Mrs Lowry & Son(2019)


Synopsis:
Mrs Lowry & Son(2019)
IMDb…6.8
(unicode)
ဒီကားလေးတော့ ၁၉၀၀ခုနှစ်များနောက်ပိုင်းမှာ
နာမည်ကျော်ကြားခဲ့တဲ့Englishပန်းချီဆရာ L.S.Lowry ရဲ့ဘဝဇာတ်ကြောင်းလေးပဲဖြစ်ပါတယ်…
ဇာတ်အိမ်တည်ဆောက်ထားပုံကရိုးရှင်းပြီး
ပါဝင်တဲ့သရုပ်ဆောင်တွေက ကျရာနေရာမှာပီပီပြင်ပြင်သရုပ်ဆောင်ထားနိုင်တာကိုတွေ့ရမှာပါ
ဇာတ်လမ်းအကျဥ်းပြောရရင်တော့
အသက်သာကြီးနေပေမယ့်ဘာမှပေါက်ပေါက်မြောက်မြောက်မရှိတဲ့ပန်းချီဆရာလော်ရီဟာ
သူတစ်ပါးချေးထားတဲ့အကြွေးတွေကိုလိုက်တောင်းပေးရတဲ့သူအဖြစ်အသက်မွေးဝမ်းကြောင်းပြုရင်း
အသက်ရွယ်အိုမင်းပြီးလမ်းမလျှောက်နိုင်တော့တဲ့အမေအိုကြီးကိုလုပ်ကျွေးပြုစုနေသူတစ်ယောက်ပါ…
သူ့အမေကတော့ လော်ရီရဲ့ပန်းချီပညာပေါ်ထားတဲ့ခံယူချက်တွေရူးသွပ်မှုတွေကို
တားမြစ်ပြီးစီးပွားရေးလုပ်ငန်းရှင်သာလုပ်စေချင်တဲ့ဆန္ဒရှိတဲ့သူတစ်ယောက်ပေါ့…
ဒီလိုနဲ့ပဲလော်ရီတစ်ယောက်သူဖြစ်ချင်တာနဲ့မိခင်စိတ်ဆန္ဒတို့အကြား
ဗျာများနေရပါတော့တယ်
ဒီကားလေးမှာထူးခြားတာကတော့ ၁၉၀၀ခုနှစ်ဝန်းကျင်မှာအင်္ဂလန်နိုင်ငံရဲ့
လူတန်းစားကွဲပြားပုံတွေ စက်မှုဖွင့်ဖြိုးတိုးတက်တဲ့နောက်ကွယ်ကဘဝတွေကို
အသေးစိတ်မဟုတ်တောင်မြင်သာအောင်ရိုက်ပြထားတာကိုတွေ့ရမှာပါ
ပန်းချီဆရာတစ်ယောက်ရဲ့အတွေးအမြင်စိတ်နေစိတ်ထားတွေကိုတော့
ရိုးရိုးရှင်းရှင်းကွက်ကွက်ကွင်းကွင်းဖော်ပြထားပါတယ်…
IMDb…6.8 ရရှိထားလို့ ကြည့်ရကျိုးနပ်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်မယ်လို့ထင်ပါတယ်..
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ MarTizas ပဲဖြစ်ပါတယ်…
(zawgyi)
ဗျာများနေရပါတော့တယ်
File Size : (850MB) and (309 MB)
Quality : WEB-DL 720p
Format…mp4
Duration…01:31:00
Genre : Biography, Drama, History
Subtitle : Myanmar Subtitle (Hard Sub)
Translated by MarTizas
Encoded by Phyo Pyae
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။