Nemesis (2019)
Do you still believe in "justice"?

Synopsis:
Nemesis (2019)
คืนยุติ-ธรรม
ထောင်ဆိုတာ ဆင်းရဲသားတွေအတွက် သီးသန့်ဖြစ်နေခဲ့ပြီး
ငွေရှိရုံနဲ့ အမှားမှန်သမျှကို အမှန်ဖြစ်အောင် လုပ်ပစ်နိုင်တဲ့
အခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ရရင် ခင်ဗျားဘယ်လိုဖြေရှင်းမလဲ?
အော့နှလုံးနာစရာ အဖြစ်အပျက်တွေနဲ့ ပြည့်နှက်နေတဲ့
လောကကြီးရဲ့ တစ်စိတ်တစ်ပိုင်းကို ရိုက်ကူးတင်ဆက်ထားတဲ့
ဒီဇာတ်ကားမှာဆိုရင်
အဓိကဇာတ်ကောင်ဖြစ်တဲ့ မာနွတ်ဟာ
ကိုယ်ဝန်နဲ့ ဇနီးဖြစ်သူကို သတ်ခဲ့တဲ့သူရယ်လို့
သတင်းတွေမှာ ဝေဝေဆာဆာဖော်ပြခံရတဲ့ လူသတ်သမားတစ်ဦးပါ။
ဒါ့အပြင် မာနွတ်က မူးယစ်ဆေးသုံးစွဲထားမှုရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်
စိတ်ကျန်းမာရေးမကောင်းတဲ့သူအဖြစ်လည်း သတ်မှတ်ခံထားရပါသေးတယ်။
တရားစီရင်မှုအပြီးမှာပဲ မေ့မေ့ပျောက်ပျောက်ဖြစ်သွားကြတဲ့ လူသတ်မှုဟာ
မာနွတ်ထောင်ကလွတ်လာပြီးနောက်မှာတော့ တစ်ဖန်ပြန်ပြီး လှုပ်နှိုးခံလိုက်ရပါတော့တယ်။
ဆေးသမားတစ်ယောက်က သူ့မိန်းမကို သတ်လိုက်တာလို့
ရိုးရိုးတန်းတန်းထင်ခဲ့ကြတဲ့ လူသတ်မှုနောက်ကွယ်မှာ
မရိုးဖြောင့်နိုင်တဲ့ ရင်နာစရာ အဖြစ်အပျက်တွေ အများကြီးရှိနေတဲ့အခါ…
သူ့အတွက် တရားမျှတမှုမပေးနိုင်တဲ့ တရားဥပဒေကို ကျော်လွန်ပြီး
မာနွတ်တစ်ယောက် ဘယ်လိုတရားစီရင်မှာလဲ?
လောကကြီးကိို ထင်ဟပ်စေတဲ့ ထိုင်းအက်ရှင်ဇာတ်ကားအမျိုးအစားဖြစ်ပြီး
ပြီးလို့ ပြီးမှန်းမသိအောင် ဇာတ်ရှိန်အတက်အကျမှန်မှန်နဲ့
ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားကောင်း တစ်ကားလည်း ဖြစ်ပါတယ်။
အညွှန်း နဲ့ ဘာသာပြန်ကတော့ Hazel ပဲ ဖြစ်ပါတယ်။
File size…1.7GB and 1.1GB and 499MB
Quality….WEB-DL 1080p and 720p
Format…mp4
Duration….1h 29min
Subtitle….Myanmar Subtitle (Hardsub)
Translator …..Hazel
Encoder …..August
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။