Murder Mystery ( 2023 )


Synopsis:
ကိုယ်လက်အင်္ဂါမပြည့်စုံတဲ့ အလောင်းတစ်ခုကို တွေ့ရှိခဲ့တဲ့
အမှုက စပြီး ချုံးကျိုးက ကွင်းဆက်လူသတ်မှုတွေကို
ဖြေရှင်းဖို့ ရဲအရာရှိချင်ဟာ ချုံကျိုးကို ရောက်ရှိလာခဲ့ပါတယ်။
အမှုအတွက် စုံစမ်းရင်းကနေ ယွမ်မိသားစုက ညီအငယ်ဆုံးယွမ်ကျားလျန်ကို
တရားခံအဖြစ် သံသယအရှိဆုံးမို့ သွားရောက်စစ်ဆေးမေးမြန်းခဲ့ပေမဲ့
ယွမ်ကျားလျန်ဟာ ရဲအရာရှိချင်တို့ လာရောက်စစ်ဆေးမေးမြန်းပြီး
ရက်ပိုင်းမှာပဲ အသတ်ခံခဲ့ရပြီး အလောင်းကို ခြေလက်တွေ ခုတ်ဖြတ်ပြီး စွန့်ပစ်ထားတာကိုခံခဲ့ရပါတယ်။
သေဆုံးသူတွေ ဘယ်သူမှန်းသိရအောင် ဒီအင်န်အေ စစ်ရာမှ
အလောင်း ၂ လောင်းဟာ သွေးသွားရင်းချာအဖြစ်
ပတ်သက်မှုရှိနေတဲ့အခါမှာတော့ ယွမ်ကျားလျန်ရဲ့
သွေးသားရင်းချာ ၂ ယောက်ဖြစ်တဲ့ အစ်ကိုကြီး ယွမ်ကျားချန်နဲ့
အစ်ကို ၂ ယွမ်ကျားယိတို့ကိုပါ စစ်ဆေးဖို့ ဖြစ်လာပါတော့တယ်။
ဒါပေမဲ့ ယွမ်ကျားချန်ဟာ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက
စက်ရုံဂိုထောင်မီးလောင်မှုကြောင့် သေဆုံးသွားခဲ့ပြီး
ယွမ်ကျားယိကတော့ အစ်ကိုကြီးသေဆုံးသွားကတည်းက
တောင်ပိုင်းမှာ အလုပ်သွားလုပ်ဖို့ ထွက်သွားရင်း အဆက်အသွယ်မရတော့တဲ့သူ ဖြစ်နေပါတယ်။
ရဲအရာရှိချင်တစ်ယောက် ကွင်းဆက်လူသတ်မှုတွေကို
ဖော်ထုတ်ဖို့ ကြိုးစားရင်း လွန်ခဲ့တဲ့ ၂ နှစ်က
စက်ရုံဂိုထောင်မီးလောင်မှုကိုပါ အမှုတွဲပြန်လှန်ရတဲ့အခါ
ဘယ်လိုအဖြစ်မှန်တွေ ထပ်မံပေါ်ထွက်လာဦးမလဲ
လူသတ်တရားခံက လုံးဝထင်မထားတဲ့သူ ဖြစ်နေတဲ့အခါ
ရဲအရာရှိချင်တစ်ယောက် လူသတ်သမားကို
ဘယ်လိုဖော်ထုတ်မလဲဆိုတာကိုဆက်လက်ကြည့်ရှုခံစားပါ
Quality : WEB-DL 1080p , 720p
Format : mp4
Genres : Crime
Runtime : 1h 12 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Reviewed By MeeMeeJueJue
Encoded by LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။