Mummies: Secrets of the Pharaohs (2007)

Synopsis:
အီဂျစ် ပြည်လို့ ပြောလိုက်တာ နဲ့ လူတိုင်း အရင်ဆုံး ပြေးမြင်မိမှာက ပိရမစ်တွေနဲ့ မံမီတွေပါပဲ။
ရုပ်ရှင်တွေ စာအုပ်တွေ ပန်ချီကားတွေ ကဗျာတွေမှာလဲ ပိရမစ်တွေ မံမီတွေ အကြောင်းကိုအမျိုးမျိုးရေးသားဖော်ပြကျပါတယ်
။ခေတ်သစ် ကမ္ဘာကြီးက လျှင်မြန်စွာ နည်းပညာသစ်တွေ တိုးတက် လာနေပြီ ဖြစ်သလိုအဲ့နည်း ပညာ တွေရဲ့ အကူအညီတွေနဲ့ ကျွန်တော်တို့ အဖြေရှာမရခဲ့တဲ့ မံမီတွေ အကြောင်း
ထူးခြားဆန်းကျယ်မှု့တွေကိုလေ့လာနိုင်လာပါပြီ။ ဒီမှတ်တမ်းရုပ်ရှင်လေးကလည်း ဖာရို တွေရဲ့ မံမီတွေ ဆီကနေရတဲ့ ဒီအန်အေတွေကို
စုစည်းလေ့လာခြင်းဖြင့် သိပ္ပံပညာရှင်တွေဟာ မျိုးရိုးဗီဇဆိုင်ရာ တွေကို လေ့လာနိုင်ကြောင်း အဲ့လေ့လာ မှု့တွေက နေတစ်ဆင့် သေနှုန်းမြင့်တဲ့ရောဂါတွေအတွက်
ကုသရာ နည်းလမ်းတွေကို ဘယ်လိုရှာဖွေနိုင်ကြောင်းပြသထားတာပါ။ ရှေးခေတ်အီဂျစ်မှာ ဦးခေါင်းခွံ ခွဲစိတ် ကုသမှု့ တွေတောင် ပြုလုပ်နိုင်ခဲ့တယ်ဆိုတာ
ပညာရှင်တွေက တွေ့ရှိထားဖူးပါတယ်။ ဒီတော့ ဒီဖာရို တွေဆီမှာ ခေတ်သစ်လူသားတွေထက်ကို ရှေ့ရောက်နေတဲ့ နညးပညာတွေများ ပိုင်ဆိုင် ထားကျသလား….. ?
တကယ်ပဲ ဒီ ဒီအန်အေတွေကနေ ရောဂါ ကုသဖို့ တားဆီးဖို့ နည်းလမ်းတွေကို ရှာဖွေနိုင်မှာလား ? ဘယ်လို ရှာဖွေ မှာလဲ …..?
– အစရှိတဲ့ မေးခွန်းတွေအတွက် ဒီ မှတ်တမ်းရုပ်ရှင်လေးကို တင်ဆက် ပေးလိုက်ရပါတယ်။
(ဘာသာပြန်သူကတော့ မင်းသက်ဦး ပဲ ဖြစ်ပါတယ်)
File Size : 400 MB / 130 MB
Quality : Bluray 1080P
Running Time : 39minutes
Format : Mp4
Genre : Documentary, Biography, Drama
Translator : Min Thet Oo
Encoder :Thanhtike Zaw
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။