Channel Myanmar

New releases (2025)

Content at random


Movies

Trinil (2024) 6.0
Trinil (2024)  ဒီတစ်ခေါက်မှာတော့ Horror ရုပ်ရှင်ဆို ပြူးပြူးပြဲပြဲJump scares တွေမှကြိုက်တတ်ပါတယ်ဆိုတဲ့သူတွေအတွက်ဖြည်းဖြည်းလေးရော ဝုန်းဝုန်းဒိုင်းဒိုင်းရော နည်းမျိုးစုံ ခြောက်ပြမဲ့အင်ဒို ခေါင်းပြတ်သရဲကားလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီဇာတ်လမ်းဟာ 1980ခုနှစ်များမှာ အင်ဒိုနီးရှားနိုင်ငံအတွင်း နာမည်ကျော်ခဲ့တဲ့ ရေဒီယိုဇာတ်လမ်းတစ်ပုဒ်ကိုမှီငြမ်းပြီးရိုက်ကူးထားတာဖြစ်ပြီး ဇာတ်လမ်းထဲမှာတော့1970ဝန်းကျင်ကာလကိုဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း****************အင်ဒိုနီးရှားနိုင်ငံ Central Java မှာ လက်ဖက်ခြံပိုင်ရှင် သူဌေးကြီးဝမ်လမ်ဆောင်ဒါဆိုပြီးရှိပါတယ်။ သူ့မှာ သူချစ်စနိုးနဲ့ ထရီနီလိုခေါ်တဲ့ သမီးလေးတစ်ယောက်လည်းရှိပါတယ်။ တစ်ရက်မှာတော့သူဌေးကြီးဆုံးပါးသွားပြီး သူ့မိန်းမဟာလည်းရုတ်ချည်းဆိုသလိုပျောက်ဆုံးသွားခဲ့ပါတယ်။ သူ့သမီးကတော့ သူဌေးကြီးမဆုံးခင်အိမ်မှာ သူနာပြုလာလုပ်ပေးတဲ့ သူနာပြုဆရာလေးနဲ့လက်ထပ်ပြီးHoney moon ခရီး သုံးလကြာထွက်သွားခဲ့ပါတယ်။ သူတိုဟန်းနီးမွန်းထွက်နေတဲ့ကာလမှာ လက်ဖက်ခြံထဲ ရာသီဥတုမကောင်းတာတွေ၊ ဝန်ထမ်းတွေ သေဆုံးတာတွေ ၊သတ်သေတာတွေဆက်တိုက်ဖြစ်လာပါတော့တယ်။ သူတိုနှစ်ယောက် ဟန်းနီးမွန်းကပြန်လာတဲ့အခါမှာလည်း အိပ်နေရင်းဘီလူးစီးခံရတာတွေခြောက်လှန့်ခံရတာတွေဖြစ်လာတာမို ခင်ပွန်းဖြစ်သူကသူ့သူငယ်ချင်းအပနှင်ဆရာကို အပနှင်ပေးဖိုအကူအညီတောင်းရာကနေစံအိမ်ကြီးရဲ့လျှိဝှက်ချက်တွေတစ်ခုပြီးတစ်ခု ပေါ်လာပါတော့တယ်။ဇာတ်လမ်းအကျဉ်းကတော့ဒီလောက်ပါပဲ။ဒီမှာ တစ်ခုသတိထားမိတာက အင်ဒိုသရဲကားတွေဟာဇာတ်လမ်းဇာတ်အိမ် ကျစ်လျစ်ပိုင်နိုင်ပြီး တင်ဆက်ပုံကလည်းအဆင့်အတန်းတစ်ခုမှာရှိပါတယ်။ ဇာတ်လမ်းကို အစကနေအဆုံးထိတန်ပိုကောင်းကောင်းနဲ့ဆွဲခေါ်သွားနိုင်တာမို အချိန်ပေးကြည့်ရတာတန်စေမဲ့ ဇာတ်ကားတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေရှင်။ File size…1.54 GB/ 677 MB Quality… WEB-DL ...
movie

Trinil (2024)

Hypnotic Duel ( 2024 ) 5.8
Hypnotic Duel ( 2024 ) CM ရဲ့ ပရိသတ်တို့အတွက် အိပ်ငွေ့ချခြင်းနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာရုပ်ရှင်လေးဖြစ်တဲ့ Hypnotic Duel ဆိုတဲ့ ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-စိတ်ကျန်းမာရေးလောကမှာ အိပ်ငွေချခြင်းပညာနဲ့ နာမည်ကြီးတဲ့ ပါမောက္ခယဲ့ယွမ်တုန်းဟာ ရုပ်ရှင်မင်းသမီးအန်းယာရဲ့ အကူအညီတောင်းမှုကြောင့် ရုပ်ရှင်အဖွဲ့ကို ဇာတ်ညွှန်းပြင်ပေးဖို့လက်ခံလိုက်ပါတယ်။ လက်ထောက်ဖြစ်သူ လျိုစွမ်းနဲ့အတူ ဝေးလံလှတဲ့ တောင်ပေါ်က အပန်းဖြေစံအိမ်တစ်ခုကို ရောက်သွားခဲ့ပါတယ်။ဇာတ်ညွှန်းဆွေးနွေးဖို့လာရောက်ကြတဲ့ လူတိုင်းမှာ လျှို့ဝှက်ချက်ကိုယ်စီရှိနေကြပြီး ပိုပြီးတော့ အံ့အားသင့်စေတာက ရုပ်ရှင်ထဲက ဇာတ်ကောင်ဟာ ယဲ့ယွမ်တုန်းနဲ့ တစ်ထပ်တည်းကျနေပါသတဲ့။ အပေါ်ယံမှာတော့ အားနာနာပြောဆိုနေကြပေမဲ့ အားလုံးက အတိတ်က အကြောင်းတွေကို ဖော်နေသလို ဖြစ်နေပါတယ်။ဒီလို အကွက်ချစီစဉ်မှုရဲ့ နောက်ကွယ်က အဖြစ်မှန်က ဘာတွေဖြစ်မလဲ...... ဘယ်သူကရော အိပ်ငွေ့ချပညာနဲ့ ဒီအရာတွေကို ထိန်းချုပ်နေတာလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ အဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Mystery  Runtime : 1h 42 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...
movie

Hypnotic Duel ( 2024 )

Lazareth (2024) 5.5
Lazareth (2024)  ကမ္ဘာကြီးမှာ လူသားတွေဟာ သဘာဝတရားကပေးတဲ့အရာတွေကို သုံးချင်သလိုသုံးပြီး နေလာကြတဲ့အချိန်အတိုင်းအတာ တစ်ခုမှာ လောကကြီးမှာပြန်အဖတ်ဆယ်လို့ မရအောင် ပျက်စီးသွားတဲ့ အခြေအနေတစ်ခုကို စိတ်ကူးယဉ် ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ကုသမရနိုင်တဲ့ ဗိုင်းရပ်စ် ရောဂါပိုး ပျံ့နှံ့ကူးစက် သေဆုံးခဲ့ကြပြီးမြို့ပြကြီးတွေမှာ လူသူကင်းမဲ့ ခြောက်သွေ့ကုန်ပါတယ်။ရောဂါပိုးနဲ့ မထိတွေ့ဘဲ ကျန်ရစ်နေခဲ့တဲ့ လီဆိုတဲ့ အမျိုးသမီးဟာတူမလေး နှစ်ယောက်နဲ့အတူ လူတွေနဲ့ ဝေးလံတဲ့ ကျေးလက်ဒေသတစ်နေရာမှာ အထီးကျန် နေထိုင်ခဲ့ပါတယ်။ လာဇရက်လို့အမည်ပေးထားတဲ့ သူတို့အိမ်လေးမှာ တူဝရီးသုံးယောက်ဘေးမသီရန်မခ နေထိုင်ရင်း တစ်နေ့ကျတော့ သူတို့နေအိမ်အနီးတောအုပ်ထဲမှာ ကောင်လေးတစ်ယောက် ရောက်လာခဲ့ပါတယ်။ဒီကောင်လေးရောက်လာချိန်ကစပြီး သူတို့တွေရဲ့ စည်းချက်ညီလှုပ်ရှားနေတဲ့ နေအိမ်လေးမှာ ဟန်ချက်မညီမျှတွေ ဖြစ်ပေါ်လာခဲ့ပါတော့တယ်...။ဒီကောင်လေးက ဘယ်ကနေ ဘာအတွက်ကြောင့်ဒီကိုရောက်လာခဲ့တာလဲ။သူနဲ့အတူ ဘယ်လို ဘေးအန္တရာယ်တွေပါ လိုက်ပါလာမလဲဆိုတာ....။ File size…1.18 GB/ 443 MB Quality… NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. ...
movie

Lazareth (2024)

Turtles All the Way Down (2024) 6.8
Turtles All the Way Down (2024)  John Green ရဲ့ Turtle all the way down ဝတ္ထုကိုပြန်လည်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကတော့ မေလ ၂ ရက်နေ့တုန်းကမှ ထွက်ရှိထားတာဖြစ်ပြီး Rotten Tomatoesဝက်ဘ်ဆိုက်မှာ မှတ်ချက်ကောင်းတွေ ရထားတဲ့ရုပ်ရှင်တစ်ခုလည်း ဖြစ်ပါတယ် ။ဒီရုပ်ရှင်မှာတော့ Obsessive Compulsive Disorder (OCD)ရောဂါရှိနေတဲ့ ၁၆ နှစ်အရွယ် မိန်းကလေး အေဇာရဲ့ရှုထောင့်ကနေ သူ့အတွေးတွေ သူ့ခံစားချက်တွေကိုမြင်တွေ့ရမှာပါ ။ အေဇာဟာ OCD ရှိတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီး ဘက်တီးရီးယားပိုးမွှားတွေကိုအလွန်အမင်းကြောက်စိတ်ဝင်နေတတ်သူလည်း ဖြစ်ပါတယ် ။သူ့မှာ ဒေစီနဲ့ မိုက်ကယ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပြီးတစ်ရက်မှာတော့ ဘီလီယံနာသူဌေးတစ်ယောက် ပျောက်သွားတဲ့သတင်းကနေ သူ့ရဲ့ ငယ်သူငယ်ချင်း ဒေးဗစ်နဲ့ ပြန်လည်ဆုံစည်းလိုက်ရပါတော့တယ် ။ ဒီလိုနဲ့ အေဇာနဲ့ ဒေးဗစ်တို့ အချင်းချင်းမေတ္တာရှိလာကြတဲ့အခါ အဓိက အဟန့်အတားဖြစ်လာတာကတော့အေဇာရဲ့ OCD ရောဂါပါပဲ ။အေဇာရဲ့ အတွေးလွန်ဆွဲပုံတွေ ၊ ဒေးဗစ်ရဲ့ နားလည်ပေးနိုင်မှုတွေကိုတော့ ...
movie

Turtles All the Way Down (2024)

Mr. Natwarlal (2024) 7.5
Mr. Natwarlal (2024) Mr. Natwarlal (2024) IMDb - 8.9/10Madamakkiဆိုတဲ့ ဇာတ်ကားနဲ့နာမည်ရလာတဲ့ Kannada မင်းသားကြီးTanushရဲ့ တစ်ချိန်က နာမည်ကြီးHindi ရုပ်ရှင် Mr. Natwarlalရဲ့ နာမည်ကိုယူထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးလိုက်ပါပြီ။ plot twistလေးတွေလည်းပါတာဖြစ်လို့စိတ်ဝင်စားဖို့ကောင်းမယ့်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်မှာပါ။Mr. Natwarlalဆိုတာက‌တော့ 1950တစ်ခွင်မှာ အိန္ဒိယဗဟိုအစိုးရနဲ့ပါလီမန်ထိပါတက်လိမ်ပြီး အတော်လေးမွှေသွားတဲ့ လူလိမ်တစ်ယောက်၊ ရဲဘက်အရာရှိတွေ နာမည်ကြားတာနဲ့ အော့နှလုံးနာရတဲ့သူပေါ့။ဒီကားလေးထဲမှာတော့ မိသားစုပြဿနာတွေကနေ ရှောင်ပြေးဖို့အတွက် တစ်ရွာမပြောင်းသူကောင်းမဖြစ်ဆိုသလို ရန်ဂါနဲ့သူ့အမေနဲ့ နောက်တစ်ရွာမှာ သွားနေဖို့လုပ်ပါတော့တယ်။ ကံဆိုးချင်တော့ ပြဿနာတွေနောက်ကလိုက်လာပြီး မိခင်ကိုပါဆုံးရှုံးလိုက်ရတဲ့အခါ...ကြီးနိုင်ငယ်ညှင်းလုပ်နေတဲ့ ဓနရှင်တွေကို တွန်းလှန်ချင်စိတ်တွေပေါ်လာတဲ့ရန်ဂါတစ်ယောက် Mr. Natwarlalဆိုတဲ့နာမည်နဲ့ လက်တစ်လုံးခြားလုပ်ဖို့ စီစဉ်ပါတော့တယ်။နည်းပညာနဲ့အတူ တိုးတက်နေတဲ့လိမ်နည်းအဖြာဖြာနဲ့ ဒီပြဿနာတွေကို ရဲကရော ဘယ်လိုကိုင်တွယ်မလဲ ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMo ~ Zwe ~ Alexတို့ပဲဖြစ်ပါတယ်) File size…2.3GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V ...
movie

Mr. Natwarlal (2024)

2024
Taken (2008) 7.7
Taken (2008) Taken 1 (2008) Unrated Extended CutOld but gold ကားဟောင်းတွေကို Quality Update လုပ်ပြီး တင်ဆက်ပေးနေရာမှာ ဒီတစ်ခါ အလှည့်ကျလာတာကတော့ မင်းသားကြီး Liam Neeson ရဲ့ Taken Trilogy Franchise ပဲ ဖြစ်ပါတယ်။ Liam Neeson နဲ့အတူ မင်းသမီး Maggie Grace လည်း ပါဝင်ပြီး ကြည့်ပြီးသားသူတွေအတွက်တော့ အထူးပြောစရာမလိုသလို မကြည့်ရသေးတဲ့သူတွေအတွက်လည်း အချိန်ပေးရကျိုးနပ်စေမယ့် ကားတွေပါပဲ။Taken ရုပ်ရှင်ကား ၃ ကားရှိပြီး 4K Quality ကိုမှ Unrated Extended Cut Version နဲ့ ၃ ကားလုံးတင်ဆက်ထားပါတယ်။ ၃ ကားလုံးကို ဒီမှာ    https://channelmyanmar.to/?s=taken+trilogy ဒေါင်းပါ။မကြည့်ရသေးတဲ့သူတွေအတွက် ဇာတ်လမ်းကို ပြောပြရရင်တော့ ဘရိုင်ယန်က စီအိုင်အေစုံထောက်ဟောင်းတစ်ယောက်ပါ။ အလုပ်မှာပဲအချိန်ပေးခဲ့တာကြောင့် မိန်းမနဲ့ကွာရှင်းလိုက်ရပြီး ၁၇ နှစ်အရွယ်သမီးလေးကိုပါ သူ့အမေလက်ထဲထည့်ပေးလိုက်ရတာမို့ အငြိမ်းစားယူပြီးနောက် သမီးဖြစ်သူကို အကောင်းဆုံးဖြည့်ဆည်းပေးဖို့ ...
movie

Taken (2008)

4K HEVC
Hunt Her, Kill Her (2023) 5.3
Hunt Her, Kill Her (2023) Hunt Her, Kill Her ( 2022 ) =======================Hunt Her , Kill Herဟာ ဟော်ရာ Slasher အမျိုအစားရုပ်ရှင်ဖြစ်ပြီး သွေးထွက်သံယို သတ်ဖြတ်တဲ့ ရုပ်ရှင်အမျိုးအစားတွေကို ကြိုက်တဲ့လူတွေအတွက် သင့်တော်ပါလိမ့်မယ်။ ဒီရုပ်ရှင်မှာ ထူးတာကတော့  The Evil Dead ( 1981 ) ကိုရိုက်ထားတဲ့ မြို့မှာပဲရိုက်ထားတာဖြစ်ပြီး ဇာတ်ကားထဲမှာလည်း  Evil Deadထဲက အိမ်က အုတ်ခဲကို တကူးတကထည့်သုံးထားပါသေးတယ်။  Tributeလုပ်တာလား ဘာလားတော့မသိဘူးပေါ့။ဇာတ်ကတော့ စင်ဂယ်မားသားတစ်ယောက်ဟာ စက်ရုံတစ်ရုံမှာ သန့်ရှင်းရေးနဲ့ ညစောင့်အလုပ်ကို လုပ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ လူကတော့ စက်ရုံကိုရောက်လာပေမဲ့ စိတ်ကတော့ နေမကောင်းတဲ့ ကလေးဆီမှာပဲ ရှိနေခဲ့တာပေါ့။ သူအပ်ခဲ့တဲ့ အိမ်နီးချင်းကလည်း သူ့ဆီ ဖုန်းတွေတဂွမ်ဂွမ် ဆက်နေခဲ့တယ်။ အလုပ်ကလည်း အလုပ်မှာ ဖုန်းပြောတာကို သိပ်သဘောမကျချင်ဘူး။ အလုပ်ရဲ့ ပထမဆုံးနေ့ကို ...
movie

Hunt Her, Kill Her (2023)

Invalidite (2023)
Invalidite (2023) Invalidite ( 2023 ) ============ဒစ္စနေးပလက်မှာ ပြထားတဲ့ အင်ဒိုနီးရှားရုပ်ရှင်ဖြစ်တဲ့ Invaliditeဟာ တမီလ်ကားနည်းနည်းဆန်တယ်လို့တော့ ပြောရပါမယ်။ တမီလ်ရုပ်ရှင် ပရိသတ်တွေအတွက် ကြည့်ကောင်းမယ့် ဇာတ်လမ်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။  တစ်ချက်ထိုး ၁၈၆ပေလွင့်တာတွေ မပါတာကလွဲ အဲဒီလိုတစ်ချက်ထိုး ၁၈၆ပေလွင့်တာကိုပြတဲ့ ကားတွေရဲ့ ဇာတ်လမ်းကျောရိုးနဲ့ တော်တော်ဆင်ပါတယ်။ဇာတ်ကတော့ အင်ဒိုးနီးရှားက ထိတ်ထိတ်ကြဲ လုပ်ငန်းရှင်ကြီးတစ်ယောက်ရဲ့ မိသားစုက စတယ်။ သူက စီးပွားရေးကလွဲ ဘာမှစိတ်မဝင်စားတဲ့သူမို့ သူ့သားနဲ့ သူက တော်တော်အစေးမကပ်ပါဘူး။ သူ့လုပ်ငန်းကို သူ့သားကို အမွေဆက်ခံစေချင်ပေမဲ့ သူ့သားက သူ့ဘာသာပဲ သီးခြားခွဲနေပြီး တစ်အိုးတစ်အိမ်ထူထောင်ခဲ့သလို သူ့အမွေကိုယူဖို့လည်း စိတ်မဝင်စားခဲ့ဘူး။ ဒီလိုနဲ့ တစ်နေ့ကျ သူ့သားအိမ်မှာ ဓားပြမှုတစ်ခုဖြစ်သွားခဲ့တယ်။ ဓားပြတွေဟာ သူ့သားကိုရော သူ့ချွေးမကိုရော သတ်သွားခဲ့ကြတယ်။  သူ့မြေးလေးပဲ ကံကောင်းလို့ကျန်ခဲ့တယ်။ သူ့မြေးလေးကို သူက သူ့အမွေဆက်ခံစေချင်သလို စိတ်လည်းပူတာမို့ အချိန်ပြည့်လူလွှတ်စောင့်ကြည့်ခိုင်းပြီး သူ့မြေးတက်နေတဲ့ တက္ကသိုလ်ကိုပါဝယ်ခဲ့တယ်။   သူ့မြေးကတော့ ...
movie

Invalidite (2023)

Shri Swapankumarer Badami Hyenar Kobole (2024) 5.8
Shri Swapankumarer Badami Hyenar Kobole (2024) Shri Swapankumarer Badami Hyenar Kobole (2024)====================================ယခုတင်ဆက်ပေးချင်တဲ့ဇာတ်လမ်းလေးကတော့ ဟာသစုံထောက်ဇာတ်လမ်းမျိုးကိုမှ စာရေးဆရာနဲ့ စုံထောက်ဇာတ်ကောင်ကြားထဲက ဆက်နွယ်မှုလေးတွေကို တင်ဆက်ပြသထားပါတယ်။ စုံထောက်ကြီး ဒီပက်ချာတာဂျီးရဲ့ ရန်သူတော်ကြီး ဘာဒါမီဟိုင်နာဟာဖြင့် နျူကလီးယားဗုံးကို တီထွင်ပြီး ဒီပက်ချာတာဂျီးတိုနေတဲ့မြိုကို ဖျက်ဆီးဖိုလုပ်ပါတော့တယ်။ ဒီမှာပဲ စာအုပ်တွေကြားပဲ သူ့ကိုယ်သူနစ်မြှုပ်ထားတဲ့ စုံထောက်ကြီးဟာ သူ့တပည်ကျော်ဖြစ်တဲ့ ရာတန်လာနဲ့အတူ ရန်သူတော်ကြီး ဘာဒါမီဟိုင်နာကို စာရေးဆရာကြီးဆွာပန်ကူမားနဲ့ အတူတူ ဘယ်လိုတွေ ရင်ဆိုင်တိုက်ခိုက်သွားမလဲ... စုံထောက်ဇာတ်လမ်းဆိုတဲ့အတိုင်း ဘယ်လို ပဟေဠိတွေပါဝင်သွားမလဲ .... အဆုံးသတ်မှာရော စုံထောက်ကြီး အနိုင်ရသွားမှာလား.... ဆိုတာတွေကို ဟာသလေးတွေနှောရင်း ကြည့်ရှုရမယ့် စုံထောက်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Char Ou ပဲ ဖြစ်ပါတယ်။File size_(1.4GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:26:00 Genre_Action, Comedy Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Char Ou
movie

Shri Swapankumarer Badami Hyenar Kobole (2024)

Pure O (2023)
Pure O (2023) Pure O (2023) ============ IMDb Rating - 6.1/10ဘဝမှာ အခက်အခဲတွေဆိုတာ အများကြီး ကြုံကြရမှာပဲ။ တကယ်တမ်း အရေးကြီးတာက အဲဒါတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာပါပဲ။ ကျွန်တော်တို့ အားလုံး တခြားသူတွေဆီက အကူအညီကိုလိုအပ်ကြတာ ပါပဲ။ မိသားစုဆီက၊ သူငယ်ချင်းတွေဆီက၊ ကိုယ်ချစ်တဲ့သူတွေဆီကပေါ့။ အဲဒါတွေကို ဖော်ကျူးထားတဲ့ ရုပ်ရှင်ကား ကောင်းလေးတစ်ကား တင် ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ကူးပါးဟာ ပြန်လည်ထူထောင်ရေး စင်တာ အလုပ်လုပ်တဲ့လူတစ်ယောက်ပါ။ ဆေးစွဲနေတဲ့သူတွေ၊ အရက်စွဲနေတဲ့သူ တွေကို ကူညီပေးနေပေမယ့်လည်း သူ့ဘာသာသူလည်း OCD လို့ခေါ်တဲ့ စိတ်ကို ထိန်းချုပ်လို့မရတဲ့ ရောဂါမျိုးဖြစ်နေတဲ့သူပါ။ အဲအတွက် ကုထုံး ဆရာဝန်တွေနဲ့ ကုသမှု ခံယူသလို၊ အုပ်စုလိုက် ရင်ဖွင့်ကြတဲ့ တွေ့ဆုံပွဲမျိုး ကိုလည်း သွားပါတယ်။ သူ့ရောဂါဟာ စိတ်ကို ထိန်းလို့မရဘဲ အရာရာကို အတွေးလွန်ပြီး ကြောက်နေတာမျိုးပါ။သူ့ဇနီးလောင်း အမ်မလီ့ကို ထိခိုက်အောင် လုပ်မိရင် ဘယ်လိုလုပ်မလဲ၊ သူ့မှာ ကုမရတဲ့ ကင်ဆာမျိုးဖြစ်နေရင်ဘယ်လိုလုပ်မလဲ အစသဖြင့်အတွေး လွန်ပြီး စိတ်ကို ထိန်းမရဘဲ ကြောက်တာပါ။ အဲအတွက်ကြောင့် ကူးပါးလည်း သူ့ဇနီးလောင်း အမ်မလီနဲ့ ကတောက်ကဆ ...
movie

Pure O (2023)

Annhi Dea Mazaak Ae (2024) 5
Annhi Dea Mazaak Ae (2024) Annhi Dea Mazaak Ae (2023) "အချစ်ဖြင့်စတင်သော..." IMDb - 5.7/10အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်တို့ စိတ်အပန်းဖြေစရာ အချစ်ဟာသရုပ်ရှင်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ရာဂျာဆိုတာ တာဘန်ပေါင်းတဲ့နေရာမှာ ဆရာတစ်ဆူ။ မင်္ဂလာပွဲတွေမှာပါ ဧည့်ပရိသတ်နဲ့ သတို့သားထိ သူပေါင်းပေးတဲ့တာဘန်ကို သဘောကျနှစ်သက်ကြတာပါ။ တစ်နေ့တော့ ကံတရားက စွဲလန်းသွားစေမဲ့ မိန်းကလေးတစ်ယောက်ကို ဆုံတွေ့ခွင့်ပေးပေမဲ့ ကံတရားကြောင့် အက်စီးဒန့်တစ်ခုနဲ့ကြုံပြီး မြင်နိုင်ခွင့်ဆုံးရှုံးခဲ့ရပါတယ်။မြင်မြင်ချင်းစွဲလန်းခဲ့ရတဲ့ ကောင်မလေးကို အမြင်အာရုံဆုံးရှုံးသွားတဲ့ ရာဂျာရဲ့ခေါင်းထဲမှာတော့ ကောင်မလေးရဲ့ပုံရိပ်တွေပဲ ရှိနေခဲ့တယ်။ မျက်စိပြန်မြင်ရဖို့အရေး အစ်မဖြစ်သူတို့လင်မယားရှိတဲ့ အင်္ဂလန်နိုင်ငံကို ရာဂျာတစ်ယောက် ထွက်လာခဲ့ပါတော့တယ်။ရာဂျာတစ်ယောက် မျက်စိပြန်မြင်မှာလား...။ မြင်မြင်ချင်းချစ်ရတဲ့ မိန်းကလေးနဲ့ဆုံတွေ့နိုင်ပါ့မလားဆိုတာတော့။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…2.3GB / 979MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Annhi Dea Mazaak Ae (2024)

2023
The Last Stop in Yuma County (2023) 7.1
The Last Stop in Yuma County (2023)  The Last Stop in Yuma County ဇာတ်ကားဟာ၂၀၂၃ ခုနှစ်ထွက် Crime Thriller ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်....ဒီကားက ဖတ်ကြည့်လိုက်ရင် ရိုးရိုးရှင်းရှင်းလေး ဆိုပေမဲ့ဘာတွေ ဘယ်လိုဖြစ်မလဲဆိုတာ လုံးဝကြိုမသိနိုင်ပဲရင်တထိတ်ထိတ် ကြည့်ရှုရမဲ့ Thriller ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။အမြည်းပြောပြရမယ်ဆိုရင် အမေရိကန် အယ်ရီဇိုးနားကနယ်ဘက်လေးတစ်ခုက ဓာတ်ဆီဆိုင်နဲ့စားသောက်ဆိုင်အတွဲအစပ်လေး နေရာမှာပဲ ဇာတ်လမ်းရဲ့ 95% က ဖြစ်ခဲ့တာပါ။ ဆီဆိုင်မှာ ဆီကားရောက်မလို့ ဆီကုန်နေတဲ့အချိန်မှာလမ်းခရီးမှာ ဆီပြတ်ပြီးရောက်လာတဲ့ ခရီသည်တွေစားသောက်ဆိုင်လေးမှာ သောင်တင်နေကြပါတယ်။တစ်ချိန်ထဲမှာပဲ သူတို့ဆီကို မနက်ကမှ ဘဏ်ဓားပြတိုက်ပြီးပြေးလာတဲ့ လူ ၂ ယောက်လည်း လာသောင်တင်ပါတော့တယ်။ဒီစားသောက်ဆိုင်လေးထဲမှာ လူတွေ ဘယ်လိုဇာတ်လမ်းတွေဖြစ်ပြီး ဘယ်လိုအဆုံးသတ်မလဲဆိုတာကို ရုပ်ရှင်တစ်ကားလုံးရင်တဖိုဖို ကြည့်ရှုနေရမှာ ဖြစ်ပါတယ်။ကိုယ်အားပေးတဲ့ဇာတ်ကောင်က သေမလား ရှင်မလားဘာဖြစ်မလဲဆိုတာ ရုပ်ရှင်ကို ဆုံးအောင်သာကြည့်လိုက်ဖို့ပြောပြချင်ပါတယ်.... File size…1.63GB/ 551MB Quality… WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ...
movie

The Last Stop in Yuma County (2023)

Old Fox (2023) 7.3
Old Fox (2023) Old Fox (2023) ============ IMDb Rating - 7.3/10၁၉၈၉ ထိုင်ဝမ်ဟာ လျင်မြန်လွန်းလှတဲ့အပြောင်းအလဲတွေကို တွေ့ကြုံ နေရချိန်ဖြစ်ခဲ့ပါတယ်.။ လျောင်တယ်လိုင်းဆိုတဲ့ စားသောက်ဆိုင်မှာ အလုပ်လုပ်တဲ့ မုဆိုးဖိုတစ်ယောက်နဲ့ သူ့သားငယ်လျောင်ဂျေးတို့ဟာ တိုက်ခန်းတွဲတစ်ခုမှာ ငှားရမ်းနေထိုင်ပါတယ်။အဲ့ဒီတိုက်ခန်းတွဲပိုင်ရှင်ဟာ အများက မြေခွေးအိုကြီးလို့ခေါ်ကြပြီး ရှီ လို့အမည်ရတဲ့ ဩဇာကြီးခက်ထန်တဲ့ သူဌေးကြီးတစ်ယောက်ပါပဲ။ အဲ့ဒီသူဌေးကြီးဟာ ကလေးငယ် လျောင်ဂျေးကိုမြင်တွေ့တဲ့အခါ သူ့ အတိတ်ကိုမြင်မိသလို၊ ဆုံးပါးသွားတဲ့ သူ့သားဖြစ်သူကိုလည်းမြင် ယောင်ပါတယ်။ အဲ့ဒီလိုနဲ့ပဲ သူဌေးကြီး ရှီဟာ လျောင်ဂျေးကို အနီးကပ် ပေါင်းရင်း လေ့လာရင်းနဲ့ အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတွေကို သူ့ဘ၀နဲ့ ချိန်ထိုးရင်း သင်ကြားပေးဖြစ်လာပါတော့တယ်။၃၆ ကြိမ်မြောက်တိုကျိုရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသခဲ့တဲ့ ဒီဇာတ်ကား ဟာ Golden Horse ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ဆုပေါင်းခုနှစ်ဆု ဆန်ကာ တင်ဝင်ခဲ့ပြီး၊ ဒါရိုက်တာဆု၊ဇာတ်ပို့မင်းသား/မင်းသမီး အစရှိတဲ့ အဓိကဆု ကြီးလေးဆုရရှိခဲ့ပါတယ်။ အမျိုးအစားက ဒရာမာဆိုပေမယ့် ဇာတ်လမ်း စကတည်းက ပျင်းစရာလုံး၀မရှိပဲ ထိုင်ရာမထကြည့်ချင်အောင်ဆွဲဆောင် နိုင်တဲ့ဇာတ်ကားကောင်းပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်)File Size..........(1.76 GB) / (775 MB) Quality............BLU-RAY 1080p / ...
movie

Old Fox (2023)

2023
The Edge of the Blade (2023) 6.6
The Edge of the Blade (2023)  ဒီဇာတ်ကားဟာ ပြင်သစ်နိုင်ငံသမိုင်းကို နောက်ခံထားပြီး (၁၈၈၀) ခုနှစ်များအချိန်ကို ဇာတ်အိမ်တည်ထားပါတယ်။ ပဲရစ်မြို့မှာ စီးချင်းထိုးပွဲတွေကို ဥပဒေပုဒ်မ တွေထုတ်ပြီး တားမြစ်ထားတာတောင် လူကြိုက်များနေတုန်းပါပဲ။ သြဇာတိက္ကမနဲ့ ပြည့်စုံတဲ့ ဓားဆရာ ကလီးမွန့်လာကက်ဇ်ဟာ ဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားမယ့် ကြမ်းတမ်းမှုတွေနဲ့ ကြုံတွေ့နေရချိန် မာရီရို့စ် အက်စတီဆိုတဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ အမျိုးသမီးကို စီးချင်းထိုးအနုပညာ လောကနဲ့ ထိတွေ့စေလိုက်ပါတယ်။ တစ်ယောက်စီရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ ကြုံလာတဲ့အခါ သူတို့ ဘယ်လောက်အထိ ခရီးဆက်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။ဒီဇာတ်ကားထဲက မာရီရို့စ် အက်စတီ ဒီဗက်ဆယ် ဆိုတာ (၁၈၄၆-၁၉၁၅) အထိ ပြင်သစ်သမိုင်းမှာ အမှန်တကယ်ရှိခဲ့တဲ့ အမျိုးသမီး အခွင့်အရေးတန်းတူရရှိရေး လှုပ်ရှားမှုမှာ တက်ကြွပါဝင်ခဲ့တဲ့ ပြင်သစ်လူမျိုး အမျိုးသမီးဖြစ်ပါတယ်။ (၁၉၉၆)ခုနှစ်က နာမည်ကြီးဇာတ်ကား The Crow: City of Angels မှာ Ashe Corven ...
movie

The Edge of the Blade (2023)

Squared Love All Over Again (2023)
Squared Love All Over Again (2023)   ဇာတ်လမ်းကတော့ မိုနီကာဆိုတဲ့ မူလတန်းပြ ကျောင်းဆရာမလေးက တစ်ဖက်မှာလည်းကလောက်ဒီယာ ဆိုတဲ့ နာမည်နဲ့ မော်ဒယ် ဆယ်လီတစ်ယောက်ပါ ။ ကျောင်းဆရာမ ပီပီကလေးတွေနဲ့ဆက်ဆံရေးကောင်းပြီး ကလေးချစ်တတ်တဲ့သူတစ်ယောက် ဖြစ်ပြီး ကလေးတွေအတွက် Talent show တစ်ခုမှ Host လုပ်ပေးဖို့ကမ်းလှမ်းခံပါတယ်။ကျောင်းဆရာမအလုပ်နဲ့ မော်ဒယ်အလုပ်နှစ်ခုကို Balance ညီအောင်လုပ်ရင်း အချစ်ရေးမှာပါ ထိခိုက်လာခဲ့ ပါတယ်။ အဲ့လိုနဲ့သူ့ရဲ့ အလုပ်နှစ်ခုနဲ့ အချစ်ရေးကို Handle လုပ်ရင်း အခက်အခဲတွေကို ပေါ့ပေါ့ပါးပါး ဟာသလေးတွေနှောပြီး ကြည့်ရှုရမယ့် ပိုလန် Love Romance ကားလေးတစ်ကားပါ။ File size…(2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby
movie

Squared Love All Over Again (2023)

Tied Up and Down ( 2024 ) 5.7
Tied Up and Down ( 2024 ) ဒီဇာတ်ကားလေးကလည်း အက်ရှင်ဇာတ်ကားကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ ဟာသအက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ပန်းချီဆရာလင်းရှောင်းရဲ့ပန်းချီတွေကို လေလံတင်ရောင်းချရာကနေစပါတယ် ။ ပန်းချီဆရာလင်းရှောင်းဟာနာမည်ကြီးပန်းချီဆရာမဟုတ်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် သူ့ပန်း‌ချီတွေဟာ လေလံတင်တိုင်း ဒေါ်လာသန်းချီပြီးဝင်ပါတယ် ။အဲဒါကြောင့် သူ့ရဲ့အေးဂျင့်က ဒီလိုနာမည်မကြီးတာတောင် ဒီလောက်ထိငွေဝင်နေရင် တကယ်သာနာမည်ကြီးသွားရင် ပိုပြီးဝင်ငွေရမှာမလို့ ပြန်ပေးဆွဲခံရတဲ့ ဇာတ်လမ်းတုလုပ်မယ်ဆိုပြီး လင်းရှောင်းကိုအကြံပေးခဲ့ပါတယ် ။အဲဒီအကြံကို လင်းရှောင်းကလက်မခံခဲ့ပေမဲ့ သူအပြင်မှာအလည်ထွက်နေတုန်း သူ့ကိုတကယ်လူဆိုးအစစ်တွေက ပြန်ပေးဆွဲသွားချိန်မှာတော့..လင်းရှောင်းတစ်ယောက် လူဆိုးတွေလက်က ဘယ်လိုလွတ်အောင်ပြေးမလဲ ? လူဆိုးတွေကရော တကယ့်လူဆိုးတွေဖြစ်မလား ? သူ့ဘေးနားမှာရှိနေတဲ့သူတွေကမှ သူ့ကိုအသုံးချနေတဲ့လူဆိုးတွေဖြစ်လားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ ဟာသအက်ရှင်‌ဇာတ်ကားကောင်းလေးဖြစ်တာမို့ အပြီးတိုင် စောင့်ကြည့်ကြဖို့မမေ့ပါနဲ့နော် ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Mystery , Comedy Runtime : 1h 36 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK  
movie

Tied Up and Down ( 2024 )

Troll Factory(2024) 7.4
Troll Factory(2024) Troll Factory(2024)******************My Liberation Notes ထဲက အရက်သမားကြီးအဓိက ခေါင်းဆောင်မင်းသားအနေနဲ့ပါဝင်ထားပြီး မျက်မှောက်ခေတ်ရဲ့ ဆိုးယုတ်မှုတွေကို ကောင်းမွန်စွာဖော်ကျူးနိုင်တဲ့ကားကြီးဆိုပြီး ကေတွေလည်းအတော်ချီးကျူးနေကြတာမို့အားလုံးပဲ မအားရင်တောင် ချီးပါရင်းကြည့်လို့ရပါတယ်...အူဆောင်း Data နည်းပညာကုမ္ပဏီတစ်ခုဟာ ဘုတ်အဖွဲ့နဲ့လိုင်စင်ရဖို့နောက်ဆုံးစစ်ဆေးချက်ပြုလုပ်နေတယ်....သူတို့ရဲ့နည်းပညာက ကားအမြန်နှုန်းနဲ့ပေါ်မူတည်Dataတွေခွဲခြမ်းစိတ်ဖြတ်ပေးတဲ့နည်းစနစ်....သို့သော် အဖျက်အမှောင့်အဖွဲ့အစည်းတစ်ခုကFrequency , Wave တွေနဲ့ နည်းစနစ် စစ်ဆေးချက်ကို ဘုတ်အဖွဲ့အတည်ပြုချက်မပေးနိုင်အောင်နှောင့်ယှက်ခဲ့တယ်.... ၅နှစ်နီးပါး အချိန်ယူပြီးပြုလုပ်ခဲ့ပြီး တစ်ဘဝလုံးစာပုံအောခဲ့တဲ့ ပိုင်ရှင်သူဌေးဟာနောက်ဆက်တွဲအကျိုးဆက်အနေနဲ့ ၄၀ဘီလီယံလောက်အကြွေးတင်သွားပါတယ်...ဒီကိစ္စကိုဖော်ထုတ်ဖို့သတင်းထောက်က ကူညီခဲပါတယ်..ဒါပေမဲ့ အသရေဖျက်မှုကြီးလိုဖြစ်သွားတဲ့ပြီး သူ့ကြိုးစားမှုကလည်းအရာမထင်ခဲ့ပါဘူး...သူဌေးလည်း ကိုယ့်ကိုကိုယ်သတ်သေခဲ့သလို သတင်းထောက်လည်း အလုပ်ပြုတ်သွားခဲ့ပါတယ်...အဲဒီနောက်မှာတော့ ဒီကိစ္စအားလုံးရဲ့ကြိုးကိုင်သူကို ဖော်ထုတ်ဖို့သတင်းထောက်ကြီးကြိုးစားပါတော့တယ်...File size__( 1.7GB) and (682MB) Quality__WEB-DL 1080p, 720p Format__mp4 Duration__01:49:48 Type__Crime,Drama  Subtitle__Myanmar Subtitle (Hardsub) Translated by Stary Tiff, Miri Hnin Wai & Treasure Phyu Sin Encoded by  Phyo Pyae
movie

Troll Factory(2024)

Genres

Archives