Channel Myanmar

New releases (2025)

Content at random


Movies

Infested (2023) 6.4
Infested (2023) Infested (2023) =============ကယ်လတ်ဘ်က ကြုံရာကျပမ်းလုပ်စားနေတဲ့လူငယ်တစ်ယောက် ဖြစ်ပြီး သူတို့လိုလူဆင်းရဲတွေ စုပေါင်းနေထိုင်ကြတဲ့ တိုက်ခန်းတွဲ ကြီးတစ်ခုမှာနေပါတယ်။ ဆင်းရဲသားအများစုနေထိုင်ရာဖြစ်တဲ့အ တိုင်း လူ့အလွှာရဲ့တေလေကြမ်းပိုးတွေ ဆေးသမားတွေ သူခိုးတွေ ကျက်စားရာနေရာတစ်ခုလည်းဖြစ်ပါတယ်။ကယ်လတ်ဘ်ရဲ့ဝါသနာကတော့ တွားသွားသတ္တဝါတွေ မွေးမြူခြင်း ဖြစ်ပြီး သူ့အခန်းထဲမှာ နည်းအမျိုးမျိုးနဲ့စုဆောင်းထားတဲ့ သတ္တဝါ တွေရှိပါတယ်။တစ်နေ့မှာတော့ ရှားပါးမျိုးစိတ်  အဆိပ်ပြင်း ပင့်ကူ တစ်ကောင်ကိုခေါ်လာမိရာကနေ အဲ့ဒီပင့်ကူက လွတ်ထွက်ပီး အ ဆောက်အအုံကြီးတစ်ခုလုံးမှာ ဥတွေပွား၊အကောင်တွေပေါက်၊ အဆမတန်ကြီးထွားလာပြီးအားလုံးကိုဒုက္ခပေးပါတော့တယ်။အဲ့ဒီကောင်တွေရန်ကနေ လွတ်အောင်ရုန်းထွက်ဖို့ ကယ်လတ်ဘ်နဲ့ သူ့သူငယ်ချင်းတစ်စု၊ တိုက်ခန်းနေလူထုရဲ့စွန့်စားခန်းတွေကို အသဲ တယားယားရင်တဖိုဖိုကြည့်ရှုရမယ့် တန်းမြင့် creatures feature ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.44 GB) / (680 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 46Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror Translator.......Alias Encoder..........SWM
movie

Infested (2023)

2023
Extreme Speed Police: The War on Drugs ( 2024 ) 5.7

Extreme Speed Police: The War on Drugs ( 2024 )

Byzantium (2012) 6.5
Byzantium (2012)  Byzantium ဇာတ်ကားဟာ ၂၀၁၂ က ထွက်ရှိခဲ့တဲ့Fantasy Drama ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ဒီကားဟာ ၂၀၁၄ အိုင်ရစ်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဒါရိုက်တာဆုနဲ့ အကောင်းဆုံး မင်းသမီးဆုတို့ကို ရရှိနိုင်ခဲ့တဲ့ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ဒီကားမှာ အဓိက ပါဝင်သရုပ်ဆောင်ထားတာကတော့Clara နဲ့ Elanor လို့ခေါ်ကြတဲ့ မိန်းကလေး ၂ ယောက်ဖြစ်ပါတယ်။ သူတို့က ဟိုး ၁၈၀၀ ကျော်ကာလကတည်းကနေအခုထိ အသက်ရှင်ကျန်ရစ်နေခဲ့တဲ့ သွေးစုတ်ဖုတ်ကောင်၂ ယောက်ဖြစ်ပါတယ်။ သူတို့တွေ အခုထိ အသက်ရှင်ကျန်နေတဲ့နောက်ကွယ်မှာ ဘယ်လိုအကြောင်းတရားတွေရှိမလဲ။အမြဲတစေ နေရာပြောင်းပြေးနေရတဲ့ သူတို့ဘဝရဲ့နောက်ကြောင်းက ဘာတွေရှိမလဲ။အနာဂတ်မှာ ဘာတွေ ဖြစ်ကြမလဲ။သူတို့ရဲ့ ရှုပ်ထွေးတဲ့ဘဝထဲကို အချစ်ဆိုတဲ့အရာလေးကဝင်လာတဲ့အခါမှာ ဘာဖြစ်ကြမလဲ စတာတွေကို ဒီဇာတ်ကားမှာသည်းထိပ်ရင်ဖို စိတ်လှုပ်ရှားဖွယ်ရာကြည့်ရှုရမှာပဲ ဖြစ်ပါတယ်... File size…2.4 GB/ 965 MB Quality… Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 58m Genre ….. Drama , Fantasy ...
movie

Byzantium (2012)

Buya Hamka Vol. 1 (2023) 6.8
Buya Hamka Vol. 1 (2023) Buya Hamka Vol. 1 (2023)ဒီကားလေးကတော့ အင်ဒိုနီးရှားရဲ့ နာမည်ကျော် နိုင်ငံရေးသမား စာရေးဆရာ ဂျာနယ်လစ် ဒဿနိကပညာရှင်တစ်ဦးဖြစ်တဲ့ အဘ်ဒူလ်မာလစ်ကာရန်အမ်ရူလာလ်ရဲ့ ဘ၀ဇာတ်ကြောင်း အတ္ထုပ္ပတ္တိလေးဖြစ်ပါတယ်။ ကလောင်နာမည် ဟမ်ကာဆိုတဲ့နာမည်နဲ့ကျော်ကြားပြီး ဂျာကာတာမြို့မှာ တက္ကသိုလ်တစ်ခုကို သူ့နာမည်ပေးရတဲ့အထိ လေးစားခံပုဂ္ဂိုလ်ကြီးဖြစ်တဲ့အပြင် အင်ဒိုနီးရှားနိုင်ငံရဲ့ ပြည်သူ့သူရဲကောင်းဘွဲ့ရထားသူပါ။ ဒီကားလေးထဲမှာ ဟမ်ကာရဲ့ ဘ၀ဇာတ်ကြောင်း အနိမ့်အမြင့် အချိုးအကွေ့ပေါင်းစုံကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ဇာတ်လမ်းအစကို ဟမ်ကာထောင်ချခံရတဲ့အခန်းနဲ့စတင်ထားပြီး ဘ၀ဇာတ်ကြောင်းတစ်လျှောက်လုံး နောက်ကြောင်းပြန်ပြထားတာကိုက စိတ်၀င်စားဖို့ကောင်းပါတယ်။ ဟမ်ကာရဲ့ ဂျာနယ်လစ်သမားဘ၀ အယ်ဒီတာဘ၀ကနေ နိုင်ငံရေးသမားဘ၀ရောက်ရှိသွားပုံကို ကြည့်ရှုရင်း မြန်မာ့သမိုင်းနဲ့သိပ်မကွာခြားတဲ့ ဒတ်ခ်ျကိုလိုနီလက်အောက်ခံဘ၀ အင်ဒိုနီးရှားနိုင်ငံရဲ့သမိုင်းနဲ့ အစ္စလာမ်ဘာသာအကြောင်းကိုပါ လေ့လာနိုင်ဦးမှာဖြစ်ပါတယ်။ ဒီကားက အပိုင်း(၁)ဖြစ်ပြီး အပိုင်း(၂)လည်း ထွက်ရှိလာဦးမှာပါ။ အားလုံးပဲ IMDb မှာ ရိတ်တင် 6.8/10 ရထားတဲ့ Drama, Biography ဇာတ်ကားလေးကို ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ...
movie

Buya Hamka Vol. 1 (2023)

2023
(18+) Maps to the Stars (2014) 6.2
(18+) Maps to the Stars (2014)  ဒီရုပ်ရှင်က ( New Years Eve ၊ Valentines day) တို့လို Parallel Scene တွေနဲ့ရုပ်ရှင် Genre မျိုးပါ။ အဲ့ရုပ်ရှင်တွေလိုတော့ ပျော်ဖို့ကောင်းပြီး ကြည့်ရတာ Fun ဖြစ်စေမှာမဟုတ်ဘဲ Deep and Dark ဖြစ်တာကို ကြိုက်နှစ်သက်သူတွေအတွက်တော့ ကြည့်လို့ကောင်းစေမယ့် ရုပ်ရှင်ပါ။ ဇာတ်ကောင်တွေရဲ့ တစ်ပြိုင်တည်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကနေ အချင်းချင်း တစ်မျိုးတစ်ဖုံ ဆက်စပ်နေတာကို Thriller, Psychopath ရိုက်ပြထားပါတယ်။LA မြို့မှာရှိတဲ့ သရုပ်ဆောင်တွေ၊ ကြယ်ပွင့်တွေရဲ့ ဖြစ်လေ့ဖြစ်ထ ပြဿနာတွေ၊ စရိုက်တွေနဲ့ ရုပ်ရှင်ကားတွေရဲ့နောက်ကွယ်က အမှောင်ခြမ်းတွေကို စိတ္တဇဆန်ဆန် ဝတ္ထုဇာတ်လမ်းအချို့ကို ထည့်ပေါင်းရိုက်ကူးထားပါတယ်။ မင်းသားချော Robert Pattinson အပြင် အသက်အရွယ်ရလာသည့်တိုင် လူကြီးတွေသာမက လူငယ်တွေကိုပါ ဖမ်းစားနိုင်တဲ့ အလှပိုင်ရှင် မင်းသမီးကြီး Julianne Moore တို့ ပါဝင်အားဖြည့်ထားပါတယ်။ ...
movie

(18+) Maps to the Stars (2014)

Hamka & Siti Raham Vol. 2 (2023) 7.0
Hamka & Siti Raham Vol. 2 (2023)  အပိုင်း ၁ တင်ဆက်ပေးခဲ့ပြီးပြီဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့နိုင်ငံကျော်စာရေးဆရာ ဂျာနယ်လစ် ဒဿနိကပညာရှင်တစ်ဦးဖြစ်တဲ့ အဘ်ဒူလ်မာလစ်ကာရန်အမ်ရူလာလ်ခေါ်ကလောင်နာမည် ဟမ်ကာရဲ့ဘ၀ဇာတ်ကြောင်းအပိုင်း ၂ ဖြစ်တဲ့Hamka & Siti Raham ကိုတင်ဆက်ပေးလိုက်ပါတယ်။သူ့ဘ၀ဇာတ်ကြောင်းက အရမ်းစိတ်ဝင်စားစရာကောင်းပြီးအရမ်းကျယ်ပြန်လွန်းတဲ့အတွက် အပိုင်း ၂ အနေနဲ့ဆက်လက်ထွက်ရှိလာတာပဲဖြစ်ပါတယ်။အပိုင်း ၁ ကြည့်ပြီးသားသူတွေဆိုရင်တော့ များများစားစားနောက်ကြောင်းပြန်နေစရာမလိုပေမဲ့ အကျဉ်းချုပ်အနေနဲ့ကတော့ ဟမ်ကာဆိုတဲ့လူက ဂျာကာတာမြို့ရဲ့ တက္ကသိုလ်တစ်ခုမှာ သူ့နာမည်ကို ပေးထားရလောက်တဲ့အထိ လူအထင်ကြီးလေးစားခံရတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ပြည်သူ့သူရဲကောင်းရထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အပိုင်း ၂ ရဲ့ အစမှာတော့ ဟမ်ကာတစ်ယောက် ဘ၀အချိုးအကွေ့များစွာနဲ့ကြုံတွေ့လာရပြီးနောက် ၁၆၄၇ ခုနှစ်မှာဒတ်ချ်ကအင်ဒိုနီးရှားနိုင်ငံကိုကျူးကျော်လာတဲ့ အချိန်မှာတော့ ကလောင်ကိုင်တဲ့လက်က လက်နက်ကိုင်တဲ့တော်လှန်ရေးသမားတစ်ယောက်ဖြစ်လာခဲ့ပြီး အမျိုးဘာသာ သာသနာနဲ့ နိုင်ငံကိုကာကွယ်ဖို့ကြိုးစားပုံတွေကိုတွေ့ရမှာဖြစ်ပြီး ဇာတ်လမ်းရဲ့တစ်ဝက်လောက်မှာတော့ ငြိမ်းချမ်းရေးရသွားခဲ့ပြီး ၁၉၅၀ ခုနှစ်မှာသူတို့မိသားစုဂျာကာတာကို ပြောင်းရွှေ့ပြီးဘာသာရေးဝန်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ကြောင်းတွေအပြင် အလ္လာကိုချစ်မြတ်နိုးပြီး အမှန်ကိုအမှန်အတိုင်းရေးသားတတ်တဲ့ စာပေသမားတစ်ယောက်ဖြစ်တဲ့အခါမှာ အခန့်မသင့်စွာနဲ့ပဲ ထောင်ကျသွားခဲ့ပြီး နှိပ်စက်မှုတွေခံခဲ့ရပုံတွေနဲ့ အလ္လာရဲ့ခွန်အားကိုတောင်းခံပြီး ရှေ့ဆက်တိုက်ခိုက်ရမဲ့တိုက်ပွဲပေါင်းများစွာကို ရဲရဲရင့်ရင့်တိုက်ခိုက်သွားပုံတွေကိုစိတ်ဝင်စားစရာကောင်းအောင် ကြည့်ရှုရမဲ့ အတ္ထုပတ္တိဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File ...
movie

Hamka & Siti Raham Vol. 2 (2023)

Geethanjali Malli Vachindi (2024) 6.5
Geethanjali Malli Vachindi (2024) Geethanjali Malli Vachindi (2024) "ဂီသန်ဂျာလီ ပြန်လာခန်း"IMDb 6.6 ရထားတဲ့ တေလဂူး ဟော်ရာကားလေး တင်ဆက်ပေးလိုက်ပါတယ် ကြမ်းသင့်ရင်ကြမ်း ဖောက်သင့်ရင် ဖောက်တဲ့ ဟာသကားလေးမို့ ရုံးပိတ်ရက်မှာ ပရိသတ်ကြီးအပန်းပြေစေမှာ အသေအချာပါပဲကောင်မလေးတစ်ယောက် ရုံးတစ်ရုံးမှာ လူမရှိတဲ့ညအချိန် အလုပ်ရှင်သူဌေးကို ရာထူးတိုးဖို့ သွားတောင်းဆိုပေမယ့် သူဌေးရဲ့ ဗလက္ကာရပြုတာကို ခံလိုက်ရတဲ့အချိန်...မိန်းမချင်းစာနာတတ်တဲ့ သရဲမက အလုပ်ရှင်ကို အသေဆိုးနဲ့သေအောင် ပညာပေးလိုက်တယ် တကယ်တော့ ယောကျာ်းတစ်ယောက်ရဲ့ ယုတ်မာရက်စက်ခြင်းကို ခံခဲ့ရတဲ့ မိန်းကလေးက မကျွတ်မလွတ်ပဲ ဝိညာဥ်ဖြစ်နေတာပါတစ်ဖက်မှာလည်း သူငယ်ချင်းတစ်စု - ဒါရိုက်တာ၊ ဇာတ်ညွှန်းဆရာ၊ မင်းသားဖြစ်သူတို့ ကုန်းကောက်စရာမရှိအောင် ကျရှုံးနေလို့ ရုပ်ရှင်လောကကို ကျောခိုင်းဖို့အလုပ် ....ဟော်ရာရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခြင်းခံရတယ် ဒီကနေ အိမ်ကြီးတစ်အိမ်မှာ ရုပ်ရှင်ရိုက်ကြရင်း အဲဒီအိမ်မှာ တစ္ဆေအစစ်သုံးကောင် ရှိနေတဲ့အခါမှာ ဘယ်လိုအလွဲတွေ ဆက်ဖြစ်ကြမလဲ... ဝိညာဥ်တွေရဲ့ ပင်မဇာတ်လမ်းက ဘယ်လိုလဲဆိုတာကို ပရိသတ်ကြီးက ဆက်လက်အားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 2.6GB ...
movie

Geethanjali Malli Vachindi (2024)

2024
Unhappily Ever After (aka) Infelices para Siempre (2023) 5.3
Unhappily Ever After (aka) Infelices para Siempre (2023)  "ထာဝရမပျော်ရွှင်စွာနေထိုင်သွားကြလေသတည်း" တဲ့။ ဘယ်နှယ့် "ထာဝရပျော်ရွှင်စွာနေထိုင်သွားကြလေသတည်း" ပဲကြားဖူးပါတယ်။ ဟုတ်ပါတယ်။ ​ဒီရုပ်ရှင်ဟာ စပိန် Rom/Com ရုပ်ရှင်တစ်ခုဖြစ်ပြီး ကြည်နူးဖို့ကောင်းတဲ့ ဟာသအချစ်ဇာတ်လမ်းလေးနဲ့အလှဆင်ထားပါတယ်။အယ်ဖရက်ဒိုနဲ့ မာရီယာဟိုဆေးတို့ဟာအရမ်းချစ်ကြတဲ့ စုံတွဲတစ်တွဲပါ။ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်တုန်းကပေါ့လေ။ အိမ်ထောင်သက်ကြာလာတဲ့အမျှ ကလေးတွေလည်းမွေး အချစ်တွေလည်းပေါ့လာကြပြီး ကတောက်ကဆလေးတွေဖြစ်လာကြပါတယ်။ ဒီလိုဖြစ်နေတာတွေကို သူတို့ရဲ့ကလေးတွေဟာပြန်ပြင်ပေးဖို့ နှစ်ပတ်လည်နေ့မှာ ပျားရည်စမ်းထွက်တုန်းက ကမ်းခြေက ဟိုတယ်မှာအခန်းဖြတ်ပေးခဲ့ပါတယ်။ မသွားခင်လေးမှာ သမိီးလေး နီနာဟာ သူ(မ) ရဲ့မှောတုတ်တံလေးနဲ့ "နှစ်​ယောက်ပြန်မချစ်မချင်းပြန်မလာခဲ့ကြနဲ့"ဆိုပြီးပြောလိုက်ပါတယ်။ သူတို့နှစ်ယောက်မသိလိုက်တာက ဒီစကားလေးဟာ သူတို့နှစ်ယောက်အတွက် အတော်လေးကိုအကျိုးသက်ရောက်စေမယ့်စကားဆိုတာကိုပါပဲ။ အားလုံးကပုံမှန်ဖြစ်နေပေမယ့် နောက်ရက်နိုးလာတဲ့အခါမှာသူတို့ဟာ ရ​က်တစ်ရက်တည်းမှာပိတ်မိနေတာကိုသိသွားခဲ့ပါတယ်။မာရီယာနဲအယ်ဖရက်ဒိုတို့နှစ်ယောက် ဘယ်လိုများအချိန်လည်နေတာကိုရပ်တန့်မလဲ။ မျက်နှာမကြည့်ချင်အောင် ဖြစ်နေတဲ့နှစ်​ယောက်ကဘယ်လိုမျိုး ဒါကိုပြန်ပြင်မှာလဲ။ တကယ်ပဲရုပ်ရှင်ခေါင်းစဥ်လို "ထာဝရမပျော်ရွှင်စွာနေထိုင်သွားကြလေသတည်း"ဆိုပြီးဖြစ်သွားမှာလား။ အတော်လေးကိုကြည်နူးရတဲ့ Rom/Com ရုပ်ရှင်တစ်ခုမလို့ ကြည့်ဖို့အကြံပေးပါရစေ။ File size…(1.3 GB)/(680 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lucifer Maximoff
movie

Unhappily Ever After (aka) Infelices para Siempre (2023)

A View To Kill For (2023)
A View To Kill For (2023)  မိသားစုနဲ့ပိုက်ဆံကြားလွန်ဆွဲတဲ့ဖြစ်ရပ်ဆိုး အမွေအတွက်နဲ့တလွဲတွေဖြစ်ကုန်တဲ့ ဖြစ်ရပ်မျိုးတွေဖြစ်နေတာမြင်ဖူးကြမယ်ထင်ပါတယ်။ A View to Kill For ရုပ်ရှင်ဟာဒီသဘောကိုအကောင်းဆုံးပြသသွားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ မိသားစုနဲ့ပိုက်ဆံ ချစ်ခြင်းနဲ့ငွေကြေးကြားက သဘောကိုရိုက်ပြသွားတာဖြစ်ပါတယ်။မော်လီနဲ့သူ့မိသားစုဟာငွေရေးကြေးရေးမပြည့်သုံပဲ အခက်အခဲတွေရင်ဆိုင်​နေရပါတယ်။ ဒါပေမယ့်ကံတရားဆိုတာတစ်ဆစ်ချိုးတတ်ပြီး ကောင်းတဲ့ဘက်ကိုဦးတည်သွားတတ်ပါတယ်။ မော်လီတို့မိသားစုမှာလည်းအဲလိုပဲဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် မော်လီပေါ့လေ။ သူ(မ)ရဲ့မမြင်တောင်မမြင်ဖူးတဲ့ဖခင်ဟာ ငွေကြေးများစွာနဲ့အိမ်ကြီးကိုပါ အမွေပေးခဲ့ပါတယ်။ တစ်ခါမှတောင်မမြင်ဖူးတဲ့ဖခင်ဆီကအမွေရခဲ့တာက တကယ်ကိုကံကောင်းခြင်းပါပဲ။ ဒါမှမဟုတ်ကံကောင်းတာရောဟုတ်ရဲ့လား...ဘလန်ကာဘေး ဆိုတဲ့အိမ်ကြီးရှိရာကိုတစ်မိသားစုလုံးပြောင်းရွှေ့သွားခဲဲ့ကြပါတယ်။ ခက်တာက သူတို့ကိုကြိုဆိုတဲ့လူသိပ်မရှိဘဲ ဘလန်ကာဘေးဟာလူရွတ် လူချမ်းသာ လူ့ကန့်လန့်တွေနေတဲ့ မြို့ဖြစ်နေပါတယ်။ ဘယ်လိုများဆက်ဖြစ်မှာလဲ။ ရုတ်တရတ်ရလာတဲ့အမွေအပေါ်ကိုလူတိုင်းကကြည်ဖြူနေမှာလား။ မကြိုဆိုတဲ့ပတ်ဝန်းကျင်မှာ မော်လီတစ်​ယောက်ဘယ်လိုခရီးဆက်မှာလဲ။ မထင်မှတ်ထားတဲ့ အချိုးအကွေ့လည်းပါတာကြောင့် အဆုံးထိကြည့်ဖို့အကြံပေးပါရစေ။ File size…(1.4 GB)/(620 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre... Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lucifer Maximoff
movie

A View To Kill For (2023)

Mother of the Bride (2024) 5.5
Mother of the Bride (2024)  ဒီတစ်ခေါက်တော့ သက်ကြီးပိုင်းတွေရဲ့ ငယ်ရွယ်စဉ်ကလွဲခဲ့တဲ့ အချစ်နဲ့ ပြန်တွေ့ဆုံရပုံလေးကိုဟာသလေးတွေနှောပြီး ဇာတ်လမ်းဆင်ထားတဲ့အချစ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်... မျိုးဗီဇသုတေသနပညာရှင်ဖြစ်တဲ့ ဒေါက်တာ လာနာဝင်းစလိုးတစ်ယောက် တစ်ခုခုဆို အပြစ်မြင် ဝေဖန်တတ်လို့ဆိုပြီး သမီးဖြစ်သူက ရည်းစားကောင်လေးကိုရည်းစားဘဝမှာတောင် သူနဲ့ပေးမတွေ့ဘဲ စေ့စပ်လက်စွပ်ကို လက်ခံပြီးမှ နောက်တစ်လနေရင်လက်ထပ်တော့မယ်လို့ ဖွင့်ဟလာတာကို ကြုံလိုက်ရပါတယ်..သူနဲ့အတူနေပြီး ကျောင်းဆက်တက်မယ်လို့ထင်ထားတဲ့သမီးတော်လေးက ယောကျ်ားယူတော့မယ်ဆိုပြီး Surpriseတိုက်လိုက်တဲ့အခါမှာတော့ လာနာတစ်ယောက်ရင်ကွဲနာကျရသလို သမီးဖြစ်သူ ပျော်ဖို့အတွက်သမီးအလိုကျလက်ခံပေးပြီး မင်္ဂလာပွဲကျင်းပမဲ့ထိုင်းနိုင်ငံ ဖူးခက်မြို့ကို သွားဖို့ပြင်ရပါတော့တယ်သမီးဖြစ်သူယူမဲ့ကောင်လေးကို အဲဒီတော့မှ တွေ့ဖူးတဲ့အပြင် နောက်ထပ် Surprise တိုက်ခံလိုက်ရတာကတော့အဲဒီကောင်လေးရဲ့အဖေက ငယ်စဉ်က စာမလာအကြောင်းမကြားဘဲ Ghost သွားတဲ့ သူ့ရဲ့ငယ်ချစ်ဦး ဖြစ်နေတာပါပဲ..တစ်ယောက်တည်းဆို ထက်မြက်ပြီး တော်သလောက်သူ့ငယ်ချစ်ဦး ဝေလ် ဂျက်ဆင်ရှေ့ကိုရောက်ရင် အလွဲလွဲအချော်ချော်တွေ လုပ်တတ်တဲ့ လာနာတစ်ယောက်ဒီပြန်လည်ဆုံတွေ့မှုကနေ ဘာတွေကိုတွေ့ကြုံလာရမလဲ...ရှေးဟောင်းနှောင်းဖြစ်ဇာတ်လမ်းတွေရှိတဲ့ မိဘတွေကြောင့်သားသမီးတွေရဲ့ မင်္ဂလာပွဲကလည်း ဖြစ်မြောက်ပါ့မလားဆိုတာကိုရယ်ရယ်မောမောနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာ ဖြစ်ပါတယ်..  File size…2.15 GB/ 0.99GB Quality…NF WEB-DL 1080p 5.1CH ...
movie

Mother of the Bride (2024)

Prom Dates (2024) 5.5
Prom Dates (2024)  ဂျက်စ်...ကျောင်းကပွဲရဲ့ ဘုရင်မဖြစ်ဖို ငယ်ငယ်ကတည်းကအိပ်မက်ရှိခဲ့တဲ့ ဂျက်စ်…။ ငယ်ငယ်ချောချော ကျောင်းသူလေးတစ်ယောက် ဖြစ်တဲ့အလျောက် ကျောင်းဘုရင်မဘွဲရဖိုစိတ်ကြီးပြီး ရှက်တတ်တဲ့သူငယ်ချင်းဖြစ်သူကိုပါ သူလုပ်သမျှပါအောင်ခေါ်တတ်တဲ့ အမွှေစိန်မလေး။ဟန်နာ....မိန်းကလေးချင်း သဘောကျနေတဲ့စိတ်ကိုထုတ်မပြောရဲပေမဲ့ အနီးအနားက လူတွေအားလုံးကတော့သူဂေးနေကြောင်း သိနေပြီဖြစ်တဲ့ ဟန်နာ။ အူကြောင်ကြောင်နိုင်ပြီးတစ်လွဲတွေ လုပ်လေ့ရှိပေမဲ့ အချစ်ရဆုံး သူငယ်ချင်းအပေါ်တော့အပြည့်အဝသစ္စာရှိသူတစ်ယောက်ပေါ့။၁၃ နှစ်သမီးအရွယ်ကတည်းက ပြီးပြည့်စုံတဲ့ ကျောင်းကပွဲညကိုပိုင်ရစေမယ်လို ကတိထားခဲ့ကြတဲ့ ဒီသူငယ်ချင်းနှစ်ယောက်ဟာကပွဲညမတိုင်ခင် ၂၄ နာရီ အလိုမှာပဲ သူတိုနဲ့ ကပွဲအတူသွားမဲ့ကောင်လေးတွေနဲ့ ပြတ်သွားခဲ့တဲ့အချိန်….သူတိုရဲ့ စိတ်ကူးအိပ်မက်ထဲက ကပွဲညလေးကိုရဖို ဘယ်လိုပြန်လည် အဖတ်ဆယ်မလဲဆိုတာကို အလွဲပေါင်းတစ်သိန်းနဲ့ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။   File size…1.27 GB/  614MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth
movie

Prom Dates (2024)

BloodRayne (2005)
BloodRayne (2005)  ဒီ Action/Fantasy/Horror ဇာတ်ကားထဲမှာတော့ မင်းသမီး Kristanna Loken (Terminator 3 ထဲက T-X)နဲ့ Michelle Rodriguez (Fast & Furious ထဲက Letty Ortiz) အပြင် မင်းသား Michael Madsen (Kill Bill ထဲက Budd)နဲ့ Matthew Davis (Blue Crush)တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။သွေးစုပ်ဖုတ်ကောင်တွေကို ဗန်ပိုင်းယားလို့ခေါ်ဆိုတယ်ဆိုရင် လူတစ်ပိုင်း သွေးစုပ်ဖုတ်ကောင်တစ်ပိုင်းကိုတော့ ဒန်ဖီးယားလို့ ခေါ်ဆိုပါသတဲ့။ ဒန်ဖီးယားတွေက ခံရည်နိုင်စွမ်းမြင့်မားလွန်းတာမို့ မွေးစကတည်းက သုတ်သင်ရှင်းလင်းခံခဲ့ကြရတာပါ။ သို့ပေမဲ့ ဒန်ဖီးယားမလေး ရိန်းကတော့ စွမ်းအားမြင့် သွေးစုပ်ဖုတ်ကောင်ကြီးတစ်ကောင်ရဲ့ ယုတ်မာတဲ့အကြံအစည်နဲ့ လူသားမိခင်ကနေ မွေးဖွားလာနိုင်ခဲ့ပါတယ်။ရိန်းကို အစွမ်းထက်လက်နက်အဖြစ် အသုံးချလိုတဲ့ ယုတ်မာတဲ့ဖခင်ရဲ့အကြံအစည်ကို ရိပ်မိပြီး သမီးဖြစ်သူကို အသုံးချခံမဖြစ်စေလိုတဲ့ မိခင်ရဲ့ ဉာဏ်ပညာကြီးမှုနဲ့ အစတေးခံမှုကြောင့် ရိန်းက သွေးစုတ်ဖုတ်ကောင်ကြီးလက်ကနေ ...
movie

BloodRayne (2005)

The Nomad (2023)
The Nomad (2023)  ဒီဇာတ်ကားကတော့ 2023 ခုနှစ်ထွက် Crime/Drama ကားဖြစ်ပါတယ် ဒနင်း ဦးဆောင်တဲ့ သိပ္ပံပညာရှင်အဖွဲ့ရဲ့ နောက်ဆုံး ရှာဖွေတွေ့ရှိမှုအပြီးမှာ အယ်လ်ရွန်က အရမ်း ဒေါသထွက်ပြီး ဘုန်းတော်ကြီးတွေကို လိုက်သတ်တော့တယ် သတင်းထောက်မလေး လေယာက အယ်လ်ရွန် လူသတ်မှုကို ဗီဒီယို မှတ်တမ်း အရယူလိုက် နိုင်တယ်ဒါပေမဲ့ လီယာက အယ်လ်ရွန် အဖမ်းခံရဖို့ထက် ပိုအရေးကြီးတဲ့ Personal ကိစ္စလေးတွေရှိနေပြန်တယ် အဲ့တော့ ဒီကနေ ဘယ်လိုဘာဆက်ဖြစ်ကြမလဲ သူတို့ ရှာဖွေတွေ့ရှိမှုကရော ဘာမို့လို့ အယ်လ်ရွန်က ဘုန်းတော်ကြီးတွေကို လိုက်သတ်နေတာလည်း သတင်းထောက်လေးကရော အယ်လ်ရွန်ကို ရဲလက်အပ်မှာလား အသုံးချမှာလားဒနင်းကရော ဒီ အရှုပ်ထုပ်ထဲ ဘယ်လို ၀င်ပတ်သက်မှာလည်း ကြည့်ရမှာ ဖြစ်ပါတယ်... ဘာသာရေး/ဘ၀ရဲ့ အဓိပွါယ် စတဲ့ themes တွေနဲ့ပတ်သက်ပြီး တွေးစရာ dialgoues တစ်ချို့ပါပါတယ် File size…(896 MB)/(440 MB) Quality….Webrip 1080p ...
movie

The Nomad (2023)

Hunting Housewives (2024)
Hunting Housewives (2024)  ဇနီးသည်တွေကို မကျေနပ်နေတဲ့ ခင်ပွန်းသည်ကြီးတွေအတွက် ပညာပေးလည်းဖြစ်ပြီး တမူထူးခြားတဲ့ Survivalအမျိုးအစားရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ချမ်းသာပြီး ဩဇာကြီးတဲ့ အသိုင်းအဝိုင်းဆီက ဇနီးသည်လေးယောက် ခရီးတစ်ခုထွက်ရင်း မတော်တဆမှုကြီးတစ်ခုနဲ့ ကြုံရပါတယ်။ လူသူကင်းမဲ့တဲ့ တောကြီးထဲမှာ သားရဲတိရစ္ဆာန်တွေကလည်းရှိနေတဲ့အပြင် ကယ်သူမဲ့နေတဲ့ သူတို့တွေ ရှင်သန်ဖို့ ဘယ်လိုတွေကြိုးစားကြရမှာလဲ။ သူတို့အိမ်ထောင်ရေးအခြေအနေတွေကို တစ်ယောက်နဲ့တစ်ယောက်ရင်ဖွင့်ကြရင်း သူတို့လက်ရှိအခြေအနေကို သဘောပေါက်သွားတဲ့နောက်မှာ။ခင်ပွန်းဖြစ်သူတွေကလည်း သူတို့ဇနီးသည်တွေ မတော်တဆမှုကြုံတာကိုသိသိကြီးနဲ့ တီဗီဖန်သားပြင်ကနေ တိုက်ရိုက်ကြည့်နေခဲ့ပါတယ်။ ဘယ်လိုအကြောင်းတရားတွေကြောင့် ဒီလိုအကြောင်းအရာတွေကိုရင်ဆိုင်နေကြရတာလဲဆိုတာကိုတော့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.6 GB)/(835 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie

Hunting Housewives (2024)

Breaking Point (2023)
Breaking Point (2023)  ဒီဇာတ်ကားလေးကတော့ BreakDanceကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးမှာယှဥ်ပြိုင်ရဖို့အတွက်ကြိုးစားခဲ့ရတဲ့"ထရေးနဲ့ဘန်ဂျီ"တို့ညီအစ်ကိုနှစ်ယောက်အကြောင်းကိုအဓိကထားရိုက်ကူးထားတာပါ ဒီဇာတ်ကားမှာ Hannah John Kamen နဲ့ Emily Carey တို့လည်းပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဥ်းလေးကတော့ငယ်စဥ်ကတည်းက Breakdanceအကကို ဝါသနာရော ပါရမီပါ,ပါတဲ့ ထရေးနဲ့ဘန်ဂျီတို့ညီအစ်ကိုနှစ်ယောက်ဟာ သူတို့ရဲ့အမေသေဆုံးသွားပြီး​နောက်ပိုင်းမှာ မသင့်မမြတ်ဖြစ်ခဲ့ကြပါတယ် တစ်နေ့မှာ သူတို့နှစ်ယောက်လုံးဆီကို ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးမှာ ဗြိတိန်ကိုယ်စားပြုယှဥ်ပြိုင်သူတွေကိုရွေးချယ်ဖို့ လူရွေးပွဲလာပြိုင်ခိုင်းတဲ့ကမ်းလှမ်းမှုကိုရရှိခဲ့ပါတယ် သူတို့နှစ်ယောက်လူရွေးပွဲမှာအရွေးခံရပြီး ဗြိတိန်ကိုယ်စားပြုတွေအနေနဲ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးမှာ အခြားနိုင်ငံတွေနဲ့ယှဥ်ပြိုင်ရတဲ့အခါ......မသင့်မမြတ်ဖြစ်နေကြတဲ့ညီအစ်ကိုနှစ်ယောက်ပြန်လည်းသင့်မြတ်သွားပါ့မလား သူတို့ရောအဖွဲ့ရော ပြိုင်ပွဲမှာအနိုင်ရနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာပါ File size…(2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie

Breaking Point (2023)

An American Haunting (2005)
An American Haunting (2005) နာမည်ကြီးဇာတ်ကားတွေဖြစ်တဲ့ The Hunger Games , Pride and Prejudice တို့မှာသရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Donald Sutherland , ကလေးဘဝရဲ့အမှတ်တရ ဇာတ်လမ်းလေး ဖြစ်တဲ့ Peter Pan နဲ့ နာမည်ကြီး Horror Movie ဖြစ်တဲ့ Perfume တို့မှာပါဝင်ခဲ့တဲ့ မင်းသမီးချောလေး Rachel Hurd-Wood စတဲ့နာမည်ကြီးသရုပ် ဆောင်တွေ ပါဝင်တဲ့ An American Hunting ဟာဆိုရင် Horror ရုပ်ရှင်အမျိုးမစားဖြစ်ပါတယ်ဒါရိုက်တာကတော့ Courtney Solomon ဖြစ်ပြီး ဇာတ်လမ်းကတော့ The Bell Witch: An American Hunting ဆိုတဲ့ Classic ဝတ္ထုရှည်ပေါ်ကိုမှီငြမ်းရိုက်ကူးထားပါတယ်ဇာတ်လမ်းလေးရဲ့အစမှာတော့ သမီးဖြစ်သူ Jane ဟာ အိပ်မက်ဆိုးတွေခဏခဏ မက်ပြီးကြောက်လန့်တကြားတွေဖြစ်ရာမှ သမိုင်းကြောင်းကိုပြန်ကြည့်တဲ့အခါမှာ 19 ရာစု ခုနှစ်တွေတုန်းက အမေရိကန်မှာ ...
movie

An American Haunting (2005)

Killer Kites (2023)
Killer Kites (2023)  ဒီဇာတ်လမ်းလေးကတော့ Killer Kites ဆိုတဲ့အတိုင်းပဲ စွန်တွေက လူတွေကိုလိုက်သတ်မှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ အက်ဘီဆိုတဲ့ ကောင်မလေးက မိသားစုအမွေအနှစ်အနေနဲ့ စွန်တစ်ခုကို လက်ခံရရှိလိုက်ပါတယ်။ သူမရဲ့အဖွားက ထားရစ်ခဲ့တဲ့ အမွေပစ္စည်းတစ်ခုဖြစ်ပြီး သူမအတွက်အသုံးမဝင်တဲ့အတွက် ဘရိုင်ယန်လို့ခေါ်တဲ့သူမရဲ့အစ်ကိုကို အက်ဘီက စွန်လေးကို ပေးလိုက်ပါတော့တယ်။စွန်ကိုလက်ခံရရှိတဲ့ညမှာပဲ သူမရဲ့အစ်ကိုက အသတ်ခံရပြီးတဲ့နောက် သူမတို့မြို့မှာ ထူးခြားဆန်းကျယ်စွာ နဲ့ လူသတ်မှုတွေက ဆက်တိုက်ဆိုသလို ဖြစ်ပွားလာပါတော့တယ်။ သူမနဲ့ သူမရဲ့ လုပ်ဖော်ကိုင်ဖက်အချို့ လူသတ်မှုတွေကို လိုက်လံ စုံစမ်းကြည့်လိုက်တဲ့အခါ သူမရဲ့ အဖွားချန်ထားခဲ့တဲ့ စွန်က လူတွေကိုလိုက်သတ်နေတာကို သိရှိသွားတဲ့အတွက် အဲ့ဒီစွန်ကို တားဆီး ဖို့ ဆောင်ရွက်ကြပုံကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Comedy/ Horror ဖြစ်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်သူကတော့ nway oo k zaw ဖြစ်ပါတယ်။ File size…(1.4 GB)/(751 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:12:00 Genre...Horror, ...
movie

Killer Kites (2023)

A Sound of Thunder (2005)
A Sound of Thunder (2005)  2005 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်ကားက Sci-fi/thriller အမျိုးအစားဖြစ်ပြီး Warner Bros. ကနေ ဖြန့်ချိခဲ့တာပါ။ Time Travelling လုပ်တာကို စိတ်လှုပ်ရှားစရာ ရင်ဖိုစရာကောင်းအောင် ကြည့်ရမှာပါ။ဇာတ်လမ်းကတော့ Time Safari ဆိုတဲ့ ကုမ္ပဏီဟာ လွန်ခဲ့တဲ့ အတိတ် နှစ်သန်းပေါင်း ၆၅နှစ်ကျော်ဆီ အချိန်ခုန်ကူးပြီး ဖောက်သည်တွေကို ရင်ဖိုစရာစွန့်စားခန်းတွေပေးပြီး စီးပွားရှာနေတာ ဖြစ်ပါတယ်။ Travisဆိုတဲ့ ဇာတ်ဆောင်ကတော့ အဲ့ဒီ ကုမ္ပဏီက သိပ္ပံပညာရှင်၊ အချိန်ခုန်ကူးရေးအဖွဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ တစ်ရက် ကုမ္ပဏီမှာ ညစာစားပွဲကျင်းပနေတုန်းမှာ ဒေါက်တာ Sonia Rand ဆိုသူ အမျိုးသမီးက အတင်းဝင်ရောက်လာပြီး အားလုံးကို သတိပေးသွားခဲ့ပါတယ်။Travis နဲ့ Sonia နဲ့ စကားတွေ ပြောဖြစ်ကြပြီး Sonia က အခုလို အချိန် ခုန်ကူးပြီး အတိတ်က ရှေးဟောင်းသတ္တဝါကြီးတွေကို ...
movie

A Sound of Thunder (2005)

Genres

Archives