Naal 2 (2023)


Synopsis:
Naal 2 (2023) “နှောင်ကြိုး ၂”
IMDb – 8.3/10
လတ်တလော တောင်းဆိုမှုအများဆုံးဇာတ်ကားဖြစ်ပြီး IMDbကအစ
မိမိုက်နေတဲ့ ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ်။
ဒီရုပ်ရှင်က ၂၀၁၉ခုနစ်မှာကျင်းပတဲ့ ၆၆ကြိမ်မြောက်ရုပ်ရှင်ဆုပေးပွဲမှာ ဆုရရှိခဲ့တဲ့
Naal(2018)ရဲ့ အဆက်ပေါ့။ အဆက်ဆိုပေမဲ့ သူ့ချည်းပဲ ကြည့်လို့ရတဲ့ရုပ်ရှင်လည်း ဖြစ်ပါတယ်။
ချိုင်တယာတို့မိသားစုက ရွေးကောက်ပွဲနီးလို့ ဇာတိရွာဆီကို ပြန်လာကြပါတယ်။
အဖေဖြစ်သူက ရွေးကောက်ပွဲဝင်ပြိုင်မဲ့အမတ်လောင်းတစ်ယောက်ပေါ့။
ရွာဓလေ့အတိုင်း အမျိုးတွေ လက်ညှိုးထိုးမလွဲဆိုတော့
ချိုင်တယာတစ်ယောက် ကလေးပီပီပျော်ရပါရောလား။
ချန်မ်နီဆိုတဲ့ ကလေးမလေးကို ချိုင်တယာတစ်ယောက်
သူ့ညီမလေးအရင်းလို တုန်နေအောင်ချစ်မိသွားပါရော။
ကလေးမလေး အိပ်နေရင်တောင်
ဘေးကတစ်စိမ့်စိမ့်ထိုင်ကြည့်နေမိတဲ့ ချစ်မိတဲ့
အစ်ကိုတစ်ယောက်ရဲ့ ၅၂၈မေတ္တာတွေနဲ့ပေါ့။
ချန်မ်နီလေးကတော့ သူ့အစ်ကိုအရင်း မာနီကလွဲရင် ချိုင်တယာလေးကို အဖက်တောင်မလုပ်။
ဒီလိုကလေးတွေကြားက ဖြူစင်တဲ့မေတ္တာလေးတွေရဲ့တစ်ဖက်မှာ ချိုင်တယာ့အဖေဖြစ်သူက
မိသားစုမှာအစ်ကိုကြီးဖြစ်နေတော့အမွေကိစ္စတွေ ရှုပ်ထွေးလာပါတော့တယ်။
မောင်နှမအရင်းမဟုတ်ပဲ မောင်နှမအရင်းအချာလို ဖြူစင်စွာနဲ့ သဲသဲလှုပ်ချစ်မိတဲ့
ချိုင်တယာရယ် မောင်နှမအရင်းတွေတန်မဲ့ အမွေတွေလုရင်း ပြဿနာတွေတက်ရတဲ့
အဖေဖြစ်သူတို့ကြားက ပြဿနာများစွာကို ကြည့်ရှုခံစားရမှာပါ။
(အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni ~ V ~ Alex ~ ToMo ~ BpL တို့ပဲဖြစ်ပါတယ်)
File size…2.3GB / 1.2GB
Quality…WEB DL 1080p / 720p
Format…mp4
Duration….2h 10m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by Yunni ~ V ~ Alex ~ ToMo ~ BpL
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။