက်ပြထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပါ။

File Size :(2.1GB)& (416MB)
Quality :WEB-DL1080P,720p
Format…mp4
Duration…01:40:00
Genre : Horror, Drama
Subtitle : Myanmar Subtitle (Hard Sub)
Translated by  Ko Myo
Encoded by Phyo Pyae



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available


Related movies