My Lovely Angel (2021)


Synopsis:
My Lovely Angel (2021) အညွှန်း
Descendants of the Sun ထဲက Jin Goo ရဲ့ Drama movie လေးပါ။
ဘဝကို အထီးကျန်ဆန်စွာ ဖြတ်သန်းနေခဲ့ရတဲ့ အမျိုးသားတစ်ယောက်၊ အလုပ်ကိုပဲ စိတ်နှစ်ထားပြီး လုပ်ကိုင်နေရာကနေ တစ်နေ့မှာတော့ သူ့ ဆီမှာ အလုပ်လုပ်တဲ့ အမျိုးသမီးတစ်ယောက် ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။
သေဆုံးသွားတဲ့ အမျိုးသမီးရဲ့အိမ်ကို သွားကြည့်ရာကနေ ၇ နှစ်အရွယ် အမြင်အာရုံနဲ့ အကြားအာရုံချို့တဲ့နေတဲ့ ကလေးငယ်လေးကို တွေ့ခဲ့ရပါတယ်။ မိခင်ဖြစ်သူကလည်း သေဆုံးသွားပြီး အခြား ဆွေမျိုးသားချင်းတွေလည်း မရှိတာမို့ ကလေးကို ခေါ်လာရဖို့ ဖြစ်လာပါတယ်။
အရင်နဲ့ မတူညီတဲ့ ဘဝကို ဖြတ်သန်းရတော့မဲ့ လူနှစ်ယောက် တစ်ယောက်ရဲ့ဘဝကို တစ်ယောက် ဘယ်လိုတွေ ပြောင်းလဲစေမလဲဆိုတာတွေ …
သွေးသားမတော်စပ်ပေမဲ့ လူလူချင်းကြားက သံယောဇဉ်တွေ ကို ပုံဖော်ရိုက်ကူးထားတဲ့ ဒရမ်မာ လေးပါ။
စွန့်အ၊ နား မကြားတဲ့ ကလေးမလေးကို ပျိုးထောင်ရဖို့ အကြောင်းဖန်လာတဲ့အခါ ဘယ်လို အခက်အခဲတွေ ကြုံရမလဲ?
အဆက်အသွယ်လုပ်ဖို့ အခက်အခဲတွေ ရှိတဲ့ကြားက သူတို့ချင်းနားလည်အောင် ဘယ်လိုတွေ ကြိုးစားကြမလဲ? ဆိုတာတွေကိုတော့ ဇာတ်လမ်းလေးထဲမှာ အတူတူဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ။
File Size : 1.5GB, 727MB, 356MB
Quality : 1080p WEB-DL, 7200p WEB-DL, 480p
Format : mp4
Duration : 1hr & 40mins
Genre : Drama
Translated by WeWe
Encoded by Kinnov
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။