Channel Myanmar

New releases (2025)

Content at random


Movies

O.Baby (2023)
O.Baby (2023) O Baby 2023 (အိုး ဘေဘီ) IMDb - 4.4/10နိုင်ငံခြားကိုပဲ အထင်ကြီးပြီး နိုင်ငံခြားမှာပဲ အနေများတဲ့မိသားစုတစ်စုအတွင်းက မာရင်ဆိုတဲ့ကောင်မလေးကို သောမတ်စ်လို့ခေါ်တဲ့ကောင်လေးနဲ့ ထိမ်းမြားလက်ထပ်ပေးဖို့လုပ်ရင်းနဲ့ ကမ္ဘာ့ဆင်ဦးရေအများဆုံး ဇင်ဘာဘွေကို ရောက်ရှိလို့လာပါတယ်။ မာရင်ဟာ အိမ်ထောင်မပြုချင်ပေမယ့်လည်း မိဘတွေရဲ့အလိုကျ ပြန်မပြောနိုင်ဘဲ မင်္ဂလာပွဲကိုလက်ခံလိုက်ရတော့တာပေါ့။ ဘုရားကျောင်းမှာ မင်္ဂလာပွဲပြီးတဲ့နောက် အမျိုးတွေစုံကြရာကနေ တောထဲကို အမဲလိုက်ထွက်ဖို့ ပြင်ကြပါတော့တယ်။သူတို့ အမဲလိုက်ထွက်တဲ့တောထဲမှာ နတ်ဆိုးတောင်ကုန်းဆိုတာရှိပါတယ်။ အဲဒီနတ်ဆိုးတောင်ကုန်းဟာ ဘာအကြောင်းကြောင့်မှန်းတော့ မသိ အလုပ်သမားတွေဟာ ဒီနေရာကို ရှောင်ကြပါတယ်။ ဒီလိုနဲ့ အဲဒီနတ်ဆိုးတောင်ကုန်းပေါ်ကို တောင်တက်ခရီးကြမ်းနှင်ဖို့ ဘေဆယ်တို့ စီစဉ်ကြတဲ့အခါမှာတော့ ......ဘိုးဘွားစဉ်ဆက် နှောင်ကြိုးတွယ်နေတဲ့ ဓလေ့ထုံးတမ်းကို စိန်ခေါ်မိသလိုဖြစ်သွားရာကနေ သူတို့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ ..... အိမ်ထောင်မပြုချင်ဘဲ အလုပ်နဲ့အကိုင်နဲ့ ကိုယ့်အားကိုယ်ကြိုးစားချင်တဲ့ မာရင်လေးရဲ့ အိမ်ထောင်ရေးကိစ္စဟာရော ဘယ်လိုတွေ ဖြစ်လာမလဲ ... ဆိုတာတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~Suri~KKKZ~Zwe~V~ToMo တို့ပဲ ဖြစ်ပါတယ်) File size…2GB / 897MB Quality…WEB DL 1080p / ...
movie

O.Baby (2023)

2023
S.I.T: Special Investigation Team (2024)
S.I.T: Special Investigation Team (2024) S.I.T (2024) အထူးစုံစမ်းရေးအဖွဲ့ဒါရိုက်တာ Vijaya Bhaskar Reddyရိုက်ကူးထားတဲ့ အသစ်စက်စက် မှုခင်းဇာတ်လမ်းတစ်ပုဒ်ကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။Cast တွေကတော့Grey: The Spy Who Loved Me၊ Shukra တို့လို thriller/ crime /mystery တွေနဲ့ နာမည်ကြီးတဲ့ မင်းသား Arvind Krishnaနဲ့ မင်းသမီး Natasha Doshi တို့အပြင် Detective Karthikရဲ့ မင်းသား Rajath Raghav ပါ ပါဝင်ထားပါတယ်။အမှုနဲ့ပတ်သက်လာရင် ဥပဒေဘောင်ထဲက ကျော်ပြီး ဖြေရှင်းသင့်ရင် ဖြေရှင်းတတ်တဲ့အရာရှိ ပရာသာတစ်ယောက် တစ်နေ့မှာ ဆော့ဝဲလ်ပညာရှင်နာဗီရာ သေဆုံးမှုကို စုံစမ်းဖို့ အမိန့်ကျလာခဲ့တယ်။သေဆုံးသူက နာမည်ကြီး ဖြစ်တဲ့အပြင် သေဆုံးမှုကလည်း ဘာသဲလွန်စမှ မကျန်ခဲ့တဲ့အပြင် လူထုစောင့်ကြည့်နေကြတဲ့ အမှုဖြစ်နေခဲ့လို့ ရဲဌာနတစ်ခုလုံး ဖိအားဖြစ်နေရပါတယ်။အမှုအတွက် ထိပ်တန်းပညာရှင်တွေဖွဲ့ပြီး စုံစမ်းစစ်ဆေးကြတဲ့အခါ အမှုက ထင်သလောက်မရိုးရှင်းဘဲ နာဗီရာရဲ့အတိတ်တွေရော မိသားစုအရေးတွေပါ ပါဝင်ပတ်သက်လာပြီး အရာရှိပရာသာနဲ့ အဖွဲ့က ဖော်ထုတ်နိုင်မလား ဆိုတာကတော့...(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bolloywood Team ...
movie

S.I.T: Special Investigation Team (2024)

2024
The Ministry of Ungentlemanly Warfare (2024) 7.3
The Ministry of Ungentlemanly Warfare (2024)    The Ministry of Ungentlemanly Warfare ၂၀၂၄ (ငမိုက်သား ဝန်ကြီးဌာန) စစ်ကား အက်ရှင်ကား အလန်းစားကြီး ရပါပြီ။ဒုတိယကမ္ဘာစစ် ဖြစ်ရပ်မှန်အပေါ် အခြေခံထားပါတယ်။ဝန်ကြီးချုပ် ဝန်စတန် ချာချီရဲ့ ဒုကမ္ဘာစစ်ကာလ လျို့ဝှက်စစ်ဆင်ရေးဖိုင်တွေထဲကအချို့ကို၂၀၁၆ မှာမှ ဖွင့်ပြခဲ့တာဖြစ်ပြီး အဲဒီစစ်ဆင်ရေးထဲက တစ်ခုကို ကိုးကားထားတာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်တပ်တွေ ဥရောပမှာလာပေါင်းဖို့ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ကူးလို့မရဖြစ်နေပါတယ်။ဘာလို့လဲဆိုတော့ ဂျာမန်တွေရဲ့ ကြောက်စရာအကောင်းဆုံးသေမင်းတမန် ယူ-ဘုတ် ရေငုတ်သင်္ဘောတွေ ကြီးစိုးနေလို့ပါ။သူတို့တွေကို ဖျက်ဆီးဖို့လည်း အရမ်းခက်တာမို့ နောက်ဆုံးမှာဝန်ကြီးချုပ် ချာချီက ယူ-ဘုတ်တွေရဲ့ အဓိက ထောက်ပို့သင်္ဘောကြီးဒူခေးဆာကို ဖျက်ဆီးဖို့ အထူးကွန်မန်ဒိုအဖွဲ့တစ်ဖွဲ့ လွှတ်လိုက်ပါတယ်။ဒါပေမဲ့ သင်္ဘောတည်နေရာက စပိန်ကိုလိုနီ ကြားနေဇုံထဲမှာဖြစ်နေလို့တရားဝင်တိုက်ခိုက်ရင် ဥရောပနိုင်ငံအချို့ နာဇီဘက်က ပါလာနိုင်ပါတယ်။ဒါကြောင့် သူလွှတ်လိုက်တဲ့အဖွဲ့ဟာ ဗြိတိန်ကမိလည်းအဖမ်းခံရမယ်၊ နာဇီကမိလည်း အသတ်ခံရမယ်။တာဝန်ခံမဲ့သူ မရှိပါဘူး။ ဒီလို စစ်ဆင်ရေးကို စပိုင်နှစ်ယောက်ကွန်မန်ဒို ၅ ယောက်ပေါင်းပြီး ဘယ်လို လုပ်ကြမလဲ ...
movie

The Ministry of Ungentlemanly Warfare (2024)

2024
4K HEVC
Possessions (2024) 4.2
Possessions (2024) Possessions (2024) ===============ဒီကားထဲမှာတော့ ပိထ်တွမ်ဆန်ဆိုတဲ့လူဟာ သိုလှောင်ခန်းတွဲတွေ အပါအဝင် နေထိုင်ဖို့အိမ်ပါပါဝင်တဲ့ နေရာကို ဈေးတန်တန်နဲ့ရလိုက် တာကြောင့် မကြာသေးခင်ကမှ မိတဆိုးသားလေးဖြစ်သွားရတဲ့ သူ့ သားဖြစ်သူ တိုင်လာနဲ့အတူ စိတ်သစ်၊ လူသစ်ဖြစ်အောင်ဆိုပြီး ပြောင်း ရွှေ့လာတာနဲ့ ဇာတ်လမ်းအစပြုထားပါတယ်။ပြောင်းရွှေ့ပြီးသိပ်မကြာခင်မှာပဲ ပိထ်တစ်ယောက် သိုလှောင်ခန်းတွဲ လုပ်ငန်းကို ပြန်လည်ပတ်လုပ်ကိုင်ဖို့အတွက် စာရင်းတွေ စစ်ဆေးနေ တုန်း သိုလှောင်ခန်းတစ်ခန်းက သတ်မှတ်ထားတဲ့ ငှားရမ်းရက်ကျော် တာ လချီနေပြီဖြစ်တာကိုသိလိုက်ရတာမို့ ငှားရမ်းသူအကြောင်း စုံစမ်း ဖို့လုပ်ပါတော့တယ်။ ဒီအချိန်မှာပဲ တိုင်လာတစ်ယောက် အဲဒီအခန်းထဲ က စက်ဘီးတစ်စီးကိုတွေ့ပြီး လိုချင်စိတ်နဲ့ယူစီးလိုက်ရာကနေ တဖြည်း ဖြည်းနဲ့ အရင်ကနဲ့မတူဘဲ ထူးဆန်းလာပါတယ်။ဒါတွေကို ပိထ်တစ်ယောက် သတိထားမိလာတဲ့အခါမှာ ဘာတွေဆက် ဖြစ်လာမလဲ၊ သတ်မှတ်ငှားရမ်းရက်ကျော်နေပြီဖြစ်တဲ့ သိုလှောင်ခန်း ကိုရော ဘယ်သူကငှားထားပြီး သူ့သားမူမမှန်ဖြစ်လာတာတွေနဲ့ ဘယ် လိုမျိုးတွေ ဆက်စပ်နေတာလဲဆိုတဲ့မေးခွန်းတွေ‌ရဲ့အဖြေကိုတော့ ဒီကား လေးကို ဆက်လက်ကြည့်ရှူရင်း ကိုယ်တိုင်အဖြေရှာကြည့်လိုက်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်)File Size..........(760 MB) / (450 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 29Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror Translator.......Fiona Gillen Encoder..........SWM
movie

Possessions (2024)

2024
Unfrosted (2024) 5.6
Unfrosted (2024)  မြန်မာနိုင်ငံမှာ ပလာတာတို့အီကြာကွေးတို့လိုမသိသူမရှိတဲ့မနက်စာတွေရှိသလို အမေရိကန်မှာလည်းCereal လို့ခေါ်တဲ့နွားနို့နဲ့ ရောစားရတဲ့ မုန့်ခြောက်လေးတွေကအရမ်းနာမည်ကြီးပါတယ်။အခုခေတ်မှ နာမည်စကြီးတာမဟုတ်ဘဲ သူတို့ဆီမှာဟိုးအရင်ခေတ်တွေကတည်းကCereal ကရှိနေခဲ့တာဖြစ်ပါတယ်။အခုတင်ဆက်ပေးမဲ့Unfrosted လို့ခေါ်တဲ့ဇာတ်ကားလေးကတော့အဲ့ဒီမနက်စာ Cereal ထုတ်တဲ့ကုမ္ပဏီကြီးနှစ်ခုပြိုင်ဆိုင်ရင်းနဲ့မှအခုခေတ်မှာအရမ်းနာမည်ကြီးတဲ့ အမေရိကန်က လူတိုင်းကြိုက်ကြတဲ့ Pop Tart ဆိုတဲ့အဆာသွပ်မုန့်တစ်ခုပေါ်ပေါက်လာပုံဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။လက်ရှိမှာတော့ IMDb Rating 5.6 ရရှိထားပြီးအပျင်းပြေကြည့်လို့မဆိုးတဲ့သမိုင်းကြောင်းကိုပြန်လှန်ထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။၁၉၆၀ ခုနှစ်အစောပိုင်း ဘက်တယ်ခရိခ်လို့ခေါ်တဲ့မြို့တစ်မြို့မှာကယ်လော့နဲ့ပို့စ်ဆိုတဲ့ စီရီရယ်ကုမ္ပဏီနှစ်ခုကအမေရိကန် မနက်စာလောကကိုကြီးစိုးထားတဲ့ ပြိုင်ဖက်တွေပဲဖြစ်ပါတယ်။ပိုင်ရှင်တွေရဲ့ နာမည်တွေကလည်း ကယ်လော့နဲ့ပို့စ်ပဲဖြစ်ပြီး သူတို့တွေကအမြဲတမ်းတစ်ယောက်ကို တစ်ယောက်ကျော်တက်ဖို့ကြိုးစားနေကြတဲ့ သူတွေပဲဖြစ်ပါတယ်။စစချင်းမှာတော့ ကယ်လော့ကုမ္ပဏီကတခြားစီရီရယ် ကုမ္ပဏီတွေအားလုံးထက်သာနေခဲ့ပြီး ပြိုင်ဖက်ကင်းဖြစ်နေခဲ့တယ်ဆိုပေမဲ့နောက်ပိုင်းမှာ ပို့စ်ကုမ္ပဏီက အရမ်းကောင်းတဲ့ မုန့်အသစ်တစ်ခုကိုထုတ်လုပ်လိုက်တဲ့အချိန်မှာတော့ အကုန်ပြာပြာသလဲတွေဖြစ်ပြီး အမြန်ဆုံးသူတို့ကိုပြန်ကျော်တက်နိုင်မဲ့ ထုတ်ကုန်တစ်ခုကိုပြန်ထုတ်ဖို့ ကြိုးစားရင်းကနေ ဂန္တဝင် Pop Tart မုန့်ဘယ်လိုဖြစ်ပေါ်လာမယ်ဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…2.29GB/ 958MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Biography , Comedy , History Subtitle….Myanmar ...
movie

Unfrosted (2024)

The Prince & Me 2: The Royal Wedding (2006)
The Prince & Me 2: The Royal Wedding (2006) The Prince & Me II : The Royal Wedding (2006)The Prince & Me (2004) ရဲ့ အဆက်အနေနဲ့ထွက်ရှိလာပြီးတော့ မင်းသမီးကတော့ ပထမဇာတ်ကားကမင်းသမီးမဟုတ်တော့ပါဘူး။ဒိန်းမတ် မင်းသား အက်ဗာ့နဲ့ သူ့ရဲ့ချစ်သူ အမေရိကန်သူလေး ပေ့ဂ်ျ ‌မော်ဂန်တို့ရဲ့ တော်ဝင်မင်္ဂလာပွဲမလုပ်ခင် သုံးပတ်အလိုမှာ နော်ဝေးမင်းသား အဲဘတ်ရဲ့ ကောက်ကျစ်တဲ့ အစီအစဉ်ကနေ ပြန်ပေါ်လာခဲ့တဲ့ အလယ်ခေတ်က ဥပဒေကြောင့် မင်္ဂလာပွဲဖျက်သိမ်းရတော့မလိုဖြစ်နေပါတယ်။ ဒီဥပဒေကတော့ ထီးနန်းဆက်ခံမဲ့မင်းသားဟာ ဆွေကြီးမျိုးကြီးထဲက အမျိုးကောင်းသမီးနဲ့ပဲ လက်ထပ်ရမယ့်ဥပဒေပါ။ အမေရိကန်သူ ပေ့ဂ်ျကတော့ ဆွေကြီးမျိုးကြီးမဟုတ်တဲ့အပြင် တော်ဝင်မျိုးရိုးလည်းမဟုတ်တာကြောင့် ‌မင်းသားနဲ့လက်ထပ်ဖို့ဆိုရင် ထီးနန်းစွန့်ရပါလိမ့်မယ်။ အခုလိုဘေးကြပ်နံကြပ်အခြေအနေမှာ ပေ့ဂ်ျနဲ့ အက်ဗာ့တို့နှစ်ယောက်လက်ထပ်နိုင်မဲ့ ကယ်ပေါက်ကို တွေ့ပါ့မလား၊ နော်ဝေးမင်းသားရဲ့အကြံအတိုင်း သူ့ရဲ့သမီး မင်းသမီးကာ့စတန်နဲ့ လက်ထပ်လိုက်ရမှာလားဆိုတာ........။ File size…(2.3 GB) / (1 GB) Quality….BluRay 1080p/720p Format…mp4 Duration….01:32:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by TMMT
movie

The Prince & Me 2: The Royal Wedding (2006)

Romeo (2024) 6.7
Romeo (2024) Romeo (2024)"ရိုမီယို" ================== IMDb - 7/10ကြည်နူးချမ်းမြေ့စရာ တမီလ်စကားပြော အချစ်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ Pichaikkaran 1,2ဆိုပြီး သူတောင်းစားကားတွေနဲ့ နာမည်ကြီးတဲ့ တမီလ်နာမည်ကျော်မင်းသားကြီး ဗီဂျေးအန်တိုနီနဲ့ ဟာသမင်းသားကြီး ယိုဂီဘာဘူတို့ရဲ့ အသစ်ထွက်ရုပ်ရှင်လည်းဖြစ်ပါတယ်။အသက် ၃၅နှစ်ရောက်တဲ့ထိ ဘယ်သူ့ကိုမှ မချစ်ဖူးသေးတဲ့ ချစ်ကံခေလူပျိုကြီးကတော့ အာရီဗူ။ လူကြီးတွေပေးစားဖို့လုပ်တဲ့ ကောင်မလေးတွေကိုတောင် လက်မထပ်ဘဲ အချစ်စစ်ရှာတွေ့မယ်လို့ မျှော်လင့်နေခဲ့တဲ့သူကြီး။ သူမျှော်လင့်ထားတဲ့အတိုင်း ချစ်ရတဲ့မိန်းကလေးကို ရှာတွေ့ခဲ့ပြီး လူကြီးချင်းပေးစားလို့ လက်ထပ်ခွင့်ရခဲ့ပါတယ်။ဒါပေမဲ့လည်း သူ့ထက် ဆယ်နှစ်ငယ်တဲ့ အဲဒီမိန်းကလေးကတော့ အာရီဗူကို ခင်ပွန်းသည်တစ်ယောက်အနေနဲ့ ချစ်ခင်စုံမက်ခြင်းမရှိခဲ့ပါဘူး။ အာရီဗူတစ်ယောက် ချစ်ရသူလည်းဖြစ် ဇနီးသည်လည်းဖြစ်ပြီးတော့ ချစ်ရတဲ့ဇနီးသည်ဆီက အချစ်ကိုရဖို့ကြိုးစားရတာတွေကို မြင်တွေ့ခံစားရမှာပါ။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.23GB / 1.04GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Romeo (2024)

2024
[21+] Shared Room Boss and Me-Mei Washio (SSNI-832-Decensored)
[21+] Shared Room Boss and Me-Mei Washio (SSNI-832-Decensored) JAV မင်းသမီးတွေထဲမှာ နုနုငယ်ငယ် ပြည့်ပြည့်တင်းတင်း အပြစ်ကင်းတဲ့မျက်နှာလေးနဲ့ ချစ်စရာလေးဆိုရင် Mei Washio ပဲ ပြေးမြင်ကြမယ်ထင်ပါတယ်။သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားတိုင်းမှာ တက်ကြွတဲ့သူမရဲ့ပုံစံကို အမြဲမြင်တွေ့ရတတ်ပါတယ်.SSNI-832-Decensored ဒီဇာတ်လမ်းမှာလဲ သနားစဖွယ်ဝန်ထမ်းကောင်မလေးအဖြစ်ကျရာဇာတ်ရုပ်မှာ အကောင်းဆုံးသရုပ်ဆောင်ထားတာကိုမြင်တွေ့ရမှာပါ။Decensored Version နဲ့မလို့ Mei Washio ရဲ့ ပြည့်ဝပုံတွေကို ကွက်ကွက်ကွင်းကွင်းမြင်ရဖို့ရှိပါတယ်။JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့  ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။(Dark Side Production မှ တင်ဆက်သည်။)Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။File Size : (2.6 GB) & (1 GB) Quality : HD-Rip Decensored 1080p & 720p Running Time : 01:59:25 Format : mp4 Subtitle : Myanmar ...
movie

[21+] Shared Room Boss and Me-Mei Washio (SSNI-832-Decensored)

Gadera (2024) 6
Gadera (2024) Gadera (2024) "ရတနာသိုက်ရှာပုံတော်"လူငယ် မျက်နှာသစ်ဒါရိုက်တာ ရေဂတ်ရှ်ဗတ်စ်ရဲ့ အကောင်းဆုံးကြိုးစားအားထုတ်ထားတဲ့ အိန္ဒိယရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။၁၉၁၂ခုနှစ် အိန္ဒိယကို ဗြိတိသျှနယ်ချဲ့တွေအုပ်စိုးချိန်။s လောဘဇောတိုက်နေတဲ့ ဗြိတိသျှလူမျိုးတွေဟာ ဟိမ၀န္တာတောင်တန်းတစ်ဝိုက်က သစ်တောတွေကိုရှင်းလင်းဖို့ အနီးနားက ရွာတွေမှာရှိတဲ့ ကျန်းမာသsန်စွမ်းတဲ့သူတွေကို အတင်းအဓ္ဓမခိုင်းစေကြပါတယ်။တစ်နေ့ ဂါဒီရာစမ်းချောင်းမှာ မျောပါလာတဲ့ မုဆိုးတစ်ယောက်ရဲ့အလောင်းဆီကနေ ရှေးဟောင်းရွှေဒင်္ဂါးပြားတစ်ခုကို တွေ့တဲ့အချိန်မှာတော့ အရင်က ပုံပြင်လိုပြောနေကြတဲ့ ရတနာသိုက်ကြီး ရှိနေတယ်ဆိုတဲ့အချက်ဟာ ရုပ်လုံးပေါ်လာခဲ့ပါတယ်။ရွာသူရွာသားတွေကတော့ ဒီရွှေဒင်္ဂါးကို ကျိန်စာသင့်နေတာလို့ ယုံကြည်နေကြပါတယ်။ ယုံကြည်တဲ့အတိုင်းလည်း ဒီရွှေဒင်္ဂါးနဲ့ပတ်သက်သူတွေ အသေဆိုးနဲ့သေကုန်ကြပါတော့တယ်။ ကျိန်စာဆိုတာတွေကိုမယုံတဲ့ ဗြိတိသျှတွေကတော့ ဒီဒင်္ဂါးတွေ့တဲ့နေရာမှာ ရတနာသိုက်ရှိမယ်ဆိုပြီး စူးစမ်းရှာဖွေကြတဲ့နောက်မှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…1.38GB / 586MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Gadera (2024)

2024
Something in the Water (2024) 5.5
Something in the Water (2024)  Something in The Water ကတော့ နာမည်အတိုင်းရေထဲမှာရှိနေတဲ့အရာတစ်ခုခုဟာ ငါးမန်းဆိုတာကိုရုပ်ရှင်ကြည့်ပရိသတ်တွေရိပ်မိကြမှာပါ။ ၂၀၂၄ မေလ၃ ရက်ကမှထွက်ရှိထားတဲ့ငါးမန်းရုပ်ရှင်သစ်ကMystery ၊ Thriller အမျိုးအစားဖြစ်ပြီး ပင်လယ်ထဲကိုစွန့်စားခန်းထွက်မယ့်ဇာတ်ကောင်တွေက အမိုက်စားကောင်မလေးငါးယောက်ဖြစ်တဲ့အတွက် ပရိသတ်တွေကိုဆွဲဆောင်နိုင်မယ့်ဇာတ်ကားတစ်ခုပါပဲ။ဇာတ်လမ်းအကျဉ်း*************** မက်ဂ်၊ လစ်ဇီ၊ ကမ်၊ ရု့သ်နဲ့ကေလာတို့သူငယ်ချင်းငါးယောက်ဟာ တစ်ယောက်အကြောင်းတစ်ယောက်အတွင်းကျကျသိရှိထားကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပါတယ်။ သူတို့ထဲက မက်ဂ်နဲ့ကေလာကတော့တစ်ဘဝလုံးစာအထိရည်ရွယ်ထားကြတဲ့လိင်တူချစ်သူတွေဖြစ်ပါတယ်။ တစ်ရက်မှာတော့ လစ်ဇီကို ကမ်ရဲ့အစ်ကိုဖြစ်တဲ့ဒွန်က လက်ထပ်ခွင့်တောင်းလိုက်တဲ့အတွက်မင်္ဂလာဆောင်ကို ကမ်းခြေမှာသွားလုပ်ဖို့စီစဉ်ခဲ့ကြပါတော့တယ်။ လစ်ဇီရဲ့မင်္ဂလာဆောင်အတွက် ပြဿနာတွေကြောင့်ခဏတာဝေးကွာနေတဲ့မက်ဂ်နဲ့ကေလာလည်းကမ်းခြေကိုရောက်ရှိလာခဲ့ပါတယ်။ လစ်ဇီရဲ့မင်္ဂလာဆောင်မတိုင်မီတစ်ရက်မှာတော့ ကမ်က ဟိုတယ်ရဲ့လှေနဲ့အလည်အပတ်ခရီးကိုမလိုက်ဘဲ လှေငယ်လေးတစ်စီးနဲ့ပင်လယ်ထဲကိုသူငယ်ချင်းငါးယောက်စွန့်စားခန်းထွက်ဖို့လုပ်ပါတော့တယ်။ခရီးစဉ်ရဲ့တကယ့်ရည်ရွယ်ချက်က မက်ဂ်နဲ့ကေလာကိုပြန်တွဲအောင်လုပ်ပေးဖို့ဖြစ်တာကြောင့် ဝေးလံတဲ့နေရာကလူမရှိတဲ့ကျွန်းတစ်ခုအထိသွားခဲ့ကြပါတယ်။ အစောပိုင်းမှာအဆင်ပြေနေခဲ့ပေမယ့် သူတို့ရောက်နေတဲ့ရေပိုင်နက်ဟာငါးမန်းတွေကျက်စားရာနေရာမှန်းသိလိုက်ရတဲ့အခါမှာတော့သူငယ်ချင်းငါးယောက်ဟာ မင်္ဂလာပွဲအတွက် အိမ်ပြန်နိုင်ဦးမှာလားဆိုတာ ဆက်လက်ကြည့်ရှု့ခံစားရမှာပဲဖြစ်ပါတယ်။ File size…2.59GB/ 1.24GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Something in the Water (2024)

A Hipster in Rural Spain (2024)
A Hipster in Rural Spain (2024)  ဒီနှစ်​မှ​အသစ်ထွက်​ရှိလာတဲ့ စပိန်​စကားပြော​ရုပ်ရှင်​လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်း​အမျိုး​အစား​က Romance​/Comedy​ အမျိုး​အစား​ဖြစ်ပြီး ပေါပေါ့ပါးပါး ကြည်ရှုလို့ရမဲ့ ဟာသ​ဇာတ်ကား​လေးဖြစ်ပါတယ်။ ဇာတ်ကား​နာမည်​ရဲ့အဓိပ္ပာယ်က စပိန် ကျေးလက်​ဒေသ​ရောက်​ Hipster​ တစ်ယောက်လို့ အဓိပ္ပာယ်​ရပါတယ်။ဇာတ်လမ်း​အကျဥ်း​ကတော့​ လီနာနဲ့ ကီကေးက အတူနေချစ်သူတွေဖြစ်ပြီး Progressive နိုင်ငံ​ရေး​ပါတီ​တစ်ခုမှာ ပါဝင်​လှုပ်ရှား​နေကြတဲ့ Activist တွေဖြစ်ပါတယ်။ တစ်နေ့မှာ​ ကီကေးက စပိန်​ကျေးလက်​ဒေသ​ပြုပြင်​ပြောင်းလဲ​ရေးအစီအစဥ်အရ ဝေးလံခေါင်​သီတဲ့ လာကညာဒါ​လို့ခေါ်တဲ့တောမြို့လေးကိုစေလွှတ်ခံရပါတယ်။ တကယ်​တော့​ လီနာ​နဲ့သူ့အထက်လူကြီး ဂတ်စပါတို့နှစ်ယောက်တိုင်​ပင်ပြီး ကီကေး​ကိုကန်ထုတ်လိုက်တဲ့သဘောပါ။မြို့​လေးကို​ရောက်​သွား​ချိန်​မှာတော့ လိင်​တူ​အခွင့်အရေး​​ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကျား​မတန်းတူရေး​နဲ့ တိရစ္ဆာန်​အခွင့်အရေး​တွေကို ပါးစပ်​ကမချတဲ့ မက်ဒရစ်မြို့သားကီကေး​နဲ့ ရှေး​အစဥ်အလာ​တွေကို ထိန်း​သိမ်းဖက်တွယ်ထားတဲ့ လာကညာဒါ​မြို့​သူမြို့သားတို့အကြား ပဋိပက္ခ​တွေဖြစ်ပေါ်လာပါတော့တယ်။ ရှေးရိုးစွဲ​မြို့​လေးကို ပြုပြင်​ပြောင်းလဲ​မယ်​ဆိုပြီး​ ကီကေး​တစ်ယောက်​ မြို့​တော်​ဝန်​ ဝင်အရွေးခံဖို့ကြိုးစားရာကနေ ဘာ​တွေ​ဆက်​ဖြစ်​မလဲ​ကြည့်​ရှုရမှာပါ။ဇာတ်​အိမ်​က​ရိုး​ရှင်းပေမဲ့ ပေါ့​ပေါ့ပါး​ပါး​နဲ့ ကြည်နူး​စရာဇာတ်လမ်းလေးဖြစ်ပြီး စပိန်​နိုင်​ငံကျေးလက်မြို့လေးတစ်ခုမှာ တည်​ထားတာဖြစ်လို့ ဥရောပ​ကျေး​လက်​ရဲ့အငွေ့အသက်တွေကို တဝကြီးတွေ့မြင်ရမှာပါ။ ဥရောပ​ရုပ်ရှင်​နှစ်သက်​သူများ​ ကြည့်​ရှု​သင့်တဲ့​ဇာတ်ကား​လေး​ဖြစ်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / ...
movie

A Hipster in Rural Spain (2024)

Honeymoonish (2024) 5.5
Honeymoonish (2024)  ၂၀၂၄ ဧပြီလ ၃၀ ရက်ကမှထွက်ရှိထားတဲ့Honeymoonish ဆိုတဲ့ရုပ်ရှင်ကတော့ကူဝိတ်အချစ်ဟာသဇာတ်လမ်းချိုချိုလေးဖြစ်ပါတယ်။ကူဝိတ်ရုပ်ရှင်ဆိုပေမယ့် Netflix က ထုတ်လုပ်ပေးထားပြီး လက်ဘနွန်နိုင်ငံရဲ့လှပတဲ့ရှု့မျှော်ခင်းပေါင်းများစွာကိုထည့်သွင်းရိုက်ကူးထားပါတယ်။ကူဝိတ်ရုပ်ရှင်သရုပ်ဆောင်တွေဖြစ်တဲ့Nour Al Ghandour နဲ့ Mahmoud Boushahri တို့ကအဓိကပါ၀င်သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်း*************** ဇာတ်လမ်းနာမည်အတိုင်း ပျားရည်ဆမ်းခရီးဆိုတာဟာပုံမှန်အားဖြင့် ချစ်သူနှစ်ဦးအတွက် ပျားရည်လိုချိုမြိန်မှုတွေပြည့်နှက်နေတဲ့ခရီးတစ်ခုလိုမှတ်ယူထားကြပေမယ့် နောနဲ့ဟာမတ်အတွက်တော့မဟုတ်ခဲ့ပါဘူး။ ကုမ္ပဏီမန်နေဂျာတစ်ဦးဖြစ်တဲ့ဟာမတ်ဟာ ကုမ္ပဏီပိုင်ရှင်ဖခင်က မြေးရအောင်မလုပ်ပေးနိုင်ရင် အမွေမပေးဘူးလို့ဆိုတာကြောင့်အချိန်တိုအတွင်း သတို့သမီးတစ်ယောက်ကိုအမြန်ရှာနေသူဖြစ်ပါတယ်။ နောကတော့ ချစ်သူက သစ္စာဖောက်ပြီးမိန်းမယူသွားတာကြောင့် ချစ်သူကိုလက်စားချေဖို့ အမြန်ဆုံးလက်ထပ်ချင်နေသူတစ်ယောက်ပါ။ ရည်ရွယ်ချက်တူတဲ့ဟာမတ်နဲ့နောဟာသူငယ်ချင်းလင်မယားနဲ့ချိတ်ဆက်ပေးမှုကတစ်ဆင့်အမြန်ဆုံးမင်္ဂလာဆောင်ပြီး လက်ဘနွန်ကို ပျားရည်ဆမ်းခရီးထွက်လာခဲ့ကြပါတယ်။ တစ်ယောက်အကြောင်းတစ်ယောက်ဘာမှမသိကြတဲ့ဟာမတ်နဲ့နောရဲ့ပျားရည်ဆမ်းခရီးဟာ ချိုမြိန်ရမယ့်အစား ခါးသက်တဲ့အရာတွေနဲ့ ရင်ဆိုင်တွေ့ကြုံခဲ့ကြရပါတော့တယ်။ File size…1.77GB / 869MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Honeymoonish (2024)

Layar (2023) 8.8
Layar (2023) Layar (  2023 ) ===========အန်နီဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ သူ့အမေ သူ့ကိုမွေးတဲ့ အချိန်မှာ ရုပ်ရှင်ကြမ်းပိုး သူ့အဖေက သူ့အမေနားမရှိနေဘဲ ရုပ်ရှင်ရုံကိုသွားနေခဲ့တာကြောင့် သူဟာ မွေးကတည်းက ရုပ်ရှင်တွေကို မုန်းတဲ့လူအဖြစ် မွေးလာတယ်။ ရုပ်ရှင်တွေကိုချစ်တဲ့ သူ့အဖေက သူ့ကို ရုပ်ရှင်ရုံကို လိုက်ခဲ့ဖို့ ခေါ်ပေမဲ့ သူက တစ်ခါမှ မလိုက်ခဲ့ဘူး။ တီဗီမြင်ရင် တီဗီကို တုတ်နဲ့ရိုက်ချင်တဲ့အထိ ရုပ်ရှင်ကို မုန်းတဲ့ပိုးက သူ့မှာပါလာခဲ့တယ်။ဒါက သူ့အဖေမဆုံးခင်အထိပေါ့။ သူ့အဖေဆုံးသွားတဲ့နောက် သူ့အဖေချစ်တဲ့ ရုပ်ရှင်တွေကို သူ့အဖေ ဘာလို့ ဒီလောက်ချစ်နေလဲသိရအောင် အဖြေရှာဖို့လုပ်ရင်း  ရုပ်ရှင်တွေသွားသွားကြည့်ရာက ရုပ်ရှင်တွေချည်းဆက်တိုက်ကြည့်နေမိပြီး သူလည်း ရုပ်ရှင်ကြမ်းပိုဖြစ်လာခဲ့တယ်။ နောက်ဆုံး ရုပ်ရှင်အမြဲကြည့်နေရအောင် ရုပ်ရှင်ရုံမှာ အလုပ်လုပ်ခဲ့တဲ့အထိ သူက ရုပ်ရှင်တွေကိုချစ်ခဲ့တယ်။ဒီလိုနဲ့ ကိုဗစ်ကာလရောက်လာတဲ့အချိန် ရုပ်ရှင်ရုံတွေ အားလုံးပိတ်လိုက်ရတယ်။ ရုပ်ရှင်ရုံမှာ အလုပ်လုပ်နေတဲ့သူတွေ ရုပ်ရှင်ရုံကို အမီပြုပြီးနေနေရသူတွေလည်း အခက်တွေ့ကုန်ကြတယ်။ အန်နီတို့ရဲ့ နယ်ဘက်ကျေးဘက်က ...
movie

Layar (2023)

Abang Adik (2023) 7.4
Abang Adik (2023) Abang Adik ( 2023 ) ================မလေးရှားဒါရိုက်တာ Jin Ongရဲ့ ပွဲဦးထွက်ကားသစ်ဖြစ်တဲ့ Abang Adikဟာ Golden Horse Awardsမှာ နိုမီ၇ခုဝင်ခဲ့ပြီး အကောင်းဆုံးသရုပ်ဆောင်ဆုကို ဒီရုပ်ရှင်က မင်းသား Wu Kang-renက ရရှိထားတဲ့ ပွဲဦးထွက်ပေမဲ့ ဘောင်ဝင်တန်းဝင်ကားပါပဲ။ ထိုင်ဝမ်လို ရုပ်ရှင်အဆင့်မြင့်တဲ့ နေရာမှာပြခဲ့ပြီး တော်တော်လည်း ဝင်ငွေကောင်းခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ ဒါရိုက်တာဖြစ်တဲ့ Jin Ong ကိုယ်တိုင်ပဲ ဒီရုပ်ရှင်အတွက် ဇာတ်ညွှန်းရေးသားခဲ့ပြီး သူလည်းပွဲဦးထွက်ကားနဲ့တင် တော်တော်ချီးကျူးခံလိုက်ရပါတယ်။ ဟောင်ကောင်မှာလည်း အောင်မြင်ခဲ့တဲ့ မလေးရှားရုပ်ရှင်ပါပဲ။ဇာတ်ကတော့ မလေးရှားက ခိုးဝင်တွေအကြောင်းကို အဓိကထား ဦးတည်ထားတယ်။ ဒီထဲက ခိုးဝင်ဆိုရာမှာ လူမျိုးပေါင်းစုံပါတယ်။ အိန္ဒိယ ,  တရုတ်, မြန်မာ အစုံပဲ။ အဓိကကတော့ မလေးရှားမှာမွေးလာခဲ့ရင်းနဲ့ကို မွေးစာရင်းမရှိ ဘာအထောက်အထားမှမရှိလို့ ခိုးဝင်စာရင်းဝင်သွားတဲ့ လူငယ်လေးနှစ်ယောက်အကြောင်းပေါ့။ သူတို့နှစ်ယောက်က ငယ်ငယ်ကတည်းက တစ်ယောက်အတွက် ...
movie

Abang Adik (2023)

The Embroidered Sword and The God of Cookery ( 2024 ) 5.7
The Embroidered Sword and The God of Cookery ( 2024 ) ဒီကားလေးကတော့ လူငယ်တွေအတွက် အကျိုးရှိတဲ့ ကိုယ်ဒေသရဲ့ထူးခြားတဲ့အမွေအနှစ်ကိုအသုံးချပြီး ကိုယ့်ကျေးရွာစီးပွားရေးတိုးတက်ဖို့ လူငယ်လေးတွေကြိုးစားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။- ဘိုးဘေးတွေက မင်ခေတ်ကတော်ဝင်ကိုယ်ရံတော်တပ်ရဲ့အမွေဖြစ်တဲ့ ရှို့ချွင်းဓားနဲ့ ရှို့ချွင်းဓားသိုင်းပညာကို အမွေဆက်ခံထားတဲ့ စားဖိုမှူးလေးတစ်ယောက်-ကိုယ့်ဇာတိရဲ့အဝေးမှာအခြေချခဲ့ပေမယ့် အသဲကွဲပြီး ကိုယ့်မျိုးနွယ်ဇာစ်မြစ်ကိုပြန်လာရှာတဲ့ ဘလော့ဂါမလေးတစ်ယောက်- မြို့ကလာတဲ့ကောင်မလေးကို မြင်မြင်ချင်းချစ်မိသွားပြီး အရာရာကူညီပေးနေတဲ့ ရွာသားကြီး- အစ်မကိုလိုက်ရှာရင် ရွာလေးကိုရောက်လာတဲ့ အစားအသောက်အရည်အသွေးဝေဖန်သူမြို့သားလေး သူတို့(၄)ယောက်ပေါင်းပြီးတော့ ရှို့ချွင်းဓားကိုအကြောင်းပြုပြီးတော့ ကျေးရွာတိုးတက်ဖို့ လုပ်ငန်းတည်ထောင်ကြတဲ့ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action Runtime : 1h 24 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

The Embroidered Sword and The God of Cookery ( 2024 )

Summer of Sam (1999)
Summer of Sam (1999)  ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်နဲ့ စိတ်ကူးယဉ် ပေါင်းစပ်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ၁၉၇၆ နဲ့ ၁၉၇၇ ခုနှစ်တုန်းက နယူးယောက်မှာ ဆမ်ရဲ့သားလို့ အမည်ခံတဲ့ ကွင်းဆက်လူသတ် သမားတစ်ယောက် ပေါ်လာခဲ့ပါတယ်။ သူ့ကိုဖမ်းမိတဲ့အချိန်မှာ လူ‌ခြောက်ယောက်ကိုသတ်ခဲ့ပြီးပါပြီ။ ဆမ်ရဲ့သားဟာ .၄၄ ပြောင်းဝအကျယ် ရှိတဲ့ သေနတ်တစ်လက်နဲ့ ကားပေါ်မှာ ချိန်းတွေ့နေတဲ့ အတွဲတွေကို ပစ်ခတ်လေ့ရှိပါတယ်။ဆမ်ရဲ့သား ဆိုတဲ့ လူသတ်သမားက ဒီဇာတ်ကားမှာ အရေးကြီးတဲ့နေရာက ပါဝင်နေပေမယ့် လူသတ်သမားရဲ့အကြောင်းကို အလေးထားရိုက်ပြထားတာတော့မဟုတ်ပါဘူး။ ဒီလူသတ်သမားကြီးစိုးနေတဲ့အချိန်မှာ ပြည်သူတွေ ဘယ်လိုနေကြလဲဆိုတာကို ပိုပြီး အသားပေး ရိုက်ထားပါတယ်။ဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင် ဆမ်ရဲ့သား လူတွေပြန်စသတ်တဲ့အချိန်မှာ ရစ်ချီဆိုတဲ့ ကောင်လေးဟာ သူ့အရင်နေခဲ့တဲ့ ရပ်ကွက်ကိုပြန်ရောက်လာပါတယ်။ ရစ်ချီရဲ့ ပန့်ခ်ပုံစံအဝတ်အစားတွေ ခပ်ကြောင်ကြောင်အပြုအမူတွေကြောင့် သူ့ရဲ့ ငယ်သူငယ်ချင်း ဗင်နီ ကလွဲလို့ တခြားသူတွေက သူ့ကိုသဘောမကျကြပါဘူး။ ကြောက်စိတ်တွေများနေကြတဲ့ ရပ်ကွက်ကသူတွေဟာ ရစ်ချီကို လူသတ်သမားလို့ သံသယဝင်လာကြတဲ့အခါမှာတော့... File size…(3 GB)/(1.7 ...
movie

Summer of Sam (1999)

Better Off Dead…(1985) 7.1
Better Off Dead…(1985)  ဒီကားလေးကတော့ 1985 တုန်းကထွက်ထားတဲ့ Romance/Comedy ကားလေးဖြစ်ပါတယ် Romance/comedy. ဆိုပေမဲ့ comedy ဘက်ကို ပိုသွားလို့ ပေါ့ပေါ့ပါးပါးကြည့်လို့ရတဲ့ကားလေးပါ ထွက်ထားတာကြာပြီ ဆိုပေမဲ့လည်း တော်တော်လေးရီရတဲ့ old but goldကားလေးပါဇာတ်လမ်းလေးကတော့ရှင်းပါတယ် Lane Myer က ကောင်မလေးပစ်တာခံရပြီးတော့ စိတ်ဓာတ်ကျနေတဲ့ လူငယ်တစ်ယောက်ပါ သူကသူ့ကိုသူအဆုံးစီရင်ဖို့ခနခနကြိုးစားရင်း မအောင်မြင်တာနဲ့ နောက်ဆုံးကောင်မလေးကိုပြန်ရအောင်လုပ်ရင်းနဲ့ဘယ်လိုတလွဲတွေဖြစ်မလည်း နောက်ဆုံး ကောင်မလေးနဲ့ ရောပြန်အဆင်ပြေသွားမှာလား? ဆိုတာကို ဟာသ နှောပြီးရိုက်ထားတဲ့ကားလေးဖြစ်ပါတယ် File size…(2.2 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:37:00 Genre... Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin
movie

Better Off Dead…(1985)

Billy Madison (1995) 6.3
Billy Madison (1995)  နာမည်​​​ကျော် ဟာသသရုပ်​ဆောင် Adam sandler ကိုယ်တိုင်ပါဝင်သရုပ်​ဆောင်တဲ့အပြင် ဇာတ်ညွှန်း​ပါရေးသားထားတဲ့ ၁၉၉၅ခုနှစ်ထွက် ဟာသဇာတ်ကား​လေးတစ်ကားပါ။ဒီဇာတ်ကားမှာ adam က အဓိကဇာတ်​ကောင် Billy madison ​​​နေရာက​နေသရုပ်​ဆောင်ထားတာကို​တွေ့ရမှာပါ။ ဇာတ်လမ်းက​တော့ Billy ဟာ နေ့တိုင်း အရက်​သောက်၊ ​ပါတီလုပ်ရင်းအချိန်ကုန်နေတဲ့ ဟိုတယ်ပိုင်ရှင်​သူ​ဌေးသား လူကြီး​ပေါ ကြီးတစ်​ယောက်ဖြစ်ပါတယ်။ တ​နေ့မှာ​တော့ သူ့အ​ဖေရဲ့ စည်းစိမ်တွေ တစ်ခြားတစ်​ယောက်ကို အ​​​မွေ​ပေးဖို့ဖြစ်လာပါတယ်။အဲဒီ့အခါမှာ Billyက ဒီအ​မွေ​​တွေကိုဆက်ခံဖို့ ထိုက်တန်​ကြောင်း ကို သူငယ်တန်းက​နေ အထက်တန်း​ကျောင်း​အောင်တဲ့အထိ ကျောင်းပြန်တက်ပြီး ဘယ်လိုသက်​သေပြမလဲဆိုတာကို....Adam sandlerရဲ့ ဟာသဉာဏ်ရွှင်ရွှင်သရုပ်​ဆောင်ထားတာနဲ့အတူမြင်ရမှာဖြစ်လို့ ရှုစားကြပါဦး ခင်ဗျာ။ File size…(1.9 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:29:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Jack Senpai
movie

Billy Madison (1995)

Engaged to be Murdered (2023) 5.5
Engaged to be Murdered (2023)  တစ်ခါတလေကျ ဘဝမှာ ထင်မှတ်မထားတာတွေဖြစ်တတ်ပါတယ်။ ဘဝဆိုတာ တခါတလေ ရိုးရှင်းမှုမရှိဘဲ ရှုပ်နေတတ်ပါတယ်။ Engaged to be Murdered ဟာ ၂၀၂၃ ထွက် ရုပ်ရှင်တစ်ကားဖြစ်ပြီး အမေတစ်ယောက်ရဲ့​ချစ်ခြင်းနဲ့ ချစ်သူနှစ်ယောက်ရဲ့ချစ်ခြင်းအားအကောင်းမွန်ဆုံးပြသသွားတဲ့ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့Jack ကတော့ Amanda ရဲ့အချစ်ဆုံးတစ်ဦးတည်းသောသားဖြစ်ပါတယ်။ သူဟာစင်္ကာပူမှာ အလုပ်လုပ်ရင်း Olivia ဆိုတဲ့ မိန်းမချောလေးနဲ့ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ ချစ်ကျွမ်းဝင်ရုံမကပဲ မင်္ဂလာပါတစ်ခါတည်း ဆောင်ဖို့ရည်ရွယ်ထားကြပါတယ်။ ခက်တာက Amanda ဟာသူ့ရဲ့တစ်ဦးတည်းသောသားလေး မိန်းမယူမယ့်ကိစ္စကို အမေတစ်ယောက်အနေနဲ့ ချင့်ချိန်ရမှာတွေရှိတာမလို့ သဘောချက်ချင်းမတူခဲ့ပါဘူး။ Jack ကလည်း Olivia မှ Olivia ဖြစ်နေတာမလို့ ဘာတွေဆက်ဖြစ်ကြမှာလဲကြည့်လိုက်ကြပါ။ဇာတ်လမ်းပြီးခါနီးထိခန့်မှန်းမရလောက်တဲ့ဇာတ်လမ်းမလို့ အတော်လေးဆွဲဆောင်မှုရှိပါတယ်။ တစ်ခုပြောချင်တာက လူကြီးမင်းတို့ထင်နေသလိုမဟုတ်ဘူးဆိုတာပါပဲ..... File size…(1.4 GB)/(700 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre... Thirller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lucifer Maximoff
movie

Engaged to be Murdered (2023)

Justice League: Throne of Atlantis (2015) 6.6
Justice League: Throne of Atlantis (2015) IMDB 6.3 နဲ့ Rotten Tomatoes 63% ရရှိထားပါတယ်။ Aquaman ရဲ့နောက်ခံဇာတ်လမ်းကို ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ Justice League: War အပြီးမှာ အရာအားလုံးငြိမ်းချမ်းသွားပြီလို့ထင်ရပေမဲ့ဒဏ္ဍာရီလာကျွန်းမြို့တစ်မြို့ဖြစ်တဲ့ အတ္တလန်တစ်ရဲ့ပြဿနာတွေကကုန်းမြေပြင်ပေါ်ကို ရောက်ဖို့အကြောင်းဖန်လာပါတယ်။အဲဒီပြဿနာတွေထဲကတစ်ခုကတော့ လူနဲ့အတ္တလန်တစ်သူနဲ့စပ်ပြီးမွေးလာတဲ့ အာသာကာရီကိုမုန်းတဲ့ သူ့ရဲ့ညီဖြစ်သူမင်းမျိုးမင်းနွယ်သွေးအပြည့်ပါတဲ့ မင်းသားအော်မ်ပါပဲ။ အာသာရဲ့အမေဖြစ်တဲ့ ဘုရင်မအတ္တလာနာဟာ ငြိမ်းချမ်းရေးကိုလိုလားပေမဲ့ကုန်းမြေပြင်သားတွေကြောင့် ဘုရင်ဖြစ်သူသေရတယ်လို့ယုံကြည်ထားတဲ့မင်းသားအော်မ်ကတော့ သူ့အမေနဲ့ဆန့်ကျင်ဘက်ပါ။ဒါကိုဘုရင်မအတ္တလာနာကသိတာကြောင့်ကမ္ဘာနှစ်ခုလုံးမှာနေဖူးတဲ့သူကို ခေါင်းဆောင်အဖြစ်ထားချင်ခဲ့တယ်။ဒါကြောင့်ပဲ အာသာကာရီကိုခေါ်ဖို့ စေလွှတ်လိုက်ပေမဲ့မင်းသားအော်မ်ရဲ့ အကြံအစည်တွေကြောင့်အခြေအနေတွေက ပြောင်းပြန်ဖြစ်ကုန်ပါတော့တယ်။ File size…    1.1 GB /  462 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 12m Genre ..... Action/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi
movie

Justice League: Throne of Atlantis (2015)

Genres

Archives